တောင်ပေါ်မြို့ကို တောင်ပေါ်က ငုံ့ကြည့်မိခြင်း

1 တောင်ကြီးမြို့ကို ရွှေဘုန်းပွင့်တောင်ပေါ်က မြင်ရတာအလည်မှာဘော့လုံးကွင်း
2 အနောက်မြောက်ဘက်ခြမ်း (ကျှီးဖြူကန်ကိုမြင်နေရတယ်)
3 တောင်ဘက်ခြမ်းမှာမြင်ရတဲ့ တောင်ချွန်း..........................
4 အလည်တည့်တည့်မြင်ကွင်း
5 တောင်ကြီးမြို့အရှေ့ှဘက်တောင်ပေါ်က ရွှေဘုန်းပွင့်စေတီတော်

 

6 ရွှေဘုန်းပွင့်စေတီ ......................................
7 မြောက်ဘက်ခြမ်းကနေ အဝေးကိုမျှော်ကြည့်တာလေ
8 တောင်ဘက်က အစွန်းထွက်နေတဲ့တောင်ချွန်းစေတီ

 

9စိမ်းစိုးလန်းဆန်းသောမြင်ကွင်း.................အဝေးမှာတိမ်တွေလွင့်...............
10 လွမ်းစရာကောင်းတဲ့မြင်ကွင်းပါ
 

11 ဆင်သလိုလိုရိပေမယ့် မတူတဲ့ မြင်ကွင်း

12 အောက်တစ်ဆင့်ကနေဆင်းရိုက်ကြည့်တာ
13 တိမ်တောင်ထုအောက်က တောင်ကြီးမြို့
14 အဝေးကမြင်ရတဲ့စေတီ
 

15 ကြည့် မဝ ရူ့မဝ
“တောင်ပေါ်မြို့ကို တောင်ပေါ်မှ ငုံ့ကြည့်ခြင်း”

 

 

တောင်ကြီးမြို့ကို ပထမဆုံးအကြိမ်စရောက်တော့ မြို့အရှေ့ဘက်တောင်အမြင့်ကြီးပေါ်မှာ

ရွှေရောင်ဝင်းနေတဲ့စေတီတစ်ဆူကိုတွေ့ရပါတယ်။

ကိုယ့်မြိုသာ ဆိုရင်တော့ မရောက်ရောက်အောင်သွားဖြစ်မယ် ထင်ပါရဲ့။

အခုတော့ အဝေးက သာလွမ်းခဲ့ရပါတယ်။

ဒီတစ်ခေါက်တော့ မြို့ခံမိတ်ဆွေက လိုက်ပို့မယ်ပြောတော့ အတော်ဝမ်းသာသွားပါတယ်။

မြို့အရှေ့မြောက်ဘက်လမ်းကနေ တောင်ပေါ်တက် ရတာ ဝေးလဲဝေး အတော်လဲမတ်စောက်ပါတယ်။

ကားပေါ်ကလှမ်းကြည့်ရတာ အတော်လေးကို လှပတဲ့မြင်ကွင်းတွေတွေ့ရပါတယ်။

ကိုယ်ဘာသာကိုယ်လာတာဆိုရင် ကားရပ်ပြီး ဓါတ်ပုံရိုက်မိမှာအမှန်ပါဘဲ။

တောင်ပေါ်ရောက်တဲ့အခါမှာ အနောက်ဘက်ခြမ်းကို ကြည့်တော့ တောင်ကြီးတစ်မြို့လုံးကို စီးမြင်နေရပါတယ်။

ရွှေဘုန်းပွင့် စေတီရင်ပြင်က တက်ကြည့်တာပါ။

တောင်ကြီးမြို့ကသုံးလိုက်သမျှ ရေတွေကိုသိမ်းပေးထားတဲ့ ကျီးဖြူကန်ကိုလဲ မြင်ရပါတယ်။

အဝေးမှာ မီးခိုးလေးတွေထွက်နေရတာမြင်ရတာကလှတပတ။

လှပသောမြင်ကွင်းလေးများကို မျှဝေပေးလို်က်ပါတယ်။

 

 

ကိုပေါက်လက်ဆောင် မြန်မာပြည်က အလှတရားများ

(14-5-2012)

 

 

 

