ကျွန်းကပြောသော…

koyin sithuMay 13, 20121min23215

 ဒီနေ့ခေတ်မှာတော့ လက္ခဏာပညာဟာ လူတော်တော်များများသိထားပြီး လက်ဝါးပြင်ပေါ်က အရေးအကြောင်း၊ အမှတ်လေးတွေကို ကြည့်တာနဲ့ ရှေးရေးနောက်ရေးကို ဟောနိုင်တဲ့ ပညာဆိုပြီး လူတော်တော်များများ သိလာ ဟောလာနိုင်ကြကြပါတယ်။ ကျွန်တော်လည်း ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဆရာကြီး ကိုင်ရိုရဲ့ လက္ခဏာ စာအုပ်တွေတော်တော်များများ ဖတ်ဖူးခဲ့ပါတယ်။ အကြောင်းအရာတွေ တော်တော်များလာပြီး ခဏခဏ ပြန်မေ့သွားတော့ နောက်ပိုင်း ကိုယ့်ဘာသာကိုယ် Short Note လေး ပြုလုပ်ပြီး ဒီဂြိုလ်ခုံမှာ ဒါတွေရင် ဒီလိုဖြစ်မယ် အလွတ်ဖတ်မှတ်လေ့လာခဲ့ပါတယ်။ လက်ဖဝါးပေါ်မှာ လက္ခဏာရေးအားကောင်းခြင်း မကောင်းခြင်းအပြင် အဓိကအားဖြင့် ဂြိုလ်ခုံတွေကို မှတ်ပါတယ်။ နောက်တော့ ဂြိုလ်ခုံတွေပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကျွန်း၊ ကြယ်၊ တြိဂံ၊ ဇကာ၊ မှဲ့ဆိုတဲ့ အမှတ်အသားတွေရဲ့ ရပ်တည်မှု၊ စိုးမိုးအားတို့ကို လေ့လာရပါတယ်။ ဘယ်ဂြိုလ်ခုံမှာ ဘယ်သင်္ကေက စိုးမိုးနေရင် ဘာဖြစ်မည်ပေါ့ဗျာ။ သချာင်္သဘောအရဆိုရင်တော့ formula လုပ်ပြီး အပိုင်တွက်ထုတ်ထားတဲ့ သဘောမျိုးပေါ့ဗျာ။ ကိုရင်က လက္ခဏာဆရာကြီးလည်း မဟုတ်လို့ ဝါသနာအရ မိတ်ဆွေတွေ လက်ဖဝါးပြရင် သိသမျှပြောတယ်၊ မသိတဲ့ အမှတ်အသားတွေကျတော့လည်း စာအုပ်ပြန်ဖတ်၊ ပြန်မှတ်ရင်းနဲ့ မုန့်လုံးကို စက္ကူကပ်နေသည့်အတွက် မိမိသိသမျှ ကျွန်း၊ ကြယ်၊ တြိဂံ၊ ဇကာ၊ မှဲ့ တစ်မျိုးစီအကြောင်းကို share ပေးခြင်းသာဖြစ်ပါတယ်။ အရင်ဆုံး နှလုံးလမ်းကြောင်းက ကျွန်းခံနေတယ်ဆိုတဲ့ ကိုကို၊ မမများအတွက် ကျွန်းပုံစံ အရေးကြောင်းဟာ ဘယ်ဂြိုလ်ခုံတွေမှာ ရှိနေရင် ဘယ်လိုဖြစ်နိုင်မလဲဆိုတာ လေ့လာမှတ်သားကြရအောင်ဗျာ။

 

 

