မိတ်ဆက်ရင်းလေကန်
မင်္ဂလာ ပါလို့လှည်းနေလှေအောင်း BE ဆိုင်ပါမကျန်နုတ်ခွန်းဆက်သပါတယ်ဗျား
ကျွန်တော်ရွာစွန်ရွာဖျားမှာနေလာတာအတော်ကြာပါပြီ
စကားနည်းလို့မိတ်မဆက်မိဘူးပေါ့ဗျာ
ဒီနေ့တော့ပျင်းတာနဲ့မိတ်ဆက်ရင်းအာချောင်ချင်လာပါတယ်
ကျွန်တော်ရဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေ တွေးမိတဲ့ခံစားချက်လေးတွေ ဖြတ်သန်းခဲ့ရတဲ့ဘဝလေးတွေကို
ရွာနေလူပေါင်းနဲ့မျှဝေချင်လို့ပါ
သဘောထားချင်းတိုက်ဆိုင်တဲ့သူရှိနိုင်သလို
မတိုက်ဆိုင်သူများလည်းရှိမှာပါ
မတူနိုင်တဲ့အမြင်တွေရှိနိုင်တာမို့ ဒီမိုကရေစီ
ကျကျလက်ခံထားပါတယ်
ပထမသဘောထားချင်တိုက်ဆိုင်တဲ့သူနဲ့မတိုက်ဆိုင်တဲ့သူရွေးထုတ်ပါရစေ
သဘောထားချင်းတိုက်ဆိုင်သူတွေကိုတော့ရန်ကုန်နဲ့မန္တလေးက
ဆီဒိုးနားဘေးကဆိုင်မှာဧည့်ခံချင်လို့ပါ
ကျွန်တော်အမေစုကိုထောက်ခံပါတယ်
ဘာဖြစ်လို့လဲဆိုတော့အမေစုကြောင့်ဒီတိုင်းပြည်ပြောင်းလဲခြင်းရဲ့လမ်းစကိုရောက်လာလို့ပါ
ဒါပေမဲ့အမေစုမှားရင်လည်းအားမနာတမ်းဝေဖန်အကြံပြုမှာပါ
နောက်ဒီတိုင်းပြည်ရဲ့မြေပုံကိုအဒွန့်တက်ပြီးမချဲ့ချင်ပါ မလျှော့ချင်ပါ
စစ်ပွဲတွေကိုဆန့်ကျင်ပါတယ်
ရိုဟင်ဂျာကိုနိုင်ငံသားမသတ်မှတ်နိုင်ပါ
ဒါတွေကအားလုံးဆန္ဒနဲ့ကိုက်ညီမယ်ထင်ပါတယ်
နောက်ကျွန်တော်တို့ရွာမှာရှိတဲ့သူတွေပတ်ဝန်းကျင်ကအလုပ်အကြောင်းတွေရေးစေချင်ပါတယ်
ဆိုလိုတာက တခြားလူတွေလည်းလုပ်လို့ရမဲ့စီးပွါးရေးအမျိုးမျိုးပေါ့
ဒီကလူအတော်များများဝန်ထမ်းတွေဖြစ်နိုင်ပါတယ်
ဒါပေမဲ့ပတ်ဝန်းကျင်ကမြင်သမျှကြားသမျှအလုပ်တွေကိုရေးတင်စေချင်ပါတယ်
သားသားကြီးလာရင်ဆရာဝန်ကြီးလုပ်မယ်တို့ စစ်သားကြီးလုပ်မယ်တို့တော့မပါပါ
နောက်ကမ်းကုန်လို့ရေထဲဆင်းတဲ့အကြောင်းလဲမပါပါ
သဘောက လမ်းဘေးကကွမ်းယာဆိုင် ထမင်းကြော်ဆိုင်ကအစ စက္ကူစက်
လျှပ်စစ် အထွေထွေဝန်ဆောင်မှု့အလယ်
နိုင်ငံခြားအကူအညီနဲ့လုပ်ရင်အောင်မြင်မဲ့လုပ်ငန်းတွေ
သမဝါယမလိုမျိုး အစုစပ်လုပ်ငန်းတွေ
