လွဲမှားနေဆဲပဲ ဘဝရဲ့ အချိုးအကွေ့ဝဲဂယက်ထဲ

တောင်ပံကျိုးအောင်ဖြတ်သန်းရင်း

ခုတ်မောင်းသော်လည်း မရနိုင်တယ်၊

ဘဝဟာဒါပဲလား

ပျော်ရွှင်ခြင်းရဲ့ အဝေးတစ်နေရာ

အရည်ပျော်ကျနေ ဒီခရီးထဲ

အငွေပျံပျောက်ဆုံး အိမ်မက်တွေရယ်၊

ငါ ….. ပျံသန်းရင်းနဲ့ ဒီခရီးကြမ်းထဲ အဖေါ်မဲ့အားငယ်…

ငါ ….. အမှောင်ဖုံးညတွေ ပျက်သုံးဖို့ရာ ရင်နဲ့ရင်းကာ ဖန်ဆင်းထားချင်တယ်…

သောက အခိုးအငွေ့ထဲ လွမ်းမောရင်းနဲ့ ဝဲပျံကာ

တေလေငှက်ငယ် လွင့်မျောရင်း

နိုးထနိုင်ဖို့  အားယူမည်  ။

About ဘဲဥ

has written 82 post in this Website..

နေချင်သလိုနေ၍ လိမ့်ချင်ရာလိမ့်နေသူကို ဥဥဟုခေါ်သည်