ပြည်ရောက်တုန်း ဟိုရိုက် ဒီရိုက်

weiweiMay 14, 20123min32634

ဒီတစ်ပတ်ထဲမှာ ပြည်ဘက်ကို ခရီးတိုတစ်ခု သွားဖြစ်ခဲ့တယ် … တွေ့ရာ မြင်ရာ အကုန်လုံးလျှောက်ရိုက်လာတဲ့အထဲက လှမယ်ထင်တာလေးတွေ ရွေးပြလိုက်ပါတယ် … ပန်းမြင်လဲရိုက် အကောင်မြင်လဲရိုက် … ဈေးသည်မြင်လဲရိုက်နဲ့ ဘာမြင်မြင် အကုန်ရိုက်ဖြစ်သွားပါတယ် ..

ဝန်ချတောင်ပေါ်ကနေ ရိုက်ခဲ့မိတဲ့ စိန်ပန်းနဲ့ တိုက်ဟောင်း
တောင်စောင်းပေါ်က ဆိတ်ကလေးတွေ
မန်ကျီးရွက်နှင့် မန်ကျီးပန်း (၁)
မန်ကျီးပန်း (၂)
ကြာပန်း (၁)
ကြာပန်း (၂)
လျှပ်တစ်ပြက်ရိုက်ဖြစ်ခဲ့တဲ့ ရှင်လောင်းလှည့်ပွဲ (၁)
ရှင်လောင်းလှည့်ပွဲ (၂)
ရှင်လောင်းလှည့်ပွဲ (၃)
ဒီငှက်ကလေးကိုဝယ်ပြီး လွှတ်ပေးခဲ့တယ်
ခွေးငတက်ပြား
ပန်းချီကားချပ်တစ်ခုလိုပဲ ကဗျာဆန်တယ်

34 comments

  • Ma Ei

    May 14, 2012 at 2:57 pm

    ပန်းချီကားချပ်တစ်ခုလိုပဲ ကဗျာဆန်တယ်…က
    တစ်ကယ်ကို ပန်းချီကားတစ်ချပ်အတိုင်း လှပါတယ်…
    မအိလဲ အဲ့လိုမျိုးလေးတွေ သဘောကျတတ်တယ်…
    ကြာပန်း (၁)…သူလဲလှတယ်..ကြိုက်တယ်…

  • mocho

    May 14, 2012 at 3:00 pm

    မန်ကျီးရွက်နုလေးတွေ တွေ့ တော့ သုတ်စားချင်လိုက်တာ။ ကြာပန်း (၂) ပုံလေးလည်းသဘောကျတယ်။ ဒီက ဆေးခန်း တခုမှာ ပန်းလေးတွေရဲ့ အနီးကပ် ပုံ ပန်းချီကားတွေ ချည်းပဲ ချိတ်ထားတာတွေ့ ဖူးတယ်။

  • မဟာရာဇာ အံစာတုံး

    May 14, 2012 at 3:18 pm

    ဂျီးဒေါ်ပုံထဲက
    မန်ကျီး ရွက်တွေကို မြင်တော့
    ရွာက မန်းကျီးတန်းကိုတောင် သတိရလိုက်မိသေး …
    ဒါနဲ့ ဂျီးဒေါ်က ဈေးသည်မြင်လည်း ရိုက် .. ဆိုတော့ …
    ဒါ့ပုံပြပွဲဝင်မယ်လို့ ပြောလိုက်တာများလားလို့ …. 😀

