“ဈေးသည်” (ဓါတ်ပုံပြပွဲ ၁)

ဓါတ်ပုံပြပွဲဟာ ကျွန်တော့်ရဲ့ စိတ်ကူးယဉ်အိပ်မက်ကလေးဖြစ်တာမို့ ကျွန်တော့်စိတ်ကူး အဖြစ် ပိုစ့်တင်ခဲ့ပါတယ် ။ ပိုစ့်တင်ပြီးရင်ပဲ အိမ်က ကွန်ပူတာ ခပ်စုတ်စုတ် က နာမကျန်းဖြစ်တာအကြောင်းပြပြီး ဆေးခန်းမှာ နှစ်ရက်လောက် အနားယူနေတာနဲ့ ကျွန်တော် ပျောက်နေ တုန်း ဆြာဂီရဲ့ ကျေးဇူးကြောင့်ကျွန်တော့် စိတ်ကူးလေးအဆင်ပြေခဲ့ရပါတယ် ။
တစ်ကယ်တော့ကျွန်တော်က ဝါသနာရှင် အဆင့်ပဲရှိတာပါ ။ Professional မဟုတ်ပါဘူး ။သုူကြီး နဲ့ ကိုဂီတို့ကို ကျေးဇူးအထူးတင်ပါတယ် ။ကျွန်တော့် ကွန်ပျူတာလေး ပြန်ကောင်းတော့ ပိုစ့်ကိုပြန်ဖတ်မိပါတယ် ။ ကျွန်တော်လည်းချက်ချင်းပဲ ကိုဂီနဲ့ချိတ်ပြီးတော့ ခေါင်းစဉ်ကို ရွေးချယ်လိုက်ပါတယ် ။ ယ္ခုလ 27.5.2012 ညနေ 5.00(မြန်မာစံတော်ချိန်)နောက်ဆုံးထားပြီးတော့ mgazettephotoshow@gmail.com ကိုပို့ပေးရမှာဖြစ်ပါတယ် ။ရိုက်ကူးတင်ပို့ပေးရမယ့်ခေါင်းစဉ်ကတော့ ဈေးသည် ဖြစ်ပါတယ်။
ကိုမှော်ကလည်း မန့်ထားပါတယ် ။ ခေါင်းစဉ်ကို သုံးလ စာလောက်ရေးပေးဖို့ပြောတော့ ကျွန်တော် စဉ်းစားထားတာလေးရှိပါတယ် ။ June လအတွက်ကို ချစ်စရာ့အရွယ် လို့ရွေးချယ်ထားပါတယ် ။ July လအတွက်ခေါင်းစဉ်ကို ရွာရဲ့ ဓါတ်ပုံဆြာကြီး ကိုမှော်ဆရာ ကို အကူအညီ တောင်းခံအပ်ပါတယ် ။August လအတွက်ကို ကိုလုလင် က ကူညီရွေးချယ်ပေးပါ ။ Stptember လအတွက်ကိုတော့ ကိုစိန်သော့ ကိုအပ်ပါတယ် ။ ကူညီပေးကြပါဦး ။
ယ္ခုလအတွက်
ခေါင်းစဉ်……… ဈေးသည်
အမျိုးအစား ……… ဆေးရောင်စုံ
ဖိုင် အမျိုးအစား……. JPEG
အရွယ်အစား…….. 800×600 px
သီးခြားဖော်ပြရန်…… f number , ISO , Shutter speed
ကန့်သတ်ချက် …. ရေစာ ၊ ဘောင် ၊ လက်မှတ် ထည့်သွင်းခြင်း မပြုရ
ဓါတ်ပုံလက်ခံ ပိတ်ချိန်.. ၂၀၁၂ မေလ ၂ရရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီ .
ပေးပို့ရမည့် လိပ်စာ… mgazettephotoshow@gmail.com

ပြပွဲမှာ ရွာသူ/ရွာသားများကရွေးချယ်ပေးရမှာ ဖြစ်ပြီးတော့ ကော်မန့် အများဆုံး (၃)ပုံကို သူကြီး ၊ ကိုဂီ နှင့် ကျွန်တော် (ချစ်ရင်ထူး) တို့မှ ဆုချီးမြှင့်ပေးမှာ ဖြစ်ပါတယ် ။အခြား ဆုအလှူရှင်များ ရှိလျှင်လည်း ထပ်မံ ချီးမြှင့်ပေးမှာဖြစ်ပါတယ် ။
နောက်လ(June)အတွက်ခေါင်းစဉ်ကိုလည်း မမေ့နဲ့ဦးနော် .. ချစ်စရာ့အရွယ်

အကောင်းဆုံး လက်စွမ်းပြနိုင်ကြပါစေ . . .

108 comments

  • Yin Nyine Nway

    May 10, 2012 at 6:53 pm

    ငါ့ ဘူးသီးလေးကို ဝင်ပြိုင်ရင်ကောင်းမလား … 🙂

    • windtalker

      May 11, 2012 at 1:35 am

      ရင်လေးရေ ကိုပေ လုံးဝ ခွင့်မပြုပါကွယ်။

      • Yin Nyine Nway

        May 11, 2012 at 8:45 pm

        ကိုပေ ခွင့်မပြုအောင် ကိုပေ ဘူးသီးရောင်းနေပုံ ဟုတ်ဝူးလေ …..
        ဟီး မြေနီကုန်းမှာ ရောင်းနေတဲ့ အဒေါ်ကြီးပုံကို ပန်ချီဆွဲဖို့ ရိုက်ထားပုံ ပြိုင်မှာ

  • ချစ်ရင်ထူးနှစ်

    May 10, 2012 at 7:00 pm

    ပြောဖို့ တစ်ခုမေ့ကျန်ခဲ့လို့ ပါ ..( မြန်မာပီပီ )
    တစ်ယောက်ကို တစ်ပုံပဲ ပေးပို့ နိ်ုင်မှာဖြစ်ပါတယ်.. အဲဒါလေးပါ ..

