ကင်မရာ အကြောင်းရေးလို့ ဆရာကြီးလို့ မထင်မှတ်လိုက်ပါနဲ့ဦးနော် ။ ကျွန်တော်က ခုမှ ဝါသနာရှင် တစ်ယောက်ပါ ။ခုရေးတဲ့ပိုစ့်က မသိသေးတဲ့လူတွေအတွက်အဓိက ရည်ရွယ်ပါတယ် ။ ရွာထဲမှာ ဓါတ်ပုံဆရာတွေက အများကြီးရှိတော့ ကျွန်တော်ရေးတာက ဘာမှ ဖြစ်မှာတော့ မဟုတ်လောက်ပါဘူး ။ ဒါပေသိ ကျွန်တော် က ကိုအင်ဇာဂီ ၊ ကိုလုလင် ၊ ကိုစိန်သော့ ၊ ကိုမှော်ဆြာ တို့ကို မေးမြန်းစူစမ်း မိသမျှ ၊ စာအုပ်တွေ ဖတ်မိသမျှကို စုစည်း ပြီး ပြန်တင်ပေးတဲ့သဘောပါ ။ ကျွန်တော်တို့ ရွာရဲ့ဓါတ်ပုံပြပွဲုအတွက်လည်း အထောက်အကူပြုကောင်းပြုနိုင်ပါရဲ့ ဗျာ ..ပြပွဲမှာရိုက်ရမှာက ဈေးသည် ဆိုတော့ …
ကဲ စပြီ ..
Portrait Photohraphy
Portrait ဆိုတာက အဓိကအားဖြင့် လူပုံရိုက်တာကိုရည်ညွန်းတယ်လို့ဆိုပါတယ် ..။ သာမန်အလှဓါတ်ပုံရိုက်တာ ၊ ခရီးသွားရင်းရိုက်တာ၊ နေရာဒေသနောက်ခံပြုပြီးတော့အမှတ်တရရိုက်တာတွေဟာလည်း Portrait ပါပဲ.. ဒီ့ထက်လည်းပိုနိုင်ပါတယ် ။ Professional ဓါတ်ပုံပညာရှင်တွေဟာ Portrait ဓါတ်ပုံရိုက်တဲ့အခါမှာ subject ကို pose လုပ်ခိုင်းတာထက်သဘာဝအတိုင်းပြုမူပြောဆိုဆက်ဆံ နေတဲ့ပုံတွေကိုနှစ်ခြိုက်လေ့ရှိပါတယ် ။ထူးခြားမှုတွေက ပေါ်လွင်နေရပါမယ် ။

Portrait ပုံရိုက်ကူးဖို့

Portrait ပုံတစ်ပုံရိုက်ကူးဖို့ အတွက် အရင်ဆုံး ဘယ် ISO ဘယ် Shutter speed ဘယ် Aperture နဲ့ထားပြီးရိုက်ရမလဲ ဆိုတာ စဉ်းစားရပါတယ် ။
Portrait မှာ ဆရာ့ဆရာတွေ အပြောများတာကတော့ AV mode မှာထားပြီးတော့ ရိုက်ဖို့ပါပဲ ။
ISO
ISO ကတော့ ကိုယ်ရိုက်မယ့်ပုံဟာ နေ့လား ၊ ညလား ၊Indoor လား Outdoor လား ဆိုတဲ့အပေါ်မှာမူတည်ပါတယ် ။ကျွန်တော်တော့ 100-200ပဲ ထားပါတယ် ။(ဆရာတွေရော ဘယ်လိုထားလဲမသိ)
Shutter speed
AV mode မှာဆိုရင်တော့ ရှပ်တာ စပိ ကို ကင်မရာကဆုံးဖြတ်ပေးမှာဖြစ်ပါတယ် ။မကြိုက်ပါဘူးဆိုတဲ့ ဆရာ့ဆရာများကတော့ 1/125 နဲ့ သူ့ထက်နှေးတဲ့ရှပ်တာ ကို သုံးကြပါတယ် ။ကျွန်တော်ကတော့ ထရိုင်ပေါ့ မဝယ်နိုင်သေးလို့ မစမ်းသပ်ရသေးဘူး ။
Aperture
AV mode နဲ့ရိုက်တဲ့အခါ aperture ကို ဘယ်F.stop နဲ့ရိုက်မလဲဆိုတာဆုံးဖြတ်ရပါတယ် ။ သိထားသင့်တာ တစ်ခုကတော့ F.stop no သေးတယ်ဆိုရင် aperture ကျယ်မယ် D.O.F ကောင်းမယ် ။(အဲဒါတွေကို ဆရာများက ရှင်းပြီးသားတွေ အများကြီးရှိပါတယ် )Portrait ဆိုတာကတော့ Landscape မဟုတ်တော့ အပေါက်ကျယ်နဲ့ရိုက်ရပါတယ် ။
ဒီနေရာမှာ နောက်ထပ်သိထားသင့်တာလေး တစ်ခုက ကင်မရာ Image sensor ရဲ့ ISO နဲ့ shutter speed တို့က ဆက်စပ်မှုရှိတယ် ဆိုတာကိုပါ ။ISO မြှင့်လိုက်တယ် ဆိုတာ အလင်းသိမှုအားကို မြှင့်ပေးလိုက်တာပါ ။ဥပမာ -ISO 100ကနေ 200 ကိုတိုးလိုက်တယ်ဆိုရင် အလင်းသိမှုအားက နှစ်ဆ တက်သွားပါတယ် ။ဒီအချိန်မှာ Shutter speed ကိုမြန်ပေးရပါမယ် ။တူညီတဲ့ EV မှာ ISO 100 နဲ့Shutter speed 1/125 ထားပြီးတော့ ရိုက်တယ်ဆိုရင် .. ISO 200 နဲ့ပြောင်းရိုက်လိုက်ရင် Shutter speed က 1/250 ထားပြီးတော့ ရိုက်ရမှာ ဖြစ်ပါတယ် ။ ဒါလေးက ကျွန်တော် မကြာသေးမီကမှ သိခဲ့ရတာလေးပါ ။ ပြန်ဝေငှ တဲ့သဘောပါ ။ ဆရာကြီးလုပ်တာ မဟုတ်ပါဘူးနော် ။ share လုပ်တာပါ။
ဆက်လက်ကြိုးစားပါဦးမည် ။
ချစ်ရင်ထူး

About ချစ်ရင်ထူး II

has written 38 post in this Website..