ကိုသိရင်သိသလောက်ဖေါက်သည်ချကြစေလိုပါတယ်
စံပြရွာလေးဖြစ်စေချင်လို့ပါ
အေး ကောင်းတယ် ငါလုပ်နိုင်သားဘဲတို့
ဟုတ်ပြီ ငါတို့ပေါင်းလုပ်ကျရအောင်တို့ဖြစ်စေချင်လို့ပါ
နယ်စပ်နဲ့ပတ်သက်သူကနယ်စပ်အကြောင်းတွေ ကျောက်ဆရာကကျောက်အကြောင်းတွေ
ဆေးဆရာကဆေးအကြောင်း IT ဆိုလည်း IT ပေါ့
ရေးစရာအများကြီးရှိပါတယ်
သကြီးတို့ ဦးဖေါတို့လိုအမြင်ကျယ်သူများနဲ့ အရှေ့ကျွန်း
အနောက်ကျွန်းရောက် ကိုကိုမမတွေကလည်း
ကြက်ကြော်ကြော်ရောင်းတဲ့အလုပ်ကအစ စတော့ရှယ်ယာကစားပုံ
ဘယ်နိုင်ငံမှာဘာလိုနေတယ် ဘာတွေပို့လို့ရမယ်
ဘာတွေလုပ်လို့ရမယ်တို့ အနည်းဆုံးတော့ ဘယ်ဆေးရုံမှာ Nurse
ဘယ်နှယောက်ခေါ်နေတယ် စသဖြင့်ဝင်ရောက်ဆွေးနွေးပေးစေလိုပါတယ်
ဒီရွာမှာလုပ်ချင်ကြတဲ့သူတွေရှိကြမယ်လို့ယုံကြည်ပါတယ်
ဖြစ်နိုင်ရင် ဂေဇက် လိမိတက်ထောင်ကြပေါ့ဗျာ
အလှုအတန်းမှာလဲညီညာကျသားဘဲ
တချို့စာတွေလိုဘာရေးနေတာမှန်းမသိရမဖြစ်စေချင်ပါ
တန်ဖိုးရှိတဲ့စာမျက်နှာတွေဖြစ်လာစေချင်တယ်ဗျာ
မတရားတာတွေလည်းဖေါ်ထုတ်ဆန့်ကျင်ကျပြီး
သတင်းဦးသတင်းထူးများကိုလည်းအမှန်အကန်ရေးကြရင်း
ကျွန်တော်တို့ချစ်တဲ့ရွာကြီးကိုထိန်းသိမ်းပေးကြရအောင်လားဗျာ
***** ချစ်ခြင်းများနဲ့မင်္ဂလာ *****
ကြိုဆိုပါတယ်..
ရေးပါဗျာ..ရေးပါ..။
ရွာထိပ်မြောင်းက.. ပိုးလောက်လန်းအကြောင်းကနေ.. ရွာဦးစေတီ ငှတ်မြတ်နားပေါ်တက် အီးအီးပါတဲ့.. လဒအကြောင်းထိ.. ကြိုက်တာရေး..
ဒေါ်ဘုမ..သာဂိ..ဂွက်ထော်..ဂျမ်းဘုံ.. အကြောင်းရေး..
အရှေ့အရပ်..တောင်မြောက်အပေါ်အောက်.. ရှိရှိသမျှ..သတ္တ၀ါတွေအကြောင်းရေး..
ဘာရေးရေး..
စိတ်ကူးပေါက်ရင်..ပေါက်သလို.. ၀င်ရောက်ဖြည့်စွက်..အားပေးရန်ရှိပါကြောင်းနဲ့..
သဘောတူမျှရင်.. အားပေးထောက်ခံ..သဘောမတူရင်.. ကန့်ကွက်..
ငြင်းခုံခြင်းအနုပညာမြောက်ပါစေလို့..
Was this answer helpful?
LikeDislikeသူကြီးကတော့ကြာလေချစ်ဖို့ကောင်းလာလေဘဲ
ဟဲဟဲ
Was this answer helpful?