    • kai

      May 11, 2012 at 3:09 am

      ခေါင်းစဉ်ကို Format ပုံကျအောင်.. ပြင်ပေးလိုက်တယ်..။
      နောက်ဆို ကိုယ်တိုင်ပြင်ပြီးတင်လို့ရပါပြီနော..
      ရာထူးတိုးပေးဖို့.. မေ့နေလို့ ပါ ..( မြန်မာပီပီ ) :mrgreen:

      ကျုပ်လည်း ဒီလဝင်ပြိုင်ဖို့.. “အမဲ”ရှာနေပါတယ်..။
      လပ်စ်ဗေးဂတ်စ်သွားပြီး လူ(ကိုယ့်ကိုယ်ကိုယ်)ရောင်းနေတဲ့.. ဈေးသည်မ ..ဓါတ်ပုံရိုက်တင်လိုက်ရကောင်းမလားပဲ.. 🙂

      • Khin Latt

        May 11, 2012 at 4:54 am

        ကဲ … ကြည့် … အကြံတူနေပြီ။
        သူကြီး ဘဲ အကောင်းအထည်ဖော် လိုက်ပါတော့။

        ခိုင်ညီမ ရေ – ဒီမှာ တစ်မျိုးကြံစည် နေပြန်ပြီ။
        ဒီတစ်ခါ “သားသားကြောက်ကြောက်” နဲ့ စတား မတိုးနိုင်တော့ဘူး။
        သူကြီး က “FOOL STAR” ဖြစ်နေပြီမို့။
        အဲ …. မှားလို့ “full star” လို့ ကြောတာဘာ။ အဟိ 😉

      • Inz@ghi

        May 11, 2012 at 6:36 am

        အဟီး …
        ကျုပ် လေ .. ရှက်လည်း ရှက်ပါရဲ့ …ရှက်လည်း ရှက်တော့ဘာဘူးလေ…
        ဟစ်စပန်းနရတ် လေးဒွေ ရိုက်ခဲ့ပါသဂျီး..
        😀

      • ချစ်ရင်ထူးနှစ်

        May 11, 2012 at 7:08 am

        သိုုင်းကျူးပါနော် သူကြီး .. စကားလုံးလေး ၃ ထားတာမိုက်တယ်

        လူ(ကိုယ့်ကိုကိုယ်)ရောင်းနေတဲ့..ဈေးသည်မ

        တဲ့ .ဟိ.. ဟိ ..

      • Mလုလင်

        May 11, 2012 at 10:36 pm

        သူကြီးရေ ..ကျန်တဲ့ လူတွေ ကျန်နေသေးတာမို့ … အိတုန် ရဲ့ ပိုစ့်မှာတော့ နံမည် အစုံ ရှိပါကြောင်း …

    • zarlay

      May 16, 2012 at 2:51 pm

      ဟုတ်ကဲ့ တစ်ပုံဆိုရင်လဲတစ်ပုံပေါ့နော် လောလောဆယ်တော့စဉ်းစားလိုက်ဦးမယ်

  • မှော်ဆရာ

    May 10, 2012 at 7:02 pm

    ချစ်စရာ့အရွယ် ?
    ကျွန်တော် ချစ်တတ်တဲ့အရွယ်လေးတွေနဲ့
    သူများ ချစ်တတ်တဲ့အရွယ်နဲ့များ လွဲနေမလားလဲ စိုးမိရဲ့ …
    ရမ်းသန်းတင်လို့ မဖြစ်သေးပါဘူး .. 🙂
    ရွာသူရွာသား တော်တော်များများ ပြပွဲဝင်နှိုင်မယ့် ခေါင်းစဉ်ပဲ ထင်ပါရဲ့…

    • ချစ်ရင်ထူးနှစ်

      May 10, 2012 at 8:54 pm

      လေးမှော် နောက်လ( JULY )အတွက် ခေါင်းစဉ်လေး စဉ်းစားပေးထားပါဦးနော် ..

      • အကိုချစ်ရင်ထူးနှစ်ခင်များ နောက်လအတွက် ခေါင်းစဉ်ကို
        “ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်”လို ့ပေးစေချင်ပါ
        တယ်ဗျာ။

        • ချစ်ရင်ထူးနှစ်

          May 11, 2012 at 11:43 am

          အဲဒါကတော့ ကိုမှော်ဆရာ နဲ့တိုင်ပင်ကြည့်ပါဦး ခင်ဗျာ .. June လအတွက်ကတော့ ရွေးပြီးသားဖြစ်သွားလို့ပါ July လအတွက်က ကိုမှော်ဆရာ ကို အကူအညီ တောင်းထားတာပါ ..ခေါင်းစဉ်ပေးတဲ့နေရာမှာ http://myanmargazette.net/121357/travel/photography-pictures-galleries-wallpapers-photo-tips အဲဒီပိုစ့်မှာ ရေးထားတာရှိပါတယ် .. ဈေးသည် တို့ ချစ်စရာ့အရွယ် တို့ကတော့ လူတိုင်းက နေရာတိုင်းမှာ လွပ်လွပ်လပ်လပ် နဲ့ရိုက်ကူးနိုင်မယ်လို့ ထင်ပါတယ် .. ဒီပြပွဲက ခုမှ တက်သစ်စတွေလဲ ပါဝင်မှာဖြစ်လို့ အရမ်းခက်နေမှာလည်း စိုးရိမ်စရာရှိပါတယ် …
          ကျေးဇူးတင်ပါတယ်နော် ..
          ကျွန်တော်လည်း တိုင်ပင်ကြည့်ပါဦးမယ် ..
          ခင်တဲ့
          ချစ်ရင်ထူး

    • Mလုလင်

      May 10, 2012 at 9:05 pm

      ချစ်စရာ့ အရွယ် ဆိုတော့ … ၁၈ နှစ်လောက် ဆို အဆင်ပြေ မလား ခင်ဗျာ ့ .. 🙂

      • Inz@ghi

        May 10, 2012 at 9:09 pm

        မှန်း ..
        ချစ်စရာ ဟုတ်မဟုတ် …
        ဂီ့ အကဲဖြတ်မယ်..

        😀

        • Khin Latt

          May 11, 2012 at 4:55 am

          ဂီ အတွက် က “၈၁”။ 😀

        • Khaing Khaing

          May 16, 2012 at 3:40 pm

          မိဂီ …… အကဲဖြတ်မှာက မျက်လုံးနဲ့လား နှခေါင်းနဲ့လား အဟိ …….. ဒေါက်ကလက် ………… ဒေါက်ကလက် …….

