ခုတလောရွာထဲမှာ ဆူနေကြတဲ့ကားပါမစ်အကြောင်းရေးချင်ပေမဲ့ ဇာတ်ထဲက လူရွှင်တော်တွေ ပြောသလို အားရပါးရကချင်ပါသော်လည်း ကျန်းမာရေးက မကောင်းဆိုသလို တခါတလေပို့စ်တင်ချင်စိတ်ကလေးများဖြစ်လာသော်လည်း ကွန်နက်ရှင်ကမကောင်း သောကြောင့် မတင်ဖြစ်ခဲ့ပါ။

အခုတလော 2007 အထက်ကားတွေ ပါမစ်မလိုတော့ဘူးဆိုလို့ကားဈေးတွေ ပြုတ်ကျပြီး ကားပွဲစားတွေ ၀ယ်ရောင်းတွေ အကြီးအကျယ်ရှုံးကြပါတယ်။ ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုတဲ့မေးခွန်း ရွာသားများ ဖြေဆိုကြစေလိုပါတယ်။

 

ကားဟောင်းတွေဖျက်ရမယ်ဆိုတဲ့သတင်းထွက်လာချိန်မှာ ငိုမဲ့မဲ့ဖြစ်နေတဲ့ ကားအိုကားဟောင်းပိုင်ရှင်တွေဟာ နိုင်ငံတော်ကစေတနာနဲ့ ကားပါမစ်စံနစ်ပြောင်းလိုက်တဲ့အတွက် ငိုရာမှ ရီနိုင်လာကြပြီးစင်ပေါ်ရောက်သွားကြပါတယ်။ ဖျက်ကားတွေရဲ့ဈေးကပိုလို့တောင်ကောင်းနေတော့ တချို့ဆိုကားကိုဖျက်ရမဲ့အချိန် ဈေးကောင်းရောင်းရမဲ့အချိန်ကိုတောင်မျှော်လင့်စောင့်စားနေရပါတယ်။ အဲ

ဒီကြားထဲမှာသတင်းဦးသွားတဲ့ကုန်သည်တွေကတော့ မြက်မြက်ကလေးစားလိုက်ကြရပါတယ်။

 

ခုဒီတခေါက်မှလည်း ပစောက်နံပါတ်တွေပြီးရင်ခဏနားမယ်ဆိုတဲ့သတင်းတွေထွက်လာတော့ ကုန်သည်တွေ အကြိုက်ပေါ့။ ဈေးကတော့ ကျိမ်းသေတက်ပြီဆိုပြီး ကုန်သည်တိုင်းတွက်ထားကြပါတယ်။ ဒီတွက်ကိန်းနဲ့အတူ ကားပါမစ်ဈေးတွေဟာလည်း ကုန်သည်တွေရဲ့ တွက်ကိန်းအတိုင်း တရိပ်ရိပ်တက်လာပါတယ်။ ၁၃၅-၁၄၀ သိန်းလောက် ရှိတဲ့ပါမစ်တွေ ၁၅၀သိန်း ကျော်လာပါတယ်။ အဲဒီအချိန်မှာပဲ ဆေးခါးကြီးအတိုက်ခံလိုက်ရပါတယ်။

 

၂၀၀၇အထက်မော်ဒယ်တွေ ပါမစ်မလိုပဲသွင်းနိုင်ပြီဆိုတဲ့သတင်းထွက်လာပါတယ်။ ကားဈေးကွက်တခုလုံး ငရဲကျသလိုပွက်လောရိုက်သွားပါတယ်။ ဈေးတွေထိုးကျကုန်ပါတယ်။လောဘနဲ့ပါမစ်ကိုင်ထားတဲ့သူတွေ အတင်းထိုးရောင်းတာကြောင့် ကားပါမစ်ဈေးဟာ ၁၀၀သိန်းအောက်ကိုရောက်သွားပါတယ်။ ကားပါမစ်ဈေးတွေ နေ့ခြင်းညခြင်း သိန်း ၅၀-၆၀ လောက်ထိုးကျသွားပါတယ်။ ရွှေငါးတွေဆို ၂၁၅-၂၂၅ သိန်းလောက်အထိ ဆင်းသွားပါတယ်။

 

ဒီလိုဖြစ်ရတာဟာ

၁။လောဘကြီးတဲ့ကုန်သည်တွေကို သင်ခန်းစာပေးချင်လို့လား။

၂။အမြင့်ကားတွေကိုပိုမိုတင်သွင်းလိုစိတ်ဖြစ်လာအောင်ဆွဲဆောင်ခြင်းလား။

၃။မြင့်မားလာတဲ့ ကားပါမစ်ဈေးကိုထိမ်းချင်လို့လား။

၎။နေ့မြင်ညပျောက်ဆိုတဲ့တရားသဘောကို ကုန်သည်တွေကိုလက်တွေ့ပြနေတာလား။ J

၅။မှန်ကန်ခိုင်မာတည်ငြိမ်မှုအားနည်းတဲ့ပေါ်လစီကြောင့်လား။

၆။ စီး၍ရသောကားဟောင်းများသည် အနည်းဆုံး ၁၀ သိန်းခန့်ဝန်းကျင်မှ သံတုံးတစ်တုံး ဖြစ်သွားသဖြင့် ကျပ် ၁၀၀၀၀၀ခန့်သာတန်တော့သဖြင့် မည်သူသည်ဆုံးရှုံး၍ မည်သူမြတ်လေသနည်း။

