အထင်တော်မလွဲစေဖို့ secular politics

နိုင်ငံရေးသည် လောကီအလုပ် ဘာသာရေးနဲ့မရှုပ်

ဖွဒယ်လို့ဒေါ့ မထင်ဂျပါနဲ့…ဒီနေ့ ဧရာဝတီဆိုက်မှာ ကိုမင်းကိုနိုင်တို့ ၈၈မျိုးဆက်အဖွဲ့ဂို ဆွီဒင်အခြေစိုက်အဖွဲ့ လာရောက်တွေ့ဆုံတဲ့ သဒင်းဓာတ်ပုံများ ဝေဝေဆာဆာ ဖော်ပြထားတာ တွေ့ပါဒယ်။ ၈၈မျိုးဆက်အဖွဲ့ဆိုတာ ဒေါ်စုပြီးရင် အားအကိုးရဆုံးဖြစ်လို့ အခုလို နိုင်ငံတဂါ အဖွဲ့အစည်းများ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဂျဒဲ့အခါဒိုင်း ၈၈အရေးတော်ပုံကို တွေ့ကြုံဂဲ့ဖူးသူ တဦးအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူ ရပါဒယ်။ အရင့်အရင် ဧည့်သည်များနဲ့ တွေ့ဆုံတဲ့အခါ ရုံးဂန်းမရှိလို့ အဖွဲ့ခေါင်းဆောင်များ နေအိမ်များမှာ တွေ့ဆုံရတာထက်စာရင် အများကြီး အခြေအနေ တိုးတက်လာပါဒယ်။
တခုပြောဂျင်ဒါ ရုံးခန်းအလယ်တည့်တည့်မှာ ဘုရားစင်ရှိနေဒါပါ။ နိုင်ငံရေးနဲ့ ဘာသာရေး သီးခြားစီခွဲထုတ်ရမှာ ဖြစ်လို့ မသင့်တော် ထင်ပါဒယ်။ အထူးသဖြင့် နိုင်ငံခြားသားများနဲ့ တွေ့ဒဲ့အခါ ပိုသတိထားရပါမယ်။ သူတို့ အမြင်မှာ ဘာသာရေး အရောင်အသွေး ရှိနေဒယ်လို့ မခံစားမိစေလိုပါ။ ၈၈အဖွဲ့ဆိုဒါ လစ်ဘရယ် ဒီမိုကရေစီ အတွေးအမြင် သဘောထား ဖြန့်ဖြူးပေးရမည့် နိုင်ငံရေးအဖွဲ့ သို့မဟုတ် နိုင်ငံရေးနွယ်တဲ့ လူမှုအဖွဲ့အစည်း ဖြစ်ပါဒယ်။ တတိုင်းတပြည်လုံး လူမျိုးဘာသာ ခံယူချက်မရွေး လွှမ်းခြုံထားသည့် အဖွဲ့အစည်း ဖြစ်ရပါမယ်။