    • zarlay

      May 11, 2012 at 11:50 am

      ချစ်စရာ့အရွယ်ဆို ပြိုင်စရာမရှိလို့ မွေးထားတဲ့ကြောင်လေးကို ဝင်ပြိုင်မှနဲ့တူတယ်

  • water-melon

    May 10, 2012 at 8:03 pm

    ခက်တာက f number , ISO , Shutter speed ဆိုတာကိုမသိတာဗျ
    ဒီတိုင်းရိုက်ပြီးပို့လို့ရဘူးလား အဟင့်
    ဟီး တိုတိုသော့ကို အတူအညီတောင်းရမယ်
    သများကို ရိုက်နည်းသင်ပေးနော် ( နှစ်သစ်နဲ့ )
    အဟိ ..

    • Inz@ghi

      May 11, 2012 at 6:52 am

      ရိုက်ပြီးသားပုံကို play button နှိပ် disp ဖော်ကြည့်ရင် အဆိုပါ ဂဏန်းလေးတွေ မြင်ရတယ်ဗျ…
      ကွန်ပျူတာထဲ ထည့်ပြီး ပုံရဲ့ properties ထဲ သွားဖတ်လည်း မြင်ရတယ်ဗျ
      (metadata ကို မဖြုတ်ချထားခဲ့ရင် ဆိုပါတော့ဗျာ..)

      ခင်တဲ့
      Inz@ghi

      • ရွာစားကျော်

        May 11, 2012 at 11:07 pm

        ကျုပ် sony DSC W530 ကင်မလာမှာ
        ဇွန်းဆွဲလိုက်ရင် f number ကို ဘယ်လောက်ရှိလည်း ပြပေးလို့ သိနိုင်တယ်
        ISO လည်း ၈၀-၃၆၀ဝ ထိရွေးလို့ရတယ်
        shutter speed ကို ဘယ်လို ရွေးပြီး အသေထားလို့ရလဲ လင်းကြပါအုံး ဆရာတို့..

  • မဟာရာဇာ အံစာတုံး

    May 10, 2012 at 8:47 pm

    ခီများဒို့ ..
    ကျုပ်ဖေဂျီးကျတော့ မေ့နေကျတယ် ထင်ဒယ် ..
    အဲဒါ ကောင်းဘူး … 🙁

  • ရွာစားကျော်

    May 10, 2012 at 9:49 pm

    ချစ်ချရာ အရွယ် ဂဂျားဂျမယ်.. ဟီး ဟီး

  • ချစ်ရင်ထူးနှစ်

    May 11, 2012 at 12:33 am

    ကျွန်တော်တော့ ခုထိ ရှာတုန်းပဲ .. ဘယ်နေရာမှာ ဘယ်သူ့ကို ရိုက်ရမလဲ ဆိုုတာ ခုထိကို မသိသေးတာ ။ 27.5.2012 မတိုင်ခင် ခရီးတစ်ခု သွားပြီးရှာမှ လား မသိပါဘူး .. ခုမှ အစ ဆိုတော့ ခက်တယ်ဗျို့ ..

  • MaMa

    May 11, 2012 at 7:36 am

    အစတုန်းကတော့ ပြပွဲကို ဝင်ပြဖို့ စိတ်ကူးမရှိဘူး။ (ကိုယ့်လက်ရာ ကိုယ်သိနေတော့) 😀
    ခေါင်းစဉ်ကြည့်ပြီး စိတ်ဝင်စားသွားပြီ။
    ကြိုးစားကြည့်ဦးမယ်။
    MG Band ရဲ့ Mood လိုမျိုးများ ရမလားလို့။ 🙂

  • Shan Gyi

    May 11, 2012 at 8:10 am

    သီးခြားဖော်ပြရန်…… f number , ISO , Shutter speed
    အဲဒီတစ်ချက်ဗျာ မေးချင်လို့ပါဗျ
    အပျော်တမ်းသမားတွေ အပျော်တမ်းကင်မရာနဲ့ ရိုက်ပြီးပို့မယ်ဆိုရင်
    အဲဒီအချက်တွေ ဖော်ပြလို့မရဘူးထင်တယ်နော်
    မဖော်ပြရင်ရောရလား

    • မှော်ဆရာ

      May 11, 2012 at 10:39 am

      ဘယ်ကင်မရာမဆို … (mp4)ကလွဲလို့ f number , ISO , Shutter speed တွေ ပါပါတယ်ခင်ဗျာ …။အော်တိုနဲ့ရိုက်ရင်တော့ ကင်မရာက အဲဒီ့ Setting တွေကို အလိုအလျှောက် ချိန်ညှိပေးပါလိမ့်မယ်.
      အပျော်တမ်းဓါတ်ပုံဆရာ အဆင့်ကနေ ပြီး ပရို ဓါတ်ပုံဆရာအဆင့်ကို ကူးပြောင်းနှိုင်ဖို့ဆိုရင်
      အဲဒါတွေကို ကောင်းကောင်း နားလည်ထားရပါလိမ့်မယ်…။ကင်မရာကို ချိန်ခိုင်းတာထက်စာရင် ကိုယ်ကိုယ်တိုင် ချိန်ပြီးရိုက်တာက ပိုပြီး စိတ်ကြိုက်ပုံတွေကို ရနှိုင်ပါလိမ့်မယ်..။
      အခု ဓါတ်ပုံပြပွဲလေးဟာ ရွာသူရွာသားများ ဓါတ်ပုံပညာ အသိအမြင်တိုးပွားစေဖို့ ရည်ရွယ်တာမို့
      အဲဒါလေးကို လေ့လာစေချင်ပါတယ်..။အခုလောလောဆယ် ကိုယ်ကိုတိုင် ချိန်ပြီးမရိုက်နှိုင်ရင်တောင်မှ ဘယ်setting ကို ဘယ်လောက်ထားလိုက်လို့ ဘယ်လိုပုံရတယ်ဆိုတာ သိစေချင်လို့ ဒီလို အချက်အလက်တွေကို ဖော်ပြခိုင်းတာပါ…။
      ကောင်းရင်လဲ ဘာကြောင့်ကောင်းတယ်..မကောင်းရင်လဲ ဘာကြောင့်မကောင်းဘူးဆိုတာ သိအောင်ပါ…။
      ဘယ်အချက်အလက်ကို ပြောင်းလိုက်ရင် ပုံပိုကောင်းသွားမယ်ဆိုတာကိုလဲ နောက်ပိုင်းမှာ သိလာပါလိမ့်မယ်…။
      အဲဒီ့အချက်အလက်တွေ သိချင်ရင် ကို ရိုက်ထားတဲ့ ပုံပေါ်ကို Right Click နှိပ် ၊ Properties ထပ်နှိပ် ပေါ်လာတဲ့ အကွက်ထဲက Summary ထဲက Advance ကို ထပ်နှိပ်ရင် အကုန်ကြည့်လို့ရပါလိမ့်မယ်..။
      f number , ISO , Shutter speed တွေအကြောင်းကို လေ့လာချင်ရင်တော့ ဆရာစိန်သော့ရေးထားတဲ့ ဓါတ်ပုံပညာ မှတ်စု ပိုစ့်တွေကို ပြန်ရှာကြည့်ရင် သိပါလိမ့်မယ်…

