“ပေးကမ်းလှူ တောင်းဆုယူကြည်နူးရိပ်စွန်းသောအပြန်လမ်း” ……………..ကောက်သင်းကောက် ပန်းတနော် ဇာတ်သိမ်း”

7 ကျနော်တို့အပြန်အေးချမ်းအောင်မိုးတွေအုံ့မိုင်းလာတာက လွမ်းလို့ နုတ်ဆက်နေသလို
8ဖုန်တွေထူတဲ့လမ်း
9 ဧရာဝတိတိုင်းရဲ့ လှပသော မြင်ကွင်း မူိုုင်းညို့ကောင်းကင် ရေပြင်နဲ့စိုစိမ်းသောလယ်ကွင်း
10 နီညိုညိုချောင်းကလေးရဲ့အဝေးမှာတောအုပ်ကလေးလိုစိမ်းစို
11 အထီးကျန်သစ်ပင်လေးပေါ့

 

12 ပန်းတနော် ဖျာလုပ်ငန်း က ကုန်ကြမ်း တွေ သိမ်းထားတာ အားရပါးရ
13 ဖျာလုပ်ငန်းခွင် တစ်ခု
14 အမှောင်ထဲမှ ချောင်းကြည့်ခြင်း

 

12 ယာခင်းထဲမှာ မီးတွေရှို့ထားတာကို မြင်ရတာလွမ်းစရာပါ
15 ဗလမင်းထင်နဲ့ မြစ်ပြင် အဝေးမှာ တိမ်ပန်းဆီရောင် လွမ်းအောင်လို့...........

 

16 လွမ်းစရာတဲ့ကလေး.....တိမ်လေးတွေက လွင့်လို့...................

 

17 မမဧည့်ခံတဲ့ညနေစာခေါက်ဆွဲကြော်စားကြတဲ့ ဆိုင်လေးနံဘေးက မြင်ကွင်း နောက်ဆုံးလမ်းခွဲပေါ့

 

18 ကျနော်တို့ အိမ်ပြန်ရောက် ကောင်းကင်မှာအလင်းတောင်သိမ်ုးလို့မှောင်စပြုနေပြီ

 

19 စုစည်းခြင်းအမှတ်တရ ပုံရိပ် (နောင်ဒီလိုဆုံကြ အုံးစို့နော်)

“ပေးကမ်းလှူ တောင်းဆုယူကြည်နူးရိပ်စွန်းသောအပြန်လမ်း”
……………..ကောက်သင်းကောက် ပန်းတနော် ဇာတ်သိမ်း”

ထမင်းအဝအပြဲစားပြီးတဲ့အခါ ကျနော်တို့ အဖွဲ့လမ်းသလားကြပါတယ်။
အဓိကကတော့ ဝင်ပြီးရင်ထွက်ဆိုတဲ့အတိုင်း ကမ္ဘာပေါ်မှာဒုတိယအရေးအကြီးဆုံးအလုပ်ကိုအပြေးအလွားလုပ်ကြပါတယ်။
အဲဒီအချိန်မှာအပြန်အလှန်လက်ဆော့လို့ စနက်ရှော့ကြပါတယ်။
ကျနော်ထမင်းစားပြီးထွက်လာတော့ ဂီ က ခုံတန်းလျားပေါ်မှာမျက်စေ့မှိတ်လို့
ထမင်းလုံးစီနေတာကိုလက်ဆော့။
နောက်တော့ ပန်းခြံကလေးထဲမှာ ဆိုမာလီအုံအုံ က ဓါတ်ပုံအရိုက်ခံနေပါတယ်။
အဲဒါနဲ့ သူ့ကို အမူအယာတွေလုပ်ခိုင်းပြီး နေလှန်းလိုက်ပါတယ်။
အစကတော့ သူလဲအဟုတ်မှတ်လို့ခို်င်းတိုင်းလုပ်ပါတယ်။
ကျနော်တို့အားလုံးကလဲ ဓါတ်ပုံဝိုင်းရိုက်ကြပါတယ်။
နောက်မှသူ့ကို ဝိုင်းကြပ်တာသိပြီး ထွက်ပြေးပါတော့တယ်။

