The Express Time ဂျာနယ်မှ သတင်းထောက်များနှင့် တွေ့ဆုံခြင်း။

အာဂMay 11, 20121min46125

မေလ ၈ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI ) တွင် ကျင်းပပြုလုပ်သော ရွှေမင်းသားဖောင်ဒေးရှင်း၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် သတင်းရယူနေသော Express Times ဂျာနယ်မှ သတင်းထောက် သုံးဦးအနက် ကိုဟိန်းကိုစိုးမှာ သတင်းဓါတ်ပုံရယူရန် ကြိုးစားရာမှ NLD ပါတီ ပါတီဝင်တစ်ဦး၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ခံခဲ့ရကြောင်း သိရသည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ The Express Time ဂျာနယ်မှ သတင်းထောက် သုံးဦးကို The Messenger ဂျာနယ်က
တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ကိုဟိန်းကိုစိုး (သတင်းထောက်) The Express Times ဂျာနယ်

စတုတ္ထ အကြိမ်မြောက် ရွှေမင်းသားဖောင်ဒေးရှင်းနှစ်ပတ်လည် ပွဲမှာ NLD ပါတီနဲ့ ပြဿနာဖြစ်ပွားခဲ့ပုံလေး ပြောပြပေးပါလား။

ကျွန်တော်က အန်တီစုနဲ့ ရွှေမင်းသားဖောင်ဒေးရှင်း (ဥက္ကဋ္ဌ) ဦးမြတ်သူဝင်းတွဲနေတဲ့ ပုံကိုလိုချင်လို့ ဓာတ်ပုံ ရိုက်ဖို့သွားတာ အဲဒါကို သူက ကင်မရာကိုင်တဲ့ လက် ကို ရိုက်ချတယ်။ ဓာတ်ပုံမရိုက်နဲ့လို့ မင်းကို ဘယ်နှစ်ခါပြောရမလဲလို့ ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်က ဒီဓာတ်ပုံက အရေးကြီးတယ်။ အများပြည်သူသိချင်နေတဲ့ ဓာတ်ပုံဖြစ်တယ်ဆိုတာ သူကို ရှင်းပြပြီးပြန်ထွက် ခဲ့တယ်။ အဲဒီမှာ သူက ကျွန်တော်နောက်ကို အတင်းလိုက် လာပြီး UMFCCI ထဲက အိမ်သာထဲကို ခေါ်ပြီး ကျွန်တော် ရင်ဘက်ကို ဆောင့်ဆောင့်တွန်းတယ်။ ပြီးတော့ မင်းက ဘာကောင်မို့လိုလဲ ငါတို့က နိုင်ငံရေးကို ထောင်ကျခံ ပြီးလုပ်လာတာ။ မင်းတို့ ဂျာနယ်လစ်တွေဆိုတာ ပိုက်ဆံရဖို့ လုပ်နေတာ မင်းအယ်ဒီတာချုပ်ကို ဒီအတိုင်းပြော လိုက်လို့ ပြောတယ်၊ ပြီးတော့ ဆဲဆိုကြိမ်းမောင်းပြီး ကျွန်တော်တို့ကို ဓာတ်ပုံရိုက်သွားတယ်။

မီဒီယာအပေါ်အခုလို ပြောတဲ့ အပေါ် ဘယ်လိုမြင်လဲ။

NLD ဆိုတာ အမျိုးသားဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပါတီဖြစ်တော့ ကျွန်တော့်အနေနဲ့ လေးစားမှုရှိတယ်။ ဒါပေမဲ့ ပါတီထဲက လူတစ်ယောက်က မီဒီယာသမားတွေကို ဒီလိုဆက်ဆံ တာ မဖြစ်သင့်ဘူး။ ပါတီဝင်တစ်ယောက်က ဒီလိုပြော ကြားပေမယ့် NLD က ပြောတယ်လို့ မခံယူပါဘူး။ ဒီလို လူမျိုးတွေ NLD ပါတီဝင်ထဲမှာ ရှိနေတာတော့ သေချာ စိစစ်ပေးဖို့ လိုတယ်။

မီဒီယာသမားအကုန်လုံးကို ပြောလိုက်တယ်လို့ အစ်ကို အနေနဲ့ ဘာကြောင့် ယူဆတာလဲ။

သူပြောလိုက်တာကိုက ငါတို့ နိုင်ငံရေးလုပ်တယ် ဆိုတာ ပိုက်ဆံတစ်ပြားမှ မရဘဲ ထောင်ကျခံပြီး လုပ် နေတာ။ မင်းတို့ဂျာနယ်လစ်ဆိုတာက ပိုက်ဆံလိုချင်လို့ လုပ်နေတာ ဒီစကားကို ပြောကတည်းက မီဒီယာအကုန် လုံးသိမ်းကြုံးပြီး ပြောတယ်လို့ ပေါ်လွင်နေပါတယ်။

ကိုဟိန်းကိုစိုးအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိလဲ။

ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ကပါတီကို တရားဝင်စာပေးပို့ထားပြီး ဖြစ်တယ်။ နောက်ပြီး မြန်မာ နိုင်ငံသတင်းစာဆရာများအသင်းနဲ့ မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) တို့ အပြင် ဂျာနယ်တိုက်အသီးသီးကို အကြောင်းကြားစာတွေ ပေးပို့ထားတယ်။

ကိုဟိန်းကိုစိုး အနေနဲ့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းစေခြင်း သလဲ။

ကျွန်တော်တို့လိုချင်တာက ကျွန်တော်တို့ကို တောင်း ပန်ဖို့မဟုတ်ဘူး။ ကျွန်တော်တို့ မီဒီယာသမားတွေဆိုတာ သူပြောသလို ပိုက်ဆံရဖို့တစ်ခုတည်းအတွက် အလုပ်လုပ်နေတာ မဟုတ်ဘူး။ ကိုယ်ရဲ့ ဝါသနာကို အရင်း ခံပြီး အများပြည်သူတွေ သိသင့်တဲ့ အကြောင်းအရာတွေ ကို စာမျက်နှာပေါ်က တဆင့် တင်ပြနေတယ်ဆိုတာ သိစေချင်တယ်။

ကိုဇင်အောင်ထွန်း (သတင်းထောက်) The Express Times ဂျာနယ်

ကိုဇင်အောင်ထွန်း အနေနဲ့ ဒီလိုမီဒီယာသမားတွေကို ပြော ဆို ဆက်ဆံတာနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

ကျွန်တော်တို့ နိုင်ငံအရင်ကထက် ဖွံ့ဖြိုးတိုးတက် လာတယ်ဆိုတာ နိုင်ငံရေးသမားတွေ ပြည်သူတွေ အမြင် မီဒီယာကပါ ဝိုင်းဝန်းလုပ်ဆောင်ကြလို့ ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းကြောင်းပေါ် ရောက်လာတာပါ။ ဒါကို သူက အကုန်လုံးကို ပုတ်ချပြီး သူတစ်ယောက်ထဲ လုပ်နေတဲ့ ပုံစံနဲ့ ပြောတာ NLD ကို မဆိုလိုဘူး။ ဒါပေမဲ့ ပါတီထဲမှာ ဒီ လိုလူမျိုးရှိနေတာ မကောင်းဘူး။ ဒီလိုလူမျိုးကို ကျွန် တော်အနေနဲ့ ထိထိရောက်ရောက်အရေးယူပေးသင့်တယ် လို့ ထင်တယ်။

