မိမိကိုယ်ကိုပြန်လည်သုံးသတ်ခြင်း…Review Myself..

ကျွန်တော်ဒီနေ့ အချိန်အားလေးနဲနဲရလို့ တစ်ခုစဉ်းစားမိတယ်ဗျာ…

တခြားမဟုတ်ပါဘူး…ကိုယ့်ကိုကိုယ်ဝေဖန်သုံးသပ်ကြည့်မိတာပါ..

လောကကြီးမှာ လေးစားတာ ကြည်ညိုတာ ချစ်တာ ..ဒါတွေကအလွယ်တကာ့ အလွယ်ဆုံးတွေဘဲဗျ..ဘယ်သူမဆို အလွယ်တကူလုပ်နိုင်တယ်..ဆိုပါတော့ဗျာ..

ကျွန်တော် ဂေါတမ မြတ်စွာဘုရားကိုလေးစားကြည်ညိုတယ်..ကိုးကွယ်တယ်..

နေ့တိုင်း ဖင်ဗူးခေါင်းထောင်ပြီး ရှိခိုးတယ်..ဆီမီး ပန်း ဆွမ်းကပ်တယ် ပါးစပ်က ရသမျှ

ဂုဏ်တော်တွေ ဘာတွေ တရစပ်ရွတ်တယ်..တစ်ခါမှဝတ်မပျက်ဘူး..

လွယ်တာကိုးဗျ…လူကြားလို့လဲကောင်းတယ်လေ..ပါတ်ဝန်းကျင်ကဆို ကြီးမိုက်ကို

သိပ်လေးစားတာ..ဒီဘိုးတော် တော်တော် ဘုရားတရားကြည်ညိုတယ်..တစ်နေ့မှ

ဘုရားရှိခိုးမပျက်ဘူး..မနက်ဆိုလဲ နာရီကြည့်စရာမလိုဘူးဟေ့..ဦးကြီးမိုက်ကြီး

ဘုရားရှိခိုးသံကြားရရင်…မနက်၅နာရီတိတိဘဲ…အဲသလိုဗျ…ဘုရားများဘယ့်ဂလောက်ကြည်ညိုသလဲဆိုရင်..မြန်မာပြည်မှာရှိသမျှ တန်ံခိုးကြီးဘုရား မရောက်ဖူးတာမရှိသလောက်

လိုက်ဖူးမျှော်ခဲ့တယ်..ပြီးရင် ကြည်နူးလိုက်ရတာ ..ငါကွ..လို့ကြွေးကြော်မိပါရဲ့….

ဘုန်းကြီးလဲ သုံးခါဝတ်ဖူးတယ်…ဘုန်းကြီးဝတ်ကြီးနဲ့လဲ ဟန်လုပ်ပြန်တာဘဲ…

မနက်ဆိုအစောကြီးထ..ဘုရားရှိခိုး..ပီးရင် ကျောင်းထဲကစေတီလေးရှေ့ ပုတီးသွားစိတ်..

ပီး အာရုံဆွမ်းစား…ကျောင်းလာပီး ကိုယ့်ကို လာတွေ့တဲ့ မိတ်ဆွေ သူငယ်ချင်းမှန်သမျှ

ကိုယ်ဘဲတရားထူးတွေ့ထားလေဟန်နဲ့ တရားတွေရှောက်ဟော..(အပေါင်းအသင်းတွေကလည်း ဘုန်းကြီးဝတ်နဲ့မို့ သင်္ဃန်းအားနာပီး အောင့်သက်သက်နဲ့ နာယူကြ..)…အဲလူဝတ်လည်းလဲရော လဲတဲ့နေ့မှာဘဲ..သူငယ်ချင်းတွေ

နဲ့ ဘုန်းကြီးလူထွက်တဲ့နေ့ အထိန်းအမှတ်ဆိုပြီး..

ဘီယာဆိုင်မှာသောက်စားပျော်ပါးကြပြန်ပါပကော..အော်..ကြီးမိုက်..ကြီးမိုက်..နာမည်နဲ့

လိုက်ပါပေရဲ့……………….

ဒါပေမဲ့ ဘုရားရှင်ရဲ့အဆုံးအမတွေ လိုက်နာဘို့ကျတော့ နေ့ရွှေ့ ညရွှေ့နဲ့ ဒီနေ့ထိမလုပ်ဖြစ်ဘူး..တရားထိုင်ရင်ကောင်းမှန်းသိတယ်..တစ်ခါမှ မထိုင်ဖူးဘူး..

