ကျွန်တော်တို့ ဂေဇက်ရွာရဲ့ ရွာလယ်မှာ အလွန်ကြီးမားပြီး အရိပ်လဲ အလွန်ကောင်းတဲ့ ဗိုင်းငင်မကျည်းပင်ကြီးရှိပါတယ်။ ဗိုင်းငင် မကျည်းပင်လို့ ခေါ်ကြတာကတော့ ရွာကအမျိုးသမီးများ ဗိုင်းငင်ကြလို့ ဗိုင်းငင်မကျည်းပင် လို့ခေါ်တွင်ပုံပါပဲ။ အလွန်ပူပြင်းတဲ့ ခုလို နွေရာသီရဲ့ နေ့လည်ခင်းများမှာ အမျိုးသမီးများက ၀ိုင်းဖွဲ့ဗိုင်းငင်ကြသလို ရွာသားများကလဲ ၀ိုင်းဖွဲ့ပြီး ဂုံညင်း ထိုးကြ။ဒိုးလိမ့်ကြပေါ့။မုံ့လက်ဆောင်းသည်…ရွှေရင်အေးသည်စတဲ့ ရွာဈေး သည်များကလဲ အဲဒီ မန်ကျည်းပင်ကြီး အောက်မှာပဲ…လာရောက် ရောင်းကြ ပါတယ်။ရွှေလသာတဲ့ ညအခါမှာတွေတော့ အမျိုးသား လူငယ်လူလတ်များ ၀ိုင်းဖွဲ့စကား ပြောတတ်ကြပြန်ပါတယ်။ ဂေဇက်ရွာ ရဲ့ မမေ့နိုင် စရာတွေ ထဲမှာ ဗိုက်ကလေး ပါသလို…ဗိုင်းငင်မန်ကျည်းပင်ကြီးလဲကျန်မနေခဲ့ပါဘူး။
ဗိုင်းငင်မကျည်းပင်ကြီးဟာ ရွာသူတွေရဲ့အလုပ်လုပ်ရာ။ ရွာဈေးသည်များရဲ့ ဈေးခင်းကြီး။ လူလတ် လူကြီးများရဲ့ တရားဆွေးနွေးရာ မဏ္ဍာပ်။ လူငယ်များ ရဲ့ လောင်းကစားကွင်း။ ကလေးများရဲ့ကစားကွင်း။လသာတဲ့ ညတွေမှာ လေလေးတဖြူးဖြူးနဲ့ မန်ကျည်းပင်ချေမှာရှိတဲ့ ကွပ်ပြစ်ကြီးပေါ်မှာ ကျင်းပ လေ့ရှိတဲ့ ဒိုင်မဲ့။ စည်းမဲ့..စကားရေလုပွဲတော်များကလဲ အလွန်စည်ကားပြီး ပျော်စရာကောင်းလှပါတယ်။
စကားရေလုတဲ့အကြောင်းအရာက လူပေါ်မှာ မူတည်ပြီးဖြစ်ကြပါတယ်။ ကို စူးစမ်း..လာပြီဆိုရင်တရားကြောင်းဆွေးနွေး ဖြစ်ကြတာများသလို…. ကိုပရီးမီးယားလာတဲ့ညတွေမှာ ဘောလုံးပွဲအကြောင်း ငြင်းကြပါတယ်။ ကိုဗိုက်ကလေးတို့ ဦးဆောင်ပြီဆိုရင်တော့……………..