  • (၁၅)နေရာမှာ ကျွန်းရှိနေရင် ဩဇာမရှိတတ်ပါဘူး။
  • (၁၆)နေရာမှာ ဆိုရင်တော့ အသက်ကြီးမှ အလုပ်အကိုင်မရှိ၊ဒုက္ခတွေ့တတ်ပါတယ်။
  • (၁၇)နေရာမှာဆိုရင်တော့ ကျောင်းကြို ကျောင်းကြား ဇရပ်ကြို ဇရပ်ကြားမှာ ဘဝဆုံးတတ်ပါတယ်။
  • (၁၈)နေရာမှာဆိုရင်တော့ အလုပ် ခဏ ခဏပြောင်း၍ ဒုက္ခရောက်။ မှိုင်တွေ နေတတ်တယ်။
  • (၁၉)နေရာမှာဆိုရင်တော့ တကယ်ဦးဆောင် အလုပ်လုပ်မယောင်နဲ့ ဟန်ရေးပြပြီး ထွက်ပြေးတတ်တယ်။
  • (၂၁)နေရာမှာ ကျွန်းရှိနေရင် အလွန်အမင်း အားငယ်တတ်တယ်။
  • (၂၂)နေရာဆိုရင်တော့ အပျို ဖြစ်စမှာပင် အပျိုရည်ပျက်။ ပန်းကောင်း အညွန့်ကြိုးသွားတတ်ပါတယ်။
  • (၂၃)နေရာမှာဆိုရင်တော့ ဉာဏ်ထိုင်းတယ်။ သတိမေ့တတ်တယ်။

ကြယ်ကပြောသော… နောက်တစ်ပို့စ်ဆက်မယ်ဗျာ…

 

ချစ်ခင်လေးစားစွာဖြင့်

15 comments

  • ဗိုက်ကလေး

    May 13, 2012 at 2:04 pm

    ကိုရင်ရေ
    လောလာဆယ်တော့ ကုဒ်တွေနဲ ့နဲနဲရှုပ်နေတယ်
    ပြန်ပြင်ဦး..

    ကျုပ်ကတော့ ဦးစွာ ပထမ အားပေးသွားပါပြီ
    ကျွန်းပုံစံကို မြင်လွယ်အောင် ရှင်းပြပေးပါဦးနော..

    အဘမင်သိင်္ခရဲ့ စကားလက်ဆောင်လေးကို ဟတ်ထိသွားပါရဲ့

    လေးစားစွာဖြင့်
    အဘအူးဗိုက်ကလေး

    • ကိုရင်စည်သူ

      May 14, 2012 at 9:48 pm

      ကပေါက်ဖော်နဲ့ ကိုနာဂရေ…
      ကျွန်ဆိုတာ ပုံမှန်အားဖြင့်တော့ နှစ်နားညီတြိဂံပုံစံ သေးသေးလေးတွေ ဖြစ်နေတတ်တယ်ဗျ…
      လမ်းကြောင်းတွေရဲ့ ပြတ်ရွှေ့ကြောင်းတွေကလည်း ဆက်စပ်သွားကြပြီး ကျွန်ပုံစံလေးတွေ
      ဖြစ်သွားတတ်ပါတယ်။ သေချာကြည့်ရင် ကျွန်းပုံစံလေးက ကိုယ့်လက်ဖဝါးမှာ တော်တော်လေး
      ရှင်းရှင်းမြင်ရတတ်ပါတယ်။ တချို့နေရာလေးတွေမှာ ကျွန်းပါရင် ကောင်းတဲ့ အပိုင်းလေးတွေ
      ရှိတတ်ပါတယ်ဗျာ…

      ခင်တဲ့..

  • marblecommet

    May 13, 2012 at 2:56 pm

    ကိုရင် တစ်ခါပြောခဲ့ပုံအရဆိုရင်
    ကျုပ်လည်း နောက်များဆို
    ကံဇာတာ ကောင်းလာတော့မယ်ဆိုပဲ
    ….