ဖြိုးဖြိုးဝေ (သတင်းထောက်) The Express Times ဂျာနယ်

အခုလို ဖြစ်ပွားခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး မဖြိုးဖြိုးဝေ အနေနဲ့ ဘာများ ပြောချင်သလဲ။
သူက NLD ပါတီဝင်ဆိုပြီး မာန်တက်နေတယ်။ အားလုံးက လူတွေပဲ လူကို လူလို့ တန်ဖိုးထားပြီး ဆက် ဆံစေချင်တယ်။ အခုတော့က သူက ဆဲဆိုပြီး ကိုယ်ထိ လက်ရောက်ကျူးလွန်တာ မဖြစ်သင့်ဘူး။ ဒါကို သူတို့ ဘက်လူကြီးတွေ အနေနဲ့လည်း အဲဒီလိုမျိုးတွေ မဖြစ် အောင် လက်အောက်ငယ်သားတွေကို နည်းနည်းပါးပါး ပြေပြထားသင့်တယ်။ တခြားပါတီတွေမှာ ဒါမျိုးမတွေ့ ဖူးဘူး။ ကျွန်မအနေနဲ့ ဒါပဲ ပြောချင်ပါတယ်။

မှတ်ချက်။ ။ သူကြီးတင်ပြသော NLD & Media ပိုစ် အရ ဖြစ်ပေါ်နေသောပြသာနာများကို နှစ်ဦး၂ဖက်အမြင်ဖြင့် မြင်သာအောင်ကူးယူဖော်ပြလိုက်ခြင်းသာဖြစ်သည်။

The Express Time ဂျာနယ်မှ သတင်းထောက်များနှင့် တွေ့ဆုံခြင်း။ ခေါင်းစဉ်ဖြင့် ဖေ့စ်ဘုတ် မှာတင်ထားတာကို ပြန်တင်ပေးလိုက်တာဖြစ်ပါတယ်..။
http://www.facebook.com/pages/Messenger-News-Journal/127099574018030


25 comments

  • ထုံးဘဲဥ

    May 11, 2012 at 6:55 pm

    အဲ့ဒီဂျာနယ်ကို သပိတ်မှောက်ကြကွာ
    မှတ်ချက် ။ ။ ဦးကြောင်ဂျီးလေးသံနှင့်ဖတ်ရန် :mrgreen:

    • R Ga

      May 11, 2012 at 7:02 pm

      မှန်တယ်။ ဘာပဲပြောပြော သူတို့ ဂျာနယ် နာမည်ကတော့ နည်းနည်းလူသိသွားမယ်ထင်တယ်။ ဒါကလည်း ကြော်ငြာနည်းတစ်မျိုးလားတောင် မသိဘူး။ တစ်ခါတစ်ခါ နာမည်ရချင်ရင် ဒီလိုလုပ်တတ်တာ မြန်မာ ပြည်က ဂျာနယ်တွေလှည့်ကွက်လည်းပါတယ်လို့ထင်မိတယ်။

  • R Ga

    May 11, 2012 at 6:56 pm

    “ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါသည်”

    UMFCCI အသင်းချုပ်ရုံး၌ ၉.၅.၂၀၁၂ နေ့က ကျင်းပခဲ့သော ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ၏ စတုတ္ထအကြိမ် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် သတင်းရယူရန် ရောက်ရှိလာသော Express Time ဂျာနယ်မှ သတင်းထောက်နှစ်ဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ပါတီဝင်တစ်ဦးက ဥပဒေမဲ့ ရိုင်းပြစွာ ပြုမူဆက်ဆံခဲ့ခြင်း၊ “မင်းတို့က ပိုက်ဆံလိုချင်လို့ မီဒီယာလုပ်ငန်း လုပ်နေတာကွ၊ ငါတို့က ထောင်ကျခံပြီး နိုင်ငံရေးလုပ်နေတာ´´ ဟူသော မီဒီယာသမား များအပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေရန် တစ်ဖက်သတ် ပုတ်ခတ်စော်ကားသည့်စကားများ ပြောဆိုခဲ့ခြင်းအပေါ် The Messenger ဂျာနယ်မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။
    ယခင်ကလည်း အလားတူ ဖြစ်ရပ်များ ရှိခဲ့ပါသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ တာဝန်ရှိသူများ အနေဖြင့် ယခုဖြစ်ရပ်အပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့်အခြေအနေတစ်ခု ပေါ်ထွက်လာအောင် အမြန်ဆုံးဆောင်ရွက်ပေးပါရန် The Messenger ဂျာနယ်မှ တောင်းဆိုလိုက်ပါသည်။

    ဒါက The Messenger ဂျာနယ် ရဲ့ အာဘော် ဘာတွေဆက်ဖြစ်မလဲ။ ဘယ်သူမှန်သလဲဆိုတာက တော့ စောင့်ကြည့်ရမယ်ထင်တယ် အရပ်ကတို့ရေ..။ အမှိုက်က စပြီးတော့ ပြဿဒ်မီးမလောင်ဖို့တော့ လိုတယ်လို့ထင်မိတာပါပဲ။

    • windtalker

      May 11, 2012 at 7:13 pm

      သဂျီးပို ့စ်ထဲမှာ မန် ့ခဲ့တာ စောသွားပြီလား မသိဘူး ဂျာ
      ဘယ်သူပြောတာ အမှန်မှန်း အရမ်း သိချင်စမ်းပါဘိ

  • the best

    May 11, 2012 at 7:41 pm

    ၂ ခုဖြစ်နေတော့ ၂ ခါမန် ့ ရတာပါ။
    သတင်းထောက်တွေမှာ အသံဖမ်းစက်တွေ ပါကြပါလိမ့်မယ်။
    အသံဖိုင် တင်လိုက်ရင် အဖြေထွက်ပါပြီ။

  • ဒါပေမယ့်လဲလေ. NLD ထဲမှာလဲ စုန်းပြူးလိုကောင်တွေ၊သာကူးတွေ
    မနည်းဘူးနော်။ခုမှ ထောင်လွှားနေကြတာ။သူတို ့လုပ်စာထိုင်စားနေ
    ရတဲ့ပုံပါဗျ။

    • အမလေးလေး. အနီ(၈)ခုတောင်ပါလားနော်။ငါ့နှယ်နော်. စုန်းပြူးရှိလို ့ရှိတယ်
      ပြောမိတာ
      မယုံမရှိနဲ ့ဗျို ့။တကယ်အခွင့်အရေး ရမယ်လဲကြုံရော. သူတို ့ကိုသူတို ့ အမာခံလိုလို၊
      စွမ်းအားရှင်လိုလို ပုံစံတွေနဲ ့။အော် လောဘ. လောဘ

    • ဗိုက်ကလေး

      May 13, 2012 at 8:04 pm

      အဲတာ ကျနော်သိတယ်..
      အဲတာ အူးပေလုပ်တာ

  • MTY

    May 11, 2012 at 7:58 pm

    ဘယ်သူမှားတယ် မှန်တယ် တော့မသိပါ။
    သေချာတာတော့..မြန်မာပြည်ကမီဒီယာသမားများကလဲ
    မီဒီယာစည်း၊စံနစ်..စတာတွေအပြည့်အဝနားလည်ဟန်မတူသလို
    ဥပမာ..နိုင်ငံခြားမှာဆိုသတင်းထောက်များသတ်မှတ်နေရာထက်မကျော်ရစတဲ့
    စည်မျဉ်းများစွာရှိကြသလို…..
    မီဒီယာသမားများကိုဘယ်လိုဆက်ဆံပြောဆိုရမလဲမသိသလိုဘဲ…သက်တော်စောင့်ကအစ
    အခုခေတ်ရုပ်ရှင်သမားများ၊နောက်ဆုံးဝန်ကြီးဆိုသူများမကျန်..ဆက်ဆံပုံများ
    ပြောဆိုပုံများ..ကသက်သေပြနေပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 11, 2012 at 9:21 pm