ဒီလိုပါဘဲဗျာ..ဗိုလ်ချုပ်အောင်ဆန်းကိုဆိုရင် ချစ်သလား လေးစားသလား ကြည်ညိုသလား

မမေးပါနဲ့..ကြိုက်တဲ့လူနဲ့ပြိုင်ရဲတယ်…ကြီးမိုက်လောက် ဗိုလ်ချုပ်ကို လေးစားကြည်ညိုတဲ့လူမရှိနိုင်ဘူး…ဒါပေသိ….ဗိုလ်ချုပ်ရဲ့လမ်းစဉ်  ဗိုလ်ချုပ်ရဲ့စိတ်ဓါတ်

ဗိုလ်ချုပ်ရဲ့စါရိတ္တအတိုင်း ဖြစ်အောင် ကျုပ်ဒီနေ့ထိ မကျင့်ကြံဖူးဘူး..မပြုပြင်ဖူးဘူး..

ခက်တာကိုးဗျ…ဒါအမှန်ပြောတာ…နိစ္စဓူဝ လောကကြီးထဲမှာ လွယ်တာတွေအသားကုန်လိုက်နာပြ..ခက်တာတွေမသိချင်ယောင်ဆောင်ပီး

လောကကြီးထဲ ရေလိုက်ငါးလိုက်နေလာခဲ့တာကြာပေါ့…တစ်ခြားမကြည့်ကြနဲ့ဗျာ..

ဒီဂေဇက်ဆိုတဲ့ ရွာကြီးထဲမှာဘဲကြည့်..ရွာသူားတစ်ယောက်က အရေးအသားကောင်းကောင်းနဲ့ ရသစာစုတစ်ခုတင်လာတယ်ဆိုပါတော့..ကြီးမိုက်ထပြီး

မန့်ပြပါလိမ့်မယ်.

.“ဖတ်လို့ အလွန်ကောင်းတယ်ဗျို့..အရေးအသားကိုတော့လေးစားသွားပြီဗျာ..

အချိန်ပေးပြီးရေးနိုင်တာချီးကျူးတယ်ဗျို့..အားလည်းကျမိပါကြောင်းဗျာ…”ဒါဘဲ…

ပြောတော့ အားကျသလေးဘာလေးနဲ့..သူ့လိုရေးနိုင်အောင်ကြိုးစားသလားဆိုတော့….နိုး..

ရိုက်ချက်ကောင်းတဲ့ဓါတ်ပုံလေးတွေတင်လာပြန်ရင်လည်း..“ကောင်းလိုက်တဲ့ ရိုက်ချက်..

ဓါတ်ပုံတွေတော်တော်လှတယ်ဗျို့…ဒေသမျိုးစုံခရီးတွေသွားပြီး ကွန်နက်ရှင်မကောင်းတဲ့ကြားက ဓါတ်ပုံလေးတွေတင်ပေးတာ ကျေးကျေးပါ…အားပေးသွားပါတယ်ဗျို့”…ဒါပါဘဲ..ကြီးမိုက်ရဲ့ကွန်မန့်စတိုင်လေ..ဟဲဟဲ..

အဲလိုတင်နိုင်အောင်..ကြီးမိုက် ခရီးသွားဖြစ်အောင်ကြိုးစားလား…နိုး…နိုး..နိုး..

ဓါတ်ပုံလှလှလေးတွေရအောင် ဝိရိယထားကြိုးစားဖူးလား…နိုး..နိုး..နိုး..

ကိုယ့်ကိုကိုယ် အလုပ်များချင်ယောင်ဆောင်ပြီး…ကိုယ့်ကိုကိုယ် ဆင်ခြေတွေ

ပေးပြီး..ကျေနပ်နှစ်သိမ့်နေခဲ့တာ…………….

တစ်ကယ်တော့..ရုံးမှာ အဲကွန်းခန်းထဲနေပီး အီးမေးတွေဖတ်…ဂေဇက်ကိုလစ်ရင်လစ်သလိုဝင်ကြည့်…လူကြီးဖြတ်သွားရင်

အလုပ်များချင်ယောင်ဆောင်…ဒီလိုနဲ့ဘဲ..ညနေအလုပ်ဆင်းတော့ ဖယ်ရီနဲ့

သက်တောင့်သက်သာပြန်လာ…အဲ..အိမ်ထဲလဲလှမ်းဝင်လိုက်တာနဲ့…..

“မိန်းမရေ..ရေအေးအေးလေးတစ်ခွက်လောက်ကွာ…ဟူး..ဒီနေ့ ရုံးမှာတော်တော်ခေါင်းစားတယ်ဟေ့..တစ်နေကုန်ပင်ပန်းလိုက်တာမပြောပါနဲ့တော့ကွာ..”

အစချီပြီး……တောက်…အရေးထဲအေးအေးဆေးဆေးနားချင်ပါတယ် ဆိုမှ..ဒင်နာတဲ့ကွာ..

