RFA သတင်းစဉ်ပါ KIA အပေါ်မြန်မာစစ်တပ်ရဲ့ ထိုးစစ်ရပ်တန့်ရေး UNFC တောင်းဆိုချက်အား အင်းတော်ကြီးသားတစ်ဦးရဲ့ အတွေးအမြင်

စစ်ပွဲသည်မကောင်း တိုင်းရင်းသားပြည်သူလူထုအား ဆင်းရဲစေ၏။ငတ်မွတ်စေ၏။မိသားစုပြိုကွဲပျက်စီးစေ၏။ပညာမဲ့စေ၏။
အသိညဏ်အမှောင်ကျစေ၏။သေကျေပျက်စီးစေ၏။ဒါ့ကြောင့် UNFC အပါအဝင် KIA ,KIO ရော စစ်တပ်ပါမကျန်
သင်တို့အားလုံး ဆွေစွဲ၊မျိုးစွဲ၊ဘာသာစွဲ၊ လောဘစွဲ၊ အာဏာစွဲ၊အတ္တစွမြျားအားလုံး စွန့်လွှတ်ကြပြီးလျင် စစ်ပွဲတွေ ရပ်စဲသင့်ကြပြီ။
ပြည်သူတွေအား မပျက်စီးစေကြပါနှင့်။
UNFC အဖွဲ့အနေနဲ့ KIA,KIO ဟာ ပြည်နယ်နှင့်တိုင်းရင်းသားအားလုုံး ကိုယ်စားမပြုကြောင်း သိစေလိုပါတယ်။
1970 ခုနှစ်လွန်များကထဲက လူထုကို နှိပ်စက်ခဲ့ပါတယ်။1977 လောက်က ပြည်နယ်ဥက္ကဌဦးဖော်ယူးခါး လက်ထက်မှာ
မိုးညှင်းမြိ ု့ကို ဝင်ရာက်စီးနင်းတိုက်ခိုက်ချိန်မှာ အရှေ့စုရပ်ကွက်တွင် နံနက် ၄ နာရီကျော်တွင် အာရုံဦးဘုရား
ဝတ်ပြုနေတဲ့ အသက် ၈၂ နှစ်ရှိ ဗုဒ္ဓဘာသာဝင်ရှမ်းအဖွားကြီးတစ်ဦးကို နောက်ကျောကနေ ပစ်သတ်ခဲ့လို့ ရှမ်း၊
ရှမ်းဗမာ နှင်.   ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများနဲ့ KIA ကချင်များ အကြီးအကျယ် အဓိကရုံး ဖြစိခဲ့ပါတယ်။အခုလဲ မိုင်းထောင်၊
ဆက်ကြေးတွေကောက်ခံတာ ထပ်ပြန်တလဲလဲတောင်း၊ လူဖမ်း၊ စုဆောင်းရေးဆွဲ၊ ပေါ်တာဆွဲနှင်. နှိပ်စက်ဆဲပါပဲ။
နန်စီးအောင်နယ်တဝိုက်မှာဆိုရင် အပြင်ထွက်သွားလာနေထိုင်ပြီး စီးပွားရှာသူ၊ လယ်ယာအခင်းလုပ်နေသူ
လူမျိုးပေါင်းဆုံတို့ကို ့ပေါ်တာနှင့် စုဆောင်းရေးအတွက်ဆွဲထားတာ တစ်လကျော်အတွင်းမှာ လူ ၁၀ဝ ကျော်
ပါသွားပြီး နန်စီးအောင်ဒေသကလူတွေ ၅ဝ လောက်စုပေါင်းပြီး KIA ရင်း ( ၅ ) ရှိရာ မိုးညှင်းအရှေ့တောင်ကို
လူပြန်လွှတ်ရန် အရေးဆိုဘို့ တက်သွားတဲ့အခါမှာ စခန်းကအခွံ ကြီးပဲကျန်ရစ်ခဲ့လို့ ငါတို့မိသားစုတွေကို
ပြန်မလွှတ်ရင် “မင်းတို့ကချင်တွေ ငါတို့အကြေင်းသိမယ်” လို့ဆိုပြီး စာချိတ်ဆွဲခဲ့ပြီး စခန်းဟောင်းကို မီးရှို့
ဖျက်စီးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။KIA သာအာဏာ ရခဲ့မယ်ဆိုရင် ရှမ်း၊ဗမာ၊ကတူး စတဲ့တိုင်းရင်းသား
အားလုံးက ကချင် KIA  ကိုတော်လှန်ရေး ပြန်လုပ်ကြဖို့ အဆင်သင့်ပြင်နေကြပါပြီ။UNFC ကိုသိစေချင်ပါတယ် KIA,KIO ဟာ
ပြည်နယ်နေ တိုင်းရင်းသားအားလုံးကို အပေါ်စီးကပဲ အမြဲနှိပ်စက်ခဲ့တာပါ။တိုင်းရင်းသားအားလုံးကို ကိုယ်စား
မပြုပါဘူး။ တိုင်းရင်းသားတွေကို မနှိပ်စက်ဖို့နဲ့ အဖျက်လုပ်ငန်းမလုပ်စေဖို့ UNFC အနေနဲ့ KIA, KIO ကို ကန့်ကွက်
တားမြစ်ပေးစေလိုပါတယ်။
ကချင်နဲနဲ သာရှိတဲ့ ကချင်ပြည်တယ်ကို ကချင်ပြည်နယ်လို့မရေးပဲ အခြားနာမည်တစ်ခု ပြောင်းပေး
သင့်ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ တုန်းက အင်းတော်ကြီးအိုင် တဖက်ကမ်း ချောင်းဝကျေးရွာ စက်လှေဂိတ်
အနီးက KIA အကောက်အခွန်ဂိတ်မှာ တာဝန်ကျတဲ့ KIA ရဲဘော်တချို့က ခရီးသည် အဖိုးအို တစ်ယောက်ကို
မေးခွန်းတစ်ခုမေးခဲ့ပါတယ်။အဖိုးအိုက စိတ်ထဲရှိတဲ့ အတိုင်းဖြေရင် ရိုက်မှာလား၊ ဖမ်းထားမှာလား၊သေနတ်နဲ့
ပစ်မှာလား မေးတဲ့အခါမှာ KIA ရဲဘော်လေးတွေက ဘာမှမလုပ်ပါဘူး။ကောင်းကောင်းမွန်မွန် သွားနိုင်ပါတယ်လို့
ပြောခဲ့ပါတယ်။
မေးခွန်း။    ။ကျွန်တော်တို့ KIA ရဲဘော်တွေနဲ့ အစိုးရတပ်က ရဲဘော်တွေ ဘယ်သူကပိုကေင်းသလဲ။
အဖိုးအိုက ဖိနပ်ခါးကြားထိုး ပုဆိုးခါးတောင်းကြိုက်ပြီးတော့ အားရပါးရအော်ဟစ်ဖြေကြားရင်း ဂိတ်ဝက
ထွက်ပြေးသွားခဲ့ပါတယ်။KIA ရဲဘော်ကလေးများလဲ တဟားဟားရယ်မောရင်း သဘောကျကျန်ရစ်ခဲ့ကြပါတယ်။
အဖြေကလေးကတော့ “သေနတ်ကိုင်ထားတဲ့အကောင်မှန်ရင် ဘယ်မအေလိုးမှ မကောင်းဘူးတဲ့” ??????????
သင်ရော ဘယ်လိုထင်လဲ ?????? မယုံမရှိနဲ့ ကိုယ်တွေ့ဗျ။လူထုနှိပ်စက်တဲ့ ကောင်မှန်ရင် အတူတူပါပဲ။