    • weiwei

      May 14, 2012 at 3:45 pm

      ဈေးသည်မြင်တဲ့အခါ ဓါတ်ပုံပြပွဲကို သတိရမိတယ် … သဘာဝကျကျပုံလေးများရမလားဆိုတဲ့စိတ်နဲ့ ရိုက်ခဲ့မိပေမယ့် တစ်ပုံမှ စိတ်တိုင်းမကျသေးဘူး ..
      မန်ကျီးပင်က ရွှေဘုံသာမုနိဘုရားပေါ်က အပင်ကြီးဖြစ်ပါတယ် … အရမ်းကြီးပြီး တစ်ပင်လုံး အပွင့်တွေနဲ့ အရမ်းလှတယ် …
      ရှင်လောင်းလှည့်တာက ရွှေတောင်မြို့ကို အဖြတ်မှာ ဖြတ်ကနဲမြင်တုန်း ကားပေါ်ကနေ အမြန်ခလုတ်နှိပ်ထားတာဖြစ်ပါတယ် …
      ကြာပန်းက ရွှေနတ်တောင်ဘုရားပေါ်က …
      အခုတလော ဓါတ်ပုံတင်ရခက်နေလို့ ဘုရားပုံတွေကို အေးအေးဆေးဆေးမှ သီးခြားပို့စ်နဲ့ တင်တော့မယ် …

      • shwe kyi

        May 14, 2012 at 9:16 pm

        မဝေဝေရေ လွမ်းရအောင်လုပ်တယ်နော်.။ ရွှေကြည်ကပြည်မှာနှစ်အတော်ကြာ ကျောင်းတက်ခဲ့
        တာပါ။ ကျောင်းတော်ကြီးနဲ့သူငယ်ချင်းတွေကိုသတိရမိတယ်။ မင်းကြီးတောင် မှာရောပုံတွေ
        ရိုက်ခဲ့သေးလား။ ရွှေဆံတော်စေတီအနောက်တောင်ထောင့် ရင်ပြင်ကနေ လှမ်းကြည့်ရင်အရမ်း
        လှတာ။ ပြည်အလွမ်းပြေ ဘုရားပုံတော်တွေမျှော်နေမယ် တခြားပုံတွေရှိရင်လည်းတင်ပေးပါဦးနော် မဝေကဓါတ်ပုံရိုက်တော်တယ်နော်

        ခင်ချင်တဲ့

  • Mon Kit

    May 14, 2012 at 3:50 pm

    ခွေး ငတက်ပြားပုံ မိုက်တယ်…
    တော်တယ်ကွာ…

  • ဗိုက်ကလေး

    May 14, 2012 at 3:59 pm

    ဓာတ်ပုံတွေ မိုက်သဗျာ..
    အကုန်မိုက်ဒယ်..ဂွတ်ရှယ်..
    ငှက်ကလေးဆိုလို ့ ရွာထဲမှာလဲ ငှက်ကလေး ဆိုပြီး တစ်ယောက်ရှိသဗျ..
    ငှက်ကလေးရေ..နင့်အမျိုး လာကြည့်ဦး

  • kai

    May 14, 2012 at 4:23 pm

    အဲဒီသစ်လုံးကြီးတွေနေရာ.. တော်တော်လှတယ်..။
    ဝေမမဓါတ်ပုံကြည့်ပြီး.. ဓါတ်ပုံဆရာတွေ.. တကြွကြွဖြစ်လောက်မယ်..။ :mrgreen:

  • အဲလိုဘုန်းကြီးကျောင်းမျိုးရိုက်ချင်တာ
    ပကာသနဖက်နေတဲ့ကျောင်းတွေချည့်တွေ့နေရတော့ မရိုက်ဖြစ်ဘူးရယ်

  • nozomi

    May 14, 2012 at 4:51 pm

    အန်တီဝေ ဓါတ်ပုံတွေ တော်တော်လှတယ်
    ရွာထဲမှာ ပညာရှင်တွေ တော်တော်များတာပဲ ၊ အားကျမိတယ်

    အနီးကပ်ရိုက်တဲ့ ပုံတွေက ရိုးရိုးရိုက်တာလား ၊ macro နဲ့ ရိုက်တာလား ( ပန်းလေးတွေက ပြတ်ပြတ်သားသားနဲ့ လှနေလို့လေ )