    ဟာ!!!!!!!!!!!!!!!!!!!!!!
    ဒီပြဿနာမသေးဘူး မသေးဆိုကြီးဒယ် ကြီးဒဲ့နောက်ဒေါ့ ဘယ်သေးမဒုံး
    အဲ့သည် သကောင့်သားနှစ်ယောက်ဇလုံးဂို
    အဘ ဘိုးမင်းဂေါင်ဆီ ခေါ်သွားပြီး သစ္စာရေတိုက်
    သစ္စာဖေါက်တဲ့ကောင် ပေါ်တာထိဘာဇေ ဘာညာပေါ့

  • မှော်ဆရာ

    May 11, 2012 at 10:27 pm

    NLD နဲ့ Weekly Express Times ဆိုတာထက်
    ပါတီတစ်ခုနဲ့ မီဒီယာလို့ ကြည့်ရင်တော့ အမြင်ရှင်းပါလိမ့်မယ်..
    အမြင်မှန်မှ အတွေးမှန် အသိမှန်ပါလိမ့်မယ် …။
    သတင်းထောက် ဘာတွေဖောင်းသလဲ
    ပါတီလုံခြုံရေး ဘာတွေဖောင်းသလဲ စဉ်းစားကြည့်ရအောင် ..
    သတင်းထောက် …ဘက်က လုံခြုံရေးကို ကိုယ်ထိလက်ရောက်တွန်းတယ် ထိုးတယ်..ဆိုရင်တော့ ဖောင်းလိမ့်မယ်…
    ိုနို့မို့ဆိုရင်တော့ သူမမှားဘူး … သတင်းထောက်ဆိုတာ သတင်းအတွက်ဆို အသက်တောင်စွန့်သွားတဲ့ သာဓကတွေ ရှိတယ်…။ မရ ရတဲ့နည်းနဲ့ သူသတင်းယူမှာပဲ…။
    ဒါဆို လုံခြုံရေးဘက်က ကြည့်ရအောင်
    ပါတီခေါင်းဆောင် လုံခြုံရေးဆိုတာ မှန်တယ်… ။ဒါပေမယ့် ဒါတွေက ကြိုတင်ပြင်ဆင်ထားရမယ့် ကိစ္စတွေ …။ သတင်းသမားတွေ မဝင်သင့်ဘူးထင်ရင် ပေးမဝင်နဲ့ ..။ ဒါမှမဟုတ် စည်းတားထား … ဘယ်စည်းကိုတော့ မကျော်ပါနဲ့ဆိုတာမျိုး…။ အဝင်ဝထဲက စေ့စေ့စပ်စပ်ရှာတာမျိုး … စိတ်ချရတဲ့ သူမျိုးကိုပဲ ဝင်ခွင့်ပြုတာမျိုး လုပ်သင့်တယ်…။ ဒါမှမဟုတ်ပဲ လုံခြုံရေးဆိုတဲ့ ပါဝါနဲ့ ရောက်ပြီးမှ ဟိုလိုမရိုက်နဲ့ ဒီလို မရိုက်နဲ့ဆိုတာတော့ (ကျွန်တော့်အမြင်) မလုပ်သင့်ဘူး…။
    လွှတ်တော်ထဲမှာ သတင်းမီဒီယာတွေ အပေါ်ကပဲ သတင်းယူရတယ်မလား .. အထဲကို မဝင်ရဘူးလေ…။
    ဝင်ခွင့်ရတဲ့သူတွေကလဲ သေချာ စိစစ်ပြီးသား သူတွေ..။
    နောက် အိမ်သာထဲခေါ်သွားတယ် ၊ ရင်ဘတ်ကို ဆောင့်တွန်းတယ်..။ စကားရိုင်းရိုင်းပြောတယ်…။
    (တကယ့် အဖြစ်မှန်သာဆိုရင်) မလုပ်သင့်ဘူး…။ အရမ်းဖောင်းတဲ့ ကိစ္စပဲ …။ အရင်ခေတ်တုန်းက သတင်းထောက်တွေ ဖိနှိပ်ခံရလို့ သတင်းမှောင်ချ ခံရတာ အများအသိပါ…။ထပ်ပြီးတော့ တာဝန်ဆိုတဲ့ အားနဲ့ မဖိသင့်တော့ပါဘူး..။ တခြားမကြည့်နဲ့ မန်းဂေဇက်က CJ တွေတောင် အများမသိအောင် နေနေရတာ မဟုတ်လား…။ငါ CJ ကွဆိုပြီး ဘယ်တုန်းက လက်မထောင်ခဲ့ရလို့လဲ ..။ ကိုယ်ချင်းစာကြပါ…။ သတင်းထောက်အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရချင်နေပါပြီ…။ငွေရလို့ သတင်းထောက်လုပ်နေတာ ဆိုတဲ့ စကားမျိုးကိုလဲ ကန့်ကွက်ချင်ပါတယ်…။ ကိုယ်နဲ့ နှိုင်းကြည့်ပါ…။ အခန့်မသင့်ရင် နံရံလေးဘက်ကြား ချက်ချင်းရောက်သွားနှိုင်တယ် ဆိုတာပါ…။
    သတင်းမှန်ကို ကြိုက်သလို လိုက် … ကြိုက်သလို တင်ပြခွင့်ရရင် မတရားမှုတွေ အများကြီး ပပျောက်သွားနှိုင်ပါတယ်။။။ အဲဒီလို ဖြစ်ဖို့ဆိုတာ သတင်းထောက်တွေဟာ အခရာ အကျဆုံးပါ…။ သတင်းထောက်တွေကို ဖိနှိပ်တာ .. စော်ကားတာ … တားမြစ်တာ…ဆိုရင် မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်မှ လုပ်ခွင့်မရှိသင့်တော့ပါ…။
    တန်ပြန်အားဖြင့် သတင်းထောက်တွေဘက်ကလဲ အဂတိ ကင်းဖို့ လိုပါတယ်…။
    နောက်ဆုံးတစ်ခုအားဖြင့် ကျွန်တော်ပြောချင်တာက ဒါကို NLD နဲ့ Weekly Express Times ဆိုတာထက်
    ဦးကျော်စိုးနိုင် နဲ့ သတင်းထောက်တစ်ဦးရဲ့ ဖြစ်ရပ်အဖြစ် ကျွန်တော် သုံးသပ်ထားတယ် ဆိုတာပါပဲ …