  • မဟာရာဇာ အံစာတုံး

    May 13, 2012 at 4:25 pm

    ကျနော့် အန်တီကတော့
    ကျနော့် လက္ခဏာကို ကြည့်ပြီး ပြောခဲ့ဖူးတယ် ..
    နှလုံးလမ်းကြောင်းမှာ ကျွန်းတွေ တန်းစီနေတာပဲတဲ့ … 😀
    တယ်မလွယ်လှဘူးရယ် …
    အဲ့ကျွန်းတွေကို ဖျောက်လို့ရော ရလားဟင် ..

    ဒါနဲ့ စကားမစပ် …
    ဆရာကြီး မင်းသိင်္ခရဲ့ စကားလက်ဆောင်ကတော့ ထိလွန်းတယ်ဗျို့ ..

    အဆိပ်လူးသော လက်ဖြင့် ကျွန်ုပ်အား ထမင်းခွံ့၍ ကျွေးသောသူအား အဘယ်မှာလျှင် ကျေးဇူးတင်နိုင်အံ့နည်း

  • htet way

    May 13, 2012 at 6:11 pm

    ဟေ့ဆရာ
    ကျုပ်က ၁၆နဲ့ ၁ရကြားမှာ ကျွန်းခံနေပါတယ်
    ကျွန်းခံတာ ကနှလုံး လမ်းကြောင်းမှာဗျာ
    သေသေချာချာ စစ်ဖို့ လိုမယ် ထင်တယ် ။

    • ကိုရင်စည်သူ

      May 14, 2012 at 10:59 pm

      ကိုထက်ဝေရေ… နှလုံးလမ်းကြောင်းမှာ ကျွန်းခံတာ များနေတဲ့လူက…
      မင်္ဂလာဆောင်တွေမှာ ဝိုင်းကူလုပ်ပေး ပံ့ပိုးပေးရင် ကျွန်းခံတာတွေ
      လျော့ပါးသွားပြီး အချစ်ရေး ကံတွေမြင့်တက်လာတတ်တယ်ဗျို့…
      အဟီးး… ဒီတော့ ကိုရင်မင်္ဂလာဆောင်ရင် လာကူပေးဖို့ မမေ့နဲ့နော့
      ဆရာသမားလို ဆရာမျိုးရှိနေရင် ကျနော် မင်္ဂလာဆောင်လက်ဖွဲ့တွေ
      အများကြီးရမှာ မြင်ယောင်သေး… ဟိ… 😛 😛 😛 (အလကားစတာပါ… လူပျိုကြီးရယ်..)

  • windtalker

    May 13, 2012 at 8:58 pm

    ကိုရင်ရေ ဖတ်ပြီး နားမလည်ဘူးဖြစ်နေတယ်။ လူချင်းတွေ ့မှဘဲ သေချာ ရှင်းပြပေးတော့ဗျာ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 13, 2012 at 9:30 pm

