ဒေးလ်ကာနက်ဂျီ လို့ ဆိုလိုက်တာနဲ့ တော်ကီ ရောင်းသူကြီး ဆိုတာ ပြေးမြင်မိကြမယ်။ ဆက်စပ်ပြီးတော့ ဦးနုရဲ့ လူပေါ်လူဇော်လုပ်နည်းကို ပြေးမြင်မိကြမယ်။ ဆက်စပ်ပြီးတော့ မိတ္တဗလဋီကာ ကို ပြေး မြင်မိကြမှာပေါ့နော့….။

အဲဒီလူကြီးက စကားပြော အတော်ကောင်းသလို နားထောင်စွမ်းရည်လည်း အတော်ကောင်းတယ်ဆိုလား..။ တခါသားက သည်လူရီးဟာ သဌေးကြီးတစ်ယောက် ဖိတ်ကြားတဲ့ ညစာစားပွဲကို သွားပါသတဲ့။ သူဌေးကြီးကလည်း ကာနက်ဂျီ လို ပုဂ္ဂိုလ်မျိုးလာရောက်ချီးမြှင့်တယ်ဆိုတော့..၀မ်းသာအားရနဲ့ စကားတွေ ဖောင်ဖွဲ့။ တော်ကီတွေ လှိမ့်ရောင်းပါသတဲ့။ ကာနက်ဂျီကတော့ ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ ခေါင်းညိတ်နေရပါသတဲ့။ ညစာ စားပွဲ ပြီးလို့ …ကာနက်ဂျီကြီး ပြန်သွားတော့ သူဌေးကြီးက မှတ်ချက်တစ်ခု ချလိုက်ပါသတဲ့။
“ တယ် စကားပြောကောင်းတဲ့ ပုဂ္ဂိုလ်ပဲ” .ဟူသတတ်….။
သူပဲ တစ်ချိန်လုံး လှော်နေပြီးတော့။

ကျုပ်တို့ဆီမှာလည်း စကားပြောကောင်းတဲ့ လူတွေ အပုံကြီးပါ။ စကားပရိယယ်၊ စကား အလိမ္မာ၊ ဆင်ဝှေ့ရန်ရှောင်စကား ပြောနည်းတွေ က အများကြီးရယ်တဲ့မှ အများကြီးရယ်ပါ။ စာပေဟောပြောပွဲတွေမှာ စာရေးဆရာတွေ ဟောပြောသွားချက်များ ဒေါင်းဒေါင်းကို ပြေးလို့။ ကျုပ်ဖြင့် သိပ်အားကျတာပဲ။ (ခက်တာက သူရို့ အသံပြဲကြီးနဲ့ သီချင်းထထ ဆိုတာ က နားခလုတယ်ခင်ဗျ)

အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ အခါတစ်ပါးကတဲ့။ ခိုးသားစ်ယောက်ဟာ ရွာသားတွေ ၀ိုင်းလိုက်လို့ ပြေးရင်းလွှားရင်း ဘုန်းကြီးကျောင်းတစ်ကျောင်းနားကို ရောက်အလာ..နောက်ဆုံးမှာ မတတ်သာတော့ ဘုန်းကြီးကျောင်းထဲ ၀င်ရောက်ခိုလှုံပါသတဲ့။ ဒီအခါ ရွာသားတွေကလည်း ကျောင်းထဲဝင်လာကြပြီး ခိုးသားကိုတွေ့တဲ့အခါ “ဒီလူက အရှင်ဘုရား လူလား” လို့ မေးလျှောက်ကြပါသတဲ့။ ဒီအခါ ဘုန်းကြီးကလည်း သူ့လူမဟုတ်ပြန်ဘူးလို့ ငြင်းလိုက်ပြန်ရင်လည်း ဒီခိုးသားတော့ ရွာသားတွေ လက်ချက်နဲ့ ညက်ညက်ကြေမှာကို တွေးမိတော့…
“ ဒီအကောင် ငါ့လူမဟုတ်ဘူးလို့ ဘယ်သူပြောသလဲ”
လို့ ပြန်ပြောတဲ့အခါ ရွာသားတွေလည်း ဘုန်းကြီးလူလိုလို ဘာလိုလို ထင်သွားပြီး လက်လျှော့ပြန်သွားကြသတဲ့။ ဆိုလိုတာက စကား အလိမ္မာသုံးပြီး ဘုန်းကြီးက ခိုးသားကို ကယ်လိုက်တာပါပဲ။