LikeDislikeဘီအီးဆိုင်အကြောင်းတွေရေးလို့ ကော ရပါတလား အူးလေး
အူးကလား ဘီအီးက တစ်လုံးဘယ်လောက်..အူးပေ ခွက်ပုန်းဆိုင်က တစ်လုံးဘယ်လောက်..စတဖြင့်..အမြည်းပါမကျန် ရေးချင်လို့ ပါ
Was this answer helpful?
LikeDislikeBE ကိုရေရောတာမဟုတ်ရင်ပြီးရော
အမြည်းအကြောင်းတော့များများထည့်ရေး
ကျွန်တော်ကအမြည်းကြိုက်လို့
Was this answer helpful?
LikeDislikeကောင်းပါ့ဦးလေးရာ
Was this answer helpful?
LikeDislikeဗစ်ကြီး လိုင်စင်ရ ရှယ်ဘီအီးဆိုင်
ဘီအီးတစ်လုံး – 250 ကျပ် ( သံပုရာသီး 1 ဇိတ် ဖရီး )
ဘီအီးတစ်လုံး (ရှယ်) – 325 ကျပ် ( သံပုရာသီး စိတ်ကျိုက် နင့် ရပ်ဆား ဖရီး )
ကြွက်ကြော် (တစ်တုံး) – 50 ကျပ် ( အကြွးယူရင် 60 ကျပ် )
အကြွေးရူထားသူများဇရင်း (အမြန်လာဇပ်ပါ၊ မရလျှင် သဂျီးဦးခိုင် ထိပ်တုံးဇာမိမည်)
မြောင်းတကာ ကိုဗိုက် (မှော်ဘီ မြောင်းတကာတွင်နေသောကြောင့် မဟုတ်ပါ။ မူးမူးပြီး မြောင်းတကာသို့
ခဏခဏထိုးကျတတ်သောကြောင့်ဖြစ်လေအိ) – 473 ကျပ် ( 3 လခန့်ကြာလေပြီ )
ကိုပေ (ဘောပွဲနိုင်ရင်ပြန်ပေးမည်ဟုပြောဘီး သောက်သွားသီ) – 220 ကျပ် (တစ်ပတ်ခန့်ရှိပြီး)
ကိုဂီ ( သဂျီးထံမှ ပွုင့်များထုတ်၍ရလျှင် 2 ဆပြန်ပေးမည်ဟုပြောပြီးသောက်သွားသီ) – 389ကျပ်
မှက်ချက်***နောက်နောင် ရွာထဲတွင် အကြွေးမရောင်းတော့ပါ
ပုံ
ဗစ်ဂျီး
Was this answer helpful?
LikeDislikeဟေးဟေး
ကိုဒေးနဲ့ BE ဆိုင်တွဲဖွင့်ရမကွ
မိတ်ဆက်ခြင်းအထိမ်းအမှတ်နဲ့ ရွာထဲကကျားရော မရော အကုန်အမူးတိုက်ပစ်လိုက်မယ်
အဲ… ကြောင်မျိုးတွေကျတော့ဘာတိုက်ရမလဲ
Was this answer helpful?
LikeDislikeအူး..အူး..ရေးတို့ ကလဲ
တား..တားကိုဘဲ..
ဝိုင်း..၀ိုင်း..ဖဲ့နေတော့ဒါဘဲ
တား..တားက ဘီအီး ဖြတ်ထားတာ..သုံး.သုံးဆယ့်ငါးမိနစ်ရှိတွားပြီ
မြောင်း..မြောင်းထဲ မကျတာလဲ..သုံး..သုံး..ဆယ့်ငါးမိနစ်ရှိတွားပြီ.
အကြွေး..အကြွေးကို..တစ်တိန်းပြည့်ရင် ဆပ်..ဆပ်မယ်.
နော်..နော်..
သ.သ..သဂျီးကို အားကျရို့ 
Was this answer helpful?
LikeDislikeဟဲ့ ဗစ်ကြီး… နင့်ဆိုင်မှာ သောက်ရင် နင်မိန်းမရိုက်မှာစိုးလို့ ငါ့ဆိုင်မှာလာသောက်ထားတဲ့ အကြွေးတွေပြန်ဆပ်အုံးလေ……… တစ်ခါလာလည်း ဟိုအကောင်ဆီကရမှ နောက်တစ်ခါလာ လည်း ဒီအကောင်ဆီကရမှာနဲ့…. ငါ့ဆိုင်အရင်းပြုတ်တော့မယ်… နင်မပေးရင် ဒီတခါ နင်မိန်းမကို တိုင်လိုက်ပြီးမှတ်…
Was this answer helpful?
