ပြန်လာပါလို ့ပြောပြန်ပြီလား…ဦးသိန်းစိန်ရယ်

phone_kyawMay 13, 20121min1669

သမတက လွန်ခဲ့တဲ့နှစ်က ပြန်လာပါဆိုလို ့ ဩစတျေးလျဆိုင်ရာ မြန်မာသံရုံးမှာ ဗီဇာလျှောက်တယ်။ သုံးလပိုင်း ၁၃-ရက်နေ ့ကစပြီး သင်္ကြန်မှာ အမှီပြန်နိုင်မယ်ထင်ပြီး လျှောက်လိုက်တာ ပြီးခဲ့တဲ့အပတ်က အထိ ဘာမှ အကြောင်းမထူးပါဘူး။ ဒီတော့ စိတ်ပျက်ပြီး ကန်ဆယ်ပြန်လုပ်ရပါတော့တယ်။ စီစဉ်ထားတာက တမျိူး ဖြစ်လာတာက တမျိူးဆိုတော့။ အလုပ်က ခွင့်တောင် ယူပြီးမှ ဗီဇာတင်ထားပါတယ်။ အခုတော့ ဘာမှ အကြောင်းမထူးပါဘူး။

အခုလည်း နိုင်ငံတော် သမတက ပြည်ပရောက်တွေကို ပြန်လာပါလို ့ဖိတ်ခေါ်ပြန်ပြီ။ သူကတော့ ပါးစပ်ကပြောတာလွယ်ပါတယ်။ ပြန်လာစေချင်ရင် လူတိုင်းကို အလွယ်တကူ ဗီဇာရအောင်ဆောင်ရွက်ပေးဖို ့လိုတယ်။ ဥပမာ ထိုင်း စင်္ကာပူနဲ ့မလေးရှားလိုမျိူး ဘာဗီဇာမှ မလိုပဲ တံခါးမရှိ ဒါးမရှိ ဝင်ထွက်နိုင်စေတဲ့စနစ်ပါ။

အခုတော့ဗျာ….မြန်မာပြည်က ဗီဇာရဖို ့အတွက် ဖြည့်ရတဲ့ဖောင်၊ ငွေလိုက်တဲ့ငွေ၊ စောင့်လိုက်ရတဲ့ အချိန်ကာလ၊ သံရုံးကို ဆက်လိုက်ရတဲ့ဖုန်းခတွေသာပေါင်းကြည့်ရင် ဗီဇာရတာနဲ ့တောင် မတန်ဘူး။

ဒီစနစ်တွေကို ပြောင်းနိုင်ရင်တော့ သမတရဲ  ့ပြန်လာပါဆိုတဲ့စကားက သဲထဲရေသွန်မဖြစ်တော့ဘူးပေါ့….ဦးသိန်းစိန်။

9 comments

  • Khin Latt

    May 13, 2012 at 6:02 am

    ဒါဆိုရင် မြန်မာပြည်ကို မပြန်ဖြစ်ခဲ့ဘူးပေါ့။
    စိတ်မကောင်းပါဘူး။

    ဦးသိန်းစိန် ပြောတဲ့ ပြန်လာပါ ဆိုတာက ” မြန်မာပြည် ကို အပြီးပြန်ပြီး အလုပ်လုပ်ပေးကြဖို့” ခေါ်တာနေမှာပါ။ 🙂

    အမှန်က
    ဗီဇာရလို့ ကိုဘုန်းကျော် က နိုင်ငံခြားသား အနေနဲ့ ဝင်တာ ဆိုလို့ ကတော့
    မြန်မာနိုင်ငံသား အနေနဲ့ ဝင်တာထက် ပိုပြီး အချိန်ကုန် သက်သာမှာပါ။
    သူများတိုင်းပြည်မှာတော့ ကိုယ့်နိုင်ငံသား ကိုယ့်နိုင်ငံထဲ ကိုပြန်ဝင်တာ ချက်ခြင်းဖြတ် ကနဲဘဲ။
    တန်းစီတာတောင်မရှိ။
    ကျွန်မတို့ ဆီမှာတော့ နိုင်ငံသားလိုင်းမှာ တန်းစီနေရတာ ကို အကြာကြီးဘဲ။
    ကျွန်မတို့ နိုင်ငံကတော့ ကိုယ့်နိုင်ငံသား ကိုယ့်ပြည်ပြန်အဝင် ကို ဘဲ စစ်လိုက်ဆေးလိုက်တာ။
    ဟိုစာရွက်တောင်း၊ ဒီစာရွက်တောင်း။
    ၁ဝနှစ် ကလေး ကို အလုပ်မလုပ်ကြောင်း ထောက်ခံစာမပါလို့တဲ့။ တကဲ့ဟာသဘဲ။ 😀
    လိုအပ်လို့ ဆိုရင် ကျွန်မတို့ ကြည်ကြည်ဖြူဖြူ အစစ်ခံပါတယ်။
    မဟုတ်တာကို ကပ်ရစ်နေတာကတော့ ပြင်ဖို့ကောင်းပြီ။ 👿

    • Ch@vez

      May 13, 2012 at 9:40 am

      ဟုတ်တယ် အရီးလတ်ရေ့ …
      မောင်ဂီ့ ပြန်ခါနီးတိုင် း
      ဆံပင်မညှပ် မုတ်ဆိတ်မရိတ် …
      သွားလေသူကြီးလို ဝတ်ပြီး လေယာဉ်စီး ..
      အဲ့ဒါ အကျင့် စွဲနေပြီ

      ထိပ်ဆုံးနှစ် လူရည်သန့်လေး ပေါ့ ..အဟတ် ..
      ကောင်းကောင်းမွန်မွန်လေး ပြန်မိပါတယ်…
      ရစ်လိုက်တာ ဆိုတာများ …မှားပါတယ်…
      ကိုယ်ကပဲ သူများတိုင်းပြည် သူခိုးဂျပိုး သွားလုပ်နေတဲ့အတိုင်း..

