မိုးပေါ်တက်တဲ့ မှော်ဆရာ …

ေမွာ္ဆရာMay 11, 20121min65331

မမက ကန်ဆယ်ပွဲ ပိုစ့်မှာ မှော်ဆရာ တံမြက်စည်းပျံ စီးတာ မြင်ယောင်ပါသတဲ့ …။ အန်တီမမရဲ့ စိတ်ကူးနဲ့တော့ လွဲပါလိမ့်မယ်ဗျာ….။
မှော်မှော် မိုးပေါ်တက်တုန်းက ပုံတွေ တင်ပေးလိုက်ပါတယ်…။
ရွာထဲက ဓါတ်ပုံဆရာတွေ ကိုယ်ချင်းစာပါလိမ့်မယ်…။ ဓါတ်ပုံဆရာဆိုတာ ပုံကောင်းရဖို့ဆို သေသေကြေကြေ လုပ်တတ်တဲ့သူကိုးဗျ ..။ ကျွန်တော် မိုးပေါ်တက်ခဲ့တာလဲ လှေခါးထစ်ပေါင်း ၁၄ဝ ၊ အမြင့်ပေကလဲ ၁၄ဝ တိတိ၊ဇောနဲ့ လှိမ့်ရိုက်နေတုန်းတော့ ဘာမှ မသိ…။ပြန်ဆင်းတော့မှ အောင်မ…ငီး …ဘရား ဘရား…။အောက်ကို မကြည့်ရဲဘူး…။အပေါ်ကိုပဲ မော့ကြည့်ပြီးတော့ တစ်နှစ် သုံးလေး မှတ်ပြီးတော့ ပြန်ဆင်းလာရတယ်…။ခိုင်ပါတယ် ဆိုပေမယ့် ကြောက်တာကတော့ ကြောက်တာပါပဲ …။
ဘာပဲပြောပြော မောရကျိုးတော့ နပ်ပါတယ်…။ ကမှော့် ဒိုင်ယာရီပဲပေါ့နော်….
ပထမအဆင့် (ချွတ်ထားခဲ့တဲ့ ဖိနပ်လေးမြင်ရဲ့နော် ..)

တစ်ဆင့်တက်ပြီးတိုင်း နားစရာလေးတွေရှိပါတယ်…၊တစ်ဆင့်ရောက်လိုက် နားလိုက် ၊ ဓါတ်ပုံရိုက်လိုက် ၊၊ ဆက်တက်လိုက် ..
ဒုတိယအဆင့်ထိတော့ မဆိုးသေးပါဘူး … ဒါပေမယ့် တော်တော် မြင့်လာပြီ ..။ တတိယအဆင့်ကို တက်တာကတော့ တော်တော် တက်ယူရပါတယ်…
ခိုင်မာပါတယ်ဆိုတဲ့ တိုင်ကြီးပေမယ့် လေတိုက်တော့ လှုတ်နေတယ်ဗျာ…။ ကင်မရာကလဲ နောက်ဘက်မှာ လွယ်ထားရသေး …။ ကိုယ့်ကိုကိုယ်တော့ အားပေးတက်ပါတယ်…။ မပူနဲ့ ပြုတ်ကျရင် ပွဲချင်းပြီးလို့ … ။ ဟုတ်တယ်လေ .. ပထမဆင့် .. ဒုတိယဆင့်ဆို ကျိုးတာ ၊ ကန်းတာလောက် ဖြစ်ချင်ဖြစ်မှာ ..။ ဒါပေမယ့် တတိယအဆင့်တက်နေတုန်း ပြုတ်ကျလို့ကတော့ နတ်ပြည်ရောက်ပြီသာ အောင့်မေ့..။ ဒီလိုဆိုတော့ free fall အရသာလေးခံစားရင်း နတ်ပြည်တက်ဖို့သာ စဉ်းစားနေပါတယ်။။ပွဲချင်းပြီး မသေပဲ ကျိုးတာ ကန်းတာတော့ ကြောက်တယ်ဗျာ…။
ကဲ နောက်ဆုံးအဆင့်ကို ရောက်ပါပြီ …
ဖိနပ်လေးကတော့ မြင်ရတယ်ဆိုရုံ ကျန်ပါတော့တယ်…။

နောက်ဆုံးအဆင့်

အမြင့်ပေ ၁၄ဝ ကိုရောက်လာပါပြီ…။လေကတော့ တစ်ဝှီးဝှီး တိုင်ကြီးကလဲ ရမ်းနေ … ဟေဟေ့ ပျော်စရာကြီး …
အဲဒီလို တက်ခဲ့လို့
ဟောသည်လို ပုံလေးတွေလဲ ရခဲ့ပါတယ် ခင်ဗျာ …
ကမှော်တို့ မြို့လေးပါ ...