ဘော့စ်ရောက်နေလို့ကွာ..သွားရအုန်းမယ်..တကယ်တော့ စိတ်ကူးထားတာ မိန်မချက်တဲ့

ထမင်းလေးစာပီး စောစောအိပ်လိုက်ချင်တာကွ…အေးလေ သူ့ဝန်ထမ်းဖြစ်နေတော့လဲ

ဘယ်တတ်နိုင်မလဲကွာ…အဲသလိုမြည်တွန်တောက်တီးပြပြီး..ရေမိုးချိုး..ဘော်ဒါတွေနဲ့သောက်

ဖို့ ထွက်ခဲ့ပြန်ပါရော….အော် ကြီးမိုက်..ကြီးမိုက်…တတ်လဲတတ်နိုင်ပါ့……..

ဒါနဲ့ဘဲ ဒီနေ့ အချိန်လေးအားနေတာနဲ့…ဖြတ်သန်းခဲ့တဲ့ ဘဝလမ်းကြောင်းကို ပြန်သုံးသပ်ကြည့်

မိပါတယ်….။နိဂုံးကမ္မ အဆုံးသတ်ရမယ်ဆိုရင်တော့…ကြီးမိုက်ဆိုတဲ့ နာမည်နဲ့လိုက်အောင်

မိုက်မဲသူတစ်ယောက်ဟာ လုပ်လို့လွယ်တာ..လိုက်နာလို့လွယ်တာ..အများအထင်ကြီးအောင် ဟန်ဆောင်ပြုမူတာတွေလုပ်ရင်း…ဟိုစပ်စပ် ဒီစပ်စပ်တော့သိပါရဲ့..ကြီးမိုက်ရဲ့ဘဝမှာ

ဘာမှဟုတ်တိပတ်တိ မထင်ရှားခဲ့..ဘာမှထူးခြားတဲ့ဘဝမှတ်တိုင်မစိုက်ထူနိုင်ခဲ့…

စဉ်းစားရင်း….ကိုယ့်ကိုကိုယ်ပြန်မေးကြည့်မိတယ်…..ဟေ့ကောင် ကြီးမိုက်..မင်းဘာကျွမ်း

ကျင်လဲလို့…ကျွန်တော်ကိုယ်တိုင် ကျွန်တော်ဖြစ်တဲ့ ကြီးမိုက်ကိုကြည့်ပီး ဘာမှမဖြေနိုင်ဘဲနှုှတ်ဆိတ်နေလိုက်ရတယ်..

အော်……..အော်..မေ့လို့ဗျို့…ကျုပ်ကျွမ်းကျင်တာ နာမည်ကြီးတာ တစ်ခုတော့ရှိပါသေးသကော..ဟဲဟဲဟဲ..အဲဒါကတော့..အရက်သောက်ပီးပျော်တတ်ပါးတတ်တာဘဲ..အဲဒီကိစ္စမှာတော့ကျုပ်အမှန်တကယ်နာမည်ကြီးပါရဲ့ဗျာ…ကောင်းရော..

ပြောရအုံးမယ်ဗျို့..အိမ်မှာ အားလို့သော်၎င်း ဧည့်သည်စောင်သည် ရောက်လို့သော်၎င်း

ဓါတ်ပုံအယ်လဘန်တွေထုတ်ကြည့်ကြရင်…မဒမ်မိုက်ကပြောပြီ..ယောက်ကျားရယ်..

ရှင့်အမှတ်တရပုံတွေအားလုံးကိုကြည့်စမ်း..လက်ထဲအရက်ခွက်ကိုင်ထားတဲ့ပုံ…

အရက်ဝိုင်းမှာ တဟားဟားရှင်အော်ရယ်နေတဲ့ပုံတွေချည့်ဘဲ…..အဲဒီလိုအချိန်မှာ

ကျုပ်ပြောနေကျစကားကတော့…“မင်းကွာ..သားရှင်ပြုကိုရင်ဝတ်ပြီး သမီး

သီလရှင်ဝတ်တဲ့နေ့က မိသားစုဓါတ်ပုံလေးရှိပါတယ်ကွ… မင်း…နော်..”

ကဲကဲ..တော်ပါပြီဗျာ…ကိုယ့်ကိုကိုယ် ပြန်သုံးသပ်လိုက်တော့…

ဒီနေ့ထိတွေ့လိုက်ရတာက…ငါဘာမှမဟုတ်သေးပါလားဆိုတာပါဘဲ…

ဒါဆိုရင်…ခုကစပြန်ပြုပြင်လေဆိုတော့…အသက်က ဂိမ်းဘောဆိုက်နေပြီ…

နောင်ဘဝဆိုတာသာရှိခဲ့ပြီး..လူလည်ပြန်ဖြစ်အုန်းမယ်ဆိုရင်တော့…………

……………………………………………………………………………………………

…………………………………………………………………………………………….