မိမိကိုယ်ပိုင် တဦးချင်း ရုံးခန်းအတွင်းမှာ သက်ဆိုင်ရာ ဘာသာရေး အဆောင်အယောင်များဂို နှစ်သက်သလို ထားနိုင်ပါဒယ်။ (ပါးရည်နပ်ရည် ရှိသူများဂဒေါ့ အဆောင်အယောင်ထက် လက်တွေ့လှုပ်ရှားမှုနဲ့ ဘာသာရေး ခံယူချက်ကို ပြလေ့ရှိဒယ်)။ အများနဲ့ ဆိုင်လာရင်ဒေါ့ ဘာသာရေး ဆက်နွယ်မှုများကို သိပ်သတိထားရပါမယ်။ ကိုယ့်အချင်းချင်း စိတ်ဝမ်းကွဲမှုများ ဖြစ်စေနိုင်သလို ခံယူချက်ခြင်း မတူတဲ့ ဘာသာခြား လူမျိုးခြားများရဲ့ ယုံကြည်လေးစားမှုလည်း လျော့ကျနိုင်ပါဒယ်။ လူဆိုဒါ သဘောထား အမျိုးမျိုးရှိတတ်လို့ တဖက်သားဂ မိမိနဲ့ မတူညီဒဲ့ ဘာသာအပေါ် အစွဲကြီးလွန်းသူဆိုရင် ကိုယ့်တိုင်းပြည်၊ အဖွဲ့အစည်း ပြန်ရောက်လို့ အထက်ကို အစီရင်ခံစာတင်တဲ့အခါ အပျက်သဘော ဖြစ်သွားနိုင်ပါဒယ်။ လစ်ဘရယ်သမားများ ဖြစ်ခဲ့ရင်လည်း မိမိအပေါ် ရင်းနှီးကျွမ်းဝင်မှု လျော့နည်းသွားစေပါဒယ်။
၈၈မျိုးဆက်အဖွဲ့ဂို ပြည်တွင်းပြည်ပအလယ်မှာ နုပျိုလန်းဆန်းပြီး အတွေးအခေါ်သစ်လွင် ခေတ်မှီတိုးတက်တဲ့ လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းအဖြစ်သာ တွေ့မြင်လိုပါဒယ်၊ အနာဂတ် မြန်မာ့နိုင်ငံရေးမှာလည်း နိုင်ငံရေးနဲ့ ဘာသာရေး ခွဲဂျားမှုရှိမှသာ ခေတ်သတ်ကမာ္ဘကြီးနဲ့ အံဝင်ဂွင်ကျ ဖြစ်ပါမယ်။ အဲသလိုပြောလို့ ဘာသာရေးဂို ပစ်ပယ်ရမယ် မဆိုလိုပါ။ လူစည်း ဘီလူးစည်း ပြတ်ပြတ်သားသား ခွဲဂျားဖို့သာဖြစ်ပါဒယ်။ ၈၈မျိုးဆက်အဖွဲ့အနေနဲ့ ဘာသာရေး အဆောင်အယောင်ထက် နိုင်ငံရေး အဓိပ္ပါယ်ပြည့်ဝဒဲ့ အထိမ်းအမှတ် သင်္ကေတများဖြင့် မြန်မာ့နိုင်ငံရေး အနာဂတ်အခင်းအကျင်းမှာ အန်အယ်လ်ဒီပါတီ၊ မဟာမိတ်အဖွဲ့များနဲ့အတူ စံပြုဦးဆောင်သူများအဖြစ် ရပ်တည်ပေးဂျဘာလို့ အကြံပြုတိုက်တွန်းပါသည်။
လောင်ဘရစ်ကြယ် 😎

