ရှမ်းပြည် တောင်ပိုင်းရဲ့လန်းဆန်းလတ်ဆတ်တဲ့အလှများ……….(တောင်ကြီး)

1 တောင်ကြီးမြို့ အနောက်ဘက်ခြမ်းက ကျောက်တောင်တွေကြားကလမ်းကလေး
2 ဒီလမ်းလေးအတိုင်းဆက်သွားရင် ဟိုဘက်မှာရပ်ကွက်လေးတစ်ခုဆီကိုရောက်သွားပါတယ်

 

3 တောင်ကုန်းပေါ်ကမြင်ရတဲ့ တောင်ကြိးမြို့ အနောက်ခြမ်း

 

4 တောင်ကြီးမြို့ အနောက်မြောက်ဘက်ခြမ်းက နံနက်ခင်းအလှ

5 အနောက်ဘက်တောင်ကုန်းပေါ်က ဖူးမျှော်ရတဲ စေတီ (နံနက်ခင်းလေးက ကြည်နူးစရာ)

6 တောင်ကုန်းပေါ်က မြင်ရတဲ့ ကျနော်လျှောက်လာခဲ့တဲ့လမ်းကလေး
7 ကျောက်ဆောင်တွေကြားက ..............................
8 လမ်းမတန်းနံဘေးမှာရှိတဲ့ 1962ခုနစ်ကတည်းကရှိတဲ့ မူလတန်းကျောင်းလေး (နေဘူးသူများသတိရအောင်)
9 မထင်မှတ်ဘဲဆုံလိုက်ရတဲ့ တောင်ကြီးမြို့က အလှူလှည့်လာတာလေးပါ

 

10 တောင်ကြီးမြို့ ဈေးမြင်ကွင်း
11 အငွေ့တစ်ထောင်းထောင်းကောက်ညှင်းပေါင်း

 

12 လတ်ဆတ်သော ဟင်းသီးဟင်းရွက်ဈေးတန်း (ဒီအထဲမှာကိုပေါက်ပါတယ်)
13 ပန်းဈေးတန်း..................
14 အသီးအရွက်သည်
15 ပုံရောင်းတဲ့ပန်းသည်

 

16 တောင်ကြီးဈေးက အကြော်ဆိုင်
17 သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်သည်
18 ပန်းဈေးသည်

“တောင်ကြီးမြို့ရဲ့လန်းဆန်းလတ်ဆတ်တဲ့အလှများ”

 

 

ကျွန်တော်တောင်ကြီးမြို့ကို အေပရယ်လနောက်ဆုံးပါတ်မှာ ဒုတိယအကြိမ်မြောက်ရောက်ခဲ့ပြန်ပါတယ်။

ကားဆိုက်တာ မနက်လေးနာရီခွဲလောက်ဆိုက်ပါတယ်။

အဲဒါနဲ့ဘဲတည်းခိုခန်းတန်းသွား ပစ္စည်းတွေချ။

မနက်ငါးနာရီလောက်ရောက်သွားတာနဲ့ မအိပ်တော့ဘဲလမ်းလျောက်ထွက်လာခဲ့ပါတယ်။.