……………………………………………………………………………………………..

……………………………..။

အားလုံးကိုလေးစားလျှက်…

လမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

40 comments

  • ဇောက် ထိုး

    May 14, 2012 at 6:07 am

    စောစောစီးစီးထဖတ်ကြည့်တယ်။ မှန်တာတွေချည်းပြောတယ်။ မှန်လွန်းတယ်။လူတိုင်းကိုထိမယ်ထင်တယ်။ နောက် ကဗျာလေး တစ်ပုဒ် ဦးနှောက်ထဲပြေးဝင်လာတယ်။ လက်ထဲကနေထုတ်ကြည့်မယ်။
    အာရုံငါးတန်..ကျရောက်ပြန်..တဏှာလောဘရံ…
    ကြံကြံဖန်ဖန်…..ကျီးမိုက်သတ္တဝါက..ငါ့အစာရပြီဟဲ့လို့ မာနက ခပ်ထန်ထန်…..ရေလယ်ခါင် ပင်လယ်ကြောမှာ…..အော်… . သေဝဲနဲ ကြုံတွေ့ရလေပြန်…

  • FattyCat

    May 14, 2012 at 7:11 am

    ပြောခဲ့ဖူးတာလေးတော့ပြေးသတိရမိသား
    ငယ်ငယ်တုန်းက မပြေလည်လို့ အသက်ကြီးပြေလည်မှ မိုက်ရတယ်ဆိုတာလေးပါ
    တစ်ဖက်က ပြန်းတွေးရင် ဘဝအတွက်စိတ်ချရတဲ့အခြေအနေတစ်ခုရသွားပြီလို့ ဆိုရင်လဲဖြစ်တယ်ပေါ့
    ဘာပဲဖြစ်ဖြစ်ပါ ကိုယ်နှစ်သက်ရာလုပ် သူတပါးမထိခိုက်ရင်ပြီးတာပဲနော်

    ရွာသားလူရှုပ်
    ကြောင်ဝတုတ်

  • ကြောင်ကြီး

    May 14, 2012 at 8:22 am

    ဟီးတိုက်တဲ့
    ကြီးမိုက်ကို
    ဆီးရိုက်ကွာ
    ပြီးဒေါ့
    မီးမြှိုက်ပစ်..

  • ဦးဦးပါလေရာ

    May 14, 2012 at 8:33 am

    ကျုပ်အကြောင်းပြောနေသလား လို့ ထင်ရအောင်ကို ထပ်တူကျနေပြန်ရောဗျို့….
    အင်း…. တကယ်တော့ လူများစုရဲ့ အကြောင်း..၊ လူတွေရဲ့ အကြောင်းပဲပေါ့နော..။
    သတိထားစရာလေးတွေ ရသွားပါတယ်ဗျာ…။
    ဒီတခါတော့ ကွန်မင့်မှာတင်မဟုတ်ပဲ တကယ်လဲ သတိထားဘို့ ကြိုးစားပါဦးမယ်..။ 😛

  • kyeemite

    May 14, 2012 at 8:34 am

    ဘာရယ်မဟုတ်ပါဘူးဗျာ..ပို့မတင်တာကြာတော့..
    ကျုပ်ကို ရွာသူ ရွာသားတွေ မေ့သွားမှာစိုးလို့စာရေးဘို့စဉ်းစားရင်း
    အတွေးထဲဝင်လာတဲ့ ကျုပ်အကြောင်းလေးပါ..
    ကိုယ့်အကြောင်း ကိုယ်ရေးတော့ အန္တရာယ်ကင်းတာပေါ့နော…
    ဒါတောင်ရေးတင်လိုက်ပီးမှ ရှက်သလိုလိုဖြစ်နေသေး..ဟေး ဟေး ဟေး..

