ချစ်သော ဗိုလ်ချုပ် သာဓုခေါ်နိုင်ပြီ

einme thuMay 12, 20121min774

အမြို့မြို့အနယ်နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဆိုင်း ဘုတ်တင်ပြီ ဆိုရင် ဖြင့် ကျမ စိတ်ထဲတွင်လည်းကြယ်လေးတစ်ပွင့် လင်း လက်သွားခဲ့  ပြီလို့ ထင်ပါမိပါတယ်။ကျမတို့ အိမ်မဲမြို့နယ်မှာလည်း ကြယ်လေးတစ်ပွင့် လင်းလက်တော့မှာ ဖြစ်ပါတယ်။အဲ့ ဒီနေ့ကတော့ (၁၃.၅.၂၀၁၂ )ရက် နေ့ နေ့ထူးနေ့မြတ်လေး  ပါ။ ကျမ ရင်ထဲ အားရဝမ်းသာ စိတ်ချမ်း သာ ဖြစ်မိပါတယ်။ပြည်သူအပေါင်းလည်း ရွှင်လန်း တက်ကြွ အားရမယ်လို့ ထင်မိပြန်ပါတယ်။

ကျမသည်  ၁၉၆၄ခုနှစ် တွင်မွေးဖွားသူ ဖြစ်သောကြောင့်  ဗိုလ်ချု့်တို့ ကျဆုံးသော အချိန်ကို မမှီခဲ့ပါ။ ကျမတို့ ငယ်ငယ်တုန်းက အာဇာနည်နေ့ကို နှစ်စဉ် နှစ်တိုင်း   ကျင်းပပေးခဲ့သည်ကိုတော့ မမေ့နိုင်ပါ။ အာဇာနည်နေ့တွင်  ဟောပြောပွဲတွေ စာပေ ပြိုင်ပွဲတွေ ကျင်းပရင်း အာဇာနည်ကြီးတွေကို ဂုဏ် ပြု ခဲ့ကြ  ပါတယ်။ ဥဩဆွဲသံများ  ကြားလိုက်ရရင် ကြက် ဟီး တဖျန်းဖျန်း ထလို့ ရင်ထဲမှာ ကြိမ် မီး အုံးသလို ပူဆွေးသောကရောက်ခဲ့ရတယ်။ဗိုလ်ချုပ်တို့လို  ပြည်သူတွေကို ချစ်တဲ့ ပြည်သူတွေကို စာနာတဲ့ တကိုယ်ကောင်း မဆန်တဲ့ ခေါင်းဆောင်မျိုး  နောင် မှာ ရနိုင်မှာ မဟုတ်တော့ ဘူးဆိုပြီးလည်း မျက်ရည်ဝဲမိတယ်။

ခုတော့  ဗိုလ်ချုပ်ရဲ့ သမီး  ဗိုလ်ချုပ်လို စိတ်ဓါတ်နဲ့  ပြည်သူတွေကို ချစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်လည်း  တိုင်းပြည် အတွက် အနစ်နာခံ  ဒုက္ခတွေခံ ပြီး  ဒီမိုကရေ စီ ပါတီ တည်ထောင်ပြီး ပြည်သူ့ အကျိုးတွေကို

အားကြိုး မာန်တက် ဆောင်ရွက်နေတာကိုတွေ့ရတော့  အလွန်ပဲ အားတက် ဂုဏ်ယူ ဝမ်း သာမိပြန်ပါတယ်။ ဗိုလ်ချုပ်လည်း တမလွန်ကနေ သာဓုတွေ လှိုင်လှိုင်ခေါ်နေပြီ လို့ ထင်ပါတယ်။

အမျိုးသား ဒီမိုကရေစီ   အဖွဲ့ချုပ်ရဲ့   ပြည်သူတွေ အကျိုး  အနစ်နာခံ ၊ ဒုက္ခ ခံ  အဖိနိပ်ခံ   အနိုင်ကျင့်ခံရမှုတွေ ကြားက မဆုတ်မနစ်သော ဇွဲနဲ့  ကြိုးစား ဖေါ်ဆောင်  လှုပ်ရှားခဲ့တာ တာကြောင့် ယခုဆို အမြို့မြို့နယ်နယ် က ပြည်သူ လူထုတွေကလည်း တခဲနက်  အားပေး ပါဝင် ကူညီ နေကြ၊ ထောက်ခံ ကြ တာကို မျက်ဝါးထင်ထင် တွေ့ မြင်နေရပါတယ်။မေတ္တာ ဆိုတာ မက်လုံးတွေပေးလို့မရ  စည်းရုံးလို့ မရ ခြောက်လန့်လို့ မရပါဘူး