အားလုံးနားနေချိန်မှာကျနော်ရယ် လုလင်ရယ်က ရွာပါတ်ပြီးဓါတ်ပုံရိုက်ဘို့သွားကြပါတယ်။
ကျနော်တို့နဲ့အတူ ဂီဂီလဲလိုက်လာပါတယ်။
အဝေးမှာလှမ်းမြင်နေရတဲ့စိန်ပန်းပင် နီနီရဲရဲလေးဆီကိုဦးတည်လာခဲ့ကြတာပါ။
စိမ်းမြနေတဲ့အုန်းပင်တွေ သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်းတွေအောက်က မြေလမ်းကလေးအတိုင်းအရှေ့ဘက်
ကိုလျှောက်လာခဲ့ကြပါတယ်။
အတော်လေးသွားမိတော့ စာသင်ကျောင်လေးနံဘေးမှာ တပင်လုံးရဲနေအောင်ပွင့်နေတဲ့စိန်ပန်းပင်။
အပင်ရှေ့က ကွင်းပြင်မှာတော့ နီနီရဲရဲ ငရုတ်သီးခြောက်တွေဖျာတွေနဲ့လှန်းထားပါတယ်။
သူ့အနောက်ဘက်မှာတော့ ရွာလည်ချောင်းကူးတံတားလေး။
တံတားဟိုဘက်ခြမ်းမှာအုန်းပင်လေးနှစ်ပင်က တစ်ဘက်တစ်ချက်။
အတော်လေးကိုလှပါတယ်။
အပြင်မှာနေအရမ်းပူလွန်းတော့ တံတားထိပ်က တဲလေးမှာ သုံးယောက်သားအမောဖြေ။
အဲဒီအချိန်မှာ မြေကြီးပေါ်ကျနေတဲ့သစ်ကိုင်းခြောက်ပေါ်လာနားတဲ့ ပုစင်းရင်ကွဲလေးကို
လက်ဆော့ ၊
ဂီဂီရိုက်ထားတာ ပိုလှပါတယ်။
နောက်တော့ ဆေးရုံဘက်ကိုပြန်လာကြပါတယ်။
ပြန်လာမိတာ အတော်ဖြစ်သွားပါတယ်။
အလှူကရေစက်ချဘို့ ကျနော့်ကိုလိုက်ရှာနေပါသတဲ့။
ကျနော်တို့ ထမင်းမစားခင်အလှူခံလို့ရထားတဲ့ပိုက်ဆံတွေကို ဆူးရယ်ကျနော်ရယ်ပြန်စစ်ပြီး
သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်စီးကြပါတယ်။
စစ်နေတဲ့အချိန်မှာသိန်းငါးဆယ်ပြည့်ဘို့နည်းနည်းလေးလိုနေပါတယ်။
အဲဒီအချိန်အလှူရှင်တစ်ယောက်က အလှူငွေထပ်ထည့်လိုက်တော့ သိန်းငါးဆယ်ထက် ထောင်ဂဏန်းစွန်းစွန်း
လေးပိုသွားပါတယ်။
အဲဒါနဲ့ဘဲသိန်းငါးဆယ်ကွက်တိလှူပြီးတော့ ကျန်တဲ့ငွေတွေကို နဝကမ္မအဖြစ် ဆရာတော်ဆီမှာကပ်ဘို့ဆုံးဖြတ်လို်က်ပါတယ်။
ကျနော်က ခန်းမထဲံမဝင်သေးဘဲ ဓါတ်ပုံတွေလိုက်ရိုနေချိန်မှာ မဒမ်ပေါက်က လာဘို့လှမ်းလက်ပြပါတယ်။
အဲဒီတော့ မှ အလှူအတွက် ဆရာတော်တွေကို ဝတ္တုငွေတွေ လှူဘွယ်ပစ္စည်းတွေကို ဆက်ကပ်ဘို့
တရားနာပြီးရေစက်ချဘို့ ကျနော်ကိုစောင့်နေတယ်ဆိုတာသိရပါတယ်။
အဲဒါနဲ့လွယ်ထားတဲ့အိပ်နဲ့ကင်မရကိုဘေးချ။
လူကြားထဲတိုးဝင်ပြီး ရှေ့ရောက်အောင်သွားပြီး ရေစက်ချဘို့ပေးထားတဲ့ငွေခရားရှေ့မှာထိုင်လို်က်ရပါတယ်.။
အဲဒီအချိန်မှာ ဆရာတော်ဘုရားများက အသီးသီး အသက အသက တရားတွေဟောပြောပြီး
ဒီဆေးရုံဖြစ်လာရတဲ့အကြောင်းကိုရှင်းပြပေးပါတယ်။
ဝေးလံတယ်လို့ မဆိုနိုင်ပေ့မယ် ့ မသိရင်ရောက်ဘို့ခက်ခဲ့တဲ့ ပန်းတနော်မြို့နယ်ထဲက “အစုကြီး”
ကျေးရွာကို ရောက်အောင်လာလို့ လှူဒါန်းတာကိုလဲအလွန်တရာဝမ်းမြောက်တော ်မူပုံရပါတယ်.။
ဆရာတော် ပြောကြားပြီးတဲ့အခါမှာ လာရောက်လှူဒါန်းသူများမှနေပြီး အကြံပေးစကားပြောကြားပေးပါဆို
ပြီး ကြေငြာလိုက်တော့ ဆူးကလဲ လေးပေါက်ပြော မမကလဲ ကိုပေါက်ပြောဆိုတော့ မိုက်ခွက်က ကျနော့်လက်ထဲကိုရောက်လာပါတယ်။
ခေါင်းထဲမှာအပြေးအလွှားအလုပ်တွေရှုပ်သွားပါတယ်။
ခဏလေး လာတဲ့ အခုမှ ပထမဆုံးအကြိမ်ရောက်ဘူး တဲ့ ဆေးရုံကို အကြံပေးစကားပြောဘို့ မသင့်တော်ဘူးလို့တွေးမိတော့
အခုလို အလှူအတန်းလေးဖြစ်လာအောင် မမြင်မသိဘူးတဲ့ လေလှိုင်းထဲကမိတ်ဆွေတွေကို စကားလုံးလေး
များကတစ်ဆင့် အချင်းချင်းယုံကြည်မူ့ရအောင်တည်ဆောက်၊အနယ်နယ်အရပ်ရပ်ကရောက်နေသူတွေကို
ဒီအလှူလေးကို အတူတကွလိုက်ပါနှိုင်အောင် ကြိုးပမ်းရပုံလေးကိုဘဲ ပုံဖော်လို့ ပြောပြခဲ့ပါတယ်.။
နောက်တော့လဲ ဒီလို ထပ်ကာထပ်ကာလှူခွင့်ကြုံပါစေလို့ ဆုတောင်းပြီးနိဂုဏ်းချုပ်လိုက်တော့
အဆင်ပြေရင်လက်ခုပ်သံလေးတွေကြားချင်ပါတယ်လို့ စိတ်ထဲကပြောလိုက်တာ ကြားသွားလားတော့မသိ
တစ်ခန်းလုံးလက်ခုပ်သံတွေညံသွားပါတယ်။
ကျနော်ပြီးတော့ရပ်မိရပ်ဖတွေဘက်ကလည်းကျေးဇူးတင်စကားပြောကြားပေးပါတယ်။
နောက်တော့ ဒေါက်ဒေါက်က မိုက်ခွက်ကိုယူပြီး အမတ်မင်းနဲ့ဖက်တီးကက်တို့ကို အကြံပေးစကားပြောခို်င်းပါတယ်။
လူဝဝဆိုတော့ရှေ့ရောက်အောင်တိုးဘို့ခက်တော့ အမတ်မင်း ကဘဲပြောပေးလိုက်ရပါတယ်။
ဒီတစ်ခါ အလှူပွဲမှာ ရီစရာအလွဲလေးတွေလဲရှိခဲ့ပါရဲ့။
အမျှပေးတဲ့အခါ ရပ်ရွာတစ်ခုနဲ့တစ်ခု ရွတ်ဆိုတဲ့ဓလေ့ထုံးစံတွေမတူကြတာပါ။
ကျနော်တို့ အညာဘက်မှာတော့ “ကြားကြားသမျှ အမျှ ယူတော်မူကြပါကုန်”………….ဆိုပြီးအမျှဝေပါတယ်။
ပြီးမှနောက်တစ်ခေါက်ပြန်ကျော့ပါတယ်။
ဒိအရပ်ကတော့ ကြားကြားသမျှကို တစ်ပြိုင်ထည်းသုံ့းခါဆက်တိုင်ရွှတ်တတ်လေတော့ အကုန်အလွဲတွေချည်းဆိုမိ။
နောက်ဖက်တီးကက်တို့နားမှာထို်င်တဲ့အမျိုးသမီးကလဲ တကယ့်ကိုအားရပါးရအော်ဆိုတော့ သူတို့မှာရီချင်။
ရေစက်ချတဲ့အခါ မန်းလေးက ရေစက်လိုက်ချပါ လို ဆရာတော်ဘုရားက အချက်ပေးမှ ရေစက်ချတတ်ပေမယ့်
ဒီအရပ်မှာတော့ တရားဟောရင်းရေစက်ချတော့ ကျနော်က ရေစက်မချလိုက်ရဘဲကျနေခဲ့ပါတယ်။
လှူဘွယ်ဝတ္တုတွေ ဆက်ကပ်ပြီးချိန်မှာတော့ ဂှဏ်ပြုမှတ်တမ်းလွာပေးတာကို လက်ခံရယူကြပါတယ်။
အခန်းအနားပြီးဆုံးတဲ့အခါမှာ တော့ ထုံးစံအတိုင်းဓါတ်ပုံရိုက်သူကရိုက်။.
ဆေးရုံကိုလှည့်ပတ်ကြည့်သူကကြည့် နဲ့ လှုပ်လှုပ်ရွရွ။
စောစောက အုံအုံရိုက်တဲ့ပန်းခြံနားမှာ အာဂနဲနွယ်ပင် တို့ စုံတွဲကို ကင်မရာမင်းတွေ ဓါတ်ပုံဝိုင်းရိုက်နေကြပါတယ်။
ကျနော်ကလဲ ထုံးစံအတိုင်းဟိုလိုဖက် ဒီလိုဖက်ဆို ပြီး နေပူလှန်းပါတယ်။
အဲဒါကိုလဲ သိရောနွယ်ပင်က ထွက်ပြေးပါတော့တယ်။
အတော်လေးကြာတော့ပြန်ကြမယ်ဆိုပြီးလူစုပါတယ်။
မပြန်သေးခင် ဆေးရုံအဝင်ဝမှာအမှတ်တရ ပုံတွေ အုပ်စုလိုက်ရိုက်ဘို့ခုံတွေရွှေ့ကြပါတယ်.။
ဟိုလိုရပ်ဒီလိုရပ်နဲ့ လူစုပြီး ကင်မလာအကြီးကိုင်တဲ့ ဂီနဲ့ချစ်ရင်ထူးတို့က ဓါတ်ပုံရိုက်ပေးပါတယ်။
ဒီခရိးမှာ အကောင်းဆုံးသရုပ်ဆောင်သွားသူတွေကတော့ ဖရဲမ ဦးဆောင်တဲ့ မန်းလေးဂေဇက်တီးဝိုင်းပါဘဲ။
ဆေးရုံအရှေ့ဘက်မှာရှိတဲ့ စတိတ်စင်ပေါ်တက်ပြီး တီးဝိုင်းတီးနေတဲ့ပုံသရုပ်ဆောင်ကြတာပါ။
ကျနော်တို့ပြန်ခါနီးလေးမှာ ထမင်းကျွေးတာဝန်ယူထားတဲ့သူတွေက ကားဆရာတွေထမင်းမစားရသေးဘုူးလို့သတင်းပေးပါတယ်။
ကျနာ်တို့ထမင်းစားတော့ မမ ကသွားခေါ်ပါသေးတယ် အိပ်ချင်သေးတယ်မစားဘူးလို့ပြောလိုက်ပါသတဲ့။
အခုကားထွက်ခါနီးမှာ သူတို့ကို ထမင်းစားခိုင်းပြီး ကျနော်တိုု့အုပ်စုတွေက ဓါတ်ပုံရိုက်ရင်းစောင့်ကြပါတယ်။
ကျနော်တို့ပြန်တော့ ဆေးရုံမှာရောက်နေသမျှရွာကလူတွေရော ဆရာတော်ရောပါ ကျနော်တို့ကို ကားအထွက်ကိုနုတ်ဆက်လို့လက်ပြ၊
ဆေးရုံကအပြနလမ်းမှာတော့ (နောင်နှစ်ကိုလည်း ဆီးလို့ကြိုကွယ် မောင်ကြီးလာပါမယ်) ဆိုတဲ့
သီချင်းသံလေးက ဘယ်သူတွေဆိုနေတယ်လို့ မသိပေမယ့် နားထဲမှာ ကျယ်လောင်စွာကြားနေပါတယ်။
ဟုတ်ပါတယ်နောင်နှစ်ကို ပြန်လာနိုင်အောင်ကျနော်တို့ ကြိုးစားပါမယ်လို့စိ်တ်ထဲမှာတွေးနေမိ။