  • ကိုမိုက်ရေ
    တကယ်ပြောရရင် ကျနော်တို့မှာ ဘဝအမောတွေအများကြီးကို နေ့စဉ်နဲ့အမျှ လက်မခံချင်ဘဲလက်ခံနေရတဲ့
    သူတွေချည်းပါဘဲ။
    ဒီအထဲကမှ အသက်အရွယ်အရ စိတ်ပင်ပန်းမှု့တွေဖြေနိုင်ဘို့ ပျော်စရာရှာရတာကိုးဗျ။
    အဲတော့ တစ်ချို့ကဘာသာရေးလိုက်စား
    တစ်ချို့ကလောင်းကစား
    တစ်ချို့ကတော့ သူငယ်ချင်းတွေနဲ့ဆုံဆည်းလို့လေပေါ
    တစ်ချို့ကအပျော်အပါး
    တစ်ချို့က မာဆတ်
    တစ်ချို့က ကေတီဗွီ
    တစ်ချို့က စာဖတ် ကော်မင်းပေး

    တစ်ချို့ကတော့စာရေး ဓါတ်ပုံတင်
    ကိုယ်သန်ရာ သန်ရာ လုပ်ကြတာပါဘဲ။
    ဒါတော့လုပ်နိုင်တယ် ဟိုဟာတော့ ငါမလုပ်နိုင်ဘူးလို့ ဝမ်းနည်းနေလို့လဲ မရနိုင်ပြန်ပါဘူး။
    အကောင်းဆုံးကတော့ ကိုယ့်ကျင့်တရား စိတ်ထားကောင်းအောင်(တတ်နိုင်သလောက်)လေးနဲ့
    ကြိုးစားနေရင်လောကကြီးက အိုကေပါဘဲ။
    ကျနော်စာတွေရေးနေ ပုံတွေတင်နေတာလဲ သိပ်အထင်မကြိးပါနဲ့ကိုမိုက်ရေ။
    ဈေးအသက်သာဆုံးတစ်ခုကို ရွေးထားတာပါ။
    ကေတီဗွီ တစ်ဆက်ရင် တစ်သောင်း
    မာဆတ် တစ်ဆက်ရှင် သုံးထောင်
    စည်ဘီယာ တစ်ခွက် ရှစ်ရာ ဆိုတာတွေနားမကပ်နိုင်တော့
    တစ်နာရီလုံးလုံးကြီုက်သလိုသုံးမှ လေးရာ ဘဲပေးရတဲ့ အင်တာနက်မှာ စာရေး ဓါတ်ပုံတင်အလုပ်ကို ကျနော်ရွေးလိုက်တယ်လေ။
    ကဲ စာတွေရေးနေတိုင်း ဓါတ်ပုံတွေတင်နေတိုင်း
    လုပ်နိုင်လှချည့်ရဲ့လို့ ချီးမွမ်းနေလို့ မရဘူး ဆိုတာ သဘောပေါက်တော့ ကိုမိုက်ရေ။

  • Khaing Khaing

    May 14, 2012 at 9:30 am

    လေးကြီးမိုက်ရေ …….. လေးလေးရဲ့စာလေးဖတ်ပြီး ရင်ထဲကနေကို ရီမိတယ် ………. စိတ်ထဲလွတ်လပ် ပေ့ါပါးပြီး ဝမ်းသာသွားတယ် ….. လေးကြီးမိုက် ဘုရားကန်တော့ဝတ်ဖြည့်တာ ပုံမှန်ဖြစ်တယ်ဆိုရင်ပဲ အတော်ကုသိုလ်ရပြီး သမီးထက်သာနေပါတယ် သမီးဆို ရွာသူရွာသားတွေနဲ့ပျော်ပြီး ဘုရားတောင်မရှိခိုးနိုင် ခဲ့တဲ့ဘဝဖြစ်ခဲ့ရပါတယ် စနေနေ့ကစပြီး စိတ်ကိုတည်ငြိမ်အောင်ပြန်လုပ်ပြီး ဘုရားတရားဘက်ကိုပြန်ဦးတည် နေမိတယ် ……. လေးလေးရယ် ကိုယ်ကိုတိုင် ကောင်းအောင်မလုပ်နိုင်ပေမယ့် သူများတွေကောင်းအောင် လုပ်နိုင်တာကို ချီးကျူးနိုင်တာလဲ မင်္ဂလာတပါးပါပဲ ……. လေးကျော်ဟိန်းရေ …….. စာလေးဖတ်ပြီး လေးရဲ့ မျက်နှာလေးမြင်ယောင်မိပြီး ရီလိုက်ရတယ် မနက်စောစောစီးစီး မင်္ဂလာရှိသွားပါတယ်………

    ခင်မင်ရင်းနှီးစွာဖြင့်
    Khaing Khaing

  • ahnyartamar

    May 14, 2012 at 9:59 am

    ကိုကြီးမိုက်….ကျွန်အပါအဝင် လူတော်တော်များများဟာ ဟန်ဆောင်မူ့တွေနဲ့ပါ။ ကိုယ့်အကြောင်းကို အမှန်တိုင်းပြောရဲတာကိုက ရိုးသားမူနဲ့ အသက်ရှင်နေထိုင်ခြင်းတစ်ခုပါ။
    ကိုယ်ပိုင်ဘဝနဲ့ပဲ လမ်းဆက်လျှောက်နေတဲ့ ကိုကြီးမိုက်ရေ ဒီညနေ တစ်ခွက်၊ တစ်ဖလားလောက် ချလိုက်ရင်ကောင်းမယ်။