ပြောချင်တာက ဒလိုဗျ။ အဲဒီစကား ပြောဟန် ဆိုဟန် ပြောပေါက်ဆိုပေါက်တွေနဲ့ ပြောင်းပြန်ဖြစ်တဲ့ ငကမ်းအကြောင်း ပြောချင်လို့ဗျ။ စကားကို ရှင်းအောင်၊ လူအများနာလည်အောင်၊ လူအများ နားဝင်ပီယံဖြစ်အောင်၊ တန်ဆာဆင်၊ အလင်္ကာဆင် ပြောတတ်ဖို့ နေနေသာသာ အမှုမဲ့ အမှတ်မဲ့ ပြောမိတတ်လွန်းလို့ မိတ်ပျက်မတတ်ဖြစ်ရတာလည်း အခါခါပါ။

တစ်ခါသားက နယ်မြို့ကလေး တစ်မြို့ကို ခရီးသွားဖြစ်ခဲ့တုန်းက ကြုံခဲ့ရတာလေးပြောဖြစ်ခဲ့တဲ့ စကားလေးတစ်ခွန်းကို သတိရမိတယ်။ အဲဒီ ကျုပ်ပြောလိုက်တဲ့ စကားကြောင့် မက်ဂဇင်းတိုက်တစ်တိုက်ရဲ့ တာဝန်ခံအယ်ဒီတာကြီးတစ်ယောက် ကျုပ်ကို စကားမပြောတာ ဆယ်နှစ်လောက်ကြာသဗျ။ အခု အသက်တွေ ဘာတွေ ကြီးလာလို့သာ စိတ်လျှော့သွားသလား မသိ ပြန်ပြီး ခေါ်ခေါ်ပြောပြော ပတ်ပတ်သက်သက်ရှိလာတာရယ်။ ဒီလိုဗျာ..အဲဒီတုန်းက ဆုံးသွားတဲ့ နယ်မြို့ ကဗျာဆရာတစ်ယောက်အတွက် အမှတ်တရ ဂုဏ်ပြုကျောက်စာတိုင်စိုက်ပွဲကို သွားကြတာပေါ့.။ ရန်ကုန်က ကဗျာဆရာ၊ အယ်ဒီတာ ၊ စာရေးဆရာတွေ အုပ်လိုက် သင်းလိုက်သွားကြတဲ့ပွဲပါ။ အဲဒီအခါ ကျုပ်တို့ကလည်း အနှီ အယ်ဒီတာကြီးရဲ့ ဦးဆောင်မှုအောက်က လိုက်ပါလာကြတဲ့ လူငယ်ကလောင်သစ် ပေါက်စတွေပေါ့ဗျာ.။ကျုပ်တို့ချည်းပဲ ဆယ်ယောက်ကျော်လောက်ပါမယ်ဗျ။ ယောက်ကျားလေးရော့ မိန်းကလေးရောပေါ့။ အဲလိုနဲ့ သက်ဆိုင်ရာနယ်မြို့လေးကို ရောက်လို့…နောက်တစ်မနက် အထိန်းအမှတ်ပွဲလည်းစပါလေရော.ပရိသတ်တွေလည်း တဖွဲဖွဲရောက်လာကြရော ဆိုပါတော့။ သည် ပရိသတ်တွေကြားထဲမှာဗျာ ကျွန်တော်တို့ အယ်ဒီတာကြီးနဲ့ လုံးလုံးမတည့်တဲ့ တစ်ယောက်ပါနေသဗျာ။ မတည့်ဆို သူ့အယ်ဒီတာ ရာထူးကြီးအဖြုတ်ခံရပြီးသည် လူက သူ့နေရာကို လောလောလတ်လတ် ယူထားသူလည်းဖြစ်ပြန်၊ စာပေလောကမှာလည်း ဟောဟောကျက်ကျက်ဖြစ်နေပြန်တော့….ကျနော်တို့ ဆြာကြီးလည်း ချက်ချင်းပဲ ….