  • အိမ်လွမ်းသူ

    May 11, 2012 at 10:34 pm

    ဒေါ်အောင်စန်းစုကြည် နားမှာ အနီးကပ် သက်တော်စောင့်လုပ်နေတဲ့ လူတွေအကုန်လုံး ဒေါ်အောင်စန်းစုကြည် စိတ်ကြိုက်ရွေးခံ့ထားတဲ့ လူတွေကြီးပါ။ ဒေါ်အောင်စန်းစုကြည် ကသူအနီးနားမှာ သူတို့ ပြောတဲ့ စုန်းပြူးလိုလူကို ထားရလောက်အောင် တုံးလိမ့်မယ်လို့တော့ မထင်ဘူး။ သေချာသိချင်ရင် အဲဒီသက်တော်စောင့်တွေမှာ ဘယ်လိုသမိုင်းတွေရှိတယ်ဆိုတာ သေသေချာလေ့လာ သင့်တယ်။

  • THE MOON

    May 12, 2012 at 1:07 am

    မဆန်းပါဘူးကွာ။
    သတင်းထောက်ကသတင်း၊ဓါတ်ပုံရဘို ့
    တခြားဘာမှအလေးမထားသလို
    လုံခြံ ုရေးကလဲဒေါ်စုလုံခြံ ုရေးကလွှဲလို ့
    တခြားဘာမှအလေးမထားနိုင်ဘူးလေ။
    ဒီလိုဘဲထိပ်တိုက်တွေ ့တတ်ပါတယ်။
    တယောက်နဲ ့တယောက်နားလည်ပေးနိုင်ရင်
    အကောင်းဆုံးပါဘဲ။

  • ahnyartamar

    May 12, 2012 at 8:36 am

    ဘယ်ဟာက ဒာမှန်လဲဗျို့……

  • R Ga

    May 12, 2012 at 10:42 am

    ကဲဒါ ဖေ့ဘွတ်မှာ ထပ်တင်ထားတဲ့ NLD ရဲ့ ဖြေရှင်းချက်။

    (အောက်က စာတွေအားလုံးဟာ ဘဘဦးတင်ဦး ဒီကနေ့ ပုဇွန်တောင်မှာပြောကြားတဲ့ မိန့်ခွန်းအတွင်းက Express

    Times ဂျာနယ်၏ လက်ရှိ စွပ်စွဲချက် အပေါ် လူကြီးတစ်ယောက်အနေနဲ့ ကြားဝင်ဖြေရှင်းပေးတဲ့ အနေနဲ့ ထည့်သွင်း

    ပြောကြားချက်တွေပါ… ကွင်းစ၊ ကွင်းပိတ် အပြင်က စာသားတွေဟာ ကျတော် မူဝါဒ တစ်လုံးမှမပါဘဲ ဘဘ ရဲ့

    ဒီကနေ့ မိန့်ခွန်းကို မပြုမပြင် မူရင်းအတိုင်း တင်တာပါ… အသံဖိုင် ကျတော့်ဖေ့ဘွတ်သူငယ်ချင်းတွေ လိုချင်ရင်

    တော့ အိမ်တိုင်ရာရောက် ကျတော် လာပေးမယ်… )

    ဒီနေရာမှာ ကျတော်ကတော့ လူကြီးတစ်ယောက်အနေနဲ့ မျှမျှတတ ပြောရပါမယ်… မနေ့ညက

    ကျတော်သတင်းနားထောင်လိုက်တဲ့အခါမှာ ပြည်ပမီဒီယာတစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရဲ့လုံခြုံရေးလိုက်

    နေတဲ့ ပုဂိုလ်တစ်ယောက်ဟာ သတင်းထောက်ကို ကိုယ်ထိလက်ရောက်ဖြစ်တဲ့အတွက် ဒါကိုသူတို့ကနေပြီးတော့

    သတင်းထောက်များရဲ့ MJN ခေါ်တာပေါ့…သူတို့က မီဒီယာကနေပြီးပြောသွားတဲ့ အဓိပါယ်မှာကတော့ဖြင့်ရင် ကျ

    တော်တို့ လုံခြုံရေးအဖွဲ့က ပုဂိုလ်ဟာ ကိုယ်ထိလက်ရောက်ပြုလိုက်တဲ့အတွက်ကြောင့်မို့ ဒီလိုဟာမျိုးနဲ့ပါတ်သတ်

    လို့ လုံခြုံမှုယူတဲ့သူတွေကို စိတ်ပျက်မိတယ်လို့ ဆိုတဲ့ အပြောကျတော်ကြားလိုက်ပါတယ်… ဒီနေရာမှာ ကျတော်

    ဟာ မျှမျှတတ ပြောပါရစေ လူကြီးတစ်ယောက်အနေနဲ့… ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးဟာ ကျတော်တို့

    အားလုံးရဲ့ အသက်တမျှအရေးကြီးတယ်ဆိုတာကိုတော့ ခင်ဗျားတို့နားလည်ဖို့လိုတယ်…ဟေးးး ဖြောင်းဖြောင်း

    ဖြောင်း (ပရိသတ်၏ တခဲနက် လက်ခုတ်သံ)… အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးဟာ သက်ဆိုင်ရာ

    ပုဂိုလ်တွေမှာ အဓိကတာဝန်ရှိတယ် ဆိုတာကိုလဲ သူတို့ သဘောပေါက်ပြီးတော့ ထိုက်ထိုက်တန်တန် လုပ်ပေး

    နိုင်သလောက် လုပ်ပေးတာလဲ ရှိမယ်… သို့သော် လုံခြုံရေးဆိုတာ ဘယ်တော့မှ ပိုတယ်မရှိဘူး… အင်မတန် အ

    မြဲတန်း လိုနေတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ တကယ်ကို သတိဝိရိယကြီးမားစွာနဲ့ စောင့်ရှောက်မှသာလျှင် လုံခြုံစွာ

    အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်… အဲ့လိုဖြစ်တဲ့ အရေးနဲ့ပတ်သတ်လို့ မျှမျှတတပြောရရင် သဘော

    ကတော့ လုံခြုံရေးယူတယ်ဆိုတာဟာ (အနည်းငယ် စဉ်းစားပြီး) … ခင်ဗျားတို့ အားလုံးသိကြပါတယ် … ဒေါ်

    အောင်ဆန်းစုကြည် ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူလူထုက တခဲနက်ချစ်မြတ်နိုးတာဟာ ကျိကျိတက်

    ချစ်မြတ်နိုးပါတယ်… ကျတော်တို့ခောတ် မှီပါတယ်…ဒီလိုပါပဲ အလားတူပဲ ပြည်သူလူထုက ရောက်ရာအရပ်မှာ

    တိုးကြိတ်၊ တိုးဝှေ့ပြီး သူတို့ရဲ့ ယုံကြည်အားကိုတဲ့ စိတ်ဓါတ်ကို ပြတာကို တွေ့ဖူးပါတယ်… အဲ့ဒီအခါမှာ ဗိုလ်ချုပ်

    အောင်ဆန်းကလဲ ပြည်သူလူထု အားလုံးရဲ့ ချစ်မြတ်နိုးမှုကို ယုံကြည်တယ်…သို့သော်လဲပဲ ဒီထဲမှာ မသမာတဲ့သူ

    မကြိုက်တဲ့သူဆိုတာ သူ့သဘောကို မသိနိုင်ဘူး…အဲ့လိုအခါမျိုးမှာတော့ ဒီလိုပဲသတိပေးနေရင် လုပ်ကိုင်နေရင်း

    ကြားထဲမှာပဲ ၁၉၄ရ ခုနှစ် ဇွန်လ ၁၉ရက်နေ့မှာ နိုင်ငံခေါင်းဆောင်၊ တမျိုးသားလုံးရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်

