ကျွန်တော်ဒီနေ့ အချိန်အားလေးနဲနဲရလို့ တစ်ခုစဉ်းစားမိတယ်ဗျာ…

တခြားမဟုတ်ပါဘူး…ကိုယ့်ကိုကိုယ်ဝေဖန်သုံးသပ်ကြည့်မိတာပါ..

လောကကြီးမှာ လေးစားတာ ကြည်ညိုတာ ချစ်တာ ..ဒါတွေကအလွယ်တကာ့ အလွယ်ဆုံးတွေဘဲဗျ..ဘယ်သူမဆို အလွယ်တကူလုပ်နိုင်တယ်..ဆိုပါတော့ဗျာ..

ကျွန်တော် ဂေါတမ မြတ်စွာဘုရားကိုလေးစားကြည်ညိုတယ်..ကိုးကွယ်တယ်..

နေ့တိုင်း ဖင်ဗူးခေါင်းထောင်ပြီး ရှိခိုးတယ်..ဆီမီး ပန်း ဆွမ်းကပ်တယ် ပါးစပ်က ရသမျှ

ဂုဏ်တော်တွေ ဘာတွေ တရစပ်ရွတ်တယ်..တစ်ခါမှဝတ်မပျက်ဘူး..

လွယ်တာကိုးဗျ…လူကြားလို့လဲကောင်းတယ်လေ..ပါတ်ဝန်းကျင်ကဆို ကြီးမိုက်ကို

သိပ်လေးစားတာ..ဒီဘိုးတော် တော်တော် ဘုရားတရားကြည်ညိုတယ်..တစ်နေ့မှ

ဘုရားရှိခိုးမပျက်ဘူး..မနက်ဆိုလဲ နာရီကြည့်စရာမလိုဘူးဟေ့..ဦးကြီးမိုက်ကြီး

ဘုရားရှိခိုးသံကြားရရင်…မနက်၅နာရီတိတိဘဲ…အဲသလိုဗျ…ဘုရားများဘယ့်ဂလောက်ကြည်ညိုသလဲဆိုရင်..မြန်မာပြည်မှာရှိသမျှ တန်ံခိုးကြီးဘုရား မရောက်ဖူးတာမရှိသလောက်

လိုက်ဖူးမျှော်ခဲ့တယ်..ပြီးရင် ကြည်နူးလိုက်ရတာ ..ငါကွ..လို့ကြွေးကြော်မိပါရဲ့….

ဘုန်းကြီးလဲ သုံးခါဝတ်ဖူးတယ်…ဘုန်းကြီးဝတ်ကြီးနဲ့လဲ ဟန်လုပ်ပြန်တာဘဲ…

မနက်ဆိုအစောကြီးထ..ဘုရားရှိခိုး..ပီးရင် ကျောင်းထဲကစေတီလေးရှေ့ ပုတီးသွားစိတ်..

ပီး အာရုံဆွမ်းစား…ကျောင်းလာပီး ကိုယ့်ကို လာတွေ့တဲ့ မိတ်ဆွေ သူငယ်ချင်းမှန်သမျှ

ကိုယ်ဘဲတရားထူးတွေ့ထားလေဟန်နဲ့ တရားတွေရှောက်ဟော..(အပေါင်းအသင်းတွေကလည်း ဘုန်းကြီးဝတ်နဲ့မို့ သင်္ဃန်းအားနာပီး အောင့်သက်သက်နဲ့ နာယူကြ..)…အဲလူဝတ်လည်းလဲရော လဲတဲ့နေ့မှာဘဲ..သူငယ်ချင်းတွေ

နဲ့ ဘုန်းကြီးလူထွက်တဲ့နေ့ အထိန်းအမှတ်ဆိုပြီး..

ဘီယာဆိုင်မှာသောက်စားပျော်ပါးကြပြန်ပါပကော..အော်..ကြီးမိုက်..ကြီးမိုက်..နာမည်နဲ့

လိုက်ပါပေရဲ့……………….

ဒါပေမဲ့ ဘုရားရှင်ရဲ့အဆုံးအမတွေ လိုက်နာဘို့ကျတော့ နေ့ရွှေ့ ညရွှေ့နဲ့ ဒီနေ့ထိမလုပ်ဖြစ်ဘူး..တရားထိုင်ရင်ကောင်းမှန်းသိတယ်..တစ်ခါမှ မထိုင်ဖူးဘူး..