31 comments

  • windtalker

    May 11, 2012 at 1:20 pm

    ကိုမှော်တို ့မြို ့က သစ်ပင်တွေနဲ ့စိမ်းလန်းစိုပြေတာကို တွေ ့ရတယ် ။ ရာသီဥတု မျှတပြီး အေးအေးလူလူ နဲ ့နေလို ့ကောင်းမှာဘဲဗျ ။ ဓါတ်ပုံပညာ ဘာမှ မသိပေမယ့် ၊ ဒုတိယ ပုံလေး အား ခိုက်မိပါကြောင်း ။

  • Ch@vez

    May 11, 2012 at 1:23 pm

    bird-eye view ကြီးပါလား ကွယ်ရို့ …
    😀
    ရိုက်ချင်ပေမယ့် ..လေတိုက်တဲ့ လှုပ်စိလှုပ်စိ ကိုတော့ အသဲယားသားဗျာ..
    သိပ္ပံလမ်း က ဆိုင်းဘုတ်ကြီးပေါ်တက်တဲ့ ကိုစိုးကြီးလိုပဲ …
    သတင်းထောက် ဆိုသည်မှာ – ၃ အနေနဲ့ ဂုဏ်ပြုလိုက်ရပါတယ်ဗျား

  • nozomi

    May 11, 2012 at 1:35 pm

    ကိုမှော့် ဓါတ်ပုံတွေ ကောင်းတာ ထည့်မပြောတောင်
    အမြင့်တက်ရဲတဲ့ သတ္တိနဲ့တင် တော်တော်ချီးကျူးဘို့ကောင်းနေပြီ
    ကျွန်တော်တော့ အမြင့်တော်တော်ကြောက်ဗျို့
    အိမ်က လှေခါးလေး တက်ရင်တောင် ဒူးတုန်နေတာရယ်

    • ဗိုက်ကလေး

      May 11, 2012 at 2:21 pm

      ကျနော် ဟယ်လီကော်ပတာ ဝယ်စီးရင် အူးလေးကို မခေါ်တော့ဘူး
      မတော် ဒူးတုန်ပြီး ပန်းတုန်ဖြစ်ပြီး ဟာဒ့်အတက်ခ် ဖြစ်သွားရင် ဗိုက်ကလေး တရားခံဖြစ်ရချည်ရဲ့

    • zarlay

      May 11, 2012 at 2:25 pm

      ဓါတ်ပုံတွေကတော်တော်လှတယ် ကိုမှော် မိုးပေါ်တက်ရိုက်ရကျိုးနပ်ပါတယ်

  • ဗိုက်ကလေး

    May 11, 2012 at 2:18 pm

    မှော်ရီးရဲ့ အမြင့်ပျံ ရိုက်ချက်များကို အသဲတယားယားနဲ ့ အားပေးတွားပါတယ်ဗျာ..
    ကျုပ်ဆို နှစ်ထစ်လောက်တက်ပြီးတာနဲ ့ ပြန်ခုန်ချမှာဘဲဗျ

  • Khin Latt

    May 11, 2012 at 2:24 pm

    ဒါမှ တို့ ဂေဇက် စီဂျေ ကွ။
    အဲလို စွန့်စားရဲတာ ချီးကျူးပါရဲ့။
    ကြည့်ရတာ တကယ်ဘဲ အူတွေ အသဲတွေ ယားပါတယ်။
    ဒါမျိုး နောက်တစ်ခါရိုက်ရင် သတိတော့ ထားပါဟယ်။
    ကိုယ်လဲ အန္တရာယ်ကင်း၊ ပုံကောင်းလဲရ ရအောင် ပေါ့။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 11, 2012 at 3:28 pm