ကျနော်တို့အတွက်လက်ဆောင်ပေးဘိုး ယူလာတဲ့ငှက်ပျောခိုင်ကိုတော့လမ်းခရီးဝေးလို့ ပျက်စီးမှာစိုးလို့
မယူတော့ဘဲ ရွာကိုဘဲပြန်ပေးခဲ့ပါတယ်။
ထွက်ခွာသွားသူကလဲ လက်တွေပြ ကျန်နေသူတွေကလဲ လက်တွေပြဆိုတော့
ကြည်နူးစရာကောင်းသလို လွမ်းစရာလဲကောင်းလှတဲ့မြင်ကွင်းလေးပါ။
နောက်တစ်ကြိမ်ရောက်နိုင်ဘို့ဆိုတာကတော့………………………………..။
ကျနော်တို့ကားထွက်လာခါစမှာတော့ ကျဲကျဲတောက်ပူနေရာကနေ ကောင်းကင်မှာ
မိုးတိမ်ညိုတစ်ချို့စွက်လို့ အုံ့မိူင်းလာပါတယ်။
စထွက်လာခါစ လမ်းကြမ်းလေးမတော့ ဖုံတစ်ထောင်းထောင်းထ။
ကျနာ်တို့အားလုံးက ဗိုက်လဲဝ မောလဲမော ခဏတော့ ငြိမ်နေပါသေးတယ်။
ကဗျာဆရာ ကမ်းကြီးကတော့ မြင်းခြေးနံ့ရတယ်ဆိုပြီးနှာခေါင်းကို စူပွစူပွလုပ်လို့
ကဗျာတွေရွတ်ပါတော့တယ်။
နောက်တော့ ငြိမ်သက်နေတာကိုမကြိုက်တဲ့ကျနော်က ကလေးတွေကို သိချင်းဆိုခိုင်းပါတော့တယ်။
အပြန်လမ်းမှာလဲ မုန့်တွေ အချဉ်ထုပ်တွေ ဖျော်ရည်ဘူးတွေဝေတော့ ဦးဆောင်လို့လုပ်သူကတော့
လူကြိးဆန်လွန်းတဲ့ညီလေး အမတ်မင်းပါဘဲ။
ခဏနေတော့မိုးလေးဖွဲဖွဲကျလာပါတယ်။
ကျနော်တို့ကားပေါ်ကနေ ပထမဆုံးစတင်လမ်းခွဲသူက “ကိုထက်ဝေး”။
ဝါးခယ်မ ပုသိမ်လမ်းဆုံမှာဆင်းသွားပါတယ်။
သူဆင်းသွားတော့ မိုးဖွဲဖွဲလေးတွေထဲမှာ ။
တစ်ကားလုံးကအော်ဟစ်နုတ်ဆက်။
သူ့ကိုကျနော်တစ်ခုအားနာမိပါတယ်။
လမ်းခရီးသီချင်းအဆိုမှာ သူက ဖိုးချို သိချင်းဆိုခိုင်းပေမယ့် ကိုယ်လူတွေက
သီချင်းမရ အဲတော့ မဆိုလိုက်ရပါဘူး.။
နောက်တစ်ခါဆိုရင် ဖိုးချိုသီချင်းစာအုပ်ထဲ့ခဲ့ပါမယ်။
ဖိုးချုိုကိုကျနော်လဲကြိုက်တယ်လေ ကိုထက်ဝေးရဲ့၊၊
ကျနော်တို့လဲ ပင်ပန်းတော့အရှိန်တွေကျ။
အိပ်ငိုက်သူက အိပ်ငိုက်။
အိပ်ငိုက်တဲ့လူကို ဓါတ်ပုံလိုက်ရိုက်တာကတော့ ချစ်ရင်ထူးပါ။
ခဏနေတော့ ဖျာရောင်းတဲ့ဆိုင်မှာကားရပ်ပေးပါတယ်။
ကျနော်ကတော့ ဆင်းပြီးဓါတ်ပုံရိုက်ဘို့ကြိုးစားပေမယ့် မီးပျက်နေတော့ စိတ်တိုင်းမကျ။
အပေါ့အပါးသွားသူသွား။
ဖျာရွေးသူရွေးနဲ့ အလုပ်တွေရှုပ်ကြပြန်ပါတယ်။
ဆိုင်ရှေ့မှာရပ်ရင်းအညာတမာ ကျနော်နဲ့ဖက်တီးကက် စကားတွေပြောဖြစ်။
ဖက်တီးကက် က ကျနော်ရေးတဲ့ မြနဲ့မောင်နဲ့ခုမှတွေ့တာ သီချင်းပို့ပေးဘို့မှာ။
အားလုံးဝယ်ခြမ်းပြီးတဲ့အခါ ခရီးဆက်ခဲ့ပါတယ်။
ဒီခရီးလမ်းမှာ သီချင်းပေါင်းစုံကိုဆိုကြပေမယ့်
ဇော်ဝင်းထွဋ်ရှဲု့ “ဆူးလေး” သီချင်းကတော့ ဘာကြောင့်မှန်းမသိ ထပ်ခါ ထပ်ခါ ဆိုမိကြတဲ့သီချင်း.။
သွားရင်းအချိန်နှောင်းမှာစိုးတော့ ဦးသန့်စာကြည်တိုက်လို အထင်ကရနေရာတွေမဝင်ဘဲတန်းပြန်ခဲ့ကြပါတယ်။