      • Shan Gyi

        May 11, 2012 at 11:32 am

        ဟုတ်ကဲ့ခင်ဗျာ ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • snow white

    May 11, 2012 at 10:31 am

    ပြိုင်ပွဲတကယ်ဖြစ်ပီဆိုတော့ ပွဲကြည့်ပရိသတ်လဲလိုတာဘဲနော် တို့ကတော့ ပြိုင်ပွဲကိုအားပေးပါတယ် မျှမျှတတလည်း ဖြစ်မယ်ဆိုတာသိနေတယ် လေ ကောင်းပါတယ် ခေါင်းစဉ်လဲစဉ်စားထားတာကောင်းပါတယ်

  • kyeemite

    May 11, 2012 at 11:05 am

    ဈေးသည် ဆိုတော့ ကို့ယ်ကိုကိုယ်ပြန်ရိုက်ရုံဘဲ..အကြော်သယ်လေ..ဟီး ဟီး..

  • အရင့်ရောင်

    May 11, 2012 at 2:43 pm

    ဈေးသည်………..
    အကြွေးတွယ်
    မပေးရင် လေ
    လာတောင်းမယ်………
    ဒန့်တန်ဒန့်

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 11, 2012 at 2:58 pm

    ဈေးသည်ဆိုတော့ …. ငါးစိမ်းသည်ရော ပါသလား ခင်ဗျ … 😛

  • Diamond Key

    May 11, 2012 at 3:18 pm

    Stptember လအတွက်ကိုတော့ ကိုစိန်သော့ ကိုအပ်ပါတယ်ဆိုထားလို့ –
    ” ဘဝ ”
    ” အလှစစ် ”
    ” လမ်းပေါ်က မြင်ကွင်း ”
    ကြိုက်ရာရွေးပါ ……………. :mrgreen:

    • ချစ်ရင်ထူးနှစ်

      May 11, 2012 at 10:13 pm

      ဟ .. ဟ ကိုစိန်သော့ ကြည့်လည်းလုပ်ပါဆရာ .. ကျွန်တော်တို့က ခုမှ ကင်မရာကိုင်တဲ့သူတွေဆိုတော့ ဘဝ ဆို ဘယ်နားသွားရိုက်ရမတုန်း .. ကျွန်တော်က အဲလောက်အထိမမှီဘူး
      ခေါင်းစဉ်ပေးတဲ့နေရာမှာ မည်သူမဆို ရိုက်ကူးနိုင်မယ့် ခေါင်းစဉ်မျိုး ကို လိုချင်ပါတယ် ..
      ဥပမာ – နားခိုရာ လိုမျိုးပေါ့ … အရိပ်တစ်ခုခု အောက်မှာ တစ်စုံတစ်ရောက် နားနေရင်လည်း ဖြစ်ပါတယ် ။ သစ်ပင်မှာ ငှက် နားနေရင်လည်း ဖြစ်ပါတယ် ၊ ပန်းပင်မှာ လိပ်ပြာ နားရင်လည်း အဆင်ပြေနိုင်ပါတယ် .. ဒါက ကျွန်တော့် အတွေးပါ ..
      ကျေးဇူးတင်ပါတယ် ခင်ဗျာ ..
      ချစ်ရင်ထူး

      • Mလုလင်

        May 11, 2012 at 10:40 pm

        ဘဝ ပါဆိုမှ .. မင်းတွေ့တာ ရိုက်ပေါ့ ဟ ….. သတ္တဝါ နဲ့ ဘဝ ဆိုတာ ခွဲလို့မှ မရတာ …။ presentaion နဲ့ composition နဲ့ mood ပဲပြရမှာ .. printing မပါဘူးဆိုတော့ ပြင်ချင်သလို သာ ပြင်နေကြမှာပဲ ..ဗျ …။ ဦးစိန်သော့ က တစ်ခု ရွေးပါဆိုတော့ ကျွန်တော် က ရွာ့ကိုကို တွေ အကြိုက် .. အလှစစ် ကို ရွေးချင်တယ်ဗျာ အဟီးဟီး ..။

        • မှော်ဆရာ

          May 11, 2012 at 10:55 pm

          ဝုတ်ပါ့ ဝုတ်ပါ့

        • မှော်ဆရာ

          May 11, 2012 at 10:56 pm

          ကျွန်တော်ကတော့ ရိုက်ရလွယ်တဲ့ ခေါင်းစဉ်လေး စဉ်းစားထားတယ်
          “““ မိန်းမလည် သိန်းကြွယ် ”” ဆိုရင်ကော
          နောက်တာနော် … အိုင်ဒီယာတွေထုတ်မနေနဲ့ဦး …

        • Ch@vez

          May 15, 2012 at 7:17 am

          တိန်..
          ရွေးမယ့်ရွေးတော့လည်း အလှစစ်တဲ့ …
          မြင်ယောင်ပါသေးတယ်…ဟီဟိ…
          ခုတလော ဂလေးမား တွေ လွှတ် စိတ်ပါနေတာကလား..