တောင်ကြီးမြို့ နံနက်ခင်းမှာ ကျန်းမာရေးလမ်းလျောက်ထွက်သူတွေအတော်လေးများပါတယ်။

မြို့တောင်ဘက်ကို လျှောက်ရင်းနဲ့ စူဠာမုဏိစေတီနားအထီရောက်သွားပါတယ်။

ဒီတစ်ခါတော့ စေတီတော်ရဲ့အရှေ့ဘက်လမ်းကလေးအတိုင်းလျှောက်လာလိုက်ပါတယ်။

နောက်တော့ ဘုရားဖူးပြီး ပြန်ဆင်းလာခဲ့ပါတယ်။

အောက်ဘက်ကားလမ်းမအတိုင်းဆင်းလာရင်းလမ်းခွဲလေးတစ်ခုတွေ့လိုက်တော့

အနောက်ဘက်လမ်းကိုဆက်လျှောက်သွားမိပါတယ်။

ဆက်သွားမှာ လမ်းကလေးက ကျောက်ဆောင်ကြီးနှစ်ခုကြားထဲကိုဝင်သွားပါတယ်။

အဲဒီကျောက်ဆောင်အတွင်းထဲကိုဖြတ်လမ်းလေးအတိုင်းသွားတဲ့အခါမှာတော့ဟိုးအနောက်ဘက်က

တောင်ကုန်းပေါ်မှာအိမ်ကလေးတွေအစီအရီ။

အဲဒါနဲ့ဘဲ တောင်ကုန်းလေးပေါ်ကို တက်ပြီးကြည့်လိုက်တော့နံနက်ခင်းနေရောင်အောက်မှာ

အလွန်လှပတဲ့မြင်ကွင်းတွေကို တွေ့လိုက်ရပါတယ်။

လမ်းမှာ မူလတန်းကျောင်းလေးတစ်ခုကို တွေ့လို်က်တော့ ဒီကျောင်းမှာနေဘူးတဲ့ရွာသားတွေရှိနေရင်သတိရအောင် လက်ဆော့ခဲ့ပါသေးတယ်။

စိတ်တိုင်းကျဓါတ်ပုံတွေရိုက်ပြန်လာပြီးတဲ့အခါ တည်းခိုခန်းပြန်လာပြီးရေချုးိပါတယ်။

နောက်တည်းခိုးခန်းကနေဆင်းလာရင်း မုန့်စားဘို့ထွက်ခဲ့ပါတယ်.

ကျနော်က တည်းတဲ့  နားက တောင်ကြီးဈေးနဲ့နီးပါတယ်.။

အဲတော့ ဈေးနားပါတ်ဝန်းကျင်မှာရှိတဲ့ အသီးအနှံသည်လေးတွေကို ရိုက်ဖြစ်ပါတယ်။

လတ်ဆတ်သောအ သီးအနှံများက စားချင်စဖွယ်။

နောက်တော့ ကျနော့် အကြိုက် အငွေ့တထောင်းထောင်းထနေတဲ့ ကောက်ညှင်းပေါင်းဝယ်စားပါတယ်။

ဈေးအသွားလမ်းမှာတော့ အလှူလှည့်လာတဲ့ကားလေးကို တွေ့ရတာ မင်္ဂလာရှိလှပါတယ်။

ဒါကတော့ တောင်ကြီးမြို့ ရဲ့နံနက်ခင်းလေးအလှပါဘဲ။

 

 

 

ကိုပေါက်လက်ဆောင် မြန်မာပြည်မှ အလှတရားများ

(15-5-2012)

 

 

28 comments

  • water-melon

    May 15, 2012 at 8:13 am

    လေးပေါက်ရေ နံနက်စောစော တောင်ကြီးမြို့ကို လမ်းလျှောက်ပြီးတော့
    အနောက်ဘက်တောင်ကုန်းပေါ်က စေတီကို ဖူးမျှော်သွားပြီး
    ဗိုက်ဆာလို့ အငွေ့တစ်ထောင်းထောင်းကောက်ညှင်းပေါင်းနဲ့ စမူဆာစားနေတုန်း အလှူတန်းလှည့်တာကိုထိုင်ကြည့်လိုက်ပါတယ်
    ပြီးတော့ အိမ်သူသက်ထားမှာလိုက်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ဘုရားပန်းတွေဝယ်သွားပါတယ်

  • windtalker

    May 15, 2012 at 9:08 am

    မြန်မာပြည် အလှများ
    အသာရီ ငပွကုလား
    ကြောင်အိုသည် အဝစား
    မောင်ဆိုမည် ဘဝခါး။

  • Khaing Khaing

    May 15, 2012 at 10:30 am

    လေးပေါက်ရေ ဒီပို့စ်ကပုံလေးတွေက အတော့်ကိုပြည့်စုံတယ် ……. အခုသမီးဖတ်တဲ့အချိန်နဲ့တော့ကွက်တိ ပဲ ………… မနက်စောစောဗိုက်ဆာနေချိန်မှာ ရူခင်းနဲ့ဈေးနဲ့က ပဏံသင့်တယ်လေးပေါက် ………. ဂွီ … ဂွီ .. ဂွီ (ဗိုက်ဆာနေသည်)