      အဲ့ …သူခိုးဂျပိုးရုပ်နဲ့ ပြန်လာတော့မှ … မရစ်တော့ဘူး…
      လူမိုက်ရုပ်ပေါက်နေတော့မှ သိတော်မူတဲ့အတိုင်း…
      ဟ… ဒီငတိ သည်လောက် ထီမထင်တဲ့ သောက်ချိုးနဲ့ဆိုရင်
      ဘယ်သူနဲ့ သိတာလား ..ဘာအကန့်ကောင်းတာလားနဲ့ …
      သို့လော သို့လောတွေ ဖြစ်ပြီး မရစ်ရဲတော့တာ …

      ဒါတောင် ပြန်ထွက်ဖို့ ဒီဖောင်လုပ်ရင် သူ့အသိ အင်တာနက်ဆိုင်
      သုံးပါ ဆိုပြီး အမိန့်လိုလို ..ဩဇာလိုလို ဗစ်ဇင်းတင်း ကတ် လာထိုးပေးသေး….

      မောင်ဂီ့ကလည်း မင်္ဂလာတရားတော်နဲ့အညီ
      သူ့ရှေ့တင် အဲ့သည့်ကတ် စုတ်ဖြဲပစ်လိုက်သေး …

      အဟတ်..
      ချဉ်ပါတယ်အေ……
      အော် ..ရယ်… လူ့အခွင့်အရေး …

      တော်သေးဘီ…
      ခင်တဲ့
      ဂီ

  • မိုးတိမ်

    May 13, 2012 at 9:22 am

    ကြိုဆိုနေပါတယ် ကိုဖုန်းကျော်
    ပြန်လာခဲ့ပါဗျာ။

  • Wai Phyoe

    May 13, 2012 at 7:04 pm

    အာပာအာပာ တတ်လိုက်တဲ့ပြသာနာ ဖိန့်လိုက်တဲ့ခေါင်းဆောင် မွဲလိုက်တာတဲ့ပြာတေ ဝိုင်းလိုက်တဲ့အကြွေး
    စုတ်လိုက်တဲ့ ပလက်ဖောင်း ကျပ်လိုက်တဲ့ဒိုင်နာ လိမ်လိုက်ကျတဲ့လူတွေ…………….အင်းတားတားတော့ကိုကိုကြီး ဂိ့ဂိ့ ဂိ့ဆီက ပိုက်ပိုက်ချေးပြီးဒိုးတော့မယ် America ကို “Need Cash for Alcohol Research” ဆိုပြီး သူဖုန်းစားလုပ်ပြီး လေဘာတီကျောက်ရုပ်အောက်မှာပဲ နှပ်တော့မယ် ………………….Blue Label

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 13, 2012 at 10:16 pm

    သူများနဲ့မတူအောင်ပြောလိုက်အုန်းမကွယ် 😀
    အားတော့နာဒယ်
    တိုင်းပြည်တွက်လည်းမဟုတ်ဘူး လူမျိုးတွက်လည်းမဟုတ်ဘူး
    အချိန်းလည်းအကုန်မခံနိုင်ဘူး
    ငွေလည်းအကုန်မခံနိုင်ဘူးဆိုတော့
    ဒီလိုလုပ်ပါလား
    ဆီပုလင်းလေး ခါးဂျားထိုးထားဘာလား 😀 😀 😀

  • mggwa

    May 14, 2012 at 9:45 am

    ပျံသာ ပျံခဲ့ပါ၊ (ဒီအတိုင်း ပြန်လာလို့ မရဘူးဆိုရင်ပေါ့နော့။)

  • ကြောင်ကြီး

    May 14, 2012 at 10:22 am

    နင့်ဗီဇာဖောင်ဂို pending တုံးထုလိုက်ဒါ ငါဘဲကွ… အဂုဘာတတ်နိုင်သေးလဲ…။ ညှင်း ညှင်း ညှင်း..။
    ဩစတေးလျသံအမတ်ကြီးအိမ် မီးဖိုချောင်လုံခြုံရေး တာဝန်ခံ ဗိုလ်ကြောင်ကြီး 😎

    • shwe kyi

      May 14, 2012 at 11:08 am

      မလုပ်ပါနဲ့ ဗိုလ်ကြောင်ကြီးရယ် သူက မြန်မာပြည်ပြန်ပြီး အတိုက်အခံပါတီဖွဲ့ရဦးမှာ။
      တိုင်းပြည်ကောင်းစားရေးအတွက် ဗီဇာပေးလိုက်ပါ နော် ဟော် ဟော်……………

Leave a Reply