  • ဗိုက်ကလေး

    May 14, 2012 at 10:02 am

    အင်း
    ဒီစာကို ပရင့်ထုတ်ပြီး အန်တီမိုက်ကို သွားပို ့ပေးဦးမှ 😀

    အူးကြီးမိုက်ရဲ့ ကိုုယ်ပေါင် ကိုယ်လှန်ထောင်းလေး ဖတ်ရကောင်းသဗျား..
    ကျနုပ်ဗိုက်ကလေးလဲ ဝမ်းဒေး ပြန်ထောင်းနိုင်အောင် ကြိုးစားပါဦးမယ်..
    ကျနုပ်လဲ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား..အပြောကတော့ရွှေမန်း အကကတော့ ချိုမိုင်မိုင်အစားထဲကပါပဲ..ဗျာ
    ကိုယ်ယောင်လာပြဖော်ရတဲ့အတွက် ထီပေါက်ရင် ဘီယာအဝတိုက်ပါဦးမယ် အူးလေးရာ…
    အဲအခါကျရင် မိန်းမကိုတော့ အမှန်အတိုင်း သွားမိုက်မယ်လို ့ ခွင့်တောင်းပြီးမှ လာခဲ့ပေါ့ :mrgreen:

  • ahnyartamar

    May 14, 2012 at 10:13 am

    ‘တော်’ ကျန်ခဲ့လို့ဗျို့….

  • etone

    May 14, 2012 at 10:59 am

    ဦးကြီးမိုက်ရေ …လူသားတိုင်းကတော့ ဖြစ်တည်လာတဲ့ ဘဝပေးအခြေနေအရ ကျရာနေရာမှာ … အဆင်ပြေသလို ပြုမူနေထိုင်ရတာပါပဲ … ။ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ပြီး .. အားမလို အားမရ ဖြစ်နေမယ့်အစား … ကောင်းကွက်လေးတွေ .. ရှာကြံပြီး ကိုယ့်စိတ်ကိုယ်ကိုယ် အားပေးလိုက်ပါနော် … ။

    မိသားစုကို သစ္စာသိသူတစ်ယောက်အဖြစ် …. ၊ ဇနီးမယားကို တန်ဖိုးထားသူတစ်ယောက်အဖြစ် … မိဘဝတ္တရားကျေပွန်သူတစ်ယောက်အဖြစ် … ၊ အပေါင်းသင်းဆံ့သူ လူမှုရေးကောင်းသူတစ်ယောက်အဖြစ် ၊ အလုပ်ခွင်ဆက်ဆံရေး ပြေပြစ်သူ … တာဝန်ကျေပွန်သူအဖြစ် …. ကိုယ့်အားကိုယ်ကိုး .. သမ္မာအာဇီဝ ရှာစားသူအဖြစ် … + + + + + + + + ဦးမိုက်ရေ…တွေ့လား… ဂုဏ်ယူစရာတွေအများကြီး ရှိပါတယ်နော် … ။ကောင်းကွက်လေးတွေလည်း ရှိပါသေးကြောင်း ပြန်လည် တူးဖော်ပေးလိုက်ပါတယ်နော် … 😉

  • Shwe Tike Soe

    May 14, 2012 at 11:21 am

    ဦးမိုက်ကြီး ဘယ်လိုပဲဘဝ ကိုဖြတ်သန်းဖြတ်သန်း အရက်ခွက်ကိုင်ပေမယ့်…. အလုပ်၊ အိမ်ထောင်ရေး မှာ လစ်ဟင်းမှုမရှိဘူးဆိုတာ ဦးမိုက်ပြောတဲ့စကားတွေ နဲ. သိသာပါတယ်.. ပြီးတော့ သားသမီးတွေကို ဘယ်လိုဆုံးမ ဘယ်လိုထိန်းကြောင်းသလဲ ဆိုတာ လဲ ဦးမိုက်နဲ.စကားပြောဘူးတော့ သိခဲ့တာပါပဲ…
    ဘယ်လိုပဲ မိုက်မိုက် ဦးကြီးမိုက် ခေါ် ဦးကျော် ကို ကျွန်တော်တို. လေးစား နေလျက်ပါ ခင်ဗျာ…. 😀
    ကြီးမှမိုက်တဲ့ ဦးမိုက် ဘာမှ အားမငယ်နဲ. တားတားတို.က ငယ်ငယ်ကတည်းက မိုက် သဗျာ ဟဟဟဟဟ…