12 comments

  • ဦးဦးပါလေရာ

    May 11, 2012 at 8:27 am

    ဒါကို်တော့ ပြတ်ပြတ်သားသား အားတက်သရောထောက်ခံပါတယ်..။
    ရှေးယခင်ကတည်းက ဘာသာရေးကိုခုတုံးလုပ်ခဲ့ကြတဲ့ နမူနာတွေကို ရှောင်ရှားဘို့ ရှောင်ရှားကြောင်း ပြသဘို့အတွက်ဆိုရင်
    မြန်မာပြည်ရဲ့ နိုင်ငံရေးသမားတွေဟာ ဘုရားကို ဘုရားခန်းမှာပဲထားပြီး ဘုရားခန်းမှာပဲ/အိမ်မှာပဲ ရှိခိုးသင့်ပါတယ်…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 11, 2012 at 9:02 am

    နိုင်ငံရေးနှင့်ပတ်သက်ပြီး အလွန်ကောင်း တဲ့ဝေဖန်အကြံပေးထောက်ပြဆရာလုပ်
    အကောင်းဆုံး ပိုစ့်တစ်ခုအဖြစ်ဖြင့် သဂျီးမင်းတြားဒေါ်မြတ်ဂျီမှ
    ကိုကြောင်ဂျီးဂို ယူနီဗာဆယ်အဂ္ဂမဟာဆူပါဟိုက်ပါဝါပဏ္ဍိတ ဘွဲဒဇိပ်ဒေါ်ဂျီးကို
    ချီးမြှာက်ပေးသနားဂုဏ်ပြုသင့်ပါပြီး
    နွားမဂျီးဝယ်သောအခါ နွားသားသားလေးဒဂေါင်အပိုပါသကဲ့သို့၎င်း
    မုဆိုးမဂျီးဂိုယူသောအခါ ကလေးတစ်ယောက်အပိုပါသကဲ့သို့၎င်း
    အထက်ပါ ဘွဲ့ဒဇိပ်ဒေါ်ဂျီးအပြင်
    မည်သည့်ရွာသားသုံးယောက်ကိုမဆို ဆူပူကြိမ်းမောင်းချိမ်းခြောက်ခွင့်
    သုံးခါအပိုဆု အဖြစ်ဖြင့် ပေးသင့်ပါဂျောင်း အဆိုတင်သွင်းဘာဒယ်

    • ကြောင်ကြီး

      May 11, 2012 at 9:59 am

      အဲဒါဆို (၁) သဂျီးဂို ဆဲဒယ်ကွာ (၂) ကြေးမုံဂျီးဂို ဆဲဒယ်ကွာ (၃) တရုတ်ထီးဂို ဆဲဒယ်ကွာ..။
      ရွာလူမိုက် မိုက်ကယ်ဂျော်နီအောင်ပု အားကိုးဖြင့် ဆဲဝံ့သူ ကြောင်ကြီး :mrgreen:

  • MaMa

    May 11, 2012 at 9:05 am

    အပြုသဘောဆောင်သော အကြံကောင်း ဉာဏ်ကောင်းပေးသော ကိုကြောင်ကြီးအား (ကြားထဲကနေ) ကျေးဇူးအထူးတင်ရှိပါကြောင်းးးးးးးးးးးးးးးး 😀
    ကြုံတုန်း ဖွရရင်ဖြင့်…
    တွေ့တာနဲ့ ကွန်ဆာဗေးတစ်လို့ စွပ်စွပ်စွဲစွဲ ပြောထားတဲ့ ရွာထဲက အမတ်မင်းကို ဘယ်လို တိုင်ကြားရမလဲ?????? :mrgreen:

    • amatmin

      May 11, 2012 at 4:28 pm

      အံတီမမရယ်..အဲ့ဂလိုကြမ်းတမ်းတဲ့ ကွန်ဆာဗေးတစ်ကြီးလို့ ပြောတာမဟုတ်ရပါဗျ.. 🙁
      ပြောချင်တာက ချိုုသာတဲ့ ကွန်မန့်နဲ့ .ဘက်ညှိပြောတတ်တဲ့ စာတွေကိုမြင်ရလို့..
      ရိုးရှင်း စောင့်ထိန်းတဲ့ ကွန်ဆာဗေးတစ်လို့ ပြောလိုက်တာပါ.. 🙂 🙂

      မိုက်သဗျ.ဦးကြောင်တွေး ရေးချက်ကတော့.
      ဆိုတော့..လစ်ဘရယ်နိုင်ငံရေးအဖွဲ့အစည်းထွက်ပေါ်ရေး..ဒို့အရေးး 😆

  • windtalker

    May 11, 2012 at 9:28 am

    ကြောင်မျက်လုံး တယ်စူးရှ
    အပြုသဘောဆောင် ရွယ်စူးသမျှ
    တစ်ကယ်ထူးသမျှ မပယ်ဘူးကွ

  • ba gyi

    May 11, 2012 at 9:39 am

    ဟိုင်း — ကတော့ကိုကြောင်ဂျီးတော့ ပါဝါတက်ပြီး၊စူပါ ဖြစ်ပဟေ့——-၊
    အမြင်စူးရှ၊အတွေးဘီးစိတ်ကျသလောက်၊အပြုသဘောဆောင် — ဂုရု လို့ပြောရမည့် ကိုကြောင်ပါဗျား။

