တေလေငှက်

ဘဲဥMay 11, 20121min22518

လွဲမှားနေဆဲပဲ ဘဝရဲ့ အချိုးအကွေ့ဝဲဂယက်ထဲ

တောင်ပံကျိုးအောင်ဖြတ်သန်းရင်း

ခုတ်မောင်းသော်လည်း မရနိုင်တယ်၊

ဘဝဟာဒါပဲလား

ပျော်ရွှင်ခြင်းရဲ့ အဝေးတစ်နေရာ

အရည်ပျော်ကျနေ ဒီခရီးထဲ

အငွေပျံပျောက်ဆုံး အိမ်မက်တွေရယ်၊

ငါ ….. ပျံသန်းရင်းနဲ့ ဒီခရီးကြမ်းထဲ အဖေါ်မဲ့အားငယ်…

ငါ ….. အမှောင်ဖုံးညတွေ ပျက်သုံးဖို့ရာ ရင်နဲ့ရင်းကာ ဖန်ဆင်းထားချင်တယ်…

သောက အခိုးအငွေ့ထဲ လွမ်းမောရင်းနဲ့ ဝဲပျံကာ

တေလေငှက်ငယ် လွင့်မျောရင်း

နိုးထနိုင်ဖို့  အားယူမည်  ။

18 comments

  • Khaing Khaing

    May 11, 2012 at 3:37 pm

    အော် တေလေငှက်ကလေး ထုံးဘဲဥရေ ……… အတောင်ညောင်းရင်တော့ အခိုင်ဆိုတဲ့ အကိုင်းကြီးကြီးမှာ လာရောက်ခိုးနားလှည့်ပါနော် ……. အလဲ့ ….. တယ်ဟုတ်ပါလား ..

    • ထုံးဘဲဥ

      May 11, 2012 at 3:46 pm

      တောင်ပံတွေသိမ်းပြီး ဒိုင်ပင်ထိုး ဆင်းခဲ့မယ်နော် ခိုင် (အမယ် …. ခိုင် ဆိုပါ့လား) :mrgreen:

  • အရင့်ရောင်

    May 11, 2012 at 3:41 pm

    ငှက် တေလေ ဘဝ က ပျော်စရာပါ……

  • ဗိုက်ကလေး

    May 11, 2012 at 3:43 pm

    အူးလေးက တေလေငှက်ဆို တားတားက မျောက်သစ်ကိုင်းလွတ်.ငမူးခွက်ပျောက်ဖြစ်ပါ၏

    • ထုံးဘဲဥ

      May 11, 2012 at 3:49 pm

      ဟဲ့ ဟဲ့ ခွက်ပျောက်လို့တော့ ဘယ်ဖြစ်မလဲ
      နာဒို့ နင့်ဆီဂိုလာရင် ဘာနဲ့တိုက်မှာလဲ ပုလင်းလိုက်မော့ရမှာလား 😆

      • ဗိုက်ကလေး

        May 11, 2012 at 3:52 pm

        ဖလားရှိတယ်လေ
        ဖလားနဲ ့မော့ကြတာပေါ့

    • ထုံးဘဲဥ

      May 11, 2012 at 3:55 pm

      အူးဗိုက် အူဗိုက်
      အပေါ်မှာ တားတားဂို ရည်းဂျား ဂျဂါး လာကျောနေတယ်
      တားတား ဘယ်ရိုနေရမှန်းမတိတော့ဝူး ရှက်ထှာ 😆

      • ဗိုက်ကလေး

        May 11, 2012 at 3:58 pm

        ဘိုမှ နေမနေနဲ ့
        အဲဒီအခိုင်မှာ မျောက်လွှဲကျော်လို တွဲလွဲခိုပြီး ဒန်းစီးနေလိုက်
        😀