၇။ကားဂျမ်းများပိုမိုမဆိုးဝါးလာစေရန် ၊ ကားအစီးရေ constant ဖြစ်စေရန် ကားပါမစ်စံနစ်ကို      ကျင့်သုံးရခြင်းဖြစ်သည်။ ကားဟောင်းများနေရာတွင်ကားသစ်များ အစားထိုးခြင်းဖြင့် မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရန်။

၈။သင်ရော ဘာကြောင့်လို့ထင်ပါသလဲ။

 

မြန်မာနိုင်ငံမှတော့ကုန်သည်တွေလောဘကြီးတယ်။ဈေးကစားတယ်ဆိုတဲ့အယူအဆ တော်တော်များများရှိကြပါတယ်။ ကုန်သည်တွေဈေးကစားတယ်ဆိုတာထက် လူတိုင်းဟာလောဘသားတွေကြီးပါပဲ။ ဈေးကစားတယ်ဆိုတာလဲ ကစားခွင့်ပေးတဲ့ပေါ်လစီမျိုးဖြစ်နေလို့ ကစားလို့ရလို့ကစားတာပါ။ မှန်ကန်ခိုင်မာပြီးတိကျတဲ့ ပေါ်လစီ မျိုးရေးဆွဲနိုင်ရင်ဈေးကစားတာ ပပျောက်သွားစေနိုင်တယ်လို့ထင်ပါတယ်။ ယခင်ကပေါ်လစီများကြောင့်ကားဈေးတွေဟာ တစ်စီးကို သိန်း ၄၀၀၀-၅၀၀၀ လောက်အထိဖြစ်ခဲ့ပါတယ်။ ဒါတွေကို အများစု အမြင်မှာတော့ ကုန်သည်တွေဈေးကစားလို့တက်သွားတယ်လို့မြင်ကြပါတယ်။ကျွန်တော် မြင်တာကတော့ အဓိကအကြောင်းအရင်းကတော့ အားနည်းတဲ့ ပျော့ကွက်ရှိတဲ့ပေါ်လစီ ကို ကုန်သည်တွေက အခွင့်ကောင်းယူအသုံးချသွား တယ်လို့မြင်ပါတယ်။ အခုပေါ်လစီနဲ့ကားတစ်စီ သိန်း၄၀၀၀ – ၅၀၀၀ ဆိုတာဘယ်နည်းနဲ့မှ ပြန်မဖြစ်နိုင်တော့ပါဘူး။

 

ပေါ်လစီ မှန်ကန်မှုမရှိတဲ့အတွက်အားနည်းချက်တွေရှိတတ်ပါတယ်။ အဲဒီအခါကုန်သည်တွေကအားနည်းချက်ကို အခွင့်ကောင်းယူအသုံးချတတ်ကြပါတယ်။ အားနည်းချက်တွေရှိတဲ့အတွက် ပေါ်လစီတွေပြောင်းရပါတယ်။ ပေါ်လစီပြောင်းတဲ့အခါသတင်းဦးတဲ့ကုန်သည်က ဦးသလို အခွင့်ကောင်းယူတတ်ကြပါတယ်။

ဒါကြောင့်ဈေးကစားရတဲ့ အကြောင်းအရင်းဟာ ကုန်သည်တွေ လောဘကြီးတာတခုတည်းမဟုတ်ပဲ မှန်ကန်တည်ငြိမ်မှုမရှိတဲ့ပေါ်လစီကြောင့် လဲပါတယ်လို့ပဲဆိုချင်ပါတယ်။

 

ဥပမာပြောရရင်တော့ –

ပေါ်လစီဆိုတာဇက်ကြိုးလိုပါပဲ။ ကိုလိုရာကိုထိမ်းကြောင်းသွားနိုင်ပါတယ်။ နွားလှည်းမောင်းတဲ့သူဟာ ကိုယ်လိုရာသွားနိုင်ဖို့ဇက်ကြိုးကို အသုံးပြုပြီးနွားကို ခိုင်းရပါတယ်။ ဇက်ကြိုးဆိုတာလည်း ကိုင်တတ်မှပါ။ ကိုင်တတ်တာတောင်မှ ပေကပ်ကပ်ကပ်နွားမျိုးကလည်းရှိတတ်ပါသေးတယ်။

 

ကားပါမစ် နဲ့အခွန်ရဲ့ပေါ်လစီတွေရဲ့အားနည်းချက်ကြောင့် ၂၀၀၀ ခုနှစ်ကားတွေသာတင်သွင်းလာကြတာဟာလည်းနိုင်ငံတော်အတွက် နစ်နာပါတယ်။ နောင် ၁၀နှစ်ကြာရင် သက်တမ်းနှစ် ၂၀ ဖြစ်ပြီတော်တော်လေးဟောင်းနွမ်းသွားမှာပါ။

http://myanmargazette.net/90448/creative-writing

About nature

has written 52 post in this Website..

THAKHIN CJ #3262011 (5/5/16)