          ဒီမှာတော့ လီဂျင်နရီ ကင်မလာမန်း တယောက် ရှိခဲ့ဖူးရဲ့…
          ဂျွန်လန်နွန် နဲ့ ယိုကို အိုနို ကို ရိုက်ခဲ့တာ တဲ့

          သည်ကျွန်းပေါ်မှာ ပြောစမှတ်ရှိတဲ့ စကားလေးတခွန်းပါ ..
          ဘယ်လို အဆင့်အတန်း အသက်အရွယ် အခြေအနေ ရှိတဲ့ မိန်းမ ဖြစ်ပါစေ
          အနှီ ဒါ့ပုံဆြာ နဲ့သာ ရိုက်ခွင့်ရမယ် ဆို ဝတ်ထားသမျှ ချွတ်ချလိုက်ဖို့
          အဆင်သင့် ဆိုတာချည်းပဲ တဲ့ ….
          လေးစားအားကျဖွယ် ကောင်းဘာဘိတောင်း…

          😀

      • ရွာစားကျော်

        May 11, 2012 at 11:00 pm

        ဘဂုံး ဘ…
        ဝလုံး ဝ…
        ဘ+ဝ= ဘဝ ပေါ့ မောင်လေးရယ်..

    • ချစ်ရင်ထူးနှစ်

      May 11, 2012 at 10:09 pm

      ဟုတ်ပါတယ်ခင်ဗျ .. ကျွန်တော် အပေါ်မှာလည်း သေသေချာချာ ရေးထားပါကြောင်း ..
      လာထား ၁ဝ .. ဟဲ … ဟဲ ..

  • Davit

    May 11, 2012 at 4:54 pm

    “ဈေးသည်” ဆိုပါကလား ……………. လွယ်ထှာအေ ……. ညနေကျရင် သိရိမင်္ဂလာဈေးသစ်ကြီးကိုပြေးပြီး တွေ့သမျှဈေးသည်တွေကို ရိုက်ပြီးပို့ဦးမှ……………….သူကြီးနော် သူကြီး ……. ဒီလောက်စစ်တဲ့ဈေးသည်ပုံတွေကိုမှ သဘာဝမကျဘူးဆိုပြီး ရာထူးတိုးမပေးရင် ဘယ်သူ့ကိုပေးမတုန်း………..ကဲ ပြော ………. 😛

    (ဓါ့ပုံရိုက်ရန်အတွက် ယခုပင်လျှင် သိရိမင်္ဂလာ ဈေးသို့ပြေးပါဂျောင်း )

  • Uncle Lay

    May 11, 2012 at 5:43 pm

    ကုန်ကြမ်းရှာစထွက်ပြီ…။

  • ချစ်ရင်ထူးရေ
    ပို့လိုက်တဲ့ပုံတစ်ပုံရောက်တယ်ဆိုရင် ပို့လိုက်တဲ့သူဆီကိုရကြောင်းစာပြန်ပေးပါနော်။
    ဒါမှကိုယ်ပို့တာရောက်မရောက်သိမှာ။
    တော်ကြာကိုယ်က ပို့ပြီး ပြီဆိုအေးဆေးနေ။
    ပုံကမရောက်
    နောက်မှ ပြဿနာတွေတက်ကုန်မှာစိုးလို့။

  • Ch@vez

    May 12, 2012 at 9:04 am

    လက်ရှိအချိန်ထိ ပုံ၂ပုံလက်ခံရရှိထားပါသည်…
    တင်လျင်တော့ အရင်ရသည့်ပုံ နောက် ရသည့်ပုံ random လုပ်ပြီး တင်ပါမည်…

    ကျေးဇူးတင်ပါသည်

    ၁ဝယောက် ပြည့်လျင် တကြိမ်စီ မည်သည့်အကောင့်များမှရရှိထားကြောင်း ကြေငြာပါမည်

  • we R one

    May 12, 2012 at 1:14 pm

    Website ရောင်းတဲ့ ဈေးသည်ဆိုရင်ရော ဖြစ်လား ရှင့်..

  • ဘာရောင်းရောင်းရပါတယ်ဆိုမှအေ
    စာရွက်စာတန်းပြပြီးရောင်းတဲံ့ဈေးသည်တော့ မရဘူးနော်။

    • we R one

      May 15, 2012 at 6:21 pm

      စာရွက်ပြ ရောင်းလည်း ဈေသည် ဟုတ်ဘူးလား…

  • manawphyulay

    May 12, 2012 at 4:14 pm

    ဈေးလေးကို မျက်စိထဲမြင်ယောင်နေပေမယ့် ခုလက်ထဲမှာ ကင်မရာက ငှားထားလို့ ပြန်မရောက်လာသေးဘူး။ ဘယ်လိုလုပ်ရပါ့…

  • surmi

    May 13, 2012 at 1:53 am

    မုတ်ဆိတ်မွှေးဖွားဖွား ၊ ဆံပင်ဖြူဖြူနဲ. ဂျလေဘီရောင်းနေတဲ.ဈေးသည်ကိုရိုက်ချင်ရင်ပြော ….
    အလကား သရုပ်ဆောင်ပေးမယ် …။

    • MaMa

      May 14, 2012 at 5:34 pm

      သရုပ်ဆောင်မယ့်လူ လိုက်ရှာနေတာ အတော်ပဲ။ 😀
      မနေ့က မြို့ထဲထွက်ပြီး ဈေးသည်လိုက်ရိုက်တာ ပုံတော့ ရမလာဘူး။
      သူတို့ရောင်းတဲ့ ပစ္စည်းတွေချည်းပဲ ပါလာတယ်။
      ဓာတ်ပုံရိုက်ပြီး အားနာလု့ိ ဝယ်လာတာ။
      တည့်တည့်ကြီး သွားချိန်တော့ ဈေးသည်ကလည်း မုဒ်တွေ အောက်ကုန်ရော။ :mrgreen:

  • weiwei

    May 13, 2012 at 5:40 pm

    မနေ့က ခရီးထွက်ဖြစ်တုန်း ကင်မရာကိုင်ပြီး ဈေးသည်ရှာကြည့်မိသေးတယ် (ပိုးဝင်နေတာလေ …..)
    ဒါပေမယ့် တကယ်ရိုက်မယ်ဆိုတော့ စိတ်တိုင်းကျ ဈေးသည် တစ်ယောက်မှ မတွေ့ခဲ့ဘူး …. 🙁

  • ညလေး

    May 13, 2012 at 10:58 pm

    ညလေးလဲ“မဝေ”အတိုင်းပါပဲ………
    ကင်မရာတကိုင်ကိုင်နဲ.ဘယ်ကဘယ်ဟာကိုရိုက်ရမှန်းမသိဖြစ်နေတယ်
    ………..