25 comments

  • windtalker

    May 16, 2012 at 9:22 am

    တောင်ပေါ်က ပေါက်ပေါက်
    ကင်မရာကိုင်ပြီးလျှောက်
    ရှမ်းမလေးက ဖွေးဖွေး
    ပအို့မလေးက ပြေး
    မပြေးပါနဲ့ကလေးမရယ်
    ကိုပေါက် ရိုက်ချင်တယ်
    အလှတရားတွေ သေချာရွေး
    ဂေဇက်တင်မယ်ဝေး ။

    • zarlay

      May 17, 2012 at 1:40 pm

      တော်လှချည်လား ကဗျာစပ်တာ

  • Shan Gyi

    May 16, 2012 at 9:23 am

    ဆရာပေါက် ရွေဘုန်းပွင့်စေတီ ရင်ပြင်တော်ပေါ်မှာရှိတဲ့ တောင်ကြီးမြို ့ကို အပေါ်စီးကနေ လက်ညိုးညွှန်ဗြာဒိတ်ပေးနေတဲ့ မတ်တပ်ရပ် ဆင်းတုတော် အကြီးကြီးရှိတယ်ဗျာ
    အဲဒါ ရိုက်ခဲ့ရမှာနော် ပြီးတော့ ရွှေဘုန်းပွင့်ရောက်နေပြီ ပတ္တမြားဂူရောက်ခဲ့ဘူးလားဟင်

  • Thel Nu Aye

    May 16, 2012 at 9:29 am

    ကျွန်မတို့ငယ်ငယ်တုန်းကတော့တောင်ပေါ်ကနေလှမ်းကြည့်လိုက်ရင် သစ်ပင်တွေအများကြီးတွေ့ရတယ်။ အခုတော့ သစ်ပင်တွေတော်တော်ကိုနဲသွားပြီနော်။ စိတ်တောင်မကောင်းဘူး။

    • Shan Gyi

      May 16, 2012 at 9:37 am

      ကျွန်တော်တို့ ၄ တန်းလောက်မှာ တောင်အလယ်မှာ ကန့်လန့်ဖြတ်ပြီး ရထားလမ်းဖောက်လိုက်တယ်၊
      အဲဒီရထားလမ်း အခုထိ ရထားသွားတာ မတွေ့ဖူးပါ၊ အဲဒီနောက်ပိုင်း တတောင်လုံးမှာရှိတဲ့ ချယ်ရီပင်တွေကို
      တပ်ကြပ်အဆင့်ရှိတဲ့လူတွေကို ခုတ်ခွင့်ပေးတယ်၊ အကုန်ရှင်းတာ၊ ချယ်ရီမြေကို နာမ်နှိမ်တယ်လို့ တချို ့လူကြီး အသိုင်းအဝိုင်းက ပြောတာကို မှတ်သားခဲ့ရဖူးပါတယ်ဗျ
      နောက်ပိုင်း တောင်ကလည်း ကတုံးဖြစ်လာတယ်၊ တောင်ကြီးကနောက်ပိုင်း ပူလည်း ပူလာတယ်

      • Thel Nu Aye

        May 16, 2012 at 10:10 pm

        ဟုတ်တယ်။ အခုသတိထားလိုက်မိတယ်။ သစ်ပင်တွေတအားနဲသွားတာကိုမြင်နေရတယ်။ စိတ်တကယ်မကောင်းဘူး။ နှမျောလိုက်တာ။

  • etone

    May 16, 2012 at 10:00 am

    တောင်ပေါ်ကနေ ..အောက်ကို ငုံ့ကြည့်လျှင် ..ရင်ထဲ တလှပ်လှပ်ဖြစ်ရတဲ့ ဖီလင်လေးကို သဘောကျတယ် … ။
    မူးချင်သလိုလို .. ဝေချင်သလိုလိုနဲ့ …. ဒိုင်ဗင်ထိုးလေဟုန်စီးချင်တဲ့ မဟုတ်မဟတ်စိတ်ကို … မနည်းမြိုသိပ်ထားရတယ် … အခုပုံလေးတွေကို ပြန်ကြည့်ရင်း …. အဲ့လိုစိတ်ပြန်ဖြစ်ပေါ်လာတယ် ..အဟီး 😛