ဒီလိုပါဘဲဗျာ..ဗိုလ်ချုပ်အောင်ဆန်းကိုဆိုရင် ချစ်သလား လေးစားသလား ကြည်ညိုသလား

မမေးပါနဲ့..ကြိုက်တဲ့လူနဲ့ပြိုင်ရဲတယ်…ကြီးမိုက်လောက် ဗိုလ်ချုပ်ကို လေးစားကြည်ညိုတဲ့လူမရှိနိုင်ဘူး…ဒါပေသိ….ဗိုလ်ချုပ်ရဲ့လမ်းစဉ်  ဗိုလ်ချုပ်ရဲ့စိတ်ဓါတ်

ဗိုလ်ချုပ်ရဲ့စါရိတ္တအတိုင်း ဖြစ်အောင် ကျုပ်ဒီနေ့ထိ မကျင့်ကြံဖူးဘူး..မပြုပြင်ဖူးဘူး..

ခက်တာကိုးဗျ…ဒါအမှန်ပြောတာ…နိစ္စဓူဝ လောကကြီးထဲမှာ လွယ်တာတွေအသားကုန်လိုက်နာပြ..ခက်တာတွေမသိချင်ယောင်ဆောင်ပီး

လောကကြီးထဲ ရေလိုက်ငါးလိုက်နေလာခဲ့တာကြာပေါ့…တစ်ခြားမကြည့်ကြနဲ့ဗျာ..

ဒီဂေဇက်ဆိုတဲ့ ရွာကြီးထဲမှာဘဲကြည့်..ရွာသူားတစ်ယောက်က အရေးအသားကောင်းကောင်းနဲ့ ရသစာစုတစ်ခုတင်လာတယ်ဆိုပါတော့..ကြီးမိုက်ထပြီး

မန့်ပြပါလိမ့်မယ်.

.“ဖတ်လို့ အလွန်ကောင်းတယ်ဗျို့..အရေးအသားကိုတော့လေးစားသွားပြီဗျာ..

အချိန်ပေးပြီးရေးနိုင်တာချီးကျူးတယ်ဗျို့..အားလည်းကျမိပါကြောင်းဗျာ…”ဒါဘဲ…

ပြောတော့ အားကျသလေးဘာလေးနဲ့..သူ့လိုရေးနိုင်အောင်ကြိုးစားသလားဆိုတော့….နိုး..

ရိုက်ချက်ကောင်းတဲ့ဓါတ်ပုံလေးတွေတင်လာပြန်ရင်လည်း..“ကောင်းလိုက်တဲ့ ရိုက်ချက်..

ဓါတ်ပုံတွေတော်တော်လှတယ်ဗျို့…ဒေသမျိုးစုံခရီးတွေသွားပြီး ကွန်နက်ရှင်မကောင်းတဲ့ကြားက ဓါတ်ပုံလေးတွေတင်ပေးတာ ကျေးကျေးပါ…အားပေးသွားပါတယ်ဗျို့”…ဒါပါဘဲ..ကြီးမိုက်ရဲ့ကွန်မန့်စတိုင်လေ..ဟဲဟဲ..

အဲလိုတင်နိုင်အောင်..ကြီးမိုက် ခရီးသွားဖြစ်အောင်ကြိုးစားလား…နိုး…နိုး..နိုး..

ဓါတ်ပုံလှလှလေးတွေရအောင် ၀ိရိယထားကြိုးစားဖူးလား…နိုး..နိုး..နိုး..

ကိုယ့်ကိုကိုယ် အလုပ်များချင်ယောင်ဆောင်ပြီး…ကိုယ့်ကိုကိုယ် ဆင်ခြေတွေ

ပေးပြီး..ကျေနပ်နှစ်သိမ့်နေခဲ့တာ…………….

တစ်ကယ်တော့..ရုံးမှာ အဲကွန်းခန်းထဲနေပီး အီးမေးတွေဖတ်…ဂေဇက်ကိုလစ်ရင်လစ်သလိုဝင်ကြည့်…လူကြီးဖြတ်သွားရင်

အလုပ်များချင်ယောင်ဆောင်…ဒီလိုနဲ့ဘဲ..ညနေအလုပ်ဆင်းတော့ ဖယ်ရီနဲ့

သက်တောင့်သက်သာပြန်လာ…အဲ..အိမ်ထဲလဲလှမ်းဝင်လိုက်တာနဲ့…..

“မိန်းမရေ..ရေအေးအေးလေးတစ်ခွက်လောက်ကွာ…ဟူး..ဒီနေ့ ရုံးမှာတော်တော်ခေါင်းစားတယ်ဟေ့..တစ်နေကုန်ပင်ပန်းလိုက်တာမပြောပါနဲ့တော့ကွာ..”

အစချီပြီး……တောက်…အရေးထဲအေးအေးဆေးဆေးနားချင်ပါတယ် ဆိုမှ..ဒင်နာတဲ့ကွာ..