  • ချစ်ရင်ထူးနှစ်

    May 14, 2012 at 1:24 pm

    ဟ… ဟ အကုန်လုံး အနီတွေ ချည်းပါလား ..
    ဘယ်ဆရာ က များ လက်ဆော့သွားပါလိပ့်နော် ..

  • ငပွကြီး

    May 14, 2012 at 3:00 pm

    အားလုံး မန်ယူ တွေပါလားဟ…သက်သက်များအလှလုပ်ပေးသွားတယ်ထင်တယ် 😀

    • Uncle Lay

      May 14, 2012 at 3:23 pm

      မနေ့ညကတော့ အပြာတွေအောင်ပွဲခံတာပဲ..။

  • kai

    May 14, 2012 at 3:56 pm

    ဒစ်စနေလန်းဒ်သွားပြီး.. ဓါတ်ပုံရိုက်တာ ပုံ၃ရာကျော်..
    ဈေးသည်ပုံကောင်းကောင်းမရခဲ့ဘူး..

    ကြည့်ရတာ..telephoto lens ကောင်းကောင်းဝယ်ရမယ်နဲ့တူတယ်..။
    အခုကင်မရာနဲ့က.. တည့်တည့်ကြီးကပ်ပြီးသွားရိုက်ရမဲ့ပုံပေါက်နေလို့… 😕
    အောက်မှာ ဒဒ်စနေလန်ဒ်းထဲက ဓါတ်ပုံရိုက်ရောင်းနေတဲ့..ဈေးသည်ပုံတင်ပေးလိုက်တယ်..။ အမှတ်တရပေါ့..။ :mrgreen:


    ကိုကျော်သူ့ပွဲတုံးကလည်း.. ကင်မရာယူပြီးလက်စွမ်းပြလိုက်တာ.. M နဲ့ဘယ်ကဘယ်လိုလုပ်လိုက်သည်မသိ..
    အကုန်.. အမဲရောင်ချည်းထွက်လာတာ..

    • မဟာရာဇာ အံစာတုံး

      May 14, 2012 at 3:58 pm

      သဂျီးနှယ် ..
      ညည်းပြနေသေးတယ် ..
      ဝယ်စရာရှိတာ ဝယ်လိုက်ပေါ့လို့ .. 😀

    • Ch@vez

      May 14, 2012 at 4:13 pm

      AV mode နဲ့ စမ်းပါသဂျီး
      ပြီး Raw နဲ့ ရိုက်ပြီး EOS professional သုံးပါဗျာ….

      ခင်တဲ့
      ဂီ

      • kai

        May 14, 2012 at 4:18 pm

        Raw တော့မစမ်းရသေးဘူး..
        အခုဟာက.. ရှိသမျှ.. M,A,S,P တွေ တခုစီ.. ချဲလိုက်တိုးလိုက်နဲ့.. စမ်းနေတာ..

        ဒစ်စနေထဲ..ည မီးပန်းဖေါက်တော့.. လက်စွမ်းပြကြည့်ပါတယ်..။
        မီးပန်းလည်းပြီးရော.. တပုံမှ.. ကောင်းကောင်းမရ..
        အဲလို… 🙂

        • Ch@vez

          May 14, 2012 at 4:24 pm

          RAW နဲ့ဆော်ရင် ရိုက်ထားတဲ့ white balance ပြန်ချိန်လို့ရတယ် ဗျို့…
          resolution ကိုလည်း စိတ်ကြိုက် jpg ပြန်ခုတ်လို့ရရဲ့…..

          စိတ်ကူးမလွဲပါနဲ့ သဂျီး ….

  • padonmar

    May 15, 2012 at 6:58 am

    ဈေးသည်အတွက် ကျိတ်ပြီးအားထုတ်နေကြတာ ငွေကုန်သံပြာ ဖိနပ်ပါး ဗိုက်ကားဖြစ်နေကြပါကြောင်း

    • Ch@vez

      May 15, 2012 at 2:40 pm

      ဘယ့်နှယ့် ဗိုက်ကား က ပါရတာတုန်းဦးကြာရေ …
      တန်တော့ .. လာသမျှ မုန့်သယ် ခေါ်စားနေတယ် ထင်ပါ့ …
      😀

      ဇဂါးအတင်းစပ် ချစ်စရာ့ အရွယ်ကျရင် တူမချောလေးပုံ တင်ပေးနော် နော် …

      • MaMa

        May 16, 2012 at 7:11 am

        ဈေးသည်ကို ရိုက်ဖို့ သူရောင်းတာဝယ်ရတော့ ငွေကုန်
        *လိုချင်တဲ့ မုဒ်ရအောင် စကားရောဖောရောလုပ်ရတော့သံပြာ
        *ဈေးသည်လိုက်ရှာရင်း ဖိနပ်ပါး
        *အတူပါလာတဲ့သူကလည်း မနေနိုင်လို့ အားနာပါးနာဝယ်ပြီး ကျွေးတော့ ဗိုက်ကား
        *ကောင်းကျိုးအထွေထွေ ရလေသတည်းးးးး
        (ဆုရရင်တောင် ကုန်ကြမ်းရှာစရိတ် ကျေပါ့မလားမသိ) 😀

  • မှော်ဆရာ

    May 15, 2012 at 8:16 am

    ဈေးသည်ပုံ ပို့တဲ့သူနဲတယ်ဆိုရင် ၂ ပုံ သို့ ၃ ပုံ လက်ခံပေးသင့်တယ်ထင်တယ် မောင်ဂီရေ ….
    ကျွန်တော်လဲ ရွေးရခက်နေလို့ (၂)ပုံ သို့ (၃) ပုံ ပို့ချင်တယ်။

    • Ch@vez

      May 15, 2012 at 2:37 pm

      သည်တပါတ် ဆန်းဒေး ထိစောင့်ကြည့်လို့ အရေအတွက် အလွန်နည်းနေမယ် ဆိုရင်
      ပုံပို့ထားသူတွေ ဆီကို စာပို့ပြီး နောက်တပုံ ထပ် တောင်းပါ့မယ် ကိုမှော်ရေ..