  • Khaing Khaing

    May 16, 2012 at 10:14 am

    လေးပေါက် တောင်ပေါ်မြို့ကလေးရဲ့ မြင်ကွင်းလေးတွေကမရိုးနိုင်စရာပါနော် …….. အားပေးသွားပါတယ် လေးပေါက်နဲ့မဒန်ပေါက်ကို ချီးကျူးပါတယ် ဒီလိုအရွယ်မှာ တက်တက်ကြွကြွနဲ့ ခရီးရှည်ကိုဆက်နိုင်တဲ့ အတွက်လေ …… မဒန်ပေါက်ရော မန်းရောက်တော့ အေးအေးဆေးဆေးပဲလား ခရီးတွေရှည်လို့ ပင်ပန်းသွားလားလေးပေါက် …… ပင်ပန်းမယ်တော့မထင်ပါ …….. လေးပေါက်ရဲ့အချစ်ခွန်အားတွေ ကြောင့်လေ …….. အဟီးးးးးးးးးး

  • ဦးဦးပါလေရာ

    May 16, 2012 at 10:49 am

    ကျွန်တော်တော့ မရောက်ဖုူူးသေးဘူး
    နောက်မှသွားမယ် ဆိုပြီး ရက်ရွှေ့ရွှေ့နေတာလေ။
    အမြင်အရရော သူများပြောတာအရရော တော်တော် နေ ဘို့ကောင်းမယ့် ပုံပါပဲ။
    ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး- တောင်ကြီးသားတွေ မန္တလေးတို့ တခြားမြို့တို့ကို ပြောင်းနေကြတာအများကြီးပဲနော်။

    ဓါတ်ပုံလေးတွေကြည့်ရတာ အေးချမ်းကြည်နူးစရာပါ ကိုပေါက်ရေ..။

  • water-melon

    May 16, 2012 at 11:17 am

    သများအတွက် တောင်ကြီးသူတွေရိုက်မလာဘူးလားဟင်
    အဟင့်

  • ကျနော်ကိုလိုက်ပို့တဲ့သူက လူကြီးဖြစ်နေတော့ သူပို့တဲ့နေရာလောက်နဲ့ဘဲငြိမ်နေခဲ့ရတာ.
    တကယ်လို့များရွာသူားထဲက တစ်ယောက်ယောက်နဲ့သာသွားဖြစ်ရင် နေရာအတော်များများကိုရောက်မှာသေချာတယ်။
    ထပ်သွားချင်ပါသေးတယ်။။
    ဖက်တီးကက်တို့ နွေးသီးတို့ပြောပြတဲ့လိပ်ပြာခင်းကိုလဲသွားချင်ပါ၏။

    • Mလုလင်

      May 17, 2012 at 4:39 pm

      သွားကြတာ ပေါ့ဗျာ …

  • ဗိုက်ကလေး

    May 16, 2012 at 12:26 pm

    ပုံတွေကြည့်ပြီး ဂလိုက်ဒါစီးချင်လိုက်ဒါဗျား

    • windtalker

      May 16, 2012 at 12:52 pm

      ကိုအောင်ပု က သူ ့ဆီမှာ ရှိသတဲ့ ။ စီးမှာရား

  • ရှမ်းကြီးရေ ဒီတစ်ခါတောင်ကြီးရောက်ရင်ဆက်သွယ်လိုက်မယ်။
    လမ်းလျှောက်ပြီးတက်ရအောင်နော်။
    ပြီးရင်မြင်သမျှဓါတ်ပုံရိုက်ရုံ့ဘဲ။

    • Shan Gyi

      May 17, 2012 at 10:41 am

      ဆရာပေါက်ရေ လောလောဆယ်တော့ ရေကြည်ရာ မျက်နုရာရှာရင်းအဝေးရောက်နေတယ်ဗျာ
      သိတယ်မဟုတ်လား ဘဝက အရောင်နဲ့အရုပ်ကို စိတ်ကြိုက်ရွေးခွင့်မရှိဘူးဗျ
      ဆေးစက်ကျရာ အရုပ်ထင်ရတာကိုး 🙁
      ကျွန်တော်ရှိနေတဲ့အချိန်နဲ့ ကြုံကြိုက်ခဲ့ရင် ဆရာပေါက်တို့ကိုကောင်းကောင်းလိုက်ပြချင်တယ်ဗျာ