LikeDislikeဟဲ….မိကောင်းရဲ့…..နင်လည်း ငါ့ဆိုင်လာလာ ဗျင်းတယ်လေ….နာ့မှာတော့ ….. အော် ….အုံနာအချင်းချင်းဆိုပြီး စာရင်းမမှတ်ထားဘူးရယ်…..ဒင်းအလှည့်ကျတော့ မှတ်တယ်ပေါ့လေ……..လုပ်ရက်တယ်အေ……ညည်းမို့………….
Was this answer helpful?
LikeDislikeကဲ ဒါဆိုရင်လည်း အားလုံးရေးပြီ… ရေးမယ် ဦးလေးရာ… ဂေဇက်ထဲက BE တွေအကြောင်းကော ရေးရမှာလား…
Was this answer helpful?
LikeDislikeအဝသောက်သွားအုံးနော်
Was this answer helpful?
LikeDislikeသဘောထားချင်းတိုက်ဆိုင်ပါတယ်ရှင့် ဆီအိုးနားမှာ အကြော်ကျွေးပါရှင့်။
Was this answer helpful?
LikeDislikeအော်… အိမ်အတွက်ပါထည့်သွား
Was this answer helpful?
LikeDislikeအင်းဗျ. အစောက ဝင်ရေးသင့်ပါရဲ့ ဗျာ
ကိုမင်္ဂလာရေ.
Was this answer helpful?
LikeDislikeရွာနောက်နားလေးတင်နေတာပါဗျာ
အားလုံးကိုခင်ပြီးသား
Was this answer helpful?
LikeDislikeအော် ဘီအီး မှ ဘီအီးတဲ့လားဗျာ
ကျုပ်ကတော့ အသည်းလေးကို အကြင်နာတွေပိုရမှာမို့ ၊ ဘီယာဘဲကစ်တော့သဗျား ။
အကြွေးမှတ်သောက်လို့ ရတဲ့ ဘီယာဆိုင်ရှင်တွေ နဲ့ ခင်တယ်ဆိုရင်တော့
ကိုမင်္ဂလာ့ ဆီမှာ မင်္ဂလာလာယူမယ်ဗျား။
Was this answer helpful?
LikeDislikeကိုပေရေ
ကိုပေအတွက်ဆိုရင်တော့ရာသက်ပန်အကြွေးပေးမယ်
Was this answer helpful?
LikeDislikeကိုမောင်ပေရေ——ရာသက်ပန်တဲ့ဗျ——-ဟီးးးးးးးး
ခက်မင်တယ်ဆိုလို့  ကျေးဇူးပါဗျ
Was this answer helpful?
LikeDislikeကိုမောင်ပေရေ——ရာသက်ပန်တဲ့ဗျ——-ဟီးးးးးးးး
ခင်မင်တယ်ဆိုလို့  ကျေးဇူးပါဗျ
Was this answer helpful?
LikeDislikeအော် .. ရွာစွန်ရွာဖျားကနေ
ရွာထဲကို ပြောင်းလာတဲ့သူကိုး …..
အရင်က ရွာစွန်မှာ နေတာဆိုတော့ …
နာမည်နဲ့ အပြည့်အဝ လိုက်ဖက်ချင်မှ လိုက်ဖက်လိမ့်မယ် ..
ခု ရွာအတွင်းထဲ ရောက်လာပြီဆိုတော့
နာမည်နဲ့ လူနဲ့က ဟက်စပ်သွားပြီဗျို့ …
အဟမ်း … အဟမ်း .. ကိုမင်္ဂလာရေ ..

မင်္ဂလာပါ ခင်ဗျာ ..
ပြီးတော့ ခင်ဗျားနဲ့ ကျနော် သဘောထားချင်း တိုက်ဆိုင်တယ်လို့လည်း သဘောထားလိုက်ဗျာ ..