  • kyeemite

    May 14, 2012 at 1:41 pm

    etone ရေ မရှိမဲ့ ရှိမဲ့ ကောင်းကွက်ကလေးတွေ တူးဆွ အားပေး
    လို့ ကျေးဇူးတင်ပါသဗျာ..
    ဗိုက်ကလေး တယောက် ထီပေါက်ပါစေကွာ..
    ahnyartamar ရေ တစ်ခွက်ဆိုတော်ပါပီ..တစ်ဖလားလောက် ဆိုရင်တော့အိမ်ပြန်ရောက်မှာဟုတ်ဘူး..ဟဲဟဲ
    Khaing Khaing …
    Shwe Tike Soe..
    ဦးဦးပါလေရာ…
    FattyCat..
    ဆြာဇောက် ထိုး…အားလုံးဝိုင်းအားပေးလို့ပျော်ရွှင်ရပါ၏…

  • kyeemite

    May 14, 2012 at 2:00 pm

    ဆြာကြောင်..ဆီးရိုက် ရင်တော်ရောပေါ့ဗျာ…
    မီးတော့ မမြှိုက်ပါနဲ့…ညှော်ကြောက်လို့ပါ..

    ကိုပေါက်ခင်ဗျား…ကိုပေါက်ပြောသလို..
    အကောင်းဆုံးကတော့ ကိုယ့်ကျင့်တရား စိတ်ထားကောင်းအောင်(တတ်နိုင်သလောက်)လေးနဲ့
    ကြိုးစားနေရင်လောကကြီးက အိုကေပါဘဲ။…ဟုတ်ပါတယ်..ကျွန်တော် ဒီအချက်ကိုတော့
    အစွမ်းကုန်ကြိုးစားမယ်လို့ ပြောပါရစေ…
    စိတ်အပန်းဖြေဘို့ ပျော်စရာအဖြစ်ဂေဇက်ကိုရွေးထားတာလည်း ကောင်းပါလေ့ဗျာ..
    မန္တလေးမှာဆုံဘို့ လာခဲ့အုံးမယ်ဗျို့..

  • nozomi

    May 14, 2012 at 2:23 pm

    ဦးမိုက် ကျွန်တော့ကို စောင်းမပြောပါနဲ့ ဗျာ
    ကျွန်တော်လဲ ကျွန်တော့်ကို ကျွန်တော်သိပါတယ်
    ပြင်နိုင်ဘို့ကြိုးစားနေပါတယ်

  • မဟာရာဇာ အံစာတုံး

    May 14, 2012 at 2:53 pm

    အော်ရယ် ..
    ငါနဲ့ တူလိုက်တာကွယ် ..
    အရက် မသောက်တာက လွဲလို့ပေါ့ ..
    ကျနော်လည်း ဟိုစပ်စပ် ဒီစပ်စပ် ပါပဲ ….
    ဘာတတ်တုန်းမေးကြည့် အင်း .. ဟိုဟာပဲ တတ်သလိုလို၊ ဒီဟာပဲ တတ်သလိုလိုနဲ့ ..
    တကယ့်တကယ်တမ်းကျတော့ ဘာမှကို ဟုတ်တိပတ်တိ တတ်ဘူးရယ် …
    အဖေကတော့ ပြောဖူးတယ် .. ထူးမှ ကြိုက်တာတဲ့ …
    ဘာမှ မထူးရင် မိန်းမနှစ်ယောက်သာ ယူပစ်လိုက်ကွာတဲ့ ..
    အဲဒီလိုတော့ ယူချင်ပါဘူး …။
    အခု တစ်ယောက်တည်း နေတာတောင် ကြပ်နေတာ ..။ မိန်းမ နှစ်ယောက်သာ ယူလို့တော့ လွယ်ဘူးရယ် … 😀

    • မဟာရာဇာ အံစာတုံး

      May 14, 2012 at 2:55 pm

      အော် .. မေ့လို့ ..
      လက်မ တစ်ချောင်းထောင်
      အားပေးသွားပါတယ် အူးကြီးမိုက်ရေ ….

  • kyeemite

    May 14, 2012 at 7:14 pm

    အံဇာမရေ..လူဆိုတာ လွယ်တာကိုလိုက်နာတတ်ပီး ခက်တာကိုရှောင်ချင်ကြတဲ့
    သဘောလေးကိုတင်ပြချင်တာပါ…ငယ်ရွယ်သေးသူတွေကို ဟိုယောင်ယာင်
    ဒီယောင်ယောင်မလုပ်ဘဲ ကိုယ်တကယ်ဝါသနာပါရာကို တစိုက်မတ်မတ် လုပ်ရင်
    ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်ပီး ဘဝမှာ အထင်ကရမှတ်တိုင်လေးတွေ စိုက်စေချင်တာပါ..
    ကြီးမိုက်ကတော့ အရွယ်လွန်နေပီမို့ အရွယ်မလွန်သေးသူတွေ လုပ်နိုင်အောင်စေတနာနဲ့ပါ..