လမ်းမှာသွားနေရင်း ကျနော်နဲ့ဖက်တီးကက်စကားတွေအများကြီးပြောဖြစ်ခဲ့ကြပါတယ်။
ကျနော်တို့ ရွာသူားကလေးတွေက ပျော်ပျော်နေတတ် တဲ့လူငယ်တွေအများစု။
ဒါပေမယ့် တကယ့်ပြင်ပလောကထဲမှာတာ့ အလုပ်ကိုယ်စီ တာဝန်ကိုယ်စီနဲ့ ကျရာတာဝန်ထမ်းဆောင်နေကြသူတွေဖြစ်ပါတယ်။
ကျနော်သူ့တို့အရွယ်လောက်တုံးက အခုလို သူတို့လောက်မရင့်ကျက် အတတ်ပညာတွေ မသိခဲ့တာကို
တော့ အမှန်တိုင်းဝန်ခံရမှာဖြစ်ပါတယ်။
သူတို့လေးတွေ့ရဲ့မိဘငွေကြေးအင်အားတောင့်တယ်မတောင့်ဘူးဆိုတာကို ကျနော်မသိပေမယ့်
မိမိကိုယ်ပိုင်အတတ်ပညာကိုရင်းနှီးပြီး ကိုယ်ပိုင်ဘဝလေးတွေ တည်ဆောက်ထားကြတဲ့
လေးစားစရာ လူငယ်လေးတွေဖြစ်နေတာကို ဝမ်းသာစရာတွေ့ရပါတယ်။
အသက်ကလေးတွေက ငယ်ငယ် ယူထားတဲ့တာဝန်တွေက အကြီးကြီး ဆိုတဲ့ကလေးတွေလဲရှိတော့
ကျနော်တို့ရွာအတွက် ဂုဏ်ယူမိပါတယ်။
ဖက်တီးကက်ကိုနဲ့ပြောနေရင်းမတ်တတ်ရပ်လာရတာကြာတော့ သူကို ကျနော့်ဘေးမှာဝင်ထိုင်းခိုင်းလိုက်ပါတယ်။
သူကလဲ ဝဝ ကျနော်ကလဲ ဝဝ ဆိုတော့ ခုံကလေးက ညွှတ်ကျသွားပါတယ်။
ကျနော်တို့ရှေ့ကရှိနေတဲ့ ဂျူနိုလေးမှာ ကျနော်တို့ကြည့်ပြီး ရင်တထိတ်ထိတ်နဲ့နေပါတယ်။
ဘယ်အချိန်များ ခုံကျိုးမလဲ ဆိုတာကို။
ဒါပေမယ့်ကံကောင်းပါတယ် ခုံမကျိုးဘဲ ခရီးဆုံးထိလိုက်လာခဲ့ရလို့ပါ။