  • ဗိုက်ကလေး

    May 11, 2012 at 10:10 am

    ဒီအခန်းက ခုလို ဧည့်သယ်တွေနဲ ့ လက်ခံတွေ ့ဆုံဖို ့ ရုံးခန်း အင်္ဂ ါရပ်နဲ ့မညီပေါ့ဗျာ..
    မတော်….ကုက္ကိုလ်ပင် ခွကြားကနေ မလိုတမာကောင်တွေက ခွနဲ ့ချောင်းပစ်ရင် ဘယ်လိုလုပ်မတုန်း 🙄
    စကားမစပ်..
    တောင်ကိုရီးယား သမဒ ဘွားစုနဲ ့ တွေ ့ရင် မြောက်ကိုလီးယားကကောင်တွေ ၈၃ခုနှစ်ကလို ဗုံးခွဲ၊လုပ်ကြံ မခံရအောင်
    တောင်မြောက် နှစ်ကောင်ကြား ဘွားဒေါ် ပဲလှော်ကြား ဆားမညပ်အောင် လုံခြုံရေး လေ့ကျင့်နေကြတယ် ကြားမိပါရဲ့
    ဘာသဒင်း ညာသဒင်း အနံ ့ခံပါဦး အူးကြောင်ကြီး..
    အူးကြောင်ဂျီးက အမြင်အနံ ့ စူးရှတယ်လေ..ဝုတ်တယ်မလား..
    ဝုတ်ဝုတ် မဝုတ်ဝုတ် ကင်းစောင့်ရင် အိပ်မငိုက်ကြနဲ ့
    ဒါဗျဲ

  • ကိုကြောင်ကြီး၏ အဆို———“”၈၈အဖွဲ့ဆိုဒါ လစ်ဘရယ် ဒီမိုကရေစီ အတွေးအမြင် သဘောထား ဖြန့်ဖြူးပေးရမည့် နိုင်ငံရေးအဖွဲ့ သို့မဟုတ် နိုင်ငံရေးနွယ်တဲ့ လူမှုအဖွဲ့အစည်း ဖြစ်ပါဒယ်။ တတိုင်းတပြည်လုံး လူမျိုးဘာသာ ခံယူချက်မရွေး လွှမ်းခြုံထားသည့် အဖွဲ့အစည်း ဖြစ်ရပါမယ်။””
    ထောက်ခံပါတယ်ဗျ။တကယ်လဲ ဖြစ်သင့်ပါတယ်ဗျ။

  • kai

    May 11, 2012 at 3:56 pm

    အင်မတန်တိုးတက်ပွင့်လင်းဟန်ရှိတဲ့.. ၈၈အုပ်စုလည်း.. ရှေးစွန်းစွဲနွံထဲနစ်နေကြဟန်ရှိတယ်..
    ဘုန်းကြီးဝတ်ရတာနဲ့.. လက်အုပ်လေးတချီချီနဲ့.. ဘုရားစင်ပါ ဆွဲထည့်လိုက်သေး..

    ဆိုတော့..
    စောင့်ပါလေဦး.. ၁ဝနှစ်..
    .. လက်၁ဝချောင်းနဲ့.. ၁ဝနှစ်..။ 😕

    • ဗိုက်ကလေး

      May 11, 2012 at 4:03 pm

      သဂျီးတရးနိုး ရှူးထပေါက်တုန်း ဈေးစစ်လိုက်ဦးမယ်
      ၉ နှစ်နဲ ့ ၁၁ လ ထားလိုက်ပါ သဂျီး

  • Khin Latt

    May 11, 2012 at 4:01 pm

    ဒီတော့ သူကြီးဦးဆောင်ပြီး ကကြောင်ကြီး မှ တာဝန်ခံကာ သီးသန့်ရုံးခန်း လေး အတွက် ဆောင်ရွက်ပေး ကြ စေ ဗျား။ 😆

Leave a Reply