    ( ကျွန်တော် မိုးပေါ်တက်ခဲ့တာလဲ လှေခါးထစ်ပေါင်း ၁၄ဝ ၊ အမြင့်ပေကလဲ ၁၄ဝ တိတိ၊ဇောနဲ့ လှိမ့်ရိုက်နေတုန်းတော့ ဘာမှ မသိ…။ပြန်ဆင်းတော့မှ အောင်မ…ငီး …ဘရား ဘရား…။)
    လူတစ်ယောက်လည်းအဲ့သည်လိုဘဲ ဆင်တူရိုးမှားတွေ့ဘူးတယ်
    သစ်ပင်ပေါ်ကိုတက်သွားပြီးပြန်ဆင်းမရဲတော့လို့ လှေကားထောင်ပြီး
    အရပ်ကူလူဝိုင်းလိုက်ရတယ်

    • Khin Latt

      May 11, 2012 at 3:32 pm

      တစ်ချို့ ကြောင် တွေလဲ ဒီလိုဘဲ ။
      အမြင့်တက်တုန်းက တက်ပြီး ပြန်မဆင်းနိုင်ဘဲ ကားယားကြီး နဲ့ တစ်ညောင်ညောင် အော်လို့။
      သူ့ကို ကူပြီး ချ ပေးမယ် လုပ်လဲ ပြန်ကုတ်ဖို့ လုပ်တယ်။

  • Phaung Phaung

    May 11, 2012 at 3:54 pm

    မြို့လေးကလှလိုက်တာ… ရှမ်းပြည်ဘက်ကလား။ ဘာမြို့လဲဟင်။ တော်လိုက်တဲ့ ဒါ့ပုံဆရာပါ။

  • Diamond Key

    May 11, 2012 at 4:00 pm

    ပုံတွေမှာ သိပ်လှချင်ပေမယ့်၊
    ကျွန်တော်ဆို အမြင့်ကြောက်လှမို့၊
    အပေါ်မှာ လှုတ်တုတ်တုတ်နဲ့ ရိုက်ရမှာကိုတော့၊
    တုန်လှပေါ့ဒူးတွေ၊
    အမြင့်ပေ ၁၄ဝ မှာ၊
    ရိုက်ခဲ့တဲ့ ပုံလေးတွေကို၊
    ရွာထဲမှာ ပြန်ပြနိုင်တာမို့၊
    ချီးကျူးပါတယ် မှော်ဆရာ၊ 😀

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 11, 2012 at 4:08 pm

    မိုက်တယ် … ဒါနဲ့ စကားမစပ် … အဲဒါ GSM တိုင်ထင်ပါ့ …

  • aunty tun

    May 11, 2012 at 4:09 pm

    မှော်ဆရာရေ
    မှော်ဆရာတို့မြို့က GSM တိုင် ၃ တိုင်ထောင်မယ်ကြားတယ် ။
    အဲဒီမှာ စစ်တပ်ထဲက တိုင်မှာ တိုင်ထောင်ဖို့လုပ်တော့ဖောင်ဒေးရှင်းက (ပြီးခဲ့တဲ့လက) မကောင်းလို့ ထောင်လို့မရဘူးပြောတယ် ။အဲဒါအခြေအနေသိချင်ပါတယ် ။ မှော်ဆရာရိုက်ခဲ့တဲ့ဓာတ်ပုံက အ.ထ.က နားက မင်းကန်ကြီးဘေးမှာရှိတဲ့တိုင်မဟုတ်လား ။
    မှော်ဆရာ အကြောင်းပြန်ပါ ။ ဒါပဲ…….

    • မှော်ဆရာ

      May 11, 2012 at 10:32 pm

      ကျွန်တော် GTalk လှမ်းအပ်ထားပါတယ် အန်တီ …

  • etone

    May 11, 2012 at 4:40 pm

    ကြည့်ပြီးရင်တုန်လိုက်တာ ကိုမှော်ဆြာရေ … ။ တော်ရုံ ဓါတ်ပုံစရာတွေ တက်မရိုက်ရဲတဲ့ အမြင့်မျိုးပါပဲ … ။
    ဘယ်လို ခိုင်ပါတယ်ပြောပြော … စိတ်မချရပါဘူး … ။ တော်သေးတာက စိတ်ပူနေသလို လှေခါးပြုတ်မကျ ၊ ပျက်မကျတာပါပဲ … ။

    ဒါနဲ့ .. ဓါတ်ပုံတက်ရိုက်တာ .. ပုဆိုးနဲ့တော့မဟုတ်လောက်ပါဘူးနော် .. ။ :mrgreen: မဟုတ်လျှင် မိုးပျံပူပေါင်းကြီးလွင့်နေသလို ဖြစ်နေမှာ .. ဟိဟိ … ။