    မန်ကျီး ရွက်က ထောင်းစားလဲ ကောင်းမယ်ထင်တယ်

    မနေ့ကတောင် အပြင်ထွက်တော့ စိန်ပန်းတွေပွင့်နေတဲ့ လမ်းကလေး ကြည့်ပြီး သဘောကျနေတာ ကင်မရာမပါသွားလို့ မရိုက်ခဲ့ရဘူး

    • weiwei

      May 14, 2012 at 8:12 pm

      အနီးကပ်ပုံတွေကို macro နဲ့ ရိုက်ဖြစ်ပါတယ် …
      ကျွန်မလဲ အခုတလော ဘာမြင်မြင် ရိုက်မယ်ဆိုတာချည်းပဲ … 😛

  • Ch@vez

    May 14, 2012 at 5:03 pm

    ပန်းချီကားချပ်တစ်ခုလိုပဲ ကဗျာဆန်တယ်

    အောင်မယ်လေးလေးလေ့လေ …
    ရိုက်ချင်ထှာအေ…

    အားပေးသွားပါဂျောင်း…..

    ခင်တဲ့
    ဂီ

  • aye.kk

    May 14, 2012 at 6:03 pm

    မဝေ..
    ပုံတွေအားလုံးလှတယ်..
    ငှက်ကလေးကချစ်ဖို ့ကောင်းလိုက်တာ..
    ကြာပန်းလည်းလှလိုက်တာ…
    ပုံလေးတွေအားလုံးကြည့်ပြီးကြည်နှူးမိတယ်လို ့ပြောလိုက်ပါရစေနော်..။

  • Khin Latt

    May 14, 2012 at 7:13 pm

    ဝေဝေရေ

    ဒါကြောင့် အသံ တိတ်နေတာကိုး။
    ပုံလေးတွေက တကဲ့ ပရို ဘဲ။

    အောက်ဆုံးက သစ်လုံးကြီး တွေနဲ့ က ဘယ်မှာလဲ။
    အရီးလဲ ပြည်မှာ နေရာတော်တော်များများ ရောက်ဘူးပေမဲ့ အဲဒီနေရာကို မသိလို့။

    မိုချို ပြောသလိုဘဲ မန်ကျီးရွက်နုလေးတွေ သုတ်စားချင်စရာ။

    ရှင်လောင်း လှည့်ပွဲမှာ မောင်ရင်လောင်း တွေက အတော်ကြီးနေရှာပြီ။
    ဘယ်သူဘာပြောပြော ရှိနေဆဲ ဒီလို မြန်မာ့ထုံးတမ်း ယဉ်ကျေးမှု လေး တွေ အတွက် တကဲ့ကိုဂုဏ်ယူပါတယ်။

    စာကလေးလေး မျက်လုံးမှာ ကြောက်ရွံ့ ထိတ်လန့် နေဟန်မရှိ။
    ဒါမျိုး အတွေ့အကြုံ ရနေပြီးဖြစ်မလား မသိ။

    အိုင်းပက် နဲ့ ခွေးလေး က ချစ်စရာခွေးငတက်ပြား။
    သူဘေးကကောင်က ခြသေ့င်္ နဲ့တူတယ်။ 🙂

    • weiwei

      May 14, 2012 at 8:07 pm

      သစ်လုံးကြီးတွေနေရာက ပြည်ရွှေဆံတော်ဘုရားနားက ဆယ်ထပ်ကြီးဘုရားဘေးနားက ဘုရားစောင်းတန်းတစ်ခုပါ … တိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးတစ်ပါးက လှေကားကနေတက်အလာကို လှမ်းမြင်လိုက်လို့ ကမန်းကတမ်း ရိုက်လိုက်တာ …

  • တညင်သား

    May 14, 2012 at 8:17 pm

    လက်တက်လာပြီ မမဝေ …. ပြီးရင် ခြေတက်လာလိမ့်မယ်.. 🙂 😛

  • ဦးဦးပါလေရာ

    May 14, 2012 at 8:18 pm

    ငှက်ကလေးပုံက ချစ်စရာကောင်းတယ်..
    ခွေးငတက်ပြားကလဲ ထူးခြားလိုက်တာ…
    အကြိုက်ဆုံးကတော့ စိန်ပန်းနီနီလေးတွေပဲ…

  • pooch

    May 14, 2012 at 9:55 pm

    မဝေပုံတွေ တကယ် လှလာတယ်
    အဲ့ဒီ တိုင်လုံးကြီးနဲ့ ဘုန်းကြီးကျောင်းနာမည်က ဘာတဲ့လဲ မဝေ..