    ဆန်း ဟာ အသက်ပေးလှုရတဲ့အထိ လုပ်ကြံခြင်းခံရပြီး ကျဆုံးသွားရှာခြင်းခံရတယ်ဆိုတာ ခင်ဗျားတို့ အားလုံးသိ

    တယ်…အဲ့ဒါကြောင့်လဲပဲ တိုင်းပြည်မှာ နောက်ဆက်တွဲဖြစ်ပျက်လာခဲ့တဲ့ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ အခက်အခဲ အ

    ကျပ်အတည်းတွေဟာ ဒီနေ့အထိရုန်းကန်နေရတယ်ဆိုတာဟာ အဲ့ဒီတုန်းက ရတောင့်ရခဲခေါင်းဆောင်ဟာ မသ

    မာ သူတို့၏ လက်ချက်ကြောင့် ဖြစ်သွားတာကြောင့်ဆိုတဲ့ ပယောဂဟာ ဒီနေ့အထိ ဒုက္ခတွေ၊ သုက္ခတွေ အမျိုးမျိုး

    ခံနေရတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့လိုတယ် ဟေးးးးးဖြောင်းဖြောင်းဖြောင်းး(ပြည်သူတွေ၏ လက်

    ခုပ်သံ) ဒီတော့ဒီနေ့ ကျတော်တို့ဟာ အင်မတန် ကံကောင်းလွန်းလွန်း လို့ ရှားရှားပါးပါး ဒေါ်အောင်ဆန်းစုကြည်

    လို ခေါင်းဆောင်မျိုးရထားတာကို သူမအသက်အန္တာရယ် ဘေးကင်းရှင်းစေရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်

    ကာကွယ်စောင့်ရှောက်သွားဖို့ဆိုတာ ကျတော်တို့တွေမှာရော ဒီတာဝန်ရှိသူတွေမှာရော တာဝန်ယူရမယ်ဆိုတာ

    အားလုံးကို လေးလေးနက်နက် ကျတော်ဒီမှာပြောချင်တယ် ဟေးးးးဖြောင်းဖြောင်းဖြောင်း(ပြည်သူတွေ၏ လက်

    ခုပ်သံ) ဒီတော့ ပြီးခဲ့တဲ့ ကိစ္စမှာ လုံခြုံရေးတာဝန်ယူတယ် ဆိုတာဟာ ဒီနေရာမှာတင်ယူလို့မရဘူး…အတွင်းစည်း

    ဝိုင်းမှာလဲ ယူရတယ်…အလတ်စည်းဝိုင်းမှာလဲ ယူရရတယ်… အပြင်စည်းဝိုင်းမှာလဲယူရတယ်…ဟိုးအဝေးကြီး

    ကလာတတ်တဲ့နေရာတွေမှာလဲ ယူရတယ်…ဒီနေရာမှာ ဒုက္ခ သုက္ခပေးဖို့ဆိုတာဟာ အဝေးကြီးကလာပြီး ပေး

    လဲရတယ်…နောက်ပြီး အခုခောတ်ခါမှာလဲ သိတဲ့အတိုင်းပဲ ခောတ်ရဲ့ ကိရိယာ တန်ဆာပလာတွေဟာ အင်မတန်

    ဆန်းပြားတဲ့ အတွက် အန္တရယ်တွေဟာကြီးမားပါတယ်…ဒါကြောင့်မို့ အန္တရယ်ကြီးမားတဲ့ အတွက် လုံခြုံစောင့်

    ရှောက်ရန်တာဝန်ရှိတဲ့ ကလေးတွေဟာ အင်မတန်ကို ပင်ပန်းကြီးမားစွာနဲ့ အစောင့်အရှောက် ပေးနေရတယ်

    လုပ်နေရတယ် ဆိုတာကိုတော့ ပထမ နားလည်စေချင်ပါတယ်…အခု ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရောက်တဲ့နေ

    ရာမှာဆိုရင် ပြည်သူလူထု ဟာ အင်မတန် ချစ်မြတ်နိုးတယ်…အင်မတန် လှိုက်လှိုက်လှဲလှဲ ရှိတယ် … ပန်းဆက်

    ချင်တယ်…လက်ဆောင်ပေးချင်တယ်… ဒေါ်အောင်ဆန်းစုကြည် နဲ့လဲ ကျတော်ဟာ အတူတကွခရီးတွေ အများ

    ကြီးသွားခဲ့ဖူးပါတယ်…သူ့ရဲ့စေတနာ ပြည်သူလူထုအားလုံးထံချဉ်းကပ်ပြီး ဖက်လှဲတကင်းနေချင်တယ် ဆိုတာ

    ကို ကျတော်ကောင်းကောင်းသိတယ်…သူ့နားကိုလာတဲ့သူ တားတာ ပြုတာကို သူမကြိုက်ပါဘူးးး…သူ့နားလာ

    တဲ့ ပုဂိုလ်၊ သူနဲ့ ရင်းနှီးလိုတဲ့ ပုဂိုလ် သူနားချဉ်းကပ်လာတာကို ကာကွယ်တာ သူမကြိုက်ပါဘူး… ဒါကို ကျတော်

    ကောင်းကောင်းသိတယ်…သို့သော်လဲပဲ ကျတော်တို့မှာတာဝန်ရှိတာကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့သွား

    တာ ၊ လုပ်တာ၊ ကိုင်တာ လွယ်အောင် အနီးကပ်လုံခြုံရေးအဖွဲ့က ကလေးတွေကိုထားရပါတယ်…ဒီကလေးတွေ

    ကလဲ တကယ်သူယုံကြည်စိတ်ချပြီးတော့ တောက်လျှောက်သူအသုံးပြုလာတဲ့ ကလေးတွေဖြစ်တဲ့ အတွက်

    ဒီကလေးတွေဟာ ပင်ပန်းကြီးစွာနဲ့ ဒေါ်အောင်ဆန်းစုကြည် သွားရာလာရာမှာ အခုမြင်တယ်မလားးး ရောက်

    တယ်ဆိုရင် ကြိုပြီး တိုးရယ်ဝှေ့ရယ် နေရာတကာတိုင်းးးပါပဲ…အင်မတန်ကြီးမားတဲ့ လူအုပ်ကြီးဖြစ်ရင် ကျတော်

    တို့က စိုးရိမ်ပူပန်ရစမြဲပါ…အဲ့ဒါကြောင့်မို့ ဒီကိစ္စတွေ ဖြစ်သွားတဲ့ အပေါ်မှာလဲပဲ လုပ်ကိုင်ခဲ့တဲ့ကလေးသည် သူ့

    ခေါင်းထဲမှာ လုံခြုံမှုနဲ့ပါတ်သတ်လို့ ကာကွယ်ရမယ်ဆိုတဲ့ တာဝန်ရှိတဲ့အတွက် သူတို့ဟာ အင်မတန် ပင်ပန်းကြီး

    စွာ လုပ်ကိုင်တာပဲ ဖြစ်ပါတယ်…အဲ့ဒီတော့ အဲ့ဒီအပိုင်းနဲ့ ပတ်သတ်လို့လဲ နားလည်ဖို့ဆိုတာ ကျတော်ပြောချင်

    ပါတယ်…နောက်တစ်ခါ တစ်ချို့ လုံခြုံရေးယူတဲ့ ကလေးတွေ အနေနဲ့ ပင်ပန်းကြီးလွန်းတဲ့ အခါမှာ သူတို့ဟာ

