1 တောင်ကြီးမြို့ကို ရွှေဘုန်းပွင့်တောင်ပေါ်က မြင်ရတာအလည်မှာဘော့လုံးကွင်း

2 အနောက်မြောက်ဘက်ခြမ်း (ကျှီးဖြူကန်ကိုမြင်နေရတယ်)

3 တောင်ဘက်ခြမ်းမှာမြင်ရတဲ့ တောင်ချွန်း..........................

4 အလည်တည့်တည့်မြင်ကွင်း

5 တောင်ကြီးမြို့အရှေ့ဘက်တောင်ပေါ်က ရွှေဘုန်းပွင့်စေတီတော်

 

6 ရွှေဘုန်းပွင့်စေတီ ......................................

7 မြောက်ဘက်ခြမ်းကနေ အဝေးကိုမျှော်ကြည့်တာလေ

8 တောင်ဘက်က အစွန်းထွက်နေတဲ့တောင်ချွန်းစေတီ

 

9စိမ်းစိုးလန်းဆန်းသောမြင်ကွင်း.................အဝေးမှာတိမ်တွေလွင့်...............

10 လွမ်းစရာကောင်းတဲ့မြင်ကွင်းပါ

 

11 ဆင်သလိုလိုရိပေမယ့် မတူတဲ့ မြင်ကွင်း

12 အောက်တစ်ဆင့်ကနေဆင်းရိုက်ကြည့်တာ

13 တိမ်တောင်ထုအောက်က တောင်ကြီးမြို့

14 အဝေးကမြင်ရတဲ့စေတီ

 

15 ကြည့် မ၀ ရူ့မဝ

“တောင်ပေါ်မြို့ကို တောင်ပေါ်မှ ငုံ့ကြည့်ခြင်း”

 

 

တောင်ကြီးမြို့ကို ပထမဆုံးအကြိမ်စရောက်တော့ မြို့အရှေ့ဘက်တောင်အမြင့်ကြီးပေါ်မှာ

ရွှေရောင်ဝင်းနေတဲ့စေတီတစ်ဆူကိုတွေ့ရပါတယ်။

ကိုယ့်မြိုသာ ဆိုရင်တော့ မရောက်ရောက်အောင်သွားဖြစ်မယ် ထင်ပါရဲ့။

အခုတော့ အဝေးက သာလွမ်းခဲ့ရပါတယ်။

ဒီတစ်ခေါက်တော့ မြို့ခံမိတ်ဆွေက လိုက်ပို့မယ်ပြောတော့ အတော်ဝမ်းသာသွားပါတယ်။

မြို့အရှေ့မြောက်ဘက်လမ်းကနေ တောင်ပေါ်တက် ရတာ ဝေးလဲဝေး အတော်လဲမတ်စောက်ပါတယ်။

ကားပေါ်ကလှမ်းကြည့်ရတာ အတော်လေးကို လှပတဲ့မြင်ကွင်းတွေတွေ့ရပါတယ်။

ကိုယ်ဘာသာကိုယ်လာတာဆိုရင် ကားရပ်ပြီး ဓါတ်ပုံရိုက်မိမှာအမှန်ပါဘဲ။

တောင်ပေါ်ရောက်တဲ့အခါမှာ အနောက်ဘက်ခြမ်းကို ကြည့်တော့ တောင်ကြီးတစ်မြို့လုံးကို စီးမြင်နေရပါတယ်။

ရွှေဘုန်းပွင့် စေတီရင်ပြင်က တက်ကြည့်တာပါ။

တောင်ကြီးမြို့ကသုံးလိုက်သမျှ ရေတွေကိုသိမ်းပေးထားတဲ့ ကျီးဖြူကန်ကိုလဲ မြင်ရပါတယ်။

အဝေးမှာ မီးခိုးလေးတွေထွက်နေရတာမြင်ရတာကလှတပတ။

လှပသောမြင်ကွင်းလေးများကို မျှဝေပေးလိုက်ပါတယ်။

 

 

ကိုပေါက်လက်ဆောင် မြန်မာပြည်က အလှတရားများ

(14-5-2012)

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1597 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။