    • weiwei

      May 14, 2012 at 10:31 pm

      ဘုန်းကြီးကျောင်းမဟုတ်ပါဘူး … ဘုရားတန်ဆောင်းတစ်ခုပါ ..
      ပြည်ရွှေဆံတော်ဘုရားကနေ ဆယ်ထပ်ကြီးဘုရားဘက်ကို ဆင်းသွားတဲ့ လှေကားအဆုံးနားမှာ ရှိပါတယ် …

  • ညလေး

    May 14, 2012 at 9:56 pm

    မန်ကျီးပန်းနဲ…..ပန်းချီကားတစ်ချပ်ကိုအခိုက်ဆုံးပဲမမဝေ
    အားပေးသွားပါ၏..
    “ညလေး”

  • padonmar

    May 15, 2012 at 6:55 am

    ကဗျာဆန်တာလေးရယ်၊ငတက်ပြားကြိုက်တယ်။
    ှုှငှက်ကလေးတွက်သာဓုပါ
    မန်ကျည်းပန်းမတွေ့ဖူးသေးပါ။
    ဈေးသည်အတွက် ကျိတ်ပြီးအားထုတ်နေကြတာ ငွေကုန်သံပြာ ဖိနပ်ပါး ဗိုက်ကားဖြစ်နေကြပါကြောင်း

    • weiwei

      May 15, 2012 at 9:03 am

      ကုသိုလ်တောင်မှ အပြည့်ရမယ် မထင်ပါဘူ အန်တီရေ …
      ငှက်ကလေးကို ဓါတ်ပုံရိုက်ချင်လို့ တစ်ကောင်အရင်ဝယ်လိုက်ပါတယ် ၅၀ဝ ပေးရတယ် … လက်ထဲရောက်တာနဲ့ လွတ်သွားလို့ … နောက်တစ်ကောင်ထပ်ဝယ်တယ် … ခဏလေးနဲ့ ထပ်လွတ်သွားပြန်တယ် … နောက်ဆုံးတစ်ကောင်ကျမှ အတင်းဖိထားပြီးရိုက်လိုက်မှပဲ အခုဓါတ်ပုံကိုရတာ … 🙂 ၁၅၀ဝ ကျပ်တန် ဓါတ်ပုံလေးပေါ့ 😛

    • MaMa

      May 15, 2012 at 5:51 pm

      ဘယ်သူ့ကိုု စောင်းပြောသလဲ မသိဘူးနော်… 😛
      *ဈေးသည်ကို ရိုက်ဖို့ သူရောင်းတာဝယ်ရတော့ ငွေကုန်
      *လိုချင်တဲ့ မုဒ်ရအောင် စကားရောဖောရောလုပ်ရတော့သံပြာ
      *ဈေးသည်လိုက်ရှာရင်း ဖိနပ်ပါး
      *အတူပါလာတဲ့သူကလည်း မနေနိုင်လို့ အားနာပါးနာဝယ်ပြီး ကျွေးတော့ ဗိုက်ကား
      *ကောင်းကျိုးအထွေထွေ ရလေသတည်းးးးး
      (ဆုရရင်တောင် ကုန်ကြမ်းရှာစရိတ် ကျေပါ့မလားမသိ) 😀