      လူ ၃ဝလောက် သာဖြစ်မယ်ဆို တယောက် ၃ ပုံနှုန်း ဆို ၁၀ဝနီးပါး ဖြစ်လာမှာမို့
      တင်ပေးရတဲ့ ကျနော် ပြဿနာ မရှိပေမယ့် အဲ့သည့် ပိုစ့် က loading အလွန်လေး ပြီး
      ကော်သိပ်မကောင်းတဲ့ ဘက် က ပိတ်သတ်ကြီး ကြည့်ရင် ပုံတွေမပေါ်ဘူးဖြစ်မှာ စိုးလို့ပါဗျာ..

      😀

  • မှော်ဆရာ

    May 15, 2012 at 8:17 am

    မြိုင်မြိုင်ဆိုင်ဆိုင်လေးလဲ ဖြစ်သွားမယ်ထင်တယ်…

  • Novy

    May 15, 2012 at 12:01 pm

    ဈေးသည်ပုံ အတွက် ပြီးခဲ့တဲ့ ရုံးပိတ်ရက် ကြိုးစားအားထုတ်ပါမယ်ဆိုမှ
    ပန်းကမ်ဘာ ထဲရောက်နေလို့ မအောင်မြင်သေးဘူးဖြစ်နေတယ် 🙁

  • Khaing Khaing

    May 15, 2012 at 2:45 pm

    မသိလို့မေးမယ်နော် ……… ဆုပေးမှာက သူကြီးရယ် မိဂီရယ် မောင်ရင်ထူးရယ်ဆိုတော့ ……… ဆုရတဲ့လူတွေက မြန်မာပြည်ကဆို မြန်မာပြည်မှာပဲစောင့်နေရမှာပေ့ါ ဒါမှမဟုတ် ဂျပန်မှာလာယူရမလား အမေရိကားမှာလားယူရမလား ဧရာဝတီတိုင်းမှာသွားယူရမလား …….. အခန်းအနားနဲ့ပေးမှာလား မော်ဒယ်ရှိုးတွေပါမှာလား အခြားဝင်ရောက်ယှဉ်ပြိုင်သူတွေကကော ဆုချီးမြှင့်ပွဲကိုတက်လို့ရလားဟင် …… ရွေးချယ်တဲ့ပုံ (၃) ပုံစလုံးကို USD 30/- ရမှာလား ပထမ ဒုတိယ တတိယရှိပါသလားချင့် …..

    နောက်ပြီးတော့ မိဂီ မောင်ရင်ထူး ကိုစိန်သော့ ကိုမှော်ဆရာ ကိုMလုလင် အခြားသော ဒါ့ပုံဆရာတွေ သူတို့တွေရော ဝင်ပြိုင်မှာလားဟင် ……… ချစ်စရာ့အရွယ် မှာတော့ဝင်ပြိုင်ချင်တယ် …….. နောက်တစ်ခုပြောချင်တာက ကော်မန့်အများဆုံး (၃) ပုံကိုရွေးမယ်ဆိုရင် တစ်ချို့က ရွာထဲမှာ အကောင့်တွေ အများကြီးရှိတဲ့လူတွေရှိတယ် ……. လူတစ်ယောက်ကနေ အကောင့် (၅) ခုဖွင့်ထားတယ်ဆို သူ့ပုံကို (၅) မှတ်စာတောင်ရမှာလေ …… ကိုယ့်ပုံကို တစ်ခြားရွာသားတွေကိုပြောပြီး လက်တို့ကော်မန့်တောင်းရင်ဘယ်လိုလုပ်မလဲ ……… ဟီး ဟီး ဖြေပေးပါနော် ………

    ခင်မင်ရင်းနှီးစွာဖြင့်
    Khaing Khaing

    • Ch@vez

      May 15, 2012 at 2:57 pm

      အချင်းချင်း လက်တို့ ကောမန့်တောင်းတဲ့ကိစ္စကတော့ အိုးပင်းဗုတ်တင်း ဆိုတော့ ဘာမှ မတတ်နိုင်ပါဘူးခည..
      သိက္ခာ ရှိတဲ့ ရွာသူားတွေမို့ အကောင့် အပိုရှိကြတဲ့ ကိစ္စကိုတော့ စိတ်မပူပါ…။
      (နောက်ပြီး သဂျီးနဲ့ ပိုစ့်တင်သူ ဟာ မန့်သူရဲ့ အိုင်ပီ အက်ဒရက်စ် ကိုလည်း သိနေပါတယ် )
      ဆုကို တန်ဖိုး အလိုက် ပ-ဒု-တ သုံးခု ခွဲပေးချင်ပါတယ်… ။
      သဂျီး ဆီက ဒေါ်လှ ကျုပ်ဆီက အက်စ်ဒီကတ် နဲ့ ခ-ရ-ထ၂ ဆီက အိတ် ပါ။
      ဆုက လူကြုံနဲ့ ရန်ကုန် ကို ထည့်ပေးပါ့မယ်…။
      ဆုပေးပွဲ ကတော့ ရန်ကုန် အခြေစိုက်တွေ သဘောပါ။

      ကျနော် တာဝန်ယူပြီး တင်ပေးမှာ ဖြစ်လို့ ကျနော် ကိုယ်တိုင် ဝင်မပြိုင်ပါ။
      သူဘယ် ဘယ်ပုံပေးတယ် ဆိုတာ သိနေတဲ့အတွက် ဗုတ်လည်း မဗုတ်ပါ။
      ပွဲပြီးသွားလို့ ..အယူအဆတွေ ပြောကြ ဆွေးနွေးကြမှ သာ ဝင်ပါမှာပါ..။

      http://myanmargazette.net/121357/travel/photography-pictures-galleries-wallpapers-photo-tips

      • Khaing Khaing

        May 15, 2012 at 3:29 pm

        ဟုတ်ကဲ့ ရှင်းသွားပါပြီချင့် ………. အမြဲတမ်းဝင်ပြိုင်ပြီး ဆုမရတဲ့လူတွေကိုလည်း ဇွဲဆုကလေးတော့ စဉ်းစားပေးစေချင်ပါတယ်ချင့် ………… အဟီး ထပ်ကျပ်တာ ……..