သွားနေရင်းတန်းလန်းက လူစစ်ပြီး ညနေအဆာပြေစားဘို့ ကြာဆံကြော်ခေါက်ဆွဲကြော်တွေကို ဖုန်းနဲ့လှမ်းပြိးအော်ဒါပေးတာက မမ ပါ။
လူရော စိတ်ရော ငွေကြေးပါ စိုက်ထုတ်လုပ်ကိုင်သူ စေတနာရှင် နူးဘာဂိုဏ်းချုူပ်မယ်တော်ကြီး မမ ပါဘဲ။

အပြန်လမ်းမှာတော့ ပင်ပန်းတော့ အသွားလောက်တော့ မတက်ကြွ။
ခြောက်နာရီထိုးခါနီလောက်မှာတော့ ကားက ခေါက်ဆွဲဆိုင်ရှေ့မှာရပ်။
အားလုံးဆင်းလို့ ညနေစာ အဆာပြေစားကြဘို့ပါဘဲ။
ဆိုင်အတွင်းထဲမှာ မိန်းကလေးအဖွဲ့ အပြင်ဘက်မှတော့ ယောက်ျားလေးအဖွဲ့ လူစုခွဲလိုထိုင်ပါတယ်။
ခေါက်ဆွဲကြော်က တစ်ပွဲဆိုအများကြီး။
အအေးပုလင်းကလဲ တကယ့်ပုလင်းကြီး။
ကျနော်တို့ကတော့ တစ်ပွဲလုံးမကုန်တာသိလို့ ခွဲပြီးစားပါတယ်။.
နောက် စားသောက်ပြီးလို့ပြန်ကြတဲ့အခါ မမ က မဒမ်ပေါက်လက်ထဲကို
ခေါက်ဆွဲထုပ်တွေထည့်ပေးလိုက်ပါသေးတယ်။
ဘုရင်နောင်ရောက်တဲ့အခါ ကျနော်တို့ နဲ့ မနောဖြူလေးတို့အဖွဲ့ဆင်းပါတယ်။
ဆက်လက်ထွက်ခွာသွားတဲ့ကားပေါ်ကလူတွေကလဲနုတ်ဆက် ကျနော်တို့ကလဲ ပြန်လက်ပြနဲ့
ပျော်စရာကောင်းသော နောက်တစ်ကြိမ်ဆုံဘို့ မလွယ်ကူသော မေ့မရနိုင်သောခရီးတစ်ခုပြီးဆုံးခဲ့ပါတယ်။
ခဏနေတော့ ကားငှားပြီးတည်းအိမ်ကို ပြန်လာတဲ့လမ်းမှာ ကျနော်ရင်ထဲရောက်လာတဲ့အတွေးကတော့
နောက်ဒီလိုခရီးမျိုးဘယ်တော့မှ သွားခွင့်ကြုံပါဦးမလဲ…………………………………….
ဒီလို ပျော်စရာကောင်းပြီးအစစအရာရာ အဆင်ပြေလှတဲ့ခရိးမျိုး ဘယ်တော့များမှ သွားခွင့်ရပါဦးမလဲ။
နောင်တစ်ကြိမ်မှာ ငါကိုယ်တိုင်ရော လိုက်ခွင့်ကြု့နိုင်ပါအုံးမလား
ဆိုတဲ့ လဲပေါင်းများစွာ လားပေါင်းများစွာနဲ့ မေးခွန်းတွေဝဲလှည့်လို့နေတုန်း
ဗြုန်းဆိုကားရပ်လို့ကြည့်လိုက်တော့ အိမ်ရှေ့ရောက်နေပါပြီ.
မှောင်ရီစပြုနေတဲ့ ကောင်းကင်ကိုမော့ကြည့်တော့ အလင်းရိပ်တွေရုပ်သိမ်းလို့ နုတ်ဆက်နေပါပြ။ိ
2012ခုနှစ်မေလ တစ်ရက်နေ့ဆိုတာ ကျနော့် ဘဝမှာ မမေ့စကောင်းတဲ့တစ်ရက်ဆိုတာကတော့
သေချာသွားပါပြီ…………………….
ကဲရွာသူရွာသားတို့ရေ နောက်တကြိမ်ထပ်ဆုံဘို့ ကြိုးစားလိုက်ကြအုံးစို့ရဲ့………….
…………………………………………………………………………………………………..
………………………………………………………………………………………………………..

ကိုပေါက်နှင့်ပဒုမ္မာ ပူးတွဲတင်ဆက်ခြင်း
(13-5-2012)

36 comments

  • water-melon

    May 14, 2012 at 8:16 am

    နောက်တစ်ကြိမ်ထပ်ဆုံမယ်နော်
    ဘယ်နေ့ဘယ်ချိန်ဘယ်နေရာဆိုတာတော့ ❓
    ရွာသူရွာသားနှင့်အတူ စာဖတ်သူအလှူရှင်တွေလည်း
    ပြုခဲ့မိတဲ့ ကောင်းမှုကုသိုလ်ကြောင့်
    စိတ်ချမ်းသာပါစေ
    မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ
    နောက်ထပ်လည်းပိုလှူနိုင်ပါစေလို့ ဆုတောင်းရင်း

  • ပန်းတနော်က ပြန်လာပြီးနှစ်ပါတ်လောက်နေမှပြန်စဉ်းစားပြီးရေးရတဲ့အတွက်
    ရှေ့နောက်မှားတာ လူနာမည်မှားတာများရှိရင် ခွင့်လဲခွင့်လွှတ်ကြပါ

    ပြင်လဲ ပြင်ပေးကြပါလို့ ဘော်ဘော်တို့ကိုမေတ္တာရပ်ခံပါတယ်။
    ဒီလိုပျော်စရာ ကြည်နူးစရာကောင်းတဲ့ ” ကောက်သင်းကောက် “ပို့စ်မျိုးထပ်ရေးချင်ပါသေးတယ်နော်။

    • Swal Taw Ywet

      May 15, 2012 at 11:12 am

      Dear Ko Pauk,
      Please add my phone call when you arrive back to YGN.
      Please share my loving kindness to your family and all of Our MG Villagers.
      In next week, I will arrive back to Mandalay.