ကိုစူးစမ်းက ဗုဒ္ဓဘာသာဝင် တစ်ဦးမဟုတ်ပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာ အကြောင်းကို အလွန်လေ့လာပါတယ်။ မိရိုးဖလာဗုဒ္ဓဘာသာဝင် တဦးထက် ဗုဒ္ဓဘာသာအကြောင်းကို ပိုလေ့လာပြီးသိရှိတယ်ဆိုရင် မှားမယ်မထင်မိ ပါဘူး။ ကိုစူးစမ်းဟာ ဗုဒ္ဓဘာသာဝင် မဟုတ်တာကလွဲလို့ ရပ်ရေး… ရွာရေးသာရေး…နာရေး..လူမှုရေးစတဲ့ကိစ္စများကို ကျိုးစားဆောင်ရွက်တတ် ပါတယ်။ ညအခါ ဗိုင်ငင်မကျည်းပင်ကြီးအောက်က ဘာသာရေး စကားပွဲများမှာ ကိုစူးစမ်း မပါလျှင် ပွဲမစည်ဟုဆိုရမလိုပါပဲ။ ကိုစူးစမ်းက ဘာသာရေးကြောင်းတရားကြောင်းများကိုမေးလေ့ စူးစမ်းလေ့ရှိပြီး သူအမြင် မရှင်းသောအယူအဆများကိုထောက်ပြတတ်ပါတယ်။ သို့သော်…ပုတ်ခတ်ခြင်း…ပျောင်လှောင်ခြင်း…ထိပါးလိုခြင်းစသည်များတော့ မရှိပါဘူး။ ဗိုက်ကလေးတို့ ကိုသော်ဇင်တို့ အလင်းဆက် တို့ ကိုကြောင် ကြီးတို့ စတဲ့ရွာလူငယ်လူလတ်အများစုက ဗုဒ္ဓဘာသာဖက်က ခုခံကြပါ တယ်။ သူတို့နားလည်သလောက်ရှင်းပြကြပါတယ်။အဲဒီလိုတွေကြောင့်ပဲ ရွာမှ လူလတ်လူငယ်များ ဘာသာရေးကို ပိုပြီးစိတ်ဝင် စားလာကြတယ်။ ပိုမိုလေ့လာရကောင်းမှန်းသိလာတယ်လို့တောင်ဆိုချင်ပါတယ်။ ကိုစူးစမ်းကို သူတို့ မနိုင်လျှင် ရွာဦးကျောင်းဆရာတော်ထံ သွားမေးမြန်းပြီး ပြန်လည် ရှင်းပြကြပါတယ်။ယနေ့ ကဆုန်လပြည့်နေညမှာ ရွာလယ်ဗိုင်းငင် မန်ကျည်း ပင်ကြီးအောက်က အပင်ခြေကွပ်ပြစ်ကလေးမှာ လူငယ်အတော်များများ စုံလင်နေကြပါပြီ။ တယောက်တပေါက် ကိုပြောချင်ရာ ပြောဆိုပြီးနေကြလို့ ဘာရယ်လို့ မည်မည်ရရတော့လဲ မဟုတ်ပါသေးဘူး။ အဲဒီအချိန်မှာပဲ ကိုစူးစမ်းကစတင်ပြီး အသံလေးမြင့်လို့စကားစလိုက်တာက……….
““ကျွန်တော်…ပြောချင်တာ တစ်ခုရှိပါတယ်။ ဟိုတစ်နေ့က တဆုပ် ဆန်ရံပုံ ငွေနဲ့ ဘုရားတည်ဖို့ကိစ္စကို မင်းတို့ ဘယ်လိုမြင်ကြသလဲ..ငါတော့ အဲဒီ အယူအဆတွေဟာ “ဟိုတုန်းက ရွေတိဂုံ ဘုရားကြီးက ရွှေတွေကိုတိုင်းပြည် အတွက်အသုံးချရရင် ကောင်းမှာပဲလို့ဆိုကြတဲ့ ကွန်မြူနစ်ဝါဒ သဘော သက်ရောက်တယ်လို့ မင်းတို့ မထင်ကြဖူးလား။ ငါတော့ အဲဒီဝါဒကြီးလို့ ထင်တယ်ဗျာ။မင်းတို့ဘုန်းကြီးက ကွန်မြူနစ်ဝါဒများ ဖြစ်နေလား။ ငါစဉ်းစား မိတာပြောတာနော်…””