5 comments

  • ကြောင်ကြီး

    May 14, 2012 at 8:14 am

    လူထုဂ ဘယ်သူ့ဂို ထောက်ခံလည်းဆိုဒါ လွပ်လပ်တရားမျှတဒဲ့ ရွေးကောက်ပွဲ လုပ်ပေးလိုက်ရင် အသိသာဂျီးပေါ့ကွယ်…။ ကြံ့ဖွတ်.. ကေအိုင်အေ.. အန်အယ်လ်ဒီ၊ အခြားပါတီတခုခု အဖြေထွက်လာလိမ့်မယ်…။ သူရို့ဂို ကချင်အများစုဂ ထောက်ခံသလား အနည်းစုဂ ထောက်ခံသလား မသိရဘေမဲ့ နှစ်ပေါင်းများစွာ ဗဟိုအစိုးမရဂို ခံချလာမှဒေါ့ နယ်မြေစိုးမိုးမှု သေဂျာဘောက် ရှိထားလို့ပေါ့…။ ကျုပ်တို့ ဘဘဂျီးဒွေဂလည်း မညံ့ဘာဘူး။ ကေအိုင်အေဂို လူထုထောက်ခံမှု မရှိရင် ရွေးကောက်ပွဲဝင်ဖို့ အတင်းခေါ်ပြီး လူထုမဲနဲ့ ဂျောင်ပိတ်သတ်မှာပေါ့…။ နင့်အူးနှောက် ဒီလောက်တောင် သေးယသလား..။