    စိတ်လိုက်မာန်ပါ တွန်းတာ ဖြစ်တတ်ပါတယ်…အဲ့လို တွန်းတာ ဖြစ်တယ်ဆိုတဲ့ သဘောသဘာဝကလဲပဲ …

    တခြားကြောင့် မဟုတ်ပါဘူးး… ဒီလုံခြုံရေးနဲ့ပတ်သတ်တဲ့ အပိုင်းမှာ အကြီးမားဆုံးတာဝန်ရှိတယ် ဆိုတာ ဖြစ်

    တဲ့ အတွက် လုပ်ရကိုင်ရတာ ဖြစ်ပါတယ်…တခါ သတင်းထောက်ပိုင်းက ပုဂိုလ်တွေကိုလဲ ကျတော်တို့က မျှမျှ

    တတ ပြောချင်တာကတော့ အခုလို ခုနက ပြောတဲ့အတိုင်းဖြစ်တာ ဆိုရင်လဲပဲ ကျတော်တို့ဘက်က အကြောင်း

    ချင်းရာအလိုက် ဒါမျိုးနဲ့ပတ်သတ်ပြီး ဆင်ခြင်နိုင်အောင် တတ်နိုင်သမျှလုံးပန်းဖို့ သဟဇာတ ဖြစ်ဖို့ ကျတော်

    တို့ ကြိုးစားဆောင်ရွက်တာ ရှိပါတယ် … သို့သော် တစ်ဖက်ကလဲပဲ သတင်းစာလောက သတင်းထောက်လော

    က ပိုင်းကလဲပဲ တချို့ကလဲ မှန်ပါတယ် တကယ်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်ပုံရချင်လို့ သိမ်းထားချင်လို့ တရို

    တသေ ထားချင်လို့ ရိုက်တဲ့သူလဲ ရှိတယ်…တချို့ကတော့ ဒီလိုမဟုတ်ဘဲ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း

    ပညကြောင့် ရိုက်ရတာလဲ ရှိတယ်…ရှိတဲ့ အခါမှာ သူတို့ကလဲ အလုအယက်ရိုက်ကြတဲ့ အခါကျတော့ ဒါနဲ့

    ပတ်သတ်တဲ့ အပိုင်းမှာတော့ဖြင့် အနီးကပ်ဖြစ်တဲ့အခါမှာတော့ ဘယ်သူရယ်ဘယ်ဝါရယ်မသိဘဲ တတ်နိုင်သမျှ

    သူတို့က တားရဆီးရတာ ဖြစ်တယ်…အဲ့လိုတားရဆီးရရင်းနဲ့ ကတောက်ကဆ ဖြစ်တယ်လို့ ကျတော်နားလည်

    တဲ့ အတွက် ဒါနဲ့ပတ်သတ်တာ အားလုံးကိုလဲ တဘက်က နားလည်ပေးပါလို့ ပြောချင်တယ်…

  • R Ga

    May 12, 2012 at 10:47 am

    WeeklyExpress Times ဂျာနယ် သတင်းထောက်အား ကိုယ်ထိလက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဒီချုပ်)က ကိုကျော်စိုးနိုင်က မြစ်မခသို့ ရှင်းလင်းပြောကြားသည်။

    “ကျွန်တော်က သူဓာတ်ပုံ ရိုက်ပြီးတော့ မှတ်တမ်းရရင် တော်ပြီ ညီလေးလို့ပြောပါတယ်၊ သူ ကျွန်တော့်ကို မကြည့်ပဲနဲ့ တံတောင်နှင့် ထိုးမိပါတယ် ကျွန်တော်က နောက်ထပ်ပြောပါတယ်၊ နောက်တစ်ကြိမ် တတောင်နဲ့ ထပ်ထိုးမိပါတယ်”ဟု ကိုကျော်စိုးနိုင်ကပြောသည်။

    သတင်းထောက် ဟိန်းကိုစိုးအား ကိုကျော်စိုးနိုင်က ကိုယ်ထိ လက်ရောက်မစော်ကားခဲ့ခြင်းမရှိကြောင်း သူ့ထံ တွင်သက်သေများရှိပါကြောင်းဦးကျော်စိုးနိုင်က ဆက်ပြောသည်။

    Weekly Express Times ဂျာနယ်က မိမိတို့အနေဖြင့်ပြသာနာတစုံတရာတက်လိုခြင်းမရှိကြောင်း နောင်တွင် ထိုကဲ့သို့
    ပြသာနာမျိုးမတက်လို၍ အဖွဲ့ချုပ်ရုံးသို့ စာပို့ခြင်းဖြစ်ကြောင်း သိရသည်။

    “ကျွန်တော်တို့ သတင်းထောက်ကို မင်းတို့က ပိုက်ဆံရလို့လုပ်နေတာ၊ ငါတို့က ထောင်ကျခံပြီးလုပ်နေတာ လို့ ပြောခဲ့တယ်၊ ကျွန်တော်ပြောချင်တာကတော့ ဖရီးပွဲဆိုတော့ရိုက်မှာပဲလေ ဒီလိုမဖြစ်စေချင်ရင် သတင်းထောက် တွေအတွက်
    နေရာ တစ်နေရာသတ်မှတ်ပေးစေချင်ပါတယ်” ဟု Weekly Express Times ဂျာနယ်က အယ်ဒီတာ ကိုကျော်ဇေယျာဝင်း က ပြောသည်။

    အထက်ပါကိစ္စနှင့်ပတ်သက်၍ ဒီချုပ်ကတာဝန်ရှိသူများက မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်မည်ကို သိရှိလို၍ ဆက်သွယ် မေးမြန်း ရာ၌ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ယခုကဲ့သို့ဆိုသည်။

    “ဒီကိစ္စကို ခြံထဲကလူတွေ လုပ်ပါလိမ့်မယ် ကျွန်တော်မသိပါဘူး ခြံထဲကတာဝန်ရှိတဲ့ သူတွေဆောင်ရွက် ပါလိမ့်မယ်”ဟု
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဉာဏ်ဝင်းကပြောသည်။

    နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာသမားများသည် ရှောင်ကွင်း၍ ရသူများမဟုတ်သည့်အတွက် ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းဝါရင့်သတင်းစာဆရာ ဆရာမောင်ဝံသက ဆိုသည်။

    “ သတင်းသမားဘက်ကလဲ တားမြစ်ထားတဲ့နေရာကို အခွင့်ထူးခံပြီးမသွားသင့်ဘူး၊နောက်တစ်ချက်က သတင်းသမားတွေကို
    ဆက်ဆံတဲ့နေရာမှာဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အကျိုးကို လက်တွဲလုပ်နေတဲ့သူ တွေလိုမျိုး ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ်” ဟု ဝါရင့်သတင်းဆရာ၊ပြည်သူ့ခေတ်ဂျာနယ် အတိုင် ပင်ခံအယ်ဒီတာဆရာမောင်ဝံသကပြောသည်။

    သတင်းထောက်နှင့် လုံခြုံရေးသမားများမှာ တခါတလေထိုကဲ့သို့ အဆင်မပြေမှုများဖြစ်တတ်ကြောင်းကိုလည်း ဆက်လက်ပြောဆိုခဲ့သည်။