  • မဟာရာဇာ အံစာတုံး

    May 16, 2012 at 7:57 pm

    ဖေဂျီး
    ငုံ့ကြည့်တော့ ဘာတွေ့ရတုံးဟင် … 😀
    နောက်ထှာပါ ..
    ရွှေဘုန်းပွင့် စေတီကို လာရောက် ဖူးမြော်သွားပါဂျောင်း …
    ဖေဂျီး ငုံ့ကြည့်သလို သားသားလည်း အောက်ကို ငုံ့ကြည့်သွားပါဂျောင်း ..
    😀

  • pooch

    May 16, 2012 at 9:47 pm

    ဟုတ်တယ် အပင်တွေ နည်းသွားပြီ ။ ပြန်စိုက်တဲ့ အစီအစဉ်လေးတွေ မစသေးဘူးလားမသိဘူး။

  • MaMa

    May 17, 2012 at 12:07 am

    မြန်မာပြည်မှ အလှတရားတွေကို မှတ်တမ်းတင်တာတွေ့မှ သတိရမိတယ်။
    ဦးဝိစာရလမ်းကြီးကို လမ်းလယ်ကျွန်းတွေ ဖြိုပြီး ရေတမာပင်တန်းလေး မရှိတော့ဘူး။
    တစ်ဝက်တစ်ပျက်ကျန်နေတုန်း မှတ်တမ်းတင်ထားမှဆိုပြီး ခုထိ မရိုက်ဖြစ်သေးဘူး။ 🙁
    နီးစပ်သူများ မှတ်တမ်းတင်နိုင်ကြရင် မှတ်တမ်းတင်ဖြစ်စေချင်ပါတယ်။

  • kyeemite

    May 17, 2012 at 8:36 am

    ကြီးမိုက်စတိုင် အတိုင်းဘဲမန့်လိုက်မယ်ကိုပေါက်ရေ…တော်တော်လိုက်ဘက်လို့ပါ..
    “..“ကောင်းလိုက်တဲ့ ရိုက်ချက်..
    ဓါတ်ပုံတွေတော်တော်လှတယ်ဗျို့…ဒေသမျိုးစုံခရီးတွေသွားပြီး ကွန်နက်ရှင်မကောင်းတဲ့ကြားက ဓါတ်ပုံလေးတွေတင်ပေးတာ ကျေးကျေးပါ…အားပေးသွားပါတယ်ဗျို့”…

  • ညလေး

    May 17, 2012 at 10:49 pm

    အလည်တခေါက်လောက်ရောက်ချင်ပါဘိ……
    အဝေးကနေမြင်ရတဲ့စေတီကိုဖူးမျှော်သွားပါ၏…….

  • ကံကောင်းလို့ ခရီးသွားခွင့်ကြုံတဲ့အခိုက်
    မိတ်ဆွေတွေကို လက်ဆောင်ပေးနိုင်တာကတော့
    ဓါတ်ပုံပါဘဲ။
    ဒါကြောင့် လဲ ကျနော် အောက်ခြေစာတန်းကို နာမယ်ပြောင်းလိုက်တာပါ.
    “ကိုပေါက်လက်ဆောင် မြန်မာပြည်မှ အလှတရားများ”လို့။.
    ဖေစ်ဘုတ်မှာလဲ နေ့တိုင်းပုံတွေတင်ပေးနေပါတယ်။
    အဲဒီမှာတော့ တစ်ပုံခြင်းဘဲ တင်ပါတယ်။

  • ကိုပေါက်ရေ. ကျနော့်ထက် အမြင်ပိုတော်လို ့ပုံလေးတွေ ပိုလှပါတယ်ဗျ။
    ကျနော် ရိုက်ယူထားတဲ့ပုံလေးတွေက လိုနေသေးသဗျ နော်။

  • တောင်ကြီးပြီးတော့ အောင်ပန်းရောက်သွားတာဗျ.
    အောင်ပန်းဘက်က ပုံတွေတင်မယ်လုပ်မှ ကော်နက်ရှင်က သိတော်မူတဲ့အတိုင်း စိတ်ကောက်နေပြန်ပါတယ်.
    စောင့်ပေအုံးတော့နော်

Leave a Reply