ထိုအခါ ၇=နှစ်သားကတည်းက မိဘနှစ်ပါးလုံး ဆုံးသွားလို့ ရွာဦးကျောင်း ဆရာတော်ကကျောင်းခေါ်ပြီး ကျောင်းထား ပညာသင်ပေးလို့ဘုန်းကြီး ကျောင်းကနေ တက္ကသိုလ်ပထမနှစ်တက်ရောက်နေတဲ့ မောင်ကံကောင်း ကခုလိုရှင်းပြပါတယ်။
““အဲ…လိုမဟုတ်ပါဘူးကိုစူးစမ်း။ အဲဒီညက ရွာထဲကလူတွေပြန်သွားတော့ ကျွန်တော်ကိုဆရာတော်က ပြောပါတယ်။ အင်း…ငါ့ကိုကွန်မြူနစ်လို့ပြော ချင်လဲ ပြောနိုင်တယ်တဲ့။ တကယ်တော့ စကားတစ်လုံးပြောလိုက်တဲ့အခါ အဲဒီစကားကိုကွန်မြူနစ်တို့….ဒီမိုကရေစီတို့..ဆိုရှယ်လစ်တို့ဆိုတဲ့ ခေါင်းစီး တစ်ခုခုအတတ်ခံရရင် အများအားဖြင့်တော့ လွဲတော့တာပဲ။ ဘာကြောင့်လဲ ဆိုရင်…ပြောလိုက်တဲ့စကားလေးတစ်ခွန်းကို မသုံးသပ်မဆင်ခြင်တော့ဘဲ ၀ါဒတစ်ခုလုံးနဲ့ ဖိချလွှမ်းမိုးမှုခံလိုက်ရပြီးမှ….သုံးသပ်လိုက်ကြလို့ပဲ။
ဘာသာရေးတွေမှာဆိုပိုဆိုးတယ်။ ဗုဒ္ဓဘာသာ…ခရစ်ယာန်..အစ္စလာန်… ဟိန္ဒူ..မဟာယာန…ကျောက်သင်္ဘော…ရှင်ဥက္ကဋ္ဌ..အဲဒီလိုဝါဒတွေနဲ့ စကား တလုံးကို ဝေဘန်ဆုံးဖြတ်လိုက်တော့ မမှန်တော့ဘူး။ စကားတခွန်းကို အဲဒီလိုဝါဒ တခုခုထဲဆွဲသွင်းပြီးဆုံးဖြတ်လိုက်တဲ့အခါ အဲဒီဝါဒရဲ့ လိုအပ် ချက်.. ပိုအပ်ချက်တွေပါ အဲဒီစကားလုံးမှာ တာဝန်တွေပိသွားတော့တယ် တဲ့။အဲဒီစကားလုံးကို အဲဒီဝါဒတွေက ဖုံးဖိသွားတော့တာပဲ။
တကယ်က စကားတစ်ခွန်းပြောလိုက်တယ်ဆိုရင် အဲဒီစကားကိုပဲ အကောင်း အဆိုး…လူကိုအကျိုးပြု..မပြု ဝေဘန်သုံးသပ်ရမှာ။ ရွေတိဂုံဘုရားက ရွှေတွေကိုခွာပြီး နိုင်ငံအတွက် အသုံးပြုရင်ကောင်းမယ်ဆိုတဲ့အယူအဆလဲ တကယ်တော့ မကောင်းပါဘူး။ ဘာကြောင့်လဲဆိုရင် လူတွေရဲ့ ယုံကြည် မှုနဲ့ လှူဒါန်းထားတဲ့ အရာတွေကို အဲဒီလိုလုပ်ရင် လှူထားတဲ့လူတွေရဲ့ စိတ်ဓာတ်တွေ ကိုစော်ကားသလိုဖြစ်မှာပေါ့။ နောင် ဘ၀ငရဲ့ကျတာ.. မကျတာနဲ့ မပြောပါနဲ့။လက်ရှိမှာကို လှူထားသူ လူတွေရဲ့ စိတ်ဓာတ်… ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ဓာတ်တွေကို စော်ကားသလိုဖြစ်တာ ဘယ် ကောင်းမှာလဲ…ဒါဟာလဲ လူ့လမ်းစဉ်မဟုတ်ဘူး။