    ကျွန်တော့်ကို နည်းနည်းလေး ( အနည်းငယ် ) တီးခေါက်ခွင့်ပြုပါခင်ဗျ
    လက္ခဏာရဲ့သဘောဟာ ( ကံ ) နဲ့ဆိုင်တယ်ပြောရင်ရနိုင်မလားဘဲ
    ( ကံ ) မကောင်းလျှင် ( ကံ ) ကိုပြင် ( ယတျာ )
    ဆရာကိုင်ရို ပေါ့နော
    တစ်နေ့သောအခါမှာဆရာကိုင်ရိုဟာ လူတစ်ယောက်ကို လက္ခဏာကြည့်ပြီး
    တွက်ချက်ပါသတဲ့
    ခင်ဗျားဘာဖြစ်မယ်ညာဖြစ်မယ်ပေါ့
    သေခြာအောင် စာရွက်ကလေးနဲ့ ရေးပေးလိုက်ပါသတဲ့
    အနှီးလူဟာ တွက်ချက်ပြီး အိမ်အပြင်ဖက်ထွက်လာ ရုတ်တရက် ကားတိုက်ခံရပြီးသေလေသတတ်
    အဲ့သည်အချိန်မှာ ဆရာကိုင်ရိုထွက်လာပြီး အနှီး ( သေလွန်ပြီး ) လူရဲ့ လက္ခဏာကို ကြည့်လိုက်တော့
    လက္ခဏာပြောင်းနေပါသတဲ့
    ( အနှီး ဆရာကြီးကိုင်ရို ဆိုသူလည်း သေသောအခါ ဘူတာရုံတစ်ခုတွင် ဖြစ်လေသတတ် )
    ………………….
    ကဆုန်ညောင်ရေသွန်းပွဲမှသည် ညောင်ပင်အကိုင်းထောက် ဘာညာကွိကွ
    ………………………………….
    ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ရှေးရှေ့တုန်းက ဒိသာပါမောက္ခဆရာကြီးဟာ မင်းညီမင်းသားတွေကို ပညာသင်ပေးရပါသတဲ့
    တစ်နေ့သောအခါမှာ အနှီးဆရာကြီးဟာ ( ဒိသာပါမေက္ခ )
    တစ်ယောက်သောတပည့်ရဲ့ လက္ခဏာကို ကြည့်ရှု့မိလေသောအခါ
    ထိုတပည့်သည် ရက်ပိုင်းအတွင်းသေရလတ္တံ့လက္ခဏာရေးကိုသိသောအခါ
    တပည့်ကို မိဖတို့မျက်မှောက်၌သာသေစေသောဟု စိတ်တည်၍ တပည့်ကိုခေါ်၍
    တပည့် သင်၏ မိဖတို့သည် သင့်အား တွေ့ရန်အလိုရှိကုန်လေ၏ မိဖတို့ရှိရာ ချည်းကပ်လော
    ဟု တပည့်အားဆိုကာ အိမ်ပြန်ခိုင်းလေသတတ် ( ဟိုတုန်းကတော့ အင်တာနက်ရှိမည်မထင် )
    တပည့်သည် အိမ်ပြန်သောလမ်းခရီးတွင် ဓားတစ်လက်ကို ဆောင်လေသတတ်။
    လမ်း၌ လူသွားလမ်းမလွတ်သည့်ခြုံနွယ်ပိတ်ပါင်းတို့ကို ဓားဖြင့်ခုတ်ထွင်လေ၏။
    တစ်ခုသော ညောင်ပင်သို့ရောက်သောဝ် အရိပ်၌ အနားယူရန် အားထုတ်ခိုက်
    ညာင်ကိုင်းတို့သည် အုပ်ဆိုင်းဖြာကျနေသည်ဖြစ်ရာ လူတစ်ရပ်မျှသာရှိသည်ဖြစ်၍
    အနှီးညောင်ကိုင်းတို့သည် မျက်နှာသို့ ထိခိုက်လုနီးနီး ရှိသည့်ခိုက်ဝယ်
    လုလင်သည် ညောင်ကိုင်းတို့အား လူတစ်ရပ်ထက်ကျော်သော ဒေါက်များထောက်၍
    ပြုလေ၏။
    တစ်ခုသော နေရာတွင် ချောင်းငယ်တစ်ခုသည် မိန်းမငယ်များ ခုန်ကျော်ရန်မဖြစ်နိုင်သည့်
    သဘောရှိသည့်အတွက် သစ်သားသုံးချောင်းဖြင့် ချောင်းကူးတံတားငယ်ကိုပြုလေ၏။
    အချုပ်ဆိုရသော် အနှီးလုလင်ငယ်သည် မိဖများနှင့်တွေ့ဆုံပြီးလျှင် ဆရာကြီး ( ဒိသာပါမေက္ခ )
    ထံပြန်လည်ဆိုက်ရောက်လာလေသတတ်တွင် ဆရာကြီး ( ဒိသာပါမေက္ခ ) သည်
    လုလင်၏ လက္ခဏာရေးတို့ကို ပြန်လည် စစ်ဆေးသောအခါ
    အနှီးလက္ခဏာ ရေးတို့သည် ပြောင်းလဲနေသည်ကိုတွေ့ရလေသတတ်
    ဒါ့ကြောင့် ယနေ့ လူတို့သည် ညောင်ကိုင်းထောက်ကြလေကကုန်၏။
    ဝါးချမ်းပြားသုံးပြားဖြင့် လမ်းတွင်ထားကြပြီး ဘာလုပ်သည်မသိ။
    ……………………………………