“မင်းတို့ ငါ့ကိုချစ်ရင် လိုက်ခဲ့ကြ မချစ်ရင်နေခဲ့ကြ..”
ဆိုပြီး လွယ်အိပ်ကောက်စွပ်ပြီး ဇပ်ဇပ်နဲ့ ဆင်းချသွားရောဗျာ.။ အဲဒါနဲ့ ကျုပ်တို့ ကလောင်သစ်များမှာလည်း မျက်စိသူငယ်၊ နားသူငယ် နဲ့ ထိုင်ရမလို ထရမလို နောက်ဆုံးမှာတော့ ကိုယ့်ဆြာကြီး နောက်ကိုပဲ ကုပ်ချောင်းချောင်းနဲ့ လိုက်ခဲ့ကြတာပေါ့ဗျာ။ သည်တော့ မြို့တစ်နေရာက ထမင်းသုပ်ဆိုင်လေးမှာ ထိုင်းကြရင်း ဆြာက မေးသဗျ…..။
“ငါ့ကို မင်းတို့ ဘယ်လိုမြင်ကြသတုန်း ”
တဲ့ဗျ။….အဲဒီအခါ ကျွန်တော်ပြောလိုက်တဲ့ စကားကြောင့် အယ်ဒီတာကြီး ကျုပ်ကို ဆယ်နှစ်လောက်တင်းသွားပါရောလား ။
ကျွန်တော်ပြောလိုက်တာက
“ဆရာ ပါလာတာ မဟာ တံတိုင်းကြီးလိုပါပဲဆရာ…”
လို့လည်းပြောလိုက်ရော မျက်နှာကြီးမည်းသွားပြီး တစ်ခါတည်း ထလစ်သွားရောဗျ။ အမှန်က ကျုပ်အပြောမတတ်တာရယ်။ ဆရာပါလာတာ ကျွန်တော်တို့ရဲ့အားကိုး အားထားရာပါ။ ဆရာ့မရှိရင် ကျွန်တော်တို့ ဒီပွဲမှာ ဘယ်နေရဲပါ့မလဲ.ဆရာက ကျွန်တော်တို့ကို ကာကွယ်ပေးထားတဲ့ အုတ်တံတိုင်းကြီးပါ ဆိုတဲ့ အဓိပါယ်မျိုး နဲ့ ပြောလိုက်တာ ဖြစ်ပေမဲ့.သူထင်သွားတာက ပွဲလာသူတို့နဲ့ ကျွန်တော်တို့လူငယ်အုပ်စုကြား ဒင်းကြီးက မဟာတံတိုင်းလို ခြားထားတယ်လို့ ထင်သွားပါကြောင်းခင်ဗျား….။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ငဖောင်းထုတဲ့ စကား တစ်ခွန်းပေါ့ဗျာ။