ခုပြောချင်တာကတော့ နောက်ထပ်ရွှေတွေကိုဆက်လှူနေတဲ့အပေါ်မှာပဲ စဉ်း စားဖို့ပါ။ ရွှေတွေတပြောင်ပြောင်နဲ့ရှိနေတဲ့ဘုရားကို ရွှေတွေထပ်ကပ် တာမျိုး ကိုစဉ်းစားရမှာပါ။ ဘယ်လိုအကျိုးတွေများမှာလဲ။ တချို့ဘုရား တွေဆို ဘုရား ရုပ်ပျောက်ပြီး ရွှေတုန်းကြီးတွေဖြစ်နေတဲ့ အထိဖြစ်လာ ပါတယ်။ အဲဒီလို စကားကို မျှမျှတတ အလယ်အလတ် သုံးသပ်တတ်ဖို့ အလွန်အရေးကြီးပါ တယ်။
နောက် တခြားနိုင်ငံတွေမှာဆို ဘုရားတွေကို ကျွန်တော် တို့နိုင်ငံလို ရွှေတွေမချကြပါဘူးတဲ့။ သူတို့နိုင်ငံတွေ အဲလိုတွေမလှူလို့ဆိုပြီးလဲ မွဲမနေ ပါဘူးတဲ့။ ဟိုတလောက တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားပြောသွားတဲ့ စကားကို ဆရာတော် သိပ်ကြိုက်တာပဲတဲ့။ အဲဒီစကားက ““ကမ္ဘာမှာ.. ဘာသာရေးတွေကနေ လွတ်တဲ့ လူသားတိုင်းလက်ခံနိုင်တဲ့ လူ့စည်းကမ်း လူကျင့်ဝတ် လူ့ဥပဒေ ဆိုတာ ရှိသင့်ပြီတဲ့”” အဲဒီစကားကို ဆရာတော် သိပ်သဘောကြ တာပဲ။ ခဏခဏပြောတယ်။
နောက် ဆရာတော် ခဏခဏပြောတဲ့စကားလဲရှိသေးတယ်။ သိပ္ပံပညာရပ် ဟာ သိပ်တိုးတက်တာပဲတဲ့။ လူသားတွေကို အများကြီးလဲ အကျိုးပြုပါတယ် တဲ့။ သိပ္ပံပညာက လူသားတွေကို ဆိုးကျိုးပြုတယ်ဆိုတာက အသုံးပြုတဲ့ လူသားတွေရဲ့ အသိကြောင့်သာ ဆိုးကျိုးဖြစ်ရတာပါတဲ့။ ကျောက်တောင် တွေခွဲပြီး လမ်းတွေဖောက်ဖို့တည်ထွင်ခဲ့တဲ့ မိုင်းတွေကို လူတွေက စစ်တိုက်တဲ့နေရာတွေမှာ သုံးကြတာဟာ သိပ္ပံပညာရပ်နဲ့မဆိုင်ဘူး။ အသုံးပြုတဲ့ လူ့အသိနဲ့ပဲပိုဆိုင်မယ်ထင်တယ်တဲ့။ အဲဒီလိုသိပ္ပံပညာ တိုးတက်တာကတော့ အမြဲတမ်းစူးစမ်းလေ့လာနေလို့…အသေဆုပ်ကိုင် ထားတာမရှိလို့။ လက်တွေ့သဘောတရားတွေအပေါ်မှာ အခြေခံလို့တဲ့။
ဘာသာရပ်တွေဟာ လက်တွေ့ကိုအခြေခံတယ်။ လက်တွေကို သက်သေပြု တယ်။ လက်တွေ့ကို အခိုင်အမာထားတယ်။
ဘာသာရေးတွေကတော့ သိပ်မတိုးတက်ဘူးလို့ဆိုချင်တယ်တဲ့။ ဘာကြောင့် လဲဆိုရင် ဘာသာရေးဟာ ကျမ်းစာတွေအပေါ်မှာအခြေခံတယ်။ ကျမ်းစာ တွေကို သက်သေထူကြတယ်။ ကျမ်းစာတွေနဲ့ ဆုံးဖြတ်ကြတယ်။ ကျမ်းစာ တွေကို အခိုင်အမာထားကြတယ်။ဒါက ဘာသာတိုင်းပဲတဲ့။ ကျမ်းစာနဲ့သာ မကိုက်ရင်တော့ ““ကျားကျားကွာမီးယပ် လို့ လုပ်တတ်ကြတယ်တဲ့”” ဒီစကားတွေကို ဆရာတော်ခဏခဏ ပြောတတ်ပါတယ်။