အင်း … ဆီဒိုးနား .. ဆီဒိုးနား ….
Was this answer helpful?
LikeDislikeအေးဗျ ခင်ဗျားပြောမှကျောချမ်းသွားတော့တယ်
ဆီဒိုးနားဘေးနားကဆိုင်မှာတွေကြတာပေါ့
Was this answer helpful?
LikeDislikeဂေါင်းဒွေရှိရင်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးဂျပါလို့ ဖိတ်မန္တကပြုပါဒယ်…။
Was this answer helpful?
LikeDislikeိကိုမင်္ဂလာရေ…………….မာကလာပင်ပါ
မာကလာပင်ဆိုတာကလဲ မင်္ဂလာပါဘဲ။
ကိုယ်ရေးချင်တာကိုယ်ရေး
အတွေးတူချင်လဲတူမယ် မတူလို့ဆူချင်ရင်လဲဆူမယ်။
ရွာထဲမှာလိမိတက်ထောင်ဘို့ကတော့ သူကြီးကအရင်းထုတ်ပေးပြီး မောင်ဂီကို အစီအစဉ်ဆွဲခိုင်းပါ.
လောလောဆယ် တော့ ဘာအလုပ်မှ လုပ်စရာမရှိလို့ မောင်ပေနောက်လိုက်နေပါတယ်။
မန်းလေးဆီဒိုးနားဘေးက ဆိုင်မှာကြွေးမယ်ဆိုလို့ နေ့တိုင်းစောင့်နေပါတယ်။
ရန်ုကုန်မှာတော့ ကြီးမိုက် အကြော်မျိုးစုံလက်ကားဖြန့်ချီရေးမှာ အကြွေးစားထားတာလေးတွေရှင်းပေးစေလိုပါတယ်။.
ခင်သော
ကိုပေါက် မန်းလေး
Was this answer helpful?
LikeDislikeကျွန်တော်က ကိုပေါက်လက်ရာတွေကိုကြိုက်ပြီးသား
စတူဒီယိုဖွင့်ရင်သာပြော ရှယ်မယ်
မော်ဒယ်လေးတွေကို အနီးကပ်ကြည့်ချင်လို့
Was this answer helpful?
LikeDislikeကျုပ်အလုပ်ကဂျလေဘီသည် …
သောက်ညင်ကပ်ရင် ဂျလေဘီရောင်းတယ် ။
တခါတခါ ညဘက် မီးပြတ်ရေပြတ်ရင် ရေစည်လှည်းတွန်းရောင်းတယ် ….အရင်တုန်းက ပုံပုံစတိုးလည်း
ဖွင်.သေးတယ် ….ကဲ ဘာသိချင်သေးလဲ ….စိတ်ဝင်စားရင် ရှယ်ရာလုပ်မယ် …ခုတော. ဆီဒိုးနားဘေးက
စောင်.နေမယ် …….။
Was this answer helpful?
LikeDislikeဟုတ်လားကိုဆာမိ
ဒါဆိုအတော်ဘဲ
ပဲလှော်နဲ့လဲစားမယ်
Was this answer helpful?
LikeDislikeမင်္ဂလာပါ ကိုမင်္ဂလာရေ-
)

ရွာထဲမှာလူအစုံဆိုတော့ အတွေး၊ ခံယူချက် မျိုးစုံနဲ့ပါ
ဒါကြောင့်လဲ ပျော်စရာကောင်းတာပေါ့နော…
တယောက်နဲ့တယောက်ဆိုတာ စက်ရုံကထုတ်တာမဟုတ်တော့ အမြဲတန်းတတိုင်းထဲတော့မဖြစ်နိုင်ဘူးပေါ့ဗျာ..
ဒီနေရာလေးမှာ ဒီလူတွေနဲ့တူလိုက် ဟိုကိစ္စလေးကျ ဟိုလူတွေနဲ့တူလိုက်…နဲ့ပေါ့
(တချို့ကျပြန်တော့ ဘယ်သူနဲ့မှ သိပ်မတူချင်ဘူး ..