  • chityimhtoo

    May 14, 2012 at 10:34 am

    ရပ်စ် သတ်ရိုက်ဘယ်သူ့ကိုအများဆုံးထောက်ခံလည်းဆိုတာ ရွေးကောက်ပွဲကအသေချာဆုံးဘဲ။ KIA
    ကလက်နက်ကိုင်ပြီးသာတိုက်နေတာ သူတို့ကချင်တွေကြည့်လိုက်ရင် နိုင်ငံခြားထွက်တဲ့လူတွေချည်းဘဲ
    မြန်မာပြည်မှာကိုမတွေ့ရပါဘူး။တစ်ခါတစ်လေ ကချင်သူငယ်ချင်းတွေနဲ့စကားပြောဖြစ်ရင်တောင်
    သူတို့ကချင်နိုင်ငံဆိုပြီးသုံးနှူန်းလာတာခဏခဏကြားရပါတယ်။

  • နီလေး

    May 15, 2012 at 10:17 am

    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
    အစိုးရပိုကောင်းတယ် KIA KIO ပိုကောင်းတယ်လို့မပြောလိုပါဘူး ဒါပေမယ့် ခုမြစ်ကြီးနား၊ဝိုင်းမော်မြို့တွေမှာသုံးနေတဲ့လျှပ်စစ်မီးက KIOအဖွဲ့အစည်း ဘူးဂါးကပေးထားတာပါ

    • ko ko

      May 16, 2012 at 9:45 am

      နီလေးရေ………..ဘူးခါးလျှပ်စစ်ကန်ထရိုက် အခုလိုပေးနိုင်ဖို့ ဘယ်တိုင်းမှူး ဘယ်အစီုးရက ငြိမ်းချမ်းရးယူထားတဲ့
      ၁ရ နှစ်စာကာလအတွင်း ချထားပေးခဲ့တာလဲ။KIA KIO ကို သော်လည်းကောင်း အခြားငြိမ်းချမ်းရေးအဖွဲ့များကိုသော်
      လည်းကောင်းအစိုးရက စက်ရုံအလုပ်ရုံတွေ လုပ်ငန်းလုပ်ပိုင်ခွင့်တွေ အမျိုးမျိူးချထားပေးခဲ့ပါတယ်။ဘယ်သူတွေအောင်မြင်ခဲ့လို့
      ဘယ်သူတွေမအောင်မြင်ခဲ့သလဲ ဘာ့ကြောင့်လဲ ကိုယ်တို့အင်းတော်ကြီးက ရှမ်းမျိုးတွေက လူတကာအနှိမ်ခံ အဖိနှိပ်ခံ
      လူမျိုးတွေမို့ နီလေးဆီကဗဟုသုတလေး နဲနဲလောက် သိပါစေဦးဗျာ။

  • ko ko

    May 16, 2012 at 9:46 am

    ကြောင်ကြီးရေ ……. သိပ်အတွေးခေါင်ပြီးစိတ်နေမြင့် မနေပါနဲ့။မင်းငါ့ကိုဆဲလို့ စိတ်မဆိုးပါဘူးကွာ။ငါတို့ အင်းတော်ကြီးက
    ရှမ်းမျိုး၊ကတူးမျိုး၊မိုးညှင်း၊ဟိုပင်၊မိုးကောင်း၊ဗန်းမော်၊ဝိုင်းမော်၊ခတ်ချို၊ရှမ်းနီမျိုး၊ရှမ်းကြီးမျိုး၊ဥရုမြစ်ရိုးပျော်ရှမ်းနီမျိုးတွေတွေက
    KIA KIO နဲ့ ဂျိန်းဖောမျိုးတွေရဲ့ အမြဲတမ်း အဖိနှိပ်ခံမျိုးတွေပါ။တချိန်က KIA ကရှမ်းမမှန်သမျှ KIA မယားဖြစ်စေမယ်လို့
    မှော်နယ်မြေမှာ ကြိမ်းဝါးခဲ့ဖူးတယ်လေ။နေင်တချိန်မှာ KIA KIO တွေလဲ ရွေးကောက်ပွဲတွေမှာ မလွဲမသွေပါဝင်လာမှာပါ။
    KIA KIO တွေ ကိုယ်နေတဲ့ရွာမှာတော့ နိုင်မှာပေါ့။ဒေသတစ်ခုလုံး ဘယ်သူတွေကိုယ်စားပြုနိုင်မလဲ စောင့်ကြည့်ပေါ့။
    အချိန်က စကားပြောလာပါလိမ့်မယ်။

Leave a Reply