  • we R one

    May 15, 2012 at 6:24 pm

    ဒီနေ့ ၁၅ ရက်တောင် ရှိသွား ပြီ.. ကင်မရာ တစ်လုံးနဲ ဈေးတကာ လျှောက်ပတ် နေ တာ.. ထီဖြူပြီး ဖိနပ်ပါး ခြေညောင်းတာ ပဲ အဖတ် တင်တယ်.. အခု ထိ စိတ်ကြိုက်ပုံ မတွေးသေးပါဂျောင်း……….

  • မခိုင်ရေ
    ဒီပွဲကို အစက တည်းက ပြိုင်ပွဲဆိုရင် ကိုသော့ ရွှေမင်းသား လုလင် ကိုပေါက်တို့မပါဘူူးပြောပြီးသားပါ.
    ပြပွဲလို့ခေါင်းစဉ်တပ်တဲ့အတွက် ဝင်ပြပေးတာပါ.ကွဲ့။

    • Khaing Khaing

      May 15, 2012 at 8:43 pm

      အဟီး လေးပေါက်စိတ်မဆိုးနဲ့နော် ………
      သမီးက ဆရာတွေပါရင် ဝင်ပြိုင်ရင်မနိုင်မှာစိုး လို့မေးမိတာပါ …….. အံမယ် အပြောကတော့ မိုက်တယ် ဘယ်နှစ်ပွဲဝင်ပြိုင်ဖြစ်မလဲမသိ ……တော်ကီကတော့ မှောဘီကဒေါ်ကြည်ရဲ့တူမလားမှတ်ရတယ် ……… သမီးကတော်တော် အရည်အချင်းရှိတယ်ဆိုတော့ ……… အဆင်ပြေရင်တော့ ပြိုင်ချင်တယ် ဆုရတာမရတာထက် ပြိုင်ပွဲလေးကို ဝင်ချင်တာသက်သက်ပါ ……… ပျော်စရာကောင်းမှာပဲလို့ထင်လို့ပါ …………ပို့စ်တစ်ခုတည်းမှာ ရွာသူရွာသားတွေရဲ့လက်ရာကို တွေ့ရမှာ ပျော်စရာတော့ကောင်းမှာသေချာတယ် …….ရင်ခုန်စရာလဲကောင်းမှာနော်

      • Mလုလင်

        May 15, 2012 at 10:40 pm

        ညီမ ရေ .. ပြပွဲ ပါကွယ် …။ ပြိုင်ပွဲ မဟုတ်ရပါဘူး … နောက် .. “ဆု” မဟုတ်ရပါကွယ် … လက်ဆောင် ပါလို့ နော့ …..။
        ပိုစ့် ခေါင်းစဉ် မှာလဲ ပြပွဲ လို့ ရေးထားပါတယ် နော့ …..။
        ဒီပြပွဲ ရဲ့ ရည်ရွယ်ချက် က .. ရွာထဲက ပုံတွေကို Categories လိုက် .. စုစည်းဖော်ပြ ချင်ယုံ သက်သက် ပါပဲ..။ အဲ့ဒီတော့ Khaing Khaing အနေနဲ့ လဲ ..ပြိုင်တယ် ဆိုင်တယ် စိတ်ထဲမှာ မထားပဲ …. ခေါင်းစဉ် နဲ့ ဆီလျှော်တယ်ဆို ကိုယ်တိုင်ရိုက် ပုံလေးတွေ ပြစေချင်ပါတယ်။

        • Khaing Khaing

          May 16, 2012 at 10:07 am

          ကို Mလုလင်ရေ စောရီးပါ ညီမခေါင်းစဉ်ကိုသေချာမဖတ်ဖြစ်ဘူး …….. အခုလိုရှင်း ပြပေးတာကျေးကျေးပါနော် ……. ရွာဝင်ကစကလည်းအဲလိုပဲ ဂေဇက်နဲ့ ဂီဇက်နဲ့မှားရေးတယ် အခုလဲ သူများပြောတာကြား ချစ်စရာအရွယ်ဆိုတာနဲ့ စိတ်ဝင်စား ခေါင်းစဉ်စာသားတွေသေချာ မဖတ်ပဲ ပြောမိတယ် ……… အဟီး ….. အဖွားကြီးဆိုတော့လည်း ဒီလောက်တော့ရှိမှာပေ့ါ ……

          လေးပေါက်ကြီး သမီးလေးပုံကိုထပ်တော့မရိုက်တော့ဘူး ရိုက်ထားတဲ့ပုံထဲက ကြိုက်တာ (၂) ပုံရှိတယ် ဝင်ပြမလားလို့စဉ်းစားနေတာ ……… ဖုန်းနဲ့ရိုက်ထားတာ ဝင်ပြလို့ရမှာလား မသိဘူးနော် …….

  • မခို်င်ရဲ့ ကိုယ်လုပ်ထားတာလေး ကြိုးစားပမ်းစားရိုက်ထားတာလေးကို မှတ်တမ်းသဘောနဲ့ဝင်ပြီးပြရမှာလေ
    ဒါမျိုးဆိုတာကြုံခဲတယ်လေ။
    တင်သာတင်ပါ နာမယ်ရေးထားတာမှမဟုတ်တာ…………
    ဝင်ပြပါ လူများလေကောင်းလေ ကြည့်ရတာတန်လေဘဲ။
    ချစ်စရာအရွွှယ်ဆို အလွယ်လေး ညည်းသမီးလေ ပိုစ်ပေးခိုင်းပြီးရိုက်တင်လိုက်ပြီးရော။

Leave a Reply