      With respect,
      Swal Taw Ywet.
      Myanmar.

  • ဦးဦးပါလေရာ

    May 14, 2012 at 8:51 am

    ကိုပေါက်ရေ-
    တကယ်တော့ ဒါဟာ အလှူလုပ်ရုံသက်သက်မဟုတ်ပါဘူး….
    တွေ့ဆုံပွဲတခုရယ် အပျော်ခရီးတခုရယ် အလှူရယ် ကို ချိတ်ဆက်စီစဉ်လိုက်တဲ့သဘော.. လို့ပဲ မြင်မိပါတယ်…။

    ကိုပေါက်တို့ ပြန်ပြောပြတာနဲ့တင်ပဲ ကိုယ်တိုင်မလိုက်ဖြစ်ခဲ့ပေမယ့် လိုက်ခဲ့ရတဲ့အလား ပျော်ရွှင်ကြည်နူးမှု့တွေ ကူးစက်ခံစားရပါတယ်..။

    ဒီလို သားရွှေအိုးထမ်းတဲ့ ခရီးစဉ်မျိုးကို အနည်းဆုံး တနှစ်တခေါက်လောက်တော့ လုပ်ဖြစ်ကြရင် ကောင်းမှာနော်…။ နောက်တခါဆိုရင်တော့ ကားနှစ်စီးဖြစ်မှာ သေချာတယ်..။

  • Mလုလင်

    May 14, 2012 at 8:52 am

    မှတ်တမ်း တစ်ခု အနေနဲ့ သိမ်းထားရမယ့် ပိုစ့် အတွဲ ပါ။ လက်မ တစ်ချောင်းနဲ့ ဂုဏ်ပြုပါတယ်ဗျာ။

  • ကိုပါရေ
    ဒီပိုစ်ကို အစက အခုလောက်အပိုင်းရှည်ကြီးရေးမယ်လို့ စိတ်ကူးမထားပါဘူး။
    ထုံးစံအတိုင်းခရီးသွားဆောင်းပါးလောက်ဘဲဓါတ်ပုံမှတ်တမ်းသဘောလောက်ပဲရေးဘို့ တွေးထားတာပါ။
    အားလုံးကလဲ ဒီခရီးအကြောင်းရေးမယ်ဆိုတာ သိနေလို့ပါဘဲ။
    ဒါပေမယ့် ရေးနေရင်းကနေ အသေးစိတ် မှတ်မိသလောက်လေးရေးပေးလိုက်ရင်
    မလိုက်ဘူးသူတွေလဲ ပျော်စရာကောင်းတဲ့ခရီး ငါတို့ လွတ်သွားပြီလို့ တွေးမိ၊
    လိုက်ဘူးသူတွေက လဲ အတူသွားခဲ့တဲ့ခရီးကိုပြန်သတိရ ရ အောင် မှတ်မိသလောက်လေး
    ရေးဘို့ ဆုံးဖြတ်လိုက်ပါတယ်။
    ရေးဘို့ ပြန်တွေးရင်းကို ကျနော်ပျော်လာမိပါတယ်။
    အများကြီးနဲ့ခရီးတစ်ခုသွားရာမှာ အခက်အခဲတွေ အဆင်မပြေတာတာတွေရှိကောင်းရှိနိုင်ပါတယ်။
    ဒါပေမယ့် ဒီပန်းတနော်ခရီးဟာ ပျော်စရာတွေက လွှမ်းခြုံသွားတဲ့ပွဲမို့ အောင်မြင်ပျော်ရွှင်သောခရီးလို့ပြောရင်
    လိုက်ပါသူအားလုံးက ငြင်းပယ်မယ်မထင်ပါဘူး။
    နောက်တစ်ကြိမ် ဘယ်မှာလုပ်လုပ် ဖြစ်အောင် လိုက်ဘို့ ဆုံးဖြတ်ထားကြောင်းပါခင်ဗျာ။

  • Diamond Key

    May 14, 2012 at 10:09 am

    ကြည်နူးစရာ ခရီးလေးတစ်ခုပါဗျာ။ နောက်ဒီလိုခရီးလေးတွေ အများကြီး ထွက်နိုင်ကြပါစေ။ 😀

  • ဗိုက်ကလေး

    May 14, 2012 at 10:20 am

    ကဲဗျား.
    အလှူဖြစ်မြောက်အောင် ဦးဆောင်သူများနဲ ့ ကြိုးစားကူညီခဲ့ကြသူများအား ကျနော်ဗိုက်ကလေးမှ အထူးပဲ ကျေးဇူးတင်ဂုဏ်ယူပါကြောင်း..ပြောရင်း အူးလေးအူးပေါက်အား အားပေးတွားပါတယ်..
    အမှောင်ထဲက ချောင်းတာလေး ခိုက်တယ်ဂျ

  • water-melon

    May 14, 2012 at 10:21 am

    ဦးလေးသော့နော်
    လေတွေအများကြီးမပစ်နဲ့
    တော်ကြာပိန်နေအုန်းမယ်
    ပြီးတော့ သများကို တစ်ယောက်ထဲလွှတ်တယ်
    လူဆိုး
    အဟိ

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 14, 2012 at 10:28 am

    တို့လဲလိုက်မယ်ချန်မထားနဲ့ …. အဲဒီသီချင်းလိုပဲ …. နောက်တစ်ခါ လိုက်ဖြစ်အောင်လိုက်မယ် ….

