အရမ်းမှန်တယ် တိုက်ဆိုင်တယ် ဒါပေမဲ့မှန်မှန်ဖြေနော်………….

အရမ်းမှန်တယ် တိုက်ဆိုင်တယ် ဒါပေမဲ့မှန်မှန်ဖြေနော်………….

သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ ့ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။

အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက်
တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထား
တဲ့
အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါ။ စိတ်ပညာဆိုင်ရာ သဘောလေးတစ်ခုလို ့
ပြောပါတယ်။ လူ ့စိတ်ကို စနစ်တကျစမ်းသပ်တာတစ်မျိုးလို ့ပြောနိုင်ပါတယ်တဲ့။
အပျင်းပြေလေးနဲ ့ ပျော်စရာကောင်းလို ကျွန်တော့်သူငယ်ချင်းတစ်ယောက်က
ကျွန်တော့်ကိုစမ်းသပ်မေးပါတယ်။ သူပြောတဲ့ အတိုင်းဘာမှ မသိပဲ လိုက်ဖြေကြည့်မိတယ်။
အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင်မှန်ကန်နေခဲ့ပါတယ်။ ဒီဟာလေးကိုသဘောကျလို
့ဂျာနယ်ရှာပြီး သိမ်းထားခဲ့တာပါ။ တစ်ခါတစ်ခါ မသိသေးတဲ့သူငယ်ချင်းတွေနဲ
့မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို ့နဲ ့သူများသိမှာစိုးရိမ်ရင်
တစ်ယောက်ထဲဖြေကြည့်နော်။
နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ ့တစ်ချို ့ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထား
ပါတယ်။ ကျန်တာအားလုံးကတော့ အရင်းအတိုင်းပါပဲ။ သူငယ်ချင်းတွေကိုသတိရလို ့
ပျော်ရအောင်ရည်ရွယ်ပြီး အင်း . . . အညောင်းခံပြီး၊ ပြန်ရိုက်လို
့တင်ပြလိုက်ပါတယ်နော်။
သူငယ်ချင်းတို ့ပြောတဲ့အတိုင်းလုပ်နော်။ လောလောဆယ်ဘောပင်နဲ ့စာရွက်သာ
အမြန်ယူထားလိုက်တော့။

* * * * * * * * * *
သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို ့
စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို ့လိုမှာပါ။
ဒါပေမယ့် ပျော်စရာလေးပါ။
အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို ့ပါပဲ။
ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ ့လှည့်ဖျားမယ်ဆိုင်တော့
အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက်
နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကို
စမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။

သည်စာကို ပို ့လိုက်တဲ့သူကပြောတယ်။ သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ
့ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. . .။

ပျော်စရာလည်းကောင်း ၊ အံ့ဩစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။

သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ ့၊ သူ ့အစီအစဉ်အတိုင်းဖတ်ရင်း
လုပ်သွားပါ။

ကိုင်း . . . စလိုက်ကြရအောင်။

ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ ့မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊
ခဲတံဖြစ်ဖြစ်ပေါ့။
ရေးလို ့ထင်ရင်ပြီးတာပဲနော့ ။

သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ ့တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့
သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ ့ပထမဆုံး
ပေါ်လာတာတွေကိုသာ ချရေးပါနော်။

ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။
လုံးဝကျော်မဖတ်နဲ ့၊
ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။

စပါပြီ . . .

(က) ရှေ ့ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ – 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို ့) တစ်ရာထိ ကြိုက်ရာပါ)

(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို ့) တစ်ရာထိ ကြိုက်ရာပါ)

(ဃ) နံပါတ် 3 ဘေး နဲ ့ နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန် ့ကျင်ဘက်များရဲ
့နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊
မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊
မြန်မြန်လေး)

ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ ့နော်၊ ကျော်ဖတ်ရင်
အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို ့ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။

(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊
သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။
(အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။

သတိပေးချင်ပါသေးတယ်။ အလိမ်နဲ ့၊ မညာနဲ ့နော်။ လိမ်ညာမိရင်နောက်မှ
နောင်တရနေလိမ့်မယ်။