    • Khaing Khaing

      May 16, 2012 at 10:45 am

      လေးပေါက်ရေ အနီပေးတဲ့လူကတော်တော်လေးကို ကော်နက်ရှင်ကောင်းပြီး အချိန်တွေအားနေ ပုံရတယ် …….. အားနေရင် ကွန်ကောင်းရင်သူများတွေကိုအနီမပေးပဲ ကော်မန့်လေးတွေပေးနေ ရင် သူကြီးဆီက ၁ဝ တောင်ရဦးမှာ …….. နီချင်သူများ များများလေးနီနိုင်ပါစေ …… ရဲရဲတောက် စိတ်ဓာတ်လေးပေ့ါလေ ………… အဲဒီနီတဲ့လူက လေးပေါက်ကိုမုန်းတာလည်းဖြစ် နိုင်သလို သမီးတို့ကိုမုန်းနေတာလဲဖြစ်နိုင်တယ် ……. မနာလိုမရှုစိတ်တော်တော်များတဲ့လူပဲ ….

  • ahnyartamar

    May 15, 2012 at 10:36 am

    ကိုပေါက်ခဗျာင်္……ဓာတ်ပုံတွေကြည့်ရတော့ ကိုစိုင်မော့စ်၊ ကိုထီး၊ ခွန်သန်းထွန်း နဲ့ လားရိူုးသိန်းအောင်တို့ သီချင်းတွေကိုတောင် သတိရလာလို့ နားထောင်လိုက်အုံးမယ်။ ကျေးကျေးပါ။

  • ဗိုက်ကလေး

    May 15, 2012 at 10:39 am

    ဈေးတွေကို ဆိုင်ခန်းလေးတွေနဲ ့ လုပ်ပေးထားရင် သိပ်ကောင်းမယ်နော်..အူးလေး..
    အူးလေး စည်ပင်အရာရှိ၊ ဈေးခေါင်းဖြစ်ရင် လုပ်ပေးဖို ့တောင်းဆိုပါဒယ်..
    တောင်ကြီးဈေးလေး ကြည့်ရှုတွားပါတယ်..

  • etone

    May 15, 2012 at 11:34 am

    တောင်ကြီးကို မှတ်မှတ်ရရ တစ်ခေါက်ပဲ ရောက်ဖူးတယ် …. ။ ထပ်သွားလည်ချင်ပေမယ့် .. အခြေနေနဲ့ အချိန်ခါက မပေးသလို … တောင်ဆင်းတောင်တက် .. ကားအရမ်းမူးတဲ့ဒဏ်ကိုလည်း ကြောက်တာမို့ … မသွားဖြစ်သေးပါဘူး .. ။

    တောင်ကြီးရောက်တုန်းက ဆောင်းတွင်းမို့ မြူတွေ ဆိုင်းနေချိန်ပေါ့ … ဆယ်ပေလောက်တောင် အချင်းချင်း မမြင်ရတော့ဘူး …. ။ အေးချမ်းတဲ့ ရာသီဥတုနဲ့အတူ … ပတ်ဝန်းကျင်အနေထားကပါ … တိတ်ဆိတ်လွန်းတာကြောင့် .. ပြန်တောင် မပြန်ချင်ခဲ့ဘူး … ။ အခုလို ဓါတ်ပုံတွေ ပြန်တွေ့တော့လည်း .. ပြန်သွားလည်ချင်စိတ်ဖြစ်မိတယ် … 😀

  • Ma Ei

    May 15, 2012 at 12:16 pm

    ကိုပေါက်ရေ…
    ဒီတစ်ခေါက် ရှမ်းပြည် တောင်ပိုင်းအလည်သွားတာ ညောင်ရွှေမှာ နေပြီး
    တောင်ကြီးကို တစ်ရက်တက်လည်တာမို့ ဈေးမနက်ပိုင်းကို မမှီခဲ့ဘူး…
    ကိုပေါက်ကျေးဇူးကြောင့် တောင်ကြီးဈေးကိုလည်ခွင့်ရခဲ့ပြီ…