ဘော့စ်ရောက်နေလို့ကွာ..သွားရအုန်းမယ်..တကယ်တော့ စိတ်ကူးထားတာ မိန်မချက်တဲ့

ထမင်းလေးစာပီး စောစောအိပ်လိုက်ချင်တာကွ…အေးလေ သူ့ဝန်ထမ်းဖြစ်နေတော့လဲ

ဘယ်တတ်နိုင်မလဲကွာ…အဲသလိုမြည်တွန်တောက်တီးပြပြီး..ရေမိုးချိုး..ဘော်ဒါတွေနဲ့သောက်

ဖို့ ထွက်ခဲ့ပြန်ပါရော….အော် ကြီးမိုက်..ကြီးမိုက်…တတ်လဲတတ်နိုင်ပါ့……..

ဒါနဲ့ဘဲ ဒီနေ့ အချိန်လေးအားနေတာနဲ့…ဖြတ်သန်းခဲ့တဲ့ ဘ၀လမ်းကြောင်းကို ပြန်သုံးသပ်ကြည့်

မိပါတယ်….။နိဂုံးကမ္မ အဆုံးသတ်ရမယ်ဆိုရင်တော့…ကြီးမိုက်ဆိုတဲ့ နာမည်နဲ့လိုက်အောင်

မိုက်မဲသူတစ်ယောက်ဟာ လုပ်လို့လွယ်တာ..လိုက်နာလို့လွယ်တာ..အများအထင်ကြီးအောင် ဟန်ဆောင်ပြုမူတာတွေလုပ်ရင်း…ဟိုစပ်စပ် ဒီစပ်စပ်တော့သိပါရဲ့..ကြီးမိုက်ရဲ့ဘ၀မှာ

ဘာမှဟုတ်တိပတ်တိ မထင်ရှားခဲ့..ဘာမှထူးခြားတဲ့ဘ၀မှတ်တိုင်မစိုက်ထူနိုင်ခဲ့…

စဉ်းစားရင်း….ကိုယ့်ကိုကိုယ်ပြန်မေးကြည့်မိတယ်…..ဟေ့ကောင် ကြီးမိုက်..မင်းဘာကျွမ်း

ကျင်လဲလို့…ကျွန်တော်ကိုယ်တိုင် ကျွန်တော်ဖြစ်တဲ့ ကြီးမိုက်ကိုကြည့်ပီး ဘာမှမဖြေနိုင်ဘဲနှုတ်ဆိတ်နေလိုက်ရတယ်..

အော်……..အော်..မေ့လို့ဗျို့…ကျုပ်ကျွမ်းကျင်တာ နာမည်ကြီးတာ တစ်ခုတော့ရှိပါသေးသကော..ဟဲဟဲဟဲ..အဲဒါကတော့..အရက်သောက်ပီးပျော်တတ်ပါးတတ်တာဘဲ..အဲဒီကိစ္စမှာတော့ကျုပ်အမှန်တကယ်နာမည်ကြီးပါရဲ့ဗျာ…ကောင်းရော..

ပြောရအုံးမယ်ဗျို့..အိမ်မှာ အားလို့သော်၎င်း ဧည့်သည်စောင်သည် ရောက်လို့သော်၎င်း

ဓါတ်ပုံအယ်လဘန်တွေထုတ်ကြည့်ကြရင်…မဒမ်မိုက်ကပြောပြီ..ယောက်ကျားရယ်..

ရှင့်အမှတ်တရပုံတွေအားလုံးကိုကြည့်စမ်း..လက်ထဲအရက်ခွက်ကိုင်ထားတဲ့ပုံ…

အရက်ဝိုင်းမှာ တဟားဟားရှင်အော်ရယ်နေတဲ့ပုံတွေချည့်ဘဲ…..အဲဒီလိုအချိန်မှာ

ကျုပ်ပြောနေကျစကားကတော့…“မင်းကွာ..သားရှင်ပြုကိုရင်ဝတ်ပြီး သမီး

သီလရှင်ဝတ်တဲ့နေ့က မိသားစုဓါတ်ပုံလေးရှိပါတယ်ကွ… မင်း…နော်..”

ကဲကဲ..တော်ပါပြီဗျာ…ကိုယ့်ကိုကိုယ် ပြန်သုံးသပ်လိုက်တော့…

ဒီနေ့ထိတွေ့လိုက်ရတာက…ငါဘာမှမဟုတ်သေးပါလားဆိုတာပါဘဲ…

ဒါဆိုရင်…ခုကစပြန်ပြုပြင်လေဆိုတော့…အသက်က ဂိမ်းဘောဆိုက်နေပြီ…

နောင်ဘ၀ဆိုတာသာရှိခဲ့ပြီး..လူလည်ပြန်ဖြစ်အုန်းမယ်ဆိုရင်တော့…………

……………………………………………………………………………………………

…………………………………………………………………………………………….

……………………………………………………………………………………………..

……………………………..။

အားလုံးကိုလေးစားလျှက်…

လမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)