တကောင်ထဲပဲ…ဒါပေမယ့်- ဂေါ်ဇီလာ…ပေါ့
တူတဲ့အခါ ထောက်ခံဖြည့်စွက်လိုက် မတူတဲ့အခါ ငြင်းခုံလိုက်နဲ့ပဲ
ဒီရွာကြီးအသက်ဝင်စည်ကားနေတာပါပဲ…
ကျုပ်ကိုယ်ကျုပ်တော့ ပြန်မိတ်မဆက်တော့ပါဘူး..
ပစိပစပ်များတဲ့ အဖိုးကြီးတယောက်အကြောင်း သူများသာ မေးကြည့်တော့…
Was this answer helpful?
LikeDislikeကျုပ်ကတော့ အကြော်ကို အိတ်စပို့လုပ်ဘို့ ကြံစည်နေဒယ်..
လောလောလတ်လတ်ကြော် ပီး ပူပူနွေးနွေးစားရအောင်
ဂျပန် နဲ့ အမေဒိကား ကိုလေယဉ်နဲ့ ဒိုးတူဒိုး ပို့ပေးမှာ..
ဂျာပန် မားကက်အတွက်တော့ လေဒီဂီ ကတာဝန်ယူပီး
အမေဒိကားမားကက်အတွက်တော့ သဂျိုင်ခီးကတာဝန်ယူမှာပါ..
လောလောဆယ်တော့ မနက်ဖန်အတွက် ဆီဘိုးမရှိလို့
ဆိုင်ပိတ်ရမလိုဖစ်နေပါဒယ်..အစုရှယ်ယာဝင်လိုသူများ
ငွေထုတ်ကိုင်ပီး အင်းယားကန်ဘောင်ဒေါင့်က ကြီးမိုက်အကြော်ဆိုင်ဂိုလာခဲ့ကြ
ဘို့ ဖိတ်ခေါ်ပါဒယ်..
Was this answer helpful?
LikeDislikeအတိုရီး
မီးသွေး အကြွေးယူထားတာ ဆပ်ရသေးဘူးခင်ည..
လိုချင်လို့ တော့မဟုတ်ပါဘူး..မရမှာစိုးလို့ 
ဟင်း.ဟင်း.ဟင်း..
Was this answer helpful?
LikeDislikeသများတို့လည်း
ဘီအီး ဂိုးဏ်ဝင်တစ်ယောက်ပါ……
Was this answer helpful?
LikeDislikeနယ်စပ်က..
မီးမှန်..
သတင်းမြန်..
ကွန်နက်ရှင်ကောင်း…
ဘော်လုံးလောင်းသည်…
ဝါသနာပါကနယ်စပ်လာပြီး..
မာဆတ်အနှိပ်ခန်းမှာ..
အပန်းဖြေခါအနားယူနိုင်သည်…။
Was this answer helpful?
LikeDislikeအဲဒီမှာ မိန်းကလေးများအတွက် မာဆတ်လုပ်ပေးမယ် ယောက်ျားကလေးများအတွက် ဈေးကွက်ရှိရင်
တင်ပေးဘို့ ယောက်ျားလေး အဆင်သင့်ရှိပါသည်.
ဈေးကွက်ကျယ်မည်ထင်ပါသည်။
အကြောင်းအမြန်ပြန်ပါ။
Was this answer helpful?
LikeDislikeပုခုံးဒေါက်ရှိသောကိုကိုများ..
ရှမ်းမလေးတွေအလွန်နှစ်သက်သဖြင့်..
ဈေးကွက်ရှိပါသည်..
လာရင်ဒေါက်ပါတစ်ပါတည်းတင်လာပါ..။
Was this answer helpful?
LikeDislikeမင်္ဂလာပါ .. ကိုမင်္ဂလာရေ …
ကိုယ်ဝါသနာပါရာရေးတင်ရင်း…. အမြင်မတူတာတွေကိုဆွေးနွေးကြရအောင်ပါ … ။
ပထမဆုံး .. ရေးတဲ့စာမှာတောင် ..ဒီလောက် အရေးသားညက်နေလျှင် …စာရေးကောင်းသူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းမိပါတယ် .. ။အဆင်သွေးစုံလှတဲ့ ရွာလေးမှ … ကြိုဆိုပါတယ်နော် … ။
Was this answer helpful?
LikeDislike