  • မအိရေ
    ကျနော်လည်းဒီတစ်ခေါက် တစ်ညဘဲအိပ်ခဲ့ရတာပါ။
    မနက်စောစောလမ်းလျှောက်အပြန်မှာအမိအရရိုက်ထားခဲ့တာပါ။
    အခုဈေးတန်းလေးက ယာယီဈေးတန်းလေးပါ။
    ညနေဆိုရင်တော့ ညဈေးတန်းလေးဖြစ်ပြီး စားသောက်ဆိုင်တန်းလေးတွေကဆက်နေပါတယ်.
    ဈေးသက်သာပြီးစားလို့ကောင်းပါတယ်။
    တောင်ကြီးမြို့မဈေးရဲ့ တောင်ဘက်ကပ်ရက်ဈေးတန်းလေးပါ။

  • mocho

    May 15, 2012 at 1:27 pm

    ရောက်ခဲ့ ဖူးတဲ့ နေရာလေးတွေ ပြန် ကြည့်ရတော့ ထပ်သွားချင် မိပါတယ်။ ကျမတို့ သွားတုန်းကလည်း ဈေးနားမှာ တည်းခဲ့ တာပါပဲ။ကြည့်ရင်းနဲ့ ကောက် ညှင်းပေါင်းနဲ့တိုဟူးကျော် တာင်စားချင်လာပြီ။

  • ထပ်သတင်းပေးလိုက်မယ်။
    အဲဒီကောက်ညှင်းပေါင်းသည်က ကားလမ်းမနံဘေး ဈေးလေးထိပ်မှာရှိတာ။
    သူ့နောက်ကျောက ဈေးထဲဝင်သွားလိုက်။။..
    ကြက်ပေါင်းခေါက်ဆွဲ တစ်ပွဲမှာ ငါးရာ
    တန်တယ်……………………

  • Thit Sar Lin

    May 15, 2012 at 4:57 pm

    လေးပေါက်ရေ….
    နံပါတ် 12ပုံထဲမှာ လေးပေါက်ပုံပါတယ်ဆိုတော့….
    ဟိုအနောက်ဘက်မှာ လူကြီးတစ်ယောက်ဟိုဘက်လှည့်ပြီး ဖင်ကုပ်နေတာတော့တွေ့တယ်…
    အဲဒါလေးပေါက်လား……..ဟီးဟီး..လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်ဈေးတန်းမှာ…
    လေးပေါက်က နောက်လှည့်ပြီး ဖင်ကုပ်နေတယ်ဆိုတော့…….ဟိဟိ
    ဘာပဲဖြစ်ဖြစ်လေးပေါက်ရေ..လေးပေါက်ကျေးကျေးနဲ့ တောင်ကြီးရောက်သွားပြီဗျို့

  • weiwei

    May 15, 2012 at 6:32 pm

    ဈေးသည်ပုံတွေ အများကြီးပဲနော် …
    ကုန်ကြမ်းတွေ အများကြီးရထားတဲ့ ကိုပေါက်ကို အားကျထှာ …. 🙂

  • TTNU

    May 15, 2012 at 9:21 pm

    ကိုပေါက်ရေ…
    တောင်ကြီးမြို ့ကို ကိုယ်တစ်ခေါက် အလည်ရောက်တယ်။
    ဆွေသစ်မိတ်သစ်စုံလို့ပါပဲကွယ်……။ 😛

  • မဟာရာဇာ အံစာတုံး

    May 15, 2012 at 9:23 pm

    ရှလွတ် …
    မနက်စောစောစီးစီး ကောက်ညှင်းပေါင်း ပူပူလေးရယ် ..
    ပဲပြုတ်လေးရယ် ..
    အကြော်ပူပူလေးရယ် ..
    လွေးလိုက်ရလို့ကတော့ ..
    ဘာနဲ့မှ မလဲနိုင်တဲ့ မနက်ခင်း စည်းစိမ်လို့ ပြောရမလားပဲ …
    ဖေဂျီးရေ ..
    အငွေ့ငွေ့ တထောင်းထောင်း ကောက်ညှင်းပေါင်းပုံကတော့ မျက်စိထဲ ထိရဲ့ဗျာ ..
    ဖေဂျီးပုံတွေကို သားသားလည်း အားပေးသွားတယ်ဗျို့ …

