သစ္စာနဲ့ပြန်ဆုံခွင့်

lulinmgMay 13, 20121min1207

ပင့်သက်တွေဝေဝေ

ငေးမောလို့သက်ပျင်းခြိုက်သံတွေကြားမှာ

ပေါ်ထွက်လာတဲ့ဂစ်တာသံ

ငါ့စိတ်ကိုနိုးထ

သံစဉ်တွေစီးဝင်သွားလိုက်တာ

မိုးလင်းခဲ့တာတောင်မသိခဲံ့လိုက်ဘူး…

ဒီလိုနဲ့တစ်နေ့ကုန်

ပြက္ခဒိန်စာရွက်ကိုကြည့်မိတော့

ကုန်လွန်သွားခဲ့တဲ့အလွမ်းနေ့စွဲများ

January နဲ့ April လကြားမှာ

ခြောက်သွေ့သွားတဲ့အနမ်းပန်းပွင့်တွေနဲ့

ကဗျာဆန်တဲ့အတွေး

မထင်မှတ်တဲ့အဖြစ်လေးတွေနဲ့အတူ

Romaetic ဆန်တဲ့ငါတို့ရဲ့အချစ်ဇတ်လမ်းလေးလည်း

ဒရမ်မာတစ်ပုတ်ဖြစ်သွားတယ်….

အဲ့ဒီ့အချိန်မှာ

ပျံ့ကျဲကြွေကျသွားတဲ့မင်းရဲ့ပုလဲတစ်ကုံး

သံယောဇဉ်ကြိုးနဲ့ငါပြန်သီကုုံး

သိုင်းဖွဲ့နှောင်သမုဒယတွေကြားမှာ

ရင်ခုန်သံတီးတိုး

သစ္စာတွေမပျက်ယွန်းခဲ့ရင်

ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့တစ်သက်မခွဲပဲ

အချစ်တွေပြန်လည်ဆုံဆည်းကြမယ်…။

 

သက်ခြွေသူ

 

7 comments

  • lulinmg

    May 13, 2012 at 8:55 pm

    ကောင်မလေးတစ်ယောက်ကရေးထားတာပါ

  • windtalker

    May 13, 2012 at 9:37 pm

    ကောင်မလေး နာမည် က သက်ခြွေသူပေါ့နော် ။
    သက်ခြွေသူ
    အထက်နေပူ
    သွားတက်တွေဖြူ
    အမြတ်ငွေယူ ။

  • shwe kyi

    May 14, 2012 at 1:56 pm

    ဘာတွေများဖြစ်ခဲ့လို့ပါလိမ့်။ ပြန်ဆုံကြပါစေ။

  • မဟာရာဇာ အံစာတုံး

    May 14, 2012 at 3:32 pm

    ကောင်မလေး ရေးထားတာဆိုတော့
    အဲဒီ ကောင်မလေးအတွက် ဆုတောင်းပေးလိုက်ပါတယ် ..
    သစ္စာတွေ မပျက်ယွင်းဘဲ
    ပြန်လည် ဆုံဆည်းနိုင်ပါစေလို့ …..

  • snow white

    July 11, 2012 at 3:49 pm

    ချစ်စစ်ချစ်မှန်ရင် ဘယ်သူခွဲခွဲ ဘယ်လိုနည်းနဲ့ ခွဲခွဲ ပါ ပြန်လည်ဆုံကျမှာပါ ။။။

  • mamanoyar

    July 11, 2012 at 4:40 pm

    ကြင်နာသူ မင်းရဲ့အချစ်သာစစ်ပါစေ……….
    ဟီး းးးးးးးးးးးး မရတော့ဘူး သီချင်းက

  • lazy boy

    July 11, 2012 at 6:39 pm

    ပြန်လည်ပေါင်းဆုံနှိုင်ပါစေ၊၊

Leave a Reply