  • MaMa

    May 15, 2012 at 8:50 am

    မန်ကျည်းပန်းကို ခုမှပဲ မြင်ဖူးတယ်။
    ပန်းကို Close up ရိုက်ထားတာလေး ကြိုက်တယ်။
    ဘုန်းကြီးတစ်ပါး လမ်းလျှောက်လာတဲ့ပုံလေး ပါတာကိုက ပိုပြီး ပန်းချီကားချပ်တစ်ခုလိုပဲ ကဗျာဆန်ပြီး အသက်ဝင်သွားတယ်။ 🙂

  • ဆူး

    May 15, 2012 at 9:32 am

    မန်ကျည်းပန်း ကို ဒီအရွယ် အထိ တခါမှ မမြင်ဖူးသေးပါကြောင်း။
    ခွေးငတတ်ပြား နဲ့ စာကလေး ကို ပေါင်းပြီး နာမည် ပေးလိုက်မယ် ဂျက်စပဲရိုး လို့.. ဟိဟိ..

    ပန်းချီဆန်ဆန် ဖြစ်အောင် ရိုက်ထားတဲ့ စိတ်ကူးလေးကိုသဘောကျမိတယ်။

  • ဆူး

    May 15, 2012 at 9:34 am

    အမှတ်တမဲ့ အမ ပိုစ်ခေါင်းစဉ် ကို ဖတ်လိုက်တာ. ပြည်ပ ရောင်တုန်း ဆိုပြီး ဖတ်လိုက်မိတယ်။ ပ တလုံး ပိုထည့်ဖတ်လိုက်မိတာ ဖွင့်လိုက်တော့ မန်းကျည်းပင်နဲ့ တန်းတိုးတာပဲ..

  • etone

    May 15, 2012 at 10:14 am

    အပေါ်ဆုံးက စိန်ပန်းနဲ့ တိုက်ဟောင်းဆိုတဲ့ပုံ ရယ် ၊ ခွေးငတက်ပြားပုံရယ်ကိုကြိုက်တယ် … ။ မဝေရေ … ရန်ကုန်မြို့ရဲ့ ခေါက်ချိုးကျိုးနေတဲ့နေ့စဉ်ဘဝထဲက ခဏတာထွက်ပြီး ၊ ခရီးသွား လေ့လာခြင်းလုပ်တာ အပမ်းဖြေခြင်း တစ်မျိုးပါပဲ …. ။
    ငြီးငွေ့စရာကောင်းတဲ့ … မြို့ပြနေအလုပ်သမားဘဝနဲ့မတူတဲ့ … ပတ်ဝန်းကျင်ကို မြင်လိုက်ရတာမို ့…. မွန်းကြပ်မှုတွေ … ဖြေလျော့သွားသလိုပါပဲ ။ 🙄

  • ကြောင်ကြီး

    May 15, 2012 at 10:20 am

    ပြည်ထမင်းသုတ်၊ ပဲပလာတာ နာမည်ကြီး၏…။

  • ahnyartamar

    May 15, 2012 at 10:35 am

    ပုံတွေလှပါ၏။ ကြိုက်ပါ၏။
    ပြည် ‘ကတွက်ယို’ နဲ့ ‘မလိုင်လုံး’ လည်းနာမည်ကြီးတယ်နော်…လက်ဆောင်မဝယ်ခဲ့ဘူးလား?