        • ထုံးဘဲဥ

          May 11, 2012 at 4:14 pm

          အဲ့ဒါချို အဖြေပေးလိုက်တော့မယ်နော်
          ခိုင်ရေ့ တားတားဂ အခုမှ ခေးပဲရှိတေးတာနော် ၊ ခဏစောင့်ပေးပါနော်
          အစောင့်နိုင်ဘူးချိုရင် အိမ်လာပြီးတော့ ဖေတို့ မေတို့ ဆီမှာ လာတောင်းလို့ :mrgreen:

        • ဗိုက်ကလေး

          May 11, 2012 at 4:17 pm

          ခင်ဗျားသား မူကြိုမှာ ချီးထွက်ကျလို ့တဲ့
          အဲတာ ဆရာမက လဲစရာ အဝတ် လာပေးပါတဲ့
          လူကြုံမှာလိုက်လို ့လာပြောတာ..
          ပြန်လိုက်ဦးမယ်
          ကျလိ..ကျလိ..

  • ထုံးဘဲဥ

    May 11, 2012 at 4:25 pm

    ဝှီးးးးးးးးးးး ဒေါင် (ဗိုက်ကလေးအား လောက်လေးဂွဖြင့်ထုသံ) 😆

    • မဟာရာဇာ အံစာတုံး

      May 11, 2012 at 7:47 pm

      အော် …
      ဇာတ်သိမ်းတော့လည်း …..
      မုဆိုးဗိုက်ကလေး က ငှက် ..
      တေလေငှက် က မုဆိုး …
      အဲ့လို ဖြစ်သွားကြပါရောလားကွယ် …. 😀

  • windtalker

    May 11, 2012 at 6:47 pm

    တေလေငှက်ငယ်
    မြေတွေအကွက်ဝယ်
    ကေငွေမြတ်မယ် ။

  • ကိုရင်စည်သူ

    May 11, 2012 at 9:17 pm

    အတောင်ကျိုးခဲ့တာတော့ မဟုတ်ဘူး..
    အစကတည်းက တောင်ပံမပါတဲ့ တေလေငှက်တစ်ကောင်ဟာ
    ငါဖြစ်ခဲ့ရဲ့..
    ဝန်ခံပါတယ်…
    ဝေဟင်မှာ ပျံသန်းနိုင်မယ့်တောင်ပံ တစ်စုံမပိုင်ဘူး
    မြေပြင်မှာ လျှောက်လှမ်းနိုင်တဲ့ ခြေတစ်စုံကိုတော့
    ငါပိုင်တရ် ချစ်သူ…
    အလွမ်းတစ်ခုသာ ပိုင်တဲ့ ဒီအရူးအတွက်
    အပြီးသတ်လိုက်ပါတော့ကွယ်…. 🙄 🙄
    (ကဗျာဖတ်ပြီး ခံစားရသလို ရေးချလိုက်ဒါပါ…. ကိုဆေးဘဲဥ)

  • shwe kyi

    May 12, 2012 at 1:22 pm

    ငှက်တေလေရေ သတိထားပြီးပျံသန်းပေရော့။
    လောကဝဲဂယက်အပြင် ဖုန်းလိုင်းဝဲဂယက်တွေရော ရှုပ်နေမယ်ထင်တယ် 🙂

  • ထုံးဘဲဥ

    May 14, 2012 at 6:27 pm

    အားပေးကြတဲ့ သူတော်ကောင်းအပေါင်း ချမ်းသာကိုယ်စိတ်မြဲပါစေ 🙂

    • မဟာရာဇာ အံစာတုံး

      May 14, 2012 at 9:36 pm

      ဒါဆို ..
      အားမပေးတဲ့သူတွေက
      ဟို .. ဟို .. သူတော်ကောင်းတွေ ဟုတ်ဘူးလို့ ပြောတာလားဟင် … 🙄
      တော်ဒေးဒယ် ..
      နာလည်း အားပေးလိုက်လို့ .. 😀

Leave a Reply