  • aunty tun

    May 11, 2012 at 4:53 pm

    ဖောင်းဖောင်း ရေ အဲဒါရှမ်းပြည်ဘက်က မဟုတ်ပါဘူးကွယ် ။
    ဧရာဝတီတိုင်းထဲက မြို့တစ်မြို့ပါကွယ် ။

  • Davit

    May 11, 2012 at 5:09 pm

    အောက်မငှီး……….ကြောက်ထှာဟယ်………..ပုံတွေကြည့်ရင်းနဲ့ ရင်တောင်တော်တော်တုန်သွားတယ်………..မဖြစ်ခြေဘူး……..မဖြစ်ခြေဘူး …………… ရင်တုန်ပြေသွားအောင် ၂ ပက်လောက်ပြေးချဦးမှပါ………………

  • ရွာစားကျော်

    May 11, 2012 at 6:22 pm

    စွန့်စားတဲ့မှော်စရာ
    ကျနော်ဗျာ တကယ်အားကျ

    အမှန်တော့ တက်ရဲဘူး အဲလောက်အမြင့်ကြီး
    ခုနှစ်ထပ်တိုက်ပေါ်ကတောင် ဝရံတာထွက်မရပ်ရဲတာ ကျနော်ပါ..

  • water-melon

    May 11, 2012 at 6:25 pm

    အူးလေးအူးလေး
    မှော်တံမြက်စည်းနဲ့သွားတာတော့မဟုတ်ဘူး
    အဟီ
    တံမြက်စည်းက ဘယ်ရောက်သွားတာလဲ

  • မဟာရာဇာ အံစာတုံး

    May 11, 2012 at 7:01 pm

    ဟိုက်စ် …
    နာဆို ဒီလောက်မြင့်ဂျီး တက်ရဲမှာ ဟုတ်ဘူး ..
    အမြင့်ဆို လူတစ်ရပ်လောက် မြင့်တာနဲ့တင်
    ဒူးက အော်တိုမီးတစ် တုန်လာပြီ .. အဟိ .. 😀

    ကြိုက်တယ်ဗျာ …
    ဦးမှော်ရဲ့ ရိုက်ချက်နဲ့ သတ္တိကို ….
    ပြီးဒေါ့ .. အောက်ဆုံးပုံလေးကို ကြည့်ပြီး ..
    ရွာကိုလည်း လွမ်းမိသွားတယ် ..
    .. အမေနဲ့ရွာကို သားမောင် လွမ်းသမျှ .. တမ်းတစိတ်တွေ ဖြေသော် မပြေတယ် ..
    ဒီလိုသာ အော်ဟစ် ဆိုပစ်လိုက်ချင်တယ် …

  • MaMa

    May 11, 2012 at 8:58 pm

    ရိုက်ထားတဲ့ပုံတွေကြည့်ပြီး ဘယ်အမြင့်ကများရိုက်ပါလိမ့်လို့ ထင်မိတာ။
    မှော်ဆရာပြောမှပဲ သက်စွန့်ဆံဖျား ရိုက်ထားရမှန်း သိတော့တယ်။
    ဒါ့ကြောင့် ခရေဇီ ဆိုတဲ့ စကားလုံးကို သုံးကြတာကိုးးးးးးးးးးး 🙂

  • Green Rose

    May 11, 2012 at 9:08 pm

    ွGreen Rose က စစ်သတင်းထောက် အရမ်းဖြစ်ချင်ခဲ့တာ။ သက်စွန့်ဆံဖျား သတင်းယူကြတာတွေကို ရုပ်ရှင်တွေထဲမှာ ကြည့်မိပြီး အားကျခဲ့တာ။ ခုတော့ ဓါတ်ပုံဆရာတောင် မဖြစ်ချင်တော့ပါဘူး။ Green Rose က အမြင့်လည်းကြောက်တယ်။ ဓါတ်ပုံပညာနဲ့ ပတ်သက်လျှင်လည်း သူငယ်တန်းအဆင့်တောင်မရှိဘူး ဆိုတော့ .. အေးအေးဆေးဆေး နေတာပဲကောင်းပါတယ်။ မရူးတော့ပါဘူး…. ကြောက်လို့…။ ခုလိုသူများ စွန့်စွန့်စားစား ရိုက်ထားတာတွေကိုပဲ ကြည့်တော့မယ်။ မှော်ဆရာ့ကျေးဇူးကြောင့် ဓါတ်ပုံတွေကြည့်ရင် ပုံထဲမှာ မြင်ရတာတွေကိုတင် မဟုတ်ပဲ ဓါတ်ပုံထဲမှာ မမြင်ရတဲ့ ဓါတ်ပုံဆရာရဲ့ ကြိုးစားမှု၊ စွန့်စားမှု တွေကိုပါ ကြည့်တတ်လာမယ်ထင်တယ်။ ကျေးဇူးပါ။