အခုလည်း ကမ်းကြီးက စကားမပြောတတ်သေးဘူးဗျ။ ပြီးရင် ပေါက်လွှတ်ပဲစား မဆင်မခြင်ပြောတတ်တုန်း။ ရည်ရွယ်ချက်မရှိဘဲ ဗရမ်းသပွတ် ပြောတတ်တုန်းဗျ။

ဇရပ်ထဲမှာပေါ့ခင်ဗျာ။ မေ (1) ရက်နေ့ အလှူမတိုင်ခင်တုန်းကပေါ့ဗျာ။ မန်းလေးက ကိုပေါက်တို့ ဖရဲမတို့လည်း အလှူကို လာမယ်ဆိုတော့ ဇရပ်ထဲမှာ ပြောကြဆိုကြတော့ ဘာဝယ်ခဲ့ရမလဲ အစ်ကိုတို့ ဆိုတော့
“ဟဲ့ ဖရဲမ..ထိုးမုန့်ဝယ်ခဲ့” တို့ …..
ဘာဝယ် ခဲ့ တို့ ပြောဖြစ်ကြတာပေါ့လေ။
အဲဒီအချိန်တုန်းက ဖရဲသီး ကို ကျုပ်က ထူးဆန်းတဲ့ ဟာတစ်ခု တောင်းလိုက်တာဗျ။ ရှည်ပြီးတော့။ ဘာရယ်လို့မဟုတ်။
ဆရာ သော်တာဆွေ ရဲ့ စိတ်ညစ်နေတဲ့ကြက်သားနဲ့ စိတ်မညစ်တဲ့ကြက်သားဟင်းအကြောင်းကိုလည်း လောလောလတ်လတ်ဖတ်ပြီးကာစ ဆိုတော့ စိတ်ထဲမလည်း အဲဒီအကြောင်းရောက်နေတယ်။ ဆရာက မြို့က ခြင်းထဲက ကြက်တွေဟာ စိတ်ညစ်နေတယ် စားလို့မကောင်းဘူး။ တောမှာလွတ်လွတ်လပ်လပ်ပြေးလွှားနေတဲ့ကြက်သားကသာ စားလို့ကောင်းတဲ့အကြောင်းရေးထားတာပါ။ အဲဒီ ကြက်သားမျိုးဆို ဆောင်းတွင်းဖက်မှာ ချက်စားလို့ကတော့ နောက်တစ်နေ့မနက်ဆို အဆီတွေ က ခဲပျစ်နေတယ်ဆိုတာမျိုး ရေးထားလေတော့ သွားရေတွေကျ။ အဲ .အဲဒီကြက်သားဟင်းထဲကို ဆေးခြောက်ကလေးသာ နည်းနည်း ထည့်လိုက်ရရင်ဖြင့် ထမင်းဆိုတာ တစ်အိုးချက်လည်းမလောက် နှစ်အိုးချက်လည်းမလောက်ဆိုလေတော့.ကျုပ်က
“ဟဲ့ ဖရဲမ နင်လာရင် ဆေးခြောက်ဆွဲလာခဲ့.”
“ ဟား ဖြစ်တယ်ကိုကမ်း ကားပေါ်မှာအဖမ်းခံရရင်သာ .ခင်ဗျား တာဝန်ယူ”
ဘာညာပေါ့
ဇရပ်မှာ ပေါ်တင်ကြီးတော်ကီလွှတ်ကြတာလေ….။
အဲဒီတော် လွှတ်တာက အကြေင်းမဟုတ်ဘူးဗျ.။ အဲဒီဇဂါးကြောင့် ကျွန်တော်တို့ရဲ့ရွာတော်ရှင်တစ်ယောက် အလှူခရီးမှာ တစ်လျှောက်လုံး စိုးတထင့်ထင့်ဖြစ်ခဲ့ရတယ်ဆိုတာရယ်ကို နောက်မှ သိခဲ့ရပါသဗျ။ (သနားထှာအေ..) သူ့ခမျှာ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဘယ်အချိန်များ ကမ်းကြီးတို့ ထဖောက်လေမလဲ။ ဟော ကမ်းကြီး ကားနောက်ပိုင်းမှာ ဆေးခြောက်ဝေပြန်ပြီတဲ့ ဆိုပြီး သူ့ဆီကို သတင်းအစီရင်ခံစာကလည်း တက်လာဆိုတော့ (အခုမှ တွေးမိတယ် ဆူးတစ်ယောက်နောက်ကျောကို မျက်နှာငယ်လေးနဲ့ လှမ်းလှမ်းရှိုးတာ လက်စသတ်တော့ ဒါကြောင့်ဂိုး လို့ အခုမှ သဘောပေါက်တယ်) အဲဒီတုန်းက တကယ် ကမ်းကြီးတို့ ခံတွင်းချဉ်လို့ ဆေးလိပ်သောက်ခဲ့ကြတာကိုများ ဆေးခြောက်ကစ်တာလို့ ထင်ကြမလားပဲ။ ကြံကြီးရာဗျာ.အလှူခရီးဒါမျိုးလုပ်ပါ့မလားနော့..။ ငရဲအိုးထဲ ဒိုင်ဗင်ဆင်းမဲ့အဖြစ်။

အော်ဒါကြောင့် ပြောပါတယ်.။ စကား စကား ။ ပြောဖန်များ အရည်မရ အဖတ်မရနဲ့နောက်ဆုံးမှာ အသံကြောင့် ဖားသေ တဲ့ကမ်းကြီးဘ၀ကိုရောက်ရောဗျ…။
ကဲ ကိုဆူးတို့လည်း ရှင်းပြီထင်ပါရဲ့နော်..။ ခရီးစဉ်လေး နည်းနည်းပြန်လွမ်းလို့ ..ရေးလိုက်တယ်ဗျာ….တော်သေးဘီ….
လေးစားလျှက်………

About marblecommet

marblecommet marblecommet has written 57 post in this Website..

မိုးဦးလေဦး ရောက်လာပြီ... လေတွေက ခါးလိုက်တာ.... ငါ့မှာသာ....တိမ်တွေကို စီးပြီး မောပန်းနေရ.....