  • မာမီရေ ပါးချိုင့်လေးခွက်ပြီး ပြုံးပြနေသူတော့ မတွေ့ခဲ့ဘူးဗျ။
    မဝေရေ ဒီတောင်ကြီးပုံတင်ထားမိလို့ ပအိုဝ့်ဈေးသည်လေးပြပွဲတင်မှာကို ဖယ်ထားလိုက်ရတယ်။
    သားကြီးအံရေ မင်းအတွက်ငါကောက်ညှင်းပေါင်း နှစ်ရာဘိုး ပိုစားလိုက်ပါတယ်။

  • pooch

    May 15, 2012 at 10:34 pm

    တောင်ကြီး မရောက်တာကြာနေပြီလေးပေါက်ရယ်။ ခရီးသွားချင်လိုက်တာ။ အင်းလေးကန်ကြီးရော ရေတွေ တက်လာပြီလား ။ ပုံတွေကြည့်ပြီး လည်သွားပါတယ်။ ဝက်သားချဉ်ရော စားခဲ့သေးလား လေးပေါက် ။ ဈေးထဲက အရောင်မပါတဲ့ ဝက်သားဒုတ်ထိုးသည်ကြီးရော တွေ့ခဲ့သေးလား။

  • ဒီတစ်ခေါက်အင်းလေးမရောက်ဘူး ။
    ပင်းဒယဘဲရောက်တယ်။
    ဝက်သားချဉ်တော့ မစားခဲ့ဘူး။
    ဒုတ်ထိုးကတော့ မစားတာကြာပေါ့။
    ဘာကြောင့်မစားတော့လဲဆိုတာ နောက်မှပြောပြမယ်။
    ရှမ်းတိုးဟူးနွေးဘဲနေ့တိုင်းစားလာတာကွဲ့။

  • kyeemite

    May 16, 2012 at 5:55 am

    ဓါတ်ပုံလေးတွေကြည့်ရှု့သွားပါဂျောင်း…
    တောင်ကြီးက တို့ဖူးနွေး ကိုလဲ သတိရသား..

  • ko ko soegyi

    May 16, 2012 at 8:19 pm

    ကိုပေါက်ရေ… ရှမ်းခေါက်ဆွဲတွေ တို့ဟူးနွေးတွေ နေ့တိုင်းစား.. ပြီးမှ လွိုင်ဆမ်ဆစ်သို့ တောင်းပန်းခြင်း တွေဘာတွေဟစ်နေတာ မကြားချင်ဘူးနော်..

  • Khin Latt

    May 16, 2012 at 8:44 pm

    ကိုပေါက်ကြီး
    ကျုပ်လဲ တောင်ကြီးမှာ ၆လ လောက် နေဘူးတယ်။
    တာဝန်က ၃လ ဘဲ။
    ဒါကို ပျော်လွန်းလို့ နောက် ၃လ ဆက်နေခဲ့တာ။
    ဒါတောင် အိမ်က အတင်းပြန်ခေါ်လို့။
    အဲဒီက လူတွေက လဲ ချစ်ဖို့ကောင်း၊ အစားအစာတွေ ကလဲ ကောင်း၊ ရှုခင်းတွေကလဲ ကောင်း နဲ့။
    လွမ်းမိပါသေးတော့။ 🙁

  • ဒါတောင်ကိုလတ်ကြီး ရှမ်းတောင်သားမဖြစ်ခဲ့ဘူးနော် အံ့ရော။
    ကျနော်သာအဲလောက်နေရင်…………………..
    (တိုးတိုး မဒမ်ပေါက်ကြားလို့မဖြစ်ဘူး)

  • ညလေး

    May 27, 2012 at 10:02 pm

    အားပေးသွားပါတယ်ဦးဦးပေါက်…..
    ရောက်တဲ့အရပ်တိုင်းကို…….မှတ်တမ်းတင်ရင်းပျော်ရွှင်သောဘဝလေးဖျတ်သန်းနေတဲ………..
    မန်းဂေဇတ်က…….ဦးဦးပေါက်

  • ဟိုဟိုဒီဒီလျောက်လုပ်နေရင် ပိုက်ပိုက်ပိုကုန်တယ် ညလေးရဲ့
    ဓါတ်ပုံရိုက်ဘို့ စိတ်ထဲ ထည့်ထားတော့ ငွေကုန်သက်သာ စိတ်ချမ်းသာလေဗျာ

Leave a Reply