မေတ္တာပေးမှ  မေတ္တာပြန်ရနိုင်မှာပါ။ အခု မေတ္တာ ဓါတ်ကြောင့်စေတနာ အလှကြောင့် ပြည်သူ့ မေတ္တာပြန်ရနေခဲ့ပါတယ်။

အမေစုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ကြီးရဲ့ မေတ္တာစေတနာတွေ   ပြည်သူတွေ အပေါ် မပြောင်းလဲ သလို ပြည်သူတွေကလည်း  ချစ်တဲ့ အမေစုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ကြီးကို  အမြဲထောက်ခံ အားပေးနေမှာ ဖြစ်ပါတယ်။

လာမည့် ၂၀၁၅ ရွေးကောငက်ပွဲမှာလည်း ယခင်လို ပဲအပြည့်အဝထောက်ခံအားပေး လို့ အနိုင်ရမှာ မလွဲမသွေ ပါလို့ ယုံ ကြည်မိပါတယ်။

NLD ဆောင်ပုဒ်ကတော့

ပြည်သူ့ ဒုက္ခ  ၊ ဒို့ ဒုက္ခ

ပြည်သူ့သောက ဒို့သောက

ပြည်သူ့ ဘဝ ဒို့ ဘဝ

ပြည်သူ့ ဆန္ဒ  ၊ဒို့ ဆန္ဒ      ဟူ၍ ဖြစ်မည်မှာ မလွဲပါလို့ ဆိုချင်ပါတယ်။

ယခု ဧရာဝတီတိုင်းဒေသကြီး   အိမ်မဲ မြို့ မှာ NLD ရုံး ဖွင့်လှစ် ခြင်းကို လွန် စွာပဲ ဝမ်းမြှောက် ဂုဏ်ယူ မဆုံးပါ ။  အာဇာနည် ကြီးများ၏ကျေးဇူးကို လည်းမမေ့မပျောက် သတိရရင်း ဖြင့်   တမလွန် မှ ချစ်သော ဗိုလ်ချုပ်

သာဓုခေါ်ဆိုနိုင်ပြီလို့  ခံစားသမျှ ကို ရင် ဖွင့်ပြောကြားရင်း မိမိမြို့ အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း တင်ပြလိုက်ပါတယ်။

 

 

 

4 comments

  • အိမ်မဲသူ လေးတောင်းဆုပြည့်ပါစေကြောင်း ထပ်တူပါဘဲ။

    ပြည်သူ့ ဒုက္ခ  ၊ ဒို့ ဒုက္ခ
    ပြည်သူ့သောက ဒို့သောက
    ပြည်သူ့ ဘဝ ဒို့ ဘဝ
    ပြည်သူ့ ဆန္ဒ  ၊ဒို့ ဆန္ဒ      ဟူ၍ ဖြစ်တည်နိုင်ပါစေသား

  • ဗိုက်ကလေး

    May 12, 2012 at 6:17 pm

    အိမ်မဲက ဆရာထက် ကလဲ ဝမ်းသာဂုဏ်ယူလို ့ ကဗျာလေးတစ်ပုဒ်တောင် စပ်ခဲ့သေးတယ်ဗျ..
    ကျနော်တို ့လဲ အိမ်မဲ မြို ့သူားများနှင့်အတူ ဝမ်းသာဂုဏ်ယူပါကြောင်း

  • htet way

    May 12, 2012 at 8:04 pm

    ကျွန်တော် ကဗျာကတော့ အခု လှည့်လည် ကြော်ငြာနေတဲ့ အချိန်မှာပဲ အန်အယ်ဒီပါတီ ဝင်တွေ
    ရွတ်ဆိုနေပါတယ်။
    ကြော်ငြာလိုက် သီချင်းဖွင့်လိုက် ကျွန်တော်ကဗျာလေးရွတ်လိုက်
    ဒေါင်းတွန်သံ တဝေဝေ ဆိုတဲ့ နေရာမှာ သံပြိုင်ဆိုလိုက်နဲ့ ဟုတ်နေတာပဲ ကိုယ့်ဆရာရေ
    ဗိုလ်ချုပ် လည်း သာဓုခေါ်ပြီ ဆိုတာရေးတဲ့ အမကြီးကလည်း သူ့စာရွက်ကလေးတွေကို
    လိုက်ဝေလို့။
    အင်း …ပျော်စရာ ကြည်နူးစရာ မြင်ကွင်လေးပါ ဗျာ

  • kyeemite

    May 13, 2012 at 10:10 am

    ကျနော်တို ့လဲ အိမ်မဲ မြို ့သူားများနှင့်အတူ ဝမ်းသာဂုဏ်ယူပါကြောင်း

Leave a Reply