  • မောင်ဘလိူင်

    May 15, 2012 at 10:43 am

    အန်တီဝေ ရေ..အပေါ်ဆုံးပုံက တိုက်ဟောင်းကြီးမှာ
    ကျွန်တော် ၂နှစ်နီးပါးလောက် နေခဲ့ဖူးတယ်ဗျ..။
    အင်္ဂလိပ်တွေ အောက်မြန်မာနိုင်ငံကို သိမ်းကတည်းက
    ဆောက်ထားတယ်လို့ ထင်မိတာပဲ..။ မိုးထားတဲ့ အုပ်ကြွပ်
    တွေမှာ ၁၈၆၅ ခုနှစ်ထုတ်တယ်လို့ ရေးထားတာပဲ။မင်းကြီး
    တောင်ပေါ်မယ် အဲဒီလို ဗိုလ်တဲတွေ အများကြီး ရှိပေမဲ့
    ကောင်းကောင်းကန်းကန်း ဆိုလို့ အဲဒီ အိမ်ကြီးပဲ ကျန်မယ်။
    ဒကစ က သိမ်းထားပြီး စစ်သားတွေ ထားတာ။နောက်တော့
    စစ်သားတွေတောင် မနေရဲတော့သလိုလို ပြောကြတာပဲ။အဲဒါနဲ့
    ပန်း တို့ ဖရဲတို့ ဘာညာစိုက်တဲ့ ကျီးသဲဘက်က လင်မယားနှစ်ယောက်
    လာနေတယ်ဗျ။ သူတို့ အပင်စိုက်တာ အခု အန်တီဝေ လှမ်းရိုက်တဲ့ ဘက်က
    လျှို လိုနေရာထဲမယ် စိုက်တာ။အဲဒီလျှို ဟိုဘက်မယ်တော့ ကုလားသချင်္ု ိင်း
    တရုတ်သချင်္ု ိင်းတွေ ရှိတယ်။ဂျပန်ခေတ်၊ ကွန်မြူနစ်ခေတ်တွေ လူတွေ
    အတော်ကို သေခဲ့တဲ့ နေရာပေါ့။ သာယာဝတီ ထောင်က ဝန်ထမ်းတွေ
    ကို အလံနီတွေ ဖမ်းလာပြီး သတ်တာ အဲဒီမှာပဲလို့ ဆိုကြတယ်။
    တစေ ္ဆသရဲ ဆိုတာ မမြင်ဖူးခဲ့ပေမဲ့ အဲဒီအိမ်မှာ နေခဲ့တဲ့ နောက်ဆုံးကာလ
    တွေဟာ ကျွန်တော့်ဘဝမှာ အချောက်ခြားရဆုံး အချိန်တွေ ဖြစ်ခဲ့ရတယ်။
    အဲဒီ အိမ်ကြီးမှာ နေခဲ့ရတဲ့အကြောင်းတွေကို အခန်းဆက်ရေးဖို့တောင်
    စဉ်းစားမိတယ်။ ဒါပေမဲ့လို့ ကာယကံရှင်တွေ ကို ထိခိုက်မလား စိုးမိ
    တာ။

    • weiwei

      May 15, 2012 at 10:52 am

      ဝန်ချတောင်ဘက်အခြမ်းကနေ လှမ်းရိုက်လိုက်တာပါ … အဲဒီနားမှာ ဘုရားတစ်ဆူနဲ့ တော်တော်ဟောင်းပြီး ယိုင်နေတဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်းတွေ့ခဲ့တယ် … ဓါတ်ပုံရိုက်လာသေးတယ် … နောက်နေ့မှ အဲဒီတောင်ကဓါတ်ပုံတွေ တင်အုန်းမယ် … စိတ်ဝင်စားစရာကောင်းပါတယ် …

      ကိုဘလှိုင်ရေးမယ့် ဇာတ်လမ်းကိုလဲ အားပေးဖို့ စောင့်မျှော်နေမယ် …

  • Thel Nu Aye

    May 15, 2012 at 3:25 pm

    အမဝေရေ။ ဓါတ်ပုံလေးတွေကြည့်ရင်းမန်ကျည်းရွက်နုနုလေးတွေခူးသွားပါတယ်။

  • kyeemite

    May 15, 2012 at 7:25 pm

    မဝေကအင်ဂျင်နီယာပီသပါတယ်ဗျာ…ရှု့ဒေါင့်လေးတွေမြင်တတ်လို့…
    ရွာထဲကဓါ့ပုံဆြာတွေလောက်ကိုတော်ပါပေတယ်..
    ခင်တဲ့…
    ကြိုက်မီး။

  • thureinmaung

    May 16, 2012 at 12:23 pm

    ဘုန်းကြီးကျောင်းအတွင်းပိုင်းပုံကိုအကြိုက်ဆုံးဘဲ

Leave a Reply