ထားပါတော့လေ….ကျွန်တော့်ကိုဆရာတော်ပြောတာကတော့ စကား တစ် လုံးကို ၀ါဒတစ်ခုလုံးနဲ့မဖုံးဖိသင့်ဘူးဆိုတာပါပဲ။ဒါကြောင့် ကိုစူးစမ်းပြော သလို မဟုတ်ပါဘူးဆိုတာပါပဲ။
ကျွန်တော့်သဘောလေးထပ်စွက်ပြောရရင် ရွှေတိဂုံဘုရားက ရွှေတွေကို ခွာပြီး နိုင်ငံအတွက်အသုံးပြုရအောင်ဆိုတဲ့ အကြံအစည် အပြောအဆို ဟာလဲ မကောင်းပါဘူး။ယုံကြည်လှူဒါန်းထားသူ လူတွေရဲ့စိတ်ဓာတ်တွေကို စော်ကားရာရောက်ပါတယ်။ ခုဆရာတော်ရည်ရွယ်လိုက်တာက အဲဒီလိုရွှေ တွေကို ချနေဖို့ကိုလဲ စဉ်းစားသုံးသပ်သင့်ပါတယ်။ ဘုရားသာ သက်ရှိ ထင်ရှားရှိနေမယ်ဆိုရင်…..အဲဒီလိုလုပ်နေတာတွေကို ပြုံးပြုံးကြီး ကြည့်ပြီး ကျေနပ်နှစ်သက်နေမလား။ လူသားတွေ အကျိုးများဖို့…လူသားတွေ ချမ်း သာဖို့…..လောကကြီး စောက်ရှောက်ဖို့ အတွက်….အသိတရားတွေ လူတွေထဲပျံ့နှံ့အောင် အသိတရားဖြန့်ဖြူးရေးတာဝန်ထမ်းဆောင်ကြမယ့် သာသနာ့ဝန်ထန်း(ဘုရားအဆုံးအမတွေပျံ့နှံ့အောင်တာဝန်ထမ်းဆောင် နေ သူ) ရဟန်းတွေကိုတောင် မုန့်တွေအလှူခံရင်လဲ ၂=၃=သပိတ် ထက် ပိုအောင်အလှူမခံကြဖို့…ဆွမ်းကိုလဲ လှူသူမရှိရင် ကိုယ့်ချေထောက် ကိုအားကိုးပြီးအလှူခံစားကြဖို့…..၀တ်စရာမရှိခဲ့ရင်လဲ …လမ်းတွေ့တဲ့အ ၀တ်တွေကို ဖာထေးချုပ်စပ်ဝတ်ကြဖို့…..နေစရာကိုလှူသူမရှိခဲ့ရင်လဲ… သစ်ပင်အောက်တွေ နေကြဖို့…….မှာတမ်းတွေကိုလဲ သတိလေးပြုစေချင် ပါတယ်ဗျာ””
အဲဒီအခါမှာ ကာလသားတွေကြားလဲအမြဲတမ်းလိုလိုပါတဲ့…ကိုဗိုက်ကလေး အားလေးလျှာလေးနဲ့တိုးတိုးလေးငြီးသလိုပြောလိုက်တာက….တက္ကသိုလ် တက်နေတဲ့ ဘုန်းကြီးကျောင်းသားပီသပါတယ်။မောင်ကံကောင်းရယ်။ မင်း ပြောတဲ့စကားတွေနားထောင်လိုက်ရတော့ မရှိကြတော့တဲ့ မင်းရဲ့မိဘတွေ ကိုငါသတိရလိုက်တာကွာ……မင်းခုလိုတက္ကသိုလ်ကျောင်းသားကြီးဖြစ်ပြီး ခုလိုပြောတတ်ဆိုတတ်တဲ့ လူငယ်လေးဖြစ်နေပြီဆိုတာ မင်းမိဘတွေ မြင် ချင်စေလိုက်တာကွာ မောင်းကံကောင်းရယ်။ မင်းကတော့ မောင်ကံကောင်း ဆိုတဲ့အတိုင်း နာမည်နဲ့လူနဲ့လိုပ်ပါတယ်။ငါ့မှာသာ…

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..