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 13, 2012 at 9:47 pm

      ဗေဒင် နှင့် ဆိုက်ကော်လော်ဂျီ
      ……………………………..
      နောက်ထပ်အလွန်အရေးကြီးတဲ့ ဗေဒင်နှင့် ဆက်စပ် ( ဆိုက်ကော် ) ပါ 😀
      သိဒ္ဓတ္ထ မင်းသားကို မယ်တော်မာယာ ဗိုက်ကြီးတော့ ဗေဒင်တွက်ကြသပေါ့
      ပုဏ္ဍားတစ်ယောက်က အသေခံပြီး ပြောပါသတဲ့ အဲ့ဒါ ဘုရားဖြစ်မယ်
      အဲ့သည်ပုဏ္ဍား နန်းတော်အပြင်ကိုမောင်းထုတ်ခံရပါသတဲ့
      အဲ့သည်ပုဏ္ဍားဟာ ဘုရားလောင်းလာရာလမ်းကစောင့်ပြီး တပည့်ခံပါသတဲ့
      ( ပဉ္စဝဂ်ဂီ ငါးဦးမှ တစ်ပါး )
      ရှင်းရှင်းပြောရရင်တော့ မိမိဗေဒင်ပညာကို ယုံပြီးတပည့်ခံတဲ့တပည့်ဟာ
      ဘုရားလောင်း ဒုက္ကယ္စရိယာ ကျင့်သည်ကို ခွာ ပြီး
      အဟာကိုမှီဝဲခိုက် ဒါ ဘုရား မဖြစ်နိုင်တော့ဘူး ( ဆိုက်ကော် ) လို့
      မိမိပညာကို မေ့ပြီး သံသယဖြစ်ဘူးပါတယ်
      ဆိုလိုတာက
      ဗေဒင်ပညာဟာ မြတ်စွာဘုရား ဖြစ်မယ်ဆိုတာကိုသိနိုင်သလို
      ( စိတ် ) ကြောင့် သံသယဖြစ်နိုင်ပါကြောင်း

    • ကိုရင်စည်သူ

      May 14, 2012 at 9:57 pm

      ကိုရင် မိုက်ကယ်ပုရေ… ကိုရင်ထောက်ပြတဲ့ အချက်လေးတွေကို ကျနော်လက်ခံပါတယ်။
      ကျနော် တစ်ဦးတည်းရဲ့ လေ့လာတွေ့ရှိချက်အရတော့ အနည်းဆုံး လူတစ်ဦးမှာ သုံးလတစ်ခါ
      လက်ဖဝါးပေါ်က အရေးကြောင်းလေးတွေ ပြောင်းလဲလာတတ်ပါတယ်။ ဒီထက်လည်း မြန်မြန် ပြောင်းတာတွေလည်း တွေ့ခဲ့ဖူးပါတယ်။ ကုသိုလ်တရားကို
      မမေ့လျောခြင်းဟာ ကံကို ပြင်လို့ရတဲ့ အဓိကအကြောင်းတရားပါဗျ။
      ပတိရူပဒေသဝါသောစ၊ ပုဗေစ ကတပုညတာ။
      အတ္တသမ္မာပဏိဓိ စ၊ ဧတံမင်္ဂလာမုတ္တမံ။ တဲ့လို့ ဘုရားရှင်က မင်္ဂလသုတ်မှာ ဟောသွားတယ်ခင်ဗျ.။
      တင့်သင်လျောက်ပတ်တဲ့ အရပ်ဒေသမှာနေခြင်း၊ ရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ရှိခြင်း၊
      မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်းဆောက်တည်ခြင်း တရားသုံးပါးဟာလည်း မြတ်သော မင်္ဂလာပါတဲ့။
      ယတြာဘာညာဆိုတာတော့ ကိုယ်ယုံကြည်တာသာ ကိုယ်လုပ်ကြတာဆိုတော့
      ပြောရခက်ခက်ရယ်…။

