အိမ်မဲ မြို့ နယ် NLD ဆိုင်း ဘုတ်တင်ပွဲနှင့် ရုံး ဖွင့်ပွဲ အခန်း အနား ဓါတ်ပုံ သတင်း

kyaw moe moeMay 13, 20121min1807

အိမ်မဲမြို့နယ် အမျိုးသား ဒီမိုကရေစီ  အဖွဲ့ ရုံး ခန်း ဖွင့် လှစ်ပွဲကို မြို့နယ်တွင်း က လူများ အားတက်သရော ပါဝင် ကြသည်။တို့ပြင် ပုသိမ်ကန်ကြီးဒေါင့်၊ ကျောင်းကုန်မြို့ ၊မြောင်းမြ မြို့နယ်၊ ဝါးခယ်မ မြို့နယ် တွင်းရှိ

အန်အယ်ဒီ ပါတီ ဝင်များ လည်း တက်ရောက်ကြသည်။ အဆိုပါ ပွဲသို့ အန်အယ်ဒီ ဋ္ဌာနချုပ် မှ နာယကကြီး ဦးတင်ဦး၊ ဦးလှဖေတို့ တက်ရောက် ဖွင့်လှစ်ပေးပါသည်။

အိမ်မဲမြို့နယ်  အန်အယ်ဒီ အဖွဲ့ တွင်  ဦးမောင်မောင်ကြီး မှ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး အတွင်းရေးမှူးမှာ ဒေါ်ခင်ဆွေဦး ဖြစ်ပါသည်။ လူငယ်ရေးရာတာဝန်ခံမှာ ဦးခင်ဇော်လင်းဖြစ်ပါသည်။မြို့နေလူထုက သောင်းသောင်း ဖျဖျကြိုဆိုထောက်ခံ  အားပေးကြသည်ကို မြင်တွေ့ရပါသည်။

7 comments

  • htet way

    May 14, 2012 at 10:20 am

    ကောင်းလေစွ ကောင်းလေစွ
    ကျွန်ပ်လည်း ကဗျာတစ်ပုဒ်ဒေါင်းတွန်သံတဝေဝေ ကဗျာ ကိုတက်ရောက်ရွတ်ဆို
    ဂုဏ်ပြု ခဲ့ပါကြောင်း း
    (ကိုယ့်ဘာသာပဲ ပြောလိုက်ပါတယ် ကို ကမ်းဝေးရေ့)

    • ကြောင်ကြီး

      May 15, 2012 at 10:44 am

      ဂုံယူဘာဒယ် ဆြာထက်ဝေး…။
      အက်စ်ဘီသတင်းတပ်ဖွဲ့ကိုဆား ယဲအုတ်ကြောင်ကြီး 😎

  • shwe kyi

    May 14, 2012 at 1:16 pm

    ဝမ်းသာပါတယ်ရှင်။
    ကိုထက်ဝေးကိုလည်းချီးကျူးမိပါကြောင်း။

    • zarlay

      May 17, 2012 at 2:35 pm

      ရုံးခွဲတွေလည်းတော်တော်ဖွင့်ပြီးပြီ အနိုင်ရစေချင်တဲ့အတိုင်းလည်း အနိုင်ရပြီဆိုတော့ ပြည်သူတွေအတွက် ဘာတွေလုပ်ပေးမလဲဆိုတာ စောင့်မျှော်ရမှာပေါ့

  • etone

    May 14, 2012 at 1:49 pm

    NLD ရုံးခွဲတွေ မြို့နယ်အလိုက် ၊ ဒေသအများစုမှာ ဖွင့်လာနိုင်တာ .. တကယ်အားရဖို့ကောင်းတယ် … ။ ပါတီရဲ့ ညီလာခံကိုလည်း …. လာမယ့် ဒီဇင်ဘာလောက်မှာ ကျင်းပမယ်လို့ သိရတယ် … ။ ပါတီက ရုံးခွဲတွေ မြန်မာနိုင်ငံတဝှမ်းလုံး ဖွင့်လာနိုင်တော့မှာ ဝမ်းသာစရာပါ … ဒီလိုပါပဲ … ပါတီဝင်တွေကလည်း ကိုယ့်တာဝန်ကိုယ် သမာသမတ်ထမ်းဆောင်နိုင်ဖို့ အရေးကြီးပါတယ် … ။ အမေစုရဲ့ လမ်းညွှန်မှုနဲ့ အတူ .. ပါတီရဲ့ လုပ်ငန်းဆောင်တာများကို .. တကယ်စိတ်ရောကိုယ်ပါ လုပ်ချင်စိတ်နဲ့ ထမ်းဆောင်နိုင်တဲ့ လူမျိုးတွေဖြစ်သင့်တာ … သာကူးတွေ ၊ အာဏာရူးတွေသာ ပါလာလျှင် …. ဆွမ်း ဆန်ထဲ ကြွက်ချေးရောတဲ့ အဖြစ်တွေ …. ဖြစ်လာနိုင်သေးတယ် …. ။

  • kyaw moe moe

    May 17, 2012 at 5:37 pm

    အိမ်မဲမြို့ရဲ့ NLD ရုံးဖွင့်ပွဲတင်လိုက်တာဟာ မြန်မာပြည်သူအားလုံး မျှဝေခံစားနိုင်ဖို့ပါ—အားလုံးပဲယုံကြည်ချက်အတိုင်း လျှောက်လှမ်းနိုင်ပါစေ——-

Leave a Reply