    • မဟာရာဇာ အံစာတုံး

      May 14, 2012 at 8:49 pm

      ကဲဗျာ .. ဦးကြီးမိုက်ကို ကိုကြီး လို့ပဲ ခေါ်တော့မယ်ဗျာ ..
      ကိုကြီးရေ … (အစမ်းခေါ်ကြည့်တာ … 😀 )
      ကိုကြီးရဲ့ စေတနာတွေအတွက် ကျေးဇူးပါ ..
      ဒါပေမယ့်လို့လည်း ညီမှာ အားနည်းချက် တစ်ခုရှိတယ်လို့ ပြောရမလားပဲ ..
      အဲဒါကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းခြင်းပါပဲ ကိုကြီးရေ ..
      အဲဒါကို ပြင်ပေမယ့် လူတွေကြားထဲ ရောက်သွားပြီဆို ယုံကြည်မှုတွေက
      ကြက်ပျောက် ငှက်ပျောက် ဆိုသလို ပျောက်ဆုံးသွားတတ်စမြဲပါပဲ …
      ဒီတစ်ခုကတော့ ကိုယ့်ကိုယ်ကို အားမရဆုံးပဲ ကိုကြီးရာ ..

      • TTNU

        May 14, 2012 at 9:37 pm

        မောင်အံစာ
        ဖေကြီးတွေ
        ကိုကြီးတွေ
        စုံနေတာပဲ။ ဟွန်း။

        • မဟာရာဇာ အံစာတုံး

          May 14, 2012 at 9:48 pm

          နောက်ထပ်လည်း ရှိပါသေးတယ်ဗျ ..
          “တီချယ်ကြီး” … လည်း ပါတယ်လေ ..
          အဟီးးးးးးးးးးးးး
          ဂယ်ဆို တီချယ်ကြီးကို မေကြီးလို့တောင် ခေါ်ပစ်လိုက်ချင်တာ …
          အဲလို ခေါ်လို့ ရမလားဟင် … 😀
          ကျနော်က ဒီရွာထဲကလူတွေ အများစုထက် ငယ်လို့ ..
          နောက်ထပ်ကလည်း ဆွေမျိုးသားချင်းလိုမျိုး ခင်မင်ချင်လို့ …
          အဲဒီလို ခေါ်တာပါလို့ ….

  • kyeemite

    May 14, 2012 at 7:21 pm

    ကိုနိုဇိုမိရေ…ကျုပ်တို့ကဘဝတူတွေပါဗျာ…
    ဖြတ်သန်းခဲ့ရတဲ့ခေတ်ကိုက..ကျုပ်တို့ကိုဒီလိုဘဝမျိုးတွန်းပို့ခဲ့တာဘဲမဟုတ်လား…
    ကိုယ်လုပ်ချင်တာထက် အခြေအနေပေးသလိုကြည့်ပီး စခမ်းသွားခဲ့ရတာလေ…
    ဘာဘဲပြောပြော..ကျွန်တော် ဂေဇက် ရွာသားတွေနဲ့ ခင်မင်ရင်းနှီးရတာ
    အရမ်းပျော်ရွှင်ပါတယ်..

  • Khin Latt

    May 14, 2012 at 7:35 pm

    ကိုကြီးမိုက် ရေ

    စကားလုံး တွေက စတင်းဂန်း နဲ့ မွေ့လိုက် သလို လွတ်ပေါက်မရှိ အားလုံးထိ။
    “အင်း ဟုတ်သဟ” “အင်း ဟုတ်သဟ” နဲ့ ပြီးသွားတာတောင် ဆက်ဖတ်ချင်တုန်း။

    လောလောဆယ်တော့ ရှင့်လိုဘဲ အလုပ်များချင်ယောင်ဆောင်ပြီး သူများနားမလည်တဲ့ စာတွေရိုက်နေတာ။
    မိမိကိုယ်ကိုပြန်လည် သုံးသပ် ခြင်းရှိရင်ဘဲ အခြေအနေတော်တော်ကောင်းလှပြီ။
    အနဲဆုံးတော့ ကိုယ်ဘယ်လောက်တော်တယ် ဆိုတာ ကိုယ့်ကိုယ်ကို ပြန် သိရပေသပေါ့။
    မဟုတ်ရင် သူများအပြောနဲ့ သိပ်မယုံချင်ဘူး။ 😉

    ဒါမျိုးလေးတွေ ဆက်ရေးပါဦးