ရန်ကုန်မြို့ကြီးသို့ခြေကြွသောအခါ(၂)

ဒီလိုနဲ့ပဲရန်ကုန်ရွှေမြို့တော်ကြီးမှာနေလာတာ (၃)ရက်မြောက်လာတဲ့အခါမှာတော့မောင်ရှမ်းတို့မူလ projectဖြစ်တဲ့မာတာမိခင်ကြီးကို

ဆေးကုသဖို့စီစဉ်ရပါတော့တယ်…အမေဖြစ်သူကရွှေမိုးပွင့်အေးဆိုတဲ့ဆေးကုခ န်းကိုMRTV-4ကနေတစ်ဆင့်သိထားပြီးသုံးလပိုင်းလောက်က

လာလို့စတင်ကုသခဲ့ပါတယ်…မိခင်ကြီးပြောသမျှကတော့ဒီဆေးကုခန်းလေးကနေပြီး ESG(Electro-Somoto Graphy) Scanနဲ့ဖတ်ကြည့်တဲ့အခါ

မှာတော့ အစာအိမ်မှာကင်ဆာဆဲလ်တွေတွေ့နေရတယ်…အသည်းကလဲသိပ်မကောင်းဘူးကျောက်ကပ်ကလဲအလုပ်လုပ်နိုင်စွမ်းနဲနေတဲ့အတွက်

ခြေထောက်တွေဒူးအောက်ပိုင်းကစလို့ခြေဖဝါးအထိကိုယောင်ကိုင်းနေပါတယ်..ခြေသလုံးအရှေ့ခြမ်းညိုသကျည်းဖက်ကကြွက်သားတွေဆို

နဲနဲဖိပြီးနှိပ်ကြည့်လိုက်ရင်၄၅စက်ကန့်လောက်ကိုချိုင့်ဝင်နေတတ်ပါတယ်… အာရုံကြောတွေကလဲအားနည်းနေလို့တစ်ခါတစ်လေခြေဖျားလေးတွေ

ကပ်လက်ဖျားလေးတွေကပ်တတ်သလိုအပူအအေးမညီမျှရင်ကွေးတတ်ကောက်တတ်ပါသေးတယ်…

နောက်ပြီးမျက်လုံးတွေမှာသွေးကြောမျှင်လေးတွေ

ပေါက်ပြီးသွေးခဲတွေပိတ်နေတတ်ပါသေးတယ်….အဲဒီလိုဖြစ်တဲ့အတွက်အမြင်အာရုံကိုမထိခိုက်ပေမယ့်…အများအမြင်မှာမျက်လုံးတစ်ခုလုံနီရဲပြီး

ကြောက်စရာကြီးဖြစ်နေတတ်ပါသေးတယ်…ဒီခေတ်လူငယ်တွေပိုင်ဆိုင်လိုကြတဲ့မျက်ခုံးမျက်တောင်နက်နက်မျက်လုံးတစ်စုံလုံးနီရဲနေတာမျိုးပေါ့

Vampireတွေလိုဖြစ်နေတတ်ပါတယ်…နှလုံးလဲမကောင်းဘူး…အရိုးအဆစ်တွေလဲသိပ်ပြီးကြံ့ခိုင်မှုမရှိပါဘူး….. ဒါတွေကကျွန်တော့်ရဲ့မိခင်အရင်က

နှစ်များစွာထဲကခံစားနေရတဲ့ဝေဒနာတွေပါ…..ဆေးမျိုးစုံစား၊ကုသနည်းမျိုးစုံနဲ့ကုသပြီးအသက်ခြောက်ဆယ်အရွယ်အထိကိုနေမကောင်းရင်း…

လမ်းလျောက်နေတဲ့ရောဂါစုံဆေးရုံးကြီးတစ်ရုံလိုဖြစ်နေပါတယ်…..အခုတော့ကိုယ်ကဘာရောဂါတောင်ဖြစ်တယ်ဆိုတာကြိုမပြောရသေးဘဲ…

Scanဖတ်လိုက်တာနဲ့တင်……ဒီရောဂါတွေရဲ့အခြေအနေကို…အတွင်းကလီစာတွေနဲ့လူခနဓာကိုယ်အစိတ်အပိုင်းတွေရဲ့လုပ်ဆောင်မှုတွေကို

စစ်ဆေးခြင်းအားဖြင့်သိရှိရတဲ့အတွက်…ကျွန်တော့်မိခင်ကြီးဟာဒီရွှေမိုးပွင့်အေးဆေးကုခန်းလေးမှာဆေးကုသမှုခံယူဖို့ဆုံးဖြတ်ခဲ့ပါတ ယ်…..

First  Package နဲ့ Second  Packageကို အမ်အိုင်အင်နာဂျီဆိုတဲ့စက်ကလေးနဲ့

လျှပ်စစ်ဓါတ်တွေကိုယ်တွင်းကိုစီးဆင်းစေပြီးကုသပြီးတဲ့အခါမှာတော့…

ကျွန်တော့်မိဘတွေဟာကျွန်တော်တို့နေထိုင်ရာအိမ်ရှိတဲ့ရှမ်းပြည်တောင်ပိုင်းကိုပြန်လာခဲ့ပါတော့တယ်….

ဒီနေရာမှာကျွန်တော့်အနေနဲ့ရွာသူားတွေကိုတင်ပြချင်တာကတော့….ကျွန်တော့်အမေရဲ့Before  and  After  အခြေအနေကိုပါ….

ဒီဆေးခန်းလေးမှာကုသခြင်းမပြုခင်မှာတော့ကျွန်တော့်အမေဟာမကြာမကြာဗိုက်အောင့်တတ်ပါတယ်…. အသည်းဘက်ခြမ်းကအောင့်သလို

အစာအိမ်ကလဲအောင့်ပါတယ်…. အဲဒီ့တုန်းကတော့ဆရာဝန်တွေအထူးကုတွေနဲ့ပြကြည့်တဲ့အခါမှာအသည်းမကောင်းလို့ဖြစ်တာဆိုပြီး…

ကုထုံးတွေအမျိုးမျိုးနဲ့ကုသခဲ့ပါတယ်….ပျောက်ကင်းတယ်ဆိုတာတော့မရှိခဲ့ပါဘူး…..အသက်အရွယ်ရလာတာနဲ့အမျှ……

ရောဂါဟာပိုပိုပြီးပဲတိုးလာခဲ့ပါတယ်…..တရုတ်ပြည်ကလာတဲ့လင်ဇီးဆေးတွေလဲစားတယ်…..စားနေတုန်းပဲကောင်းတယ်….ဈေးကြီးတော့

ဆက်မစားဘဲနေရင်….ရောဂါကနှစ်ဆပိုတိုးလာသလိုခံစားရပါတယ်…..ကိုယ်တွေလက်တွေလဲကိုက်ခဲရင်…….အသည်းရောဂါနဲ့….

အကိုက်ခဲပျောက်ဆေးတွေနဲ့မတည့်ဘူးဆိုပြီး……ကိုက်တာခဲတာတွေကိုကြိတ်မှိတ်ပြီးခံစားခဲ့ရပါတယ်…..

ဒီစက်ကလေးနဲ့runပြီးတဲ့အခါမှာတော့အသားအရည်ဟာလဲစိုစိုပြည်ပြည်ဖြစ်လာတယ်….အရင်ကလိုမွဲခြောက်ခြောက်နဲ့ညိုညစ်ညစ်မဖြစ်တော့ဘူး…

ဗိုက်အောင့်တာတွေလဲသက်သာလာတယ်……ကိုက်တာခဲတာတွေလဲမရှိတော့ဘူး…..ကိုက်လို့ခဲလို့ဆေးသောက်ရင်လဲ…ဆေးမှာပါတဲ့….

side  affect  ဘေးထွက်ဆိုးကျိုးတွေကိုဒီ  MI  Energyစက်ကလေးကနေခြေဖျက်ပေးတဲ့အတွက်ကြောင့်အရင်ကလို….ကိုက်ခဲမှုဝေဒနာကို

အံကြိတ်ပြီးခံစားနေစရာမလိုတော့ပါဘူး……ဈေးနှုန်းကလဲ  Packageတစ်ခုကိုမှ…သောင်းဂဏန်းသာဖြစ်တဲ့အတွက်လူလတ်တန်းစား….

ရောဂါဝေဒနာသည်များအတွက်တစ်မျိုးတစ်ဖုံထောက်ပံ့မှုတွေရရှိအောင်ကုသနိုင်တဲ့ဈေးနှုန်းမျိုးပါ……

ဒီသောင်းဂဏန်းငွေကြေးနဲ့…..တကယ်တတ်ကျွမ်းတဲ့ပညာရှင်ဆရာဝန်ကနေScanဖတ်စစ်ဆေးကြည့်ရှုပေးတာတွေ……

စက်နဲ့runပေးတာတွေချွေးပေါင်းတာတွေပါဝင်ပြီး တစ်ကြိမ်မှာအနည်းဆုံး ဆယ့်ငါးမိနစ်…..နှစ်ဆယ့်တစ်ခေါက်runရပါတယ်….

တစ်ရက်ကိုသုံးခေါက်နှုန်းနဲ့runမယ်ဆိုရင်ဖြင့်….ခုနှစ်ရက်တိတိချွေးပေါင်းခြင်းနဲ့  အမ်အိုင်အင်နာဂျီစက်နဲ့runခြင်းကိုပြုလုပ်နိုင်မှာပါ…

တစ်ခြားကုထုံးတွေမှာဆိုရင်ဒီလောက်အထိပျောက်ကင်းဖို့ဆိုတာဟာ သိန်းပေါင်းများစွာကုန်ကျပါတယ်…ဒါကတော့ကျွန်တော့်ကိုယ်တွေ့ပါ…

အနည်းဆုံးရောဂါရှာဖွေတာနဲ့ချွေးပေါင်းတာကိုတင် … ခုနှစ်ရက်ဆက်တိုက်ပြုလုပ်မယ်ဆိုရင်…..

တစ်သိန်းကျော်ကျော်ဝန်းကျင်လောက်ကိုကုန်ကျမှာပါ…

စကင်ဖတ်ပြီးရောဂါရှာဖွေတာကတော့ကုထုံးတစ်ကြိမ်မစခင်မှာတစ်ကြိမ်…ကုထုံးတစ်ကြိမ်ပြီးသွားတဲ့အခါမှာတစ်ကြိမ်နှစ်ကြိမ်စစ်ဆေးရြ ပီး..

ချွေးပေါင်းတာကတော့…ကုထုံးမစခင်တစ်ရက်ကိုတစ်ကြိမ်နဲ့..ကုထုံးတစ်ကြိမ်မှာရက်ပေါင်းခုနှစ်ရက်ရှိတာဖြစ်တဲ့အတွက်….ခုနှစ်ရက်တိတိ

ချွေးပေါင်းခြင်းကိုပြုလုပ်ပေးမှာပါ….ဒီကုထုံးလေးကို….ရောဂါဝေဒနာသည်တွေရော…..ဝေဒနာမရှိပဲကျန်းမာတဲ့လူတွေပါကြိုတင်ပြီးကျန်းမာရေးကို

စောင့်ရှောက်တဲ့အနေနဲ့ပြုလုပ်ကုသမှုခံယူနိုင်ပါတယ်…..ကျွန်တော့်မိခင်ကြီးကတော့ ပထမအကြိမ်နဲ့ဒုတိယအကြိမ်ကုထုံးဖြင့်ကုသမှုကိုခံယူပြီးတဲ့အခါမှာ…

ကောင်းကျိုးများနဲ့ကျန်းမာရေးကောင်းမွန်မှုကိုရရှိလာတဲ့အတွက်….ဝေဒနာရောဂါတွေသက်သာပျောက်ကင်းတဲ့အထိနောက်ထပ်ခြောက်ကြိမ်မြောက်ကု

သခြင်းအထိ..ကုသမှုကိုခံယူနေပါတယ်….အခုလိုကျန်းမာရေးဂရုစိုက်ဖို့လိုအပ်နေတဲ့ရောဂါဝေဒနာသည်တွေနဲ့ရွာသူားအပေါင်း… စာဖတ်သူအပေါင်းကို…

ကျွန်တော့်မိခင်ကျန်းမာရေးပြန်ကောင်းမွန်လာသလို…ကျန်းမာရေးအသိနဲ့ကုသနိုင်တဲ့နေရာလေးကိုမျှဝေပေးလိုတဲ့အတွက်…

ရန်ကုန်မြို့ကြီးသို့ခြေကြွသောအခါ(၂)

ပို့စ်လေးကို….တင်ပြလိုက်ရပါတယ်…..  ရွှေမိုးပွင့်အေးဆေးကုခန်းလေးရဲ့ကုသပုံအဆင့်ဆင့်နဲ့ကုသတဲ့စက်တွေရယ်…သူ့ရဲ့ကုထုံး

ကြောင့်ကောင်းမွန်တဲ့အကျိုးဆက်များမည်သို့ရရှိနိုင်ပုံတွေရယ်ကို ဓါတ်ပုံများနှင့်တကွ  ရန်ကုန်မြို့ကြီးသို့ခြေကြွသောအခါ(၃)မှာ

Detail အသေးစိတ်တင်ပြပါဦးမယ်……

ရွှေမိုးပွင့်အေးဆေးကုခန်းကိုဆက်သွယ်မေးမြန်းချင်တယ်ဆိုရင်တော့ဖြင့်….

အမှတ်၇၈ စီ ၊ ကျိုက်ကစံလမ်း ၊တာမွေမြို့နယ် ၊ရန်ကုန်မြို့…..ဖုန်းနံပါတ်..01-541166 ၊ 09-470-22903 ၊09-430-28924 ကို

လာရောက်ဆက်သွယ်ပြီး

ကိုယ်တိုင်မေးမြန်းစုံစမ်းနိုင်ပါတယ်………လောလောဆယ်တော့ဝေဒနာသည်ပေါင်းသုံးဆယ်ခန့်

ဒီဆေးကုခန်းလေးမှာနေ့စဉ်နဲ့အမျှလာရောက်ကုသမှုကိုခံယူနေပါ

တယ်….MRTV-4မှာလစဉ်တစ်လကိုတစ်ခေါက်နီးပါးပြသလျက်ရှိပြီး….

Oasisဂျာနယ်မှာလဲတစ်ပါတ်လျှင်တစ်ကြိမ်နဲ့လူနာတွေကိုကိုယ်တိုင်မေးမြန်းထားမှုများကို

ရှာဖွေကြည့်ရှုလေ့လာနိုင်ပါတယ်……

ခင်တဲ့…..ရှမ်းပြည်သား(တောင်ပိုင်း)…..

4 comments

  • Shan Gyi

    May 11, 2012 at 9:09 am

    ဖတ်ရတာ အကျိုးရှိတယ်ဗျာ

  • ရွာစားကျော်

    May 11, 2012 at 11:58 am

    မောင်မာန်ခရဲ့ မိခင်ကြီး အမြန်ဆုံး သက်သာ ကျန်းမာပါစေဗျာ
    ခုလို သတင်းဝေငှပေးတာ ကျေးဇူးပါ
    ကျနော့်ရဲ့ ၂၃ နှစ်အရွယ် ညီမငယ်ဟာ အစာအိမ်၊ သားအိမ်နဲ့ ဆီးအိမ် သုံခုလုံးမှာ အကျိတ်တခုတွယ်နေတာ
    ခွဲစိတ်ဖယ်ရှားတာ သုံးခါတောင် ရှိပါပြီ။ ပြန်ပြန် ကြီးလာတတ်ပါတယ်..
    နောက်ဆုံး ဆရာဝန်တွေက မခွဲတော့ဖို့ သတိပေးထားပြီး ယခု တပင်နိုင်မြနန်းဆေးကို စားနေပါတယ်..
    အဲဒီလို ဝေဒနာတွေရော ကုသလို့ရနိုင်ပါလားဗျာ..

  • ကြောင်ကြီး

    May 14, 2012 at 9:11 am

    ကြောင်ကြီး ဦးရေခွံထဲဂနေ အမွေးအမျှင်တွေ ထွက်လာနေဒယ်..ရိပ်ပြစ်လိုက်လဲ ပြန်ထွက်လာဒယ်၊ ဂဒုံးတုံးလိုက်လည်း မရဘူး.. ပြန်ပြန်ရှည်လာဒယ်… လုပ်ကြပါအုံး.. မြစ်ပွားကင်ဆာဆိုဒါ အဲဒါလားမသိဘူး.. 😥

Leave a Reply