  • Shwe Tike Soe

    May 14, 2012 at 11:07 am

    အော်လေးပေါက်တို.များ ရိုက်ချက်တယ်ပြင်းသကိုး ဒီကဖြင့်သူ.ကို ရေစက်ချရအောင် ကိုမတ်နဲ. လိုက်ရှာလိုက်ရတာ…
    ရေစက်မချလိုက်ရဘူးဆိုပဲ… လေးပေါက် မျိုးကြီး အသံနဲ. တရားနာတဲ့ အန်တီကြီးဆီ စိတ်ရောက်နေလို.ဖြစ်မယ်.. ခိခိခိ…
    လေးပေါက် ရေစက်ချမှာ ပြောတဲ့ စကားလေး အရမ်းမိုက်တယ် နားထဲကကိုမထွက်ဘူး…
    နောက်လဲ ဒီလို ပဲ အလှူတွေ ဆက်လုပ်ကြမယ် ဗျာ….
    မဒမ်ပေါက်လက်ချက်ဖြင့် ဗိုက်ခေါက်ထူနေသော လေးပေါက်အား အားပေးသွားပါကြောင်း…. နားရွက်ရှည်မင်းသားလေး ရွှေတိုက်စိုး…. ခွိခွိခွိ

  • weiwei

    May 14, 2012 at 11:34 am

    ကျွန်မလဲ လမ်းရှုခင်းတွေ ရိုက်ထားတာတွေရှိတယ် … ပုံတွေပြန်ကြည့်ရတာ အဲဒီနေ့ကို ပြန်ရောက်သွားသလိုပါပဲ …

  • amatmin

    May 14, 2012 at 11:55 am

    စိတ်ကူးလှ..အရေးလှတဲ့ လေးပေါက်စာအပါအဝင် ရှုခင်းပုံလေးတွေ ခံစားမဝပါပဲ…
    ကောက်သင်းကောက်ထပ်ပြောရရင်တော့..စီစဉ်နိုင်ခဲ့ကြသူတွေကို ကျေးဇူးတင်နေရင်း..
    နောက်အလှူများအတွက်လည်း.ထပ်မျှော်ရင်း..ကံမကုန်ရင် ထပ်ဆုံကြတာပေါ့ နော်..

  • မဝေရိုက်ထားတဲ့ပုံလေးတွေရော နောက်ထပ်ရို်က်ထားတဲ့သူတွေ့ရဲ့ပုံတွေပါထပ်တင်စေလိုပါတယ်။
    ဒါမှ ပြည့်စုံသွားမှာလေ။

  • mocho

    May 14, 2012 at 3:11 pm

    ဖိုးချို သီချင်း တွေ ကို တခြားလူတွေ မရရင် နေပါ။ အာဂ ကတော့ဟို တပုဒ် ရသင့် တယ် ။
    “တယောက်ထဲ ရင်ထဲရှိတယ်၊ တပင်ထဲ ရင်ထဲကနွယ် ၊ ရစ်ပတ်တွယ်ဆဲ “ဆိုတဲ့ သီချင်းလေ။

  • မဟာရာဇာ အံစာတုံး

    May 14, 2012 at 3:26 pm

    ဖေဂျီးရေ ..
    အမှောင်ထဲက ချောင်းကြည့်ခြင်း ဆိုတဲ့ ပုံကတော့ လန်းတယ်ဗျာ ..
    ဖေဂျီးက တော်တော် အချောင်းပိုင်တာပဲနော့ .. 😀
    နောက်ထှာ ..

  • nozomi

    May 14, 2012 at 4:44 pm

    ဒီ ပို့စ် လေးတွေ ဖတ်တာနဲ့တင် ကိုယ်တိုင် လိုက်သွားရသလိုပါပဲ

    ဓါတ်ပုံနဲ့ ပတ်သက်လို့ ဘာမှ နားမလည်ပေမဲ့ ၊ ကိုပေါက်ကြီး ဓါတ်ပုံတွေက ပုံမှန်မြင်နေကျ အမြင်တွေကနေ ကွဲထွက်နေတယ် ဆိုတာကတော့ သေချာပါတယ်

    နောက် လဲ အားပေးနေပါဦးမယ် ခင်ဗျာ

    ( တစ်ခု သိချင်လို့ ခင်ဗျ ။ ၁၅ မှာ ပါတဲ့ ဗလမင်းထင် ဆိုတာ ဘာလဲ မသိလို့ပါ )

    • MaMa

      May 15, 2012 at 6:12 am

      ကိုမှိုရေ- ဗိုလ်မြတ်ထွန်းတံတားပါ။
      ဗလမင်းထင်တံတားက နောက်တစ်ခေါက် သွားရအောင် ကြိုတင်နမိတ်ဖတ်ထားတာဖြစ်မယ်။ 😀

  • တံတားနာမည်ကိုညွန်းတာပါ မှားသွားလားတော့ မသိဘူး ကိုနိုရေ။
    ကျနော်က တိမ် ရေပြင်နဲ့ သစ်ပင်ကို ရိုက်ရတာနှစ်သက်ပါတယ်။
    နောက်ကျယ့်ပြန့်လွတ်လပ်တဲ့ပုံတွေကို ပိုသဘောကျပါတယ်။
    ဒီတစ်ခေါက် ကားသွားနေတာကနေရိုက်ရတော့ သိပ်တော့ စိတ်တိုင်းမကျ နည်းနည်းလေးဝါးချင်သလိုလို
    ရှိနေပါတယ် ။
    အေးချမ်းသောမြင်ကွင်းလေးတွေကို တင်ပေးရတာ ကြည့်သူ့မှာစိတ်ချမ်းသာမယ်ထင်ပါတယ်။

  • TTNU

    May 14, 2012 at 9:30 pm

    ကိုပေါက်ရေ…
    အရင်ပို့စ်ထဲမှာလည်းပြောပြီးသားပါ။
    ထပ် ကွန့်ချင်တယ်။
    မောင်ရင် ဘာကြောင့် ဘာကြောင့် ဒီလောက်မှတ်မိနိုင်လွန်းတာလဲ။
    မာမီတို့များတော့ သိပြီးသားမိတ်ဆွေကို ကြည့်ရင်းနဲ့ မေ့တေ့တေ့။

    ဒါထက် (ဆုတောင်းပြီးနိဂုဏ်းချုပ်လိုက်တော့) 😈
    (နိဂုံးချုပ်) လုပ်ပါ ဂိုဏ်းချုပ်ကြီးရဲ ့။