    လက်ရှိအချိန်တွင် အဆိုပါကိစ္စနှင့်ပက်သက်၍ လူမှုရေးဖေ့ဘွတ်စာမျက်နှာများတွင် ပျံနှံ့စွာဖော်ပြရေးသား လျက်ရှိ ကြောင်းကိုလည်း သိရှိရသည်။
    ရှုမဝအောင်(မြစ်မခ)
    by Myit Makha Mediagroup

  • R Ga

    May 12, 2012 at 10:50 am

    Express Times ဂျာနယ် သတင်းထောက်နှင့် NLD အဖွဲ့ဝင်တစ်ဦး ဖြစ်ပွားခဲ့သည့် ပြဿနာနှင့်ပတ်သက်၍NLD တာဝန်ရှိသူ ဦးအုန်းကြိုင်အားThe Messenger ဂျာနယ်ကတွေ့ဆုံမေးမြန်းထားသည်များကိုဖော်ပြလိုက်ပါသည်။

    Express Times ကိစ္စနဲ့ ပတ်သက်ပြီး အန်ကယ်တို့ဆီစာပို့ထား တယ်လို့သိရတယ်။ အန်ကယ်တို့အနေနဲ့ ဘယ်လို ဆောင်ရွက်သွားမှာလဲ။
    တစ်ခုခုပြေလည်အောင် ညှိနှိုင်းပေးမယ်။ အထက် လူကြီးတွေကို တင်ပြထားတယ်။ ကျွန်တော်တို့ဆီကို ၁၁ နာရီလောက်မှ စာရောက်တယ်။ ကျွန်တော်တို့ကနေတဆင့်လူကြီးတွေ ကိုတင်ပြထားတယ်။ လူကြီးတွေ ရဲ့ သဘောထားကို မနက်ဖြန်လေ့လာသွားမယ်။
    အန်ကယ်အနေနဲ့ ဒီအပေါ်ဘယ်လိုမှတ်ချက်ပေးလိုလဲ။
    ကျွန်တော်တို့က နိုင်ငံရေးပါတီပဲ။ ပြေပြေလည်လည် ဖြစ်ချင်ပါတယ်။ တစ်ခုခုမပြေမလည် ဖြစ်နေရင် ပြေ လည်အောင် ညှိနှိုင်းပေးသွားမယ်။ တကယ်လို့ တင်ပြ ထားတဲ့အတိုင်း ဒီဘက်က မှားယွင်းတယ်ဆိုရင် တောင်း ပန်မယ်။ ကျွန်တော်တို့က ပြေပြေလည်လည် ဖြစ်ဖို့ပါပဲ။ ကျွန်တော်တို့ ပြေလည်အောင် ဖြေရှင်းသွားမယ်။

  • ba gyi

    May 12, 2012 at 11:53 am

    ဒီမိုကရေစီအနှစ်သာရမှာ၊ ကိုယ့်အခွင့်အရေးရှိသလို၊တစ်ပါးသူရဲ့အခွင့်အရေးလည်းရှိပါတယ်၊
    ကိုယ့်အခွင့်အရေးကြောင့်တစ်ပါးကို နစ်နာမှုမရှိစေရသလို
    ကိုယ့်ကိုယ်ကိုယ် လည်းမနစ်နာစေဘို့လိုတယ်။
    တစ်ပါးကြောင့်လည်းကိုယ်မနစ်နာစေရန်ကာကွယ်ခွင့်ရှိတယ်။
    အဖွဲ့စည်းတိုင်းမှာ လူကောင်းတွေရှိသလို စုန်းပြူးတွေပါတတ်ပါတယ်—-၊
    နိုင်ငံရေးအဖွဲ့တွေထဲလည်းသည်လိုမျိုးရှိနေကြသလို၊ သတင်းထောက်တွေထဲလည်းရှိနေတာပါပဲ။
    အောင်နိုင်ရေးအဖွဲ့တစ်ဖွဲ့ မိထ္ထီလာနာရီစင်အနီး ကားတွေပိတ်၊ ဆက်သွါးလို့မရဖြစ်နေလို့ ရှေ့မှပိတ်ခံနေ တဲ့ ကားတစ်စီးကိုဘေးကပ်ဘို့အကူညီတောင်းတာ့၊ မဖယ်ပေးပဲနောက်မှကားတွေအရင်ရှင်း ပါလားပြော
    လို့ ၊တာဝန်ရှိသူတွေမှနောက်ကားတွေကိုတစ်ချို့ ့နောက်ပြန်ဆုတ်ခိုင်း၊ဘေးချခိုင်းနှင့်ရှင်းလိုက်တော့ ကားမောင်းလို့ရသလောက်လမ်းရှင်းပြီး၊နောက်ဆုံးထီးတည်းကျန်ရစ်တဲ့ ကားတစ်စီးပဲလမ်းပေါ်ပေကပ် ရပ်ထား တယ်၊စောစောကကားပါပဲ၊အဲဒါ ယာဉ်ထိမ်းရဲကပါအဲသည်ကားကိုလာပြောပေမည့်ကား ဆရာမ ရှိဘူးဆိုပြောတယ်။
    ဒါပေမည့်တာဝန်ရှိသူတွေမှ သိလိုက်ရတာက၊အဲသည်ကားမှတစ်ဖွဲ့လုံးအဲသည်လမ်းဘေးမှလ္ဘက်ရည်ဆိုင်
    မှာထိုင်ကြည့်နေကြပြီး၊သူများတွေသာရှင်းခိုင်းပြီးသူတို့အလှည့်မှာတော့ပေကပ်ရပ်နေတာအထင်ရှားတွေ့လိုက်ရတယ်၊ အဲသည်ကားမှာ ——- မီဒီယာလို့ တံဆိပ်တပ်ထားပါသတဲ့ဗျား။
    ဒါပေမည့် သည် အကြောင်း ကိုဘယ် သူ့မှမဖွခဲ့ကြပါဘူး၊ခုလည်းဖွဘို့မရည်ရွယ်ပါဘူး၊ပြောချင်တာက
    စုန်းပြူးဆိုတာ နေရာတစ်ကာရှိနေတတ်တယ်ဆိုတာပါပဲဗျား။
    ဒါမျိုးတွေမဖြစ်စေရန် ပွဲစီစဉ်သူတွေ မှ သေချာစည်းကမ်းကြိုတင်သတ်မှတ် အသိပေး၊နေရာ၊လုပ်ကိုင်နိုင် ခွင် ့ဘောင်တွေ သတ်မှတ်ဘို့၊ကြီုတင် အသိပေး ဘို့ လိုသလို၊ဆိုင်ရာ၊သတင်းထောက်၊လုံခြုံရေးအဖွဲအစည်းများမှလည်း၊မိမိတို့တာဝန်ထမ်းသူတွေကို၊အမည်၊တာဝန်၊အဖွဲ့စည်းနာမည်မှတစ်ကွ၊ရင်ဘတ်မှစာလုံးကြီးကြီး၊လူမြင်သာအောင်ရေးထိုးစေပြီး၊မကြေနပ်က
    တိုင်ကြားရန်ဖုံးနံပါတ်ပါရေထိုးကြစေဗျား။
    ဒါဆို ကိုယ့်ကိုယ်ကိုယ်ထိမ်းသွားကြမှာပါ၊ ချစ်စကိုရှေကြစေမှာပါပဲ။