(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ ့ 11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ
ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ ့)

(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။

အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော်

အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို

နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ
သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း
တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို ့ပြောချင်တယ်
နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)

နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ ့လား)

နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ
့သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။

နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊
အလေးပေးမိဆုံးပါတဲ့။

နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည်
သူပေပဲပေါ့။

နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။

နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ
့လိုက်ဖက်တဲ့ သီချင်းလေးပါ။

နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။

နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို
အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။

နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘဝခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။

* * * * * * * * * *

ကဲ သူငယ်ချင်းတို ့ရေ နည်းနည်းတော့ဆန်းလိမ့်မယ်လို ့ယုံကြည်ပါတယ်။
အပျင်းပြေလေးနဲ ့ကျေနပ်မယ်ဆိုရင် ဒီစာလေးကိုပြန်ရိုက်ပြီးဖော်ပြရ
ကျိုးလေးနပ်ပြီ။ ကျေးဇူးတင်ပါတယ်။

19 comments

  • ထုံးဘဲဥ

    May 11, 2012 at 6:14 pm

    အားပေးသွားပါတယ်
    စမ်းကြည့်လိုက်အုံးမယ်နော်

  • water-melon

    May 11, 2012 at 6:27 pm

    လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာဖော်ပြထားတာ ဖတ်ဘူးပါတယ်
    ကျေးဇူး ကိုရင့်ရေ
    နောက်တစ်ခေါက်ပြန်စမ်းမယ်
    အဟိ

    • ထုံးဘဲဥ

      May 11, 2012 at 6:41 pm

      ဟဲ့ ဖြဲဒီးးး
      ဘယ်ဒွေပျောက်နေသဒုံး
      သများဒို့ဂ မျှော်နေဒါ တိရား

  • windtalker

    May 11, 2012 at 6:44 pm

    အရင့်ရောင် ပေးတဲ့ဟာလေးကို အပျင်းပြေဖို ့ သွားစမ်းပြီဗျို ့။
    “အပျင်းလဲပြေ
    ဟင်းပွဲတွေ
    မရှင်းလဲနေ
    အတင်းဖြဲမလေ..။”

  • ရွာစားကျော်

    May 11, 2012 at 6:57 pm

    စမ်းကြည့်ပီးဘီ ကိုအရင့်ရောင်ရေ..
    အတော်ဟုတ်တဲ့ ပို့စ်လေးပါဗျာ သဘောကျတယ်ဗျို့
    ဆုတောင်းတော့ ဘယ်လိုလာမယ်မသိ..
    1- ၃
    2- ၁၀၀
    3- အိမ်ရှင်မနာမည်
    4- သားနာမည်
    5- အကြောသိပ်မတည့်တဲ့ ခယ်မလေးနာမည်
    6- အသိမိန်းကလေး တယောက်နာမည်
    7- ယောက်ခမနာမည်
    8- ဗွီနိုထွန်းရဲ့ ပြန်မဆုံဖြစ်ကြရင် (ကျုပ်ဖုန်းက ringtone)
    9- မိုးမိုးရဲ့ ယောက္ခမ ( ယောက္ခမအိမ်က ဖုန်းလာရင် ပေးထားတဲ့ ringtone)
    10- အေသင်ရဲ့ လေပြေ (ဒါလဲ ကျုပ်ဖုန်းက ringtone)
    11- ကိုငှက်ရဲ့တကယ်လို့များ (အကြိုက်ဆုံးသီချင်း)

    တော်တော်လေးတော့ တိုက်ဆိုင်တယ်လို့ အံ့ဩမဆုံးဖြစ်မိပါတယ်..