  • ကြောင်ကြီး

    May 14, 2012 at 9:54 am

    ကံမကောင်းလျင်
    ညဏ်ပေါင်းအောင်သည်
    ဆန်ထောင်းစားပါ..
    သံချောင်း
    အန်ပေါင်းများစွာရ၍
    ကျန်ကျောင်းမဖြစ်လိုဘီ..
    မာန်ပြောင်းဂါ
    လှံရောင်းလိုက်၏
    ရန်ဟောင်းမလိုဂျင်ဒေါ့ပါ..။
    မှတ်ချက်။။ ကစည်ယေ အဲဒါ ဝေဒဝိဇ္ဇာ ဆြာဒေါ်ဦးကြောင်ကြီးယဲ့ တဘာင်ကွဲ့.. နင်တတ်ရင် ရအောင်ဖော်ဘေဒေါ့..။ မသိသူကျော်သွား သိသူဖော်စား ခုနှစ်လွှာကပွဲများ..။

    • ကိုရင်စည်သူ

      May 14, 2012 at 10:03 pm

      ဝါဇိတ် ဝေဒ ကြောင်ကြီး
      မဂ္ဂလှေကြီး ဖောင်စီး
      ဉာဏ်ပြောင်း ကံကောင်းစေမည်။ 😳 😳
      မှတ်ချက်။ ကကြောင်ကြီး ယေ…. သိသူကျော်စား မသိသူ ဖွက်စား ဒစ်စကိုပွဲများ…။ 😀 😀

  • etone

    May 14, 2012 at 11:19 am

    ကိုရင်စည်သူရေ … လက်ဖဝါးပြင်ပေါ်က အရေးကြောင်းတွေကို ကြည့်ပြီး နမိတ်ဖတ်တဲ့ပညာကို လေးစားပါတယ် ..စိတ်လည်း ဝင်စားပါတယ် …. ။ မှတ်မှတ်ရရ … မတောက်တခေါက် လိုက်စားတဲ့ သူငယ်ချင်းတစ်ယောက်က …. လက်ဖဝါးပြင်ပေါ်က အမှတ်တစ်ခုကို ကြည့်ပြီး ပါးစပ်က လွှတ်ခနဲပြောထွက်တဲ့စကား .. လှောင်ရယ်ခဲ့မိပေမယ့်… ငါးနှစ်ကျော်လောက်ကြာတဲ့အခါ .. သူပြောခဲ့သလိုကြုံခဲ့ဖူးတာမို့ … အတော် အံ့ဩခဲ့ပါတယ် … ။

    ဒါနဲ့ .. .ကျွန်း၊ ကြယ်၊ တြိဂံ၊ ဇကာ၊ မှဲ့ ဆိုတာတွေကို မြင်ဖူးအောင်လည်း .. ဗဟုသုတအနေနဲ့ ပြပါဦး ..မှဲ ့ကလွဲလို့ ..ကျန်တာတွေကို … သိသလိုလို .. မသိသလိုလိုပါပဲ … ။

  • laypai

    May 14, 2012 at 4:43 pm

    ရေ ပြင် က ကျွန်းတွေ အကြောင်းမှတ် ပြီး ဝင် ဖတ် တာ၊ လက်ပေါ် က ကျွန်း ဆို တော့ လဲ အားပါးတရ အားပေး သွားပါတယ် ခင်ဗျ။

Leave a Reply