  • windtalker

    May 14, 2012 at 9:35 pm

    နောက်တစ်ခေါက် ဆိုရင်တော့ လိုက်ပါနိုင်ဖို ့သေချာအောင် ကြိုးစားပါမယ်ဗျား ။

  • မာမီ ရေ မှတ်မိတာ စပ်စုတတ်လွန်းလို့များဖြစ်နေမလားမသိ.
    ကျနော်က အရာရာ သိချင်လွန်းတဲ့သူထဲမှာတော့ပါတယ်နော်

  • pooch

    May 14, 2012 at 10:11 pm

    ပန်းတနော်ဖျာက တကယ့်ကိုပဲ ကောင်းမဲ့ပုံ။

  • Khin Latt

    May 15, 2012 at 3:06 am

    ကိုပေါက်ကြီး
    နံပါတ် ၁ဝ ပုံလေးက ကြည့်လို့ မဝ နိုင်အောင်ပါဘဲ။
    နံပါတ် ၁၆ က တဲလေးမှာ စိတ်ကူးနဲ့ သွားနေကြည့်မိတယ်။

    ကိုပေါက်က မျက်စိထဲမြင်သာအောင်လဲ ရေးတတ်တယ်။
    ပျော်လာအောင်လဲ ရေးတတ်တယ်။
    လွမ်းသွားအောင်လဲ ရေးတတ်တယ်။
    “မမြင်မသိဘူးတဲ့ လေလှိုင်းထဲကမိတ်ဆွေတွေကို စကားလုံးလေး များကတစ်ဆင့်” ဆိုတာက တော့ ချစ်စရာအကောင်းဆုံး အဖွဲ့လေးပါဘဲ။
    “ဖိုးချို” သီချင်းတွေကို ကျွန်မလဲ ကြိုက်ပါတယ် ကိုပေါက်ရေ။

    တစ်နေ့လုံးစာ အဟာရ အလှူရှင် မမ အပါအဝင် အလှူလေးကို ဖြစ်မြောက်အောင် လိုက်ပါပြီး ဝိုင်းဝန်းပံ့ပိုး ပေးခဲ့တဲ့သူအားလုံး ကို အားကျဂုဏ်ယူမိပါတယ်။
    ကိုပေါက်ရေးတာလေးတွေကိုဖတ်ပြီး လဲ ကြည်နူးရပါတယ်။
    ကျေးဇူးပါ ကိုပေါက်ရေ။
    တတိယမြောက် နောက်အလှူ လေး အတွက်လဲ စကားတွေ စုထားပါဦး။ 🙂

  • ကိုလတ်ရေ
    ပုံလေးတွေက ကားသွားရင်းရိုက်ရတာဆိုတော့ ဝါးမှာစိုးနေတာ.
    ကံကောင်းတော့ ပုံကောင်းလေးတွေရတယ်။
    စကားလေးတွေက ကြိုမစုတော့ပါဘူး။
    ပွဲရောက်ရင် အလိုလိုထွက်လာမယ်ထင်ပါရဲ့။

    ဗလမင်းထင်နဲ့ဗိုလ်မြတ်ထွန်းမှားရေးထားတာလေးပြင်ဖတ်လိုက်ကြပါတော့နော်။

  • စွယ်တော်ရွက်ရေ မန်းလေးရောက်တာနဲ့ဖုန်းဆက်လိုက်ပါ.
    အဆင့်သင့်ပါဘဲ။
    ဖုန်းနံပါတ်သိတယ်မလား။

  • သူရဇော်

    May 15, 2012 at 1:53 pm

    လေးလေးရေ ပန်းတနော်သွား အမှတ်တရက များသားလား…… ဒီအတွက် ကျွန်တော်သီချင်းတစ်ပုဒ် ရေးဖြစ်ပါတယ်……ထုံးစံအတိုင်းဟာသသီချင်းလေးပေါ့…… ဒါပေမယ့် သားသား မတင်ရဲလို့ မတင်တော့တာပါ……. အမြည်းသဘောလေးတော့ သားသားထည့်ရေးလိုက်တယ်……. အရင်ခေတ်ကမေဆွိ၊ အခုခေတ် ဟေမာနေဝင်း သီဆိုထားတဲ့သီချင်းလေးကိုရေးထားတာပါ…….
    လာပြန်ချီသေးရဲ့တဖန် အဖော်တွေရယ် ပျော်နေပျော်နေဟန်…..ဟဲ့သူရ ….ဗျ ဗျ ဗျ ဗျ…… စားပါဟ လာဟ စားမှာပ မှာပ ကြက်အဆီပြန် ဝက်အသားနီလန် မမြင်အောင် တွမ်နေပြန်…. စောစောကအကြံ မောမောလှပြန် ရွှေတိုက်စိုးနဲ့ ဖက်တီးကပ်သဏ္ဍန်…..ရွာခံများက မြှောက်စားပြန် ယောက်ျားဘသား အမတ်မင်း ထွက်ပြောရန်…..နောက်တစ်ခါ လာပြန်ပီတဲ့ဟေ့ ဟေ ဟေ ဟေ ဝါးးးးးးးးးးးးးးး

    • Ch@vez

      May 15, 2012 at 2:09 pm

      တင်ပါဗျာ ..
      ဖတ်ရ ဆိုရ ဟားရ ပျော်ရ တာပေါ့..
      😀

      • သူရဇော်

        May 15, 2012 at 4:31 pm

        ကိုဂီရေ တင်ချင်ပါသော်ငြား လူပြောလဲ များလှသကိုးဗျ……ခွိခွိ
        ကျွန်ုပ်တင်ဖြစ်အောင်တင်ပါဦးမည်ခင်ညား……….
        ကိုဂီရေ တားတားကို ရိုက်ထားတဲ့ မလှမပပုံလေးများရှိသေးလားဟင်

  • ဒီလောက်ဟင်းတွေကောင်းမှန်းသိရင် အိမ်က ဂျိုင့်ထဲလာပါတယ် ဆိုတဲ့သူက ဘယ်သူလဲ သိလား
    သိရင်ပြောပြ…………………………….

    • သူရဇော်

      May 15, 2012 at 4:33 pm

      အဲ တစ်ခုတော့ တားတား မသိလိုက်ရဘူးရယ်….အဒူများလဲဟင်

Leave a Reply