  • yuiio

    May 11, 2012 at 7:40 pm

    ဒဲ့ကို တိုက်တာ ………..
    ၁ ….. ၂၀
    ၂. ၂၀
    ၃. ကိုယ်ချစ်တဲ့သူ
    ၄.အဖ
    ၅. အမေ
    ၆. သူငယ်ချင်း
    ၇.သူငယ်ချင်း
    ၈.အိမ်မက်ထားသောစိတ်ကူး
    ၉.လိပ်ပြာ
    ၁၀. အိမ်မက်ကဗျာ
    ၁၁. အတိတ်မြက်ခင်းစိမ်း

  • htet way

    May 11, 2012 at 9:09 pm

    ဖတ်ရူ့ အားပေးခဲ့ပါတယ်ဗျား

  • မှော်ဆရာ

    May 11, 2012 at 10:02 pm

    တော်တော်များများ မှန်ပါ၏

  • ဦးဦးပါလေရာ

    May 11, 2012 at 10:56 pm

    ပျော်စရာကောင်းပါတယ်..။
    ဆိုက်ကို လေးဆင်ထားတော့ အတော်လေးလဲ တိုက်ဆိုင်ပါတယ်။

  • pazflor

    May 12, 2012 at 2:22 am

    မှန်ပါတယ်ဗျ။

  • mocho

    May 12, 2012 at 10:07 am

    တော်တော် တိုက်ဆိုင်သား
    ၃။ ချစ်ချစ်ကြီး
    ၄။သားသား
    ၅။ အမေ
    ၁၁။ မုန်းအဆက်ဆက်မရွယ်
    ကျန်တာတွေကတော့ နည်းနည်း လွဲသွားတယ်။
    ၆။မှာရေးလိုက်မိတာ ကိုယ့်ကို အမြဲတမ်း စိတ် ညစ်စေတဲ့ မောင် အငယ်ဆုံးကောင်။

  • Shwe Tike Soe

    May 12, 2012 at 11:15 am

    မှန်လိုက်တာအေ.. ကိုအရောင်ရင့်တို.ကတော့
    တကယ်တကယ် ဘယ်လိုသိလဲမသိဘူးနော်… ဟဟဟဟဟ
    ရေးတော့ချမပြတော့ ဘူး ရှက်လို. ခိခိခိ……..

    • အရင့်ရောင်

      May 12, 2012 at 11:36 am

      မိတိုက် ………..
      ဘာတွေမှန်တာလဲနော်
      ဝေမျှပေးလေဗျာ
      ရွာထဲလည်း နဲနဲတော့ သိသွားအောင်ပေါ့
      မှန်တဲ့ အထဲမှာ အုတ်အုတ်ရောပါလားဟင် မိတိုက်……………..
      ငှဲငှဲငှဲ………………

  • mg mg

    May 12, 2012 at 9:16 pm

    မှားပါတယ်မောင်အရင့်ရယ်(ငြီးတွားသံပါ)
    ကျော်မကြည့်ပါနဲ့ဆိုလို့ မကြည့်ပဲနေမိတာ
    ၁ နဲ့ ၂ အကြိုက်ဆုံးနံပါတ်ရေးဆိုလို့စဉ်းစားတာမရလို့ မရေးဘဲထားလိုက်မိတယ်။
    ဆုတောင်းဘို့စဉ်းစားထားတာက (ထီပေါက်ပါစေ)

    • အရင့်ရောင်

      May 22, 2012 at 5:29 pm

      ထီပေါက်ပါစေဗျာ
      ထပ်ဆင့် ဆုတောင်းလိုက်ပါ၏
      အရင့်ရောင်

  • windtalker

    May 12, 2012 at 10:04 pm

    အခုမှ သေချာ စာရွက်ပေါ်ချလုပ်ကြည့်တော့ တိုက်ဆိုင်သလိုတော့ ရှိသား ။ ဒါပေမယ့် လွဲတဲ့ဟာ လွဲနေတယ် ။ ဥပမာ နံပါတ်၃ လို နေရာမျိုး က လွဲနိုင်ပါတယ် ။ ဆိုက်ကိုကျွမ်းကျင်တဲ့ သူ က ထွင်ခဲ့တဲ့ဂိမ်း နေမှာပါ ။

  • ညလေး

    May 12, 2012 at 10:16 pm

    အားပေးသွားပါတယ်………

    • အရင့်ရောင်

      May 14, 2012 at 11:51 am

      အားလုံးပဲပျော်ရွှင်စေချင်လို့ပါ
      တိုက်ဆိုင်မှုရရှိကြရဲ့လားဗျာ………………

Leave a Reply