  • nature

    May 11, 2012 at 10:06 pm

    ကြည့်ရတာ မှော်ဆရာဗေဒင်သွားမေးလို့ ဗေဒင်ဆရာက ကံနိမ့်နေတယ် ဇာတာအိမ်ခေါင်မိုးထိုးထားရမယ်လို့ ဟောလိုက်ပုံရတယ်။ အကြံကြီးတဲ့မှော်ဆရာက ကံဇာတာမြင့်သထက်မြင့်အောင် ခေါင်မိုးထက်မြင့်တဲ့ တာဝါတိုင်ထိပ်မှာ သွားထားတာဖြစ်မယ်။ 🙂

  • ko ko soegyi

    May 12, 2012 at 9:03 pm

    အမလေး.. ကြည့်ရင်းနဲ့ မူးချင်လာပြီ.. မူးအောင်သောက်ပြီးမှ ဆက်ကြည့်တော့မယ်နော်…@-@
    အဲ.. အောက်က ပုံလေးတွေကျတော့ အမူးပြေရုံမက စိတ်တောင်ကြည်နူးသွားတယ်..
    အူးမှော်ဆရာ.. ကက်ကင်းရိုက်ထားတာထင်တယ်.. 🙂

  • surmi

    May 12, 2012 at 11:06 pm

    ကန်ဆည်ပွဲတုန်းကပုံတွေကြည်.တော. ဟယ်ရီကော်ပတာပေါ်ကရိုက်ထားတယ်မှတ်တာ …
    ခုမှဘဲပေါက်တော.တယ် ….။ ဝါသနာတူမို. လေးစားပါတယ် …
    ကျုပ်ဆိုတက်ရဲဘူး …။ ကိုရင်.မြို.ပုံသဏ္ဍန်က တောင်တွေနဲ.ကာရံထားပြီး မြစ်ကြီးတစ်စင်းလဲ စီးနေတော.
    မဟုတ်မှလွဲရော တခါက ကျုပ်ဆားလှေနဲ.လိုက်ခဲ.ဘူးတဲ.မြို.ဖြစ်ရမယ် ။ မြေထဲ လားလို. ….။

  • kyeemite

    May 13, 2012 at 11:05 am

    မှော်ဆရာ ရေ..နောက်တစ်ခါ အဲဒီလိုအမြင့်တက်ရင်
    ဓါတ်ပုံရိုက်ဝါသနာအလွန်ကြီးသော ကိုပေါက်ကိုခေါ်တက်ဗျို့..

  • ကိုရင်စည်သူ

    May 13, 2012 at 12:01 pm

    ရန်ကုန်လာရင် ထပ်မြင့်မြင့်တက်နိုင်ဖို့ Spider Man ဝတ်စုံကို
    မှော်ဆရာကော မှော်ဆရာပေါက်စလေးအတွက်ပါ ဝယ်ထည့်ပေးလိုက်မယ်..
    မြင့်မြင့်တက် များများရိုက်နိုင်ပါစေတော့်… 😀 😀 😀

  • marblecommet

    May 13, 2012 at 7:35 pm

    သက်စွန့်ဆံဖျား
    မှော်မင်းသား……

  • aye.kk

    May 14, 2012 at 5:44 am

    အသဲတအေးအေးနဲ ့..
    ကြည့်ရင်းခံစားသွားပါ၏..
    လှပတဲ့မြို ့ရှူခင်းလေးကမှော်ဆရာရိုက်ချက်အစွမ်းကြောင့်..
    အသက်ဝင်လှပါသည်၊သပ်ရှူမောစွာဖြင့်အားပေးသွားပါသည်…။။

Leave a Reply