  • sealion

    May 13, 2012 at 3:48 pm

    တယောက် တမျိုး အမျိုးမျိုးပြောနေပေမဲ ့ အရေးကြီးတာက တော့ အမေစုရ ဲ ့ လုံခြု ံရေးပါပဲ ခုတလော သတင်းတွေ အများကြီးကြားနေရတယ် တချို ့မီဒီသမားတွေ SB ရဲ ့ အရိုးကိုက်နေတယ်ဆိုလားပဲ အမေစု ကိုမီဒီသမားဟန်ဆောင်ပြီး ဖဲ ့သွားရင် ဘယ်လိုလုပ်မလဲ ဒီအတွက် အမေစု ရဲ ့လုံခြုံရေးတွေ အနေနဲ ့ အမေစု လုံခြုံရေးအတွက် လုပ်ပို်င်ခွင် ့ အပြည် ့နဲ ့တားဆီးပိုင်ခွင် ့ ကာကွယ်ပိုင်ခွင် ့ရှိတယ်လို ့ထင်တယ်ဗျာ

  • Wai Phyoe

    May 13, 2012 at 6:44 pm

    NLD ကသူတောင်းစားတွေ ခုမှလာပြီးဆောက်ကြီးကျယ်မနေနဲ့ ထောင်ကျခံပြီးတစ်ကယ်လုပ်တဲ့ကောင်ကနည်းနည်း မင်းတို့လိုကောင်တွေ အလုပ်မရှိအကိုင်မရှိလို့ 190 110 တွေ လူရှိန်အောင်ဝင်လုပ်ပြမနေနဲ့။NLD အရှိန်ကျတယ် မင်းတို့ကောင်တွေက အရင်ကကြံ့ဖွံ့မှာလည်းလုပ်တာတွေလည်းလူတိုင်းသိတယ်
    ထောင်ကျခံပြီးနိင်ငံရေးလုပ်တယ်ပြောရအောင် မင်းတို့ထောင်ကျလို့လူထုကြီးဘာကောင်းသွားလို့လဲ “ပေးဆပ် တယ် ပေးဆပ်တယ်”ဆိုတဲ့စကားကိုတော့မပြောနဲ့ကွာ ငါ့တို့လိုချင်တာ ပေးဆပ်မယ့်နိင်ငံရေးသမားထက် လက်တွေ့မှာ လူထုအတွက်အခွင့်လမ်းတွေကိုချပေးနိင်တယ့် Efficient ဖြစ်တယ့်လူတွေပဲလိုချင်တယ် မင်းတို့ကောင်တွေ
    NLD မှာဝင်ပြီး အာသီးရောင်ချင်ရင် အိမ်ကဆန်အိုးပြည့်အောင်အရင်ဖြည့်ပြီးမှပဲ ပေးဆပ်တော့ကွာ မျိုးမစစ်ေကောင်တွေ

    • shwe kyi

      May 13, 2012 at 7:23 pm

      မင်းရောထောင်ထဲကို နိုင်ငံရေးအကျဉ်းသားအဖြစ်ဝင်ရဲလား။ ဘယ်လိုလဲ ဝင်ကြည့်မလား။
      ကိုယ့်ဘဝတခုလုံး နှစ်ပေါင်းများစွာနေနိုင်ရဲ့လား။ ထောင်ကျလို့ပြည်သူတွေဘယ်လိုအကျိုးရှိလဲ
      ဆိုတာကို မင်းမေးတာ တော်တော်ဆိုးတယ်။ ယုံကြည်ချက်ကြောင့်ထောင်ကျခံတဲ့သူတွေကို
      စော်ကားတာပဲ။ လူထုအခွင့်အလမ်းတွေချပေးနိုင်မယ့် သူတဲ့လား
      ဘယ်သူမှ ဘာမှမပြောရဲပဲသေနတ်ကိုကြောက် လုပ်သမျှညိမ်ခံနေခဲ့ရတဲ့အချိန်တုန်းက ဘယ်သူတွေက အဖမ်းခံပြီး
      ပြည်သူရှေ့က ပြောပေးခဲ့တာလဲ

    • nothing special

      May 14, 2012 at 1:36 pm

      NLD ကိုသူတောင်းစားလို့ပြောရအောင် မင်းကကော ဘာလဲ … ချီးလရိန်းသာသာနဲ့ ဝင်မန့်မနေနဲ့

    • nothing special

      May 14, 2012 at 1:37 pm

      NLD ကိုသူတောင်းစားလို့ပြောရအောင် မင်းကကော ဘာလဲ … ချီးဘရိန်းသာသာနဲ့ ဝင်မန့်မနေနဲ့

  • shwe kyi

    May 13, 2012 at 7:13 pm

    ရွှေကြည်အမြင်ပြောရရင် ဒီကစ္စဟာ အေးအေးချမ်းချမ်းဖြေရှင်းချင်တယ်ဆိုရင်ဖြစ်နိုင်မယ်ထင်တယ်။
    အန်တီဟာ ငါ့လူလာမထိနဲ့ ဘာဖြစ်ဖြစ်ငါ့လူမှန်တယ်ဆိုတဲ့လူစားမျိုးမဟုတ်ပါ။
    နှစ်ဦးနှစ်ဖက် အကျယ်ကျယ်မဖြစ်အောင် ကျေနပ်လောက်အောင် ဖြေရှင်းနိုင်မှာပါ
    အခုက ဖွတာပါ အကျယ်ဖြစ်အောင်ကို သက်သက်ဖွတာပါ။ အဖွဲ့အစည်းအစုံကိုစာထုတ်ပြီး
    ကြီးကြီးကျယ်ကျယ်အပုတ်ချပုတ်ခတ်တာလို့မြင်ပါတယ်။ တိုင်းပြည်မှာ လုပ်စရာတွေအများ
    ကြီးပါ။ ဒီလိုကိစ္စတွေဟာ အာရုံနောက်စရာတွေပါ။ သူ့အခွင့်အရေးငါ့အခွင့်အရေးနဲ့ ပြိုင်နေကြတာလား၊ အဖွဲ့အစည်းချင်းပါဝါပြိုင်ချင်တာလား။
    သတင်းထောက်တွေကို ကြောက်နေရမှာလား။ ဘာလုပ်လုပ်လွှတ်ပေးထားရမှာလား။
    ပုထုဇဉ်ပီပီ ဒေါသတော့ရှိမှာပေါ့။
    အသက်စွန့်ပြီး သတင်းယူရမဲ့နေရာတွေကအများကြီးပါ ကချင်တို့၊ ကရင်တို့မှာရှိနေပါတယ်။
    ပြည်သူတွေကိုအဲဒီကသတင်းထူး၊ သတင်းဦး၊ သတင်းမှန်တွေကို ပြည်မကပြည်သူတွေက
    သိချင်နေပါတယ် အဲဒီနေရာတွေကိုသွားကြပါ။ ရိုက်ခဲ့ပါဓါတ်ပုံတွေ ပြည်သူတွေကျေးဇူးတင်ချင်လွန်းလို့။
    ဒေါ်စု နောက်ပဲလျှောက်လိုက်မနေကြနဲ့ပေါ့။

  • ဘဘ

    May 14, 2012 at 1:07 am

    ကျုပ်ရှေ့မှာကျုပ် အထက်လူကြီးကို ဓာတ်ပုံတွေတဖြန်းဖြန်း နဲ့မျက်စိကြိမ်းအောင်အားရတရ အိုဗာတင်းပြီး ရိုက် နေရင်တော့ကျုပ်လဲ အနည်းနဲ့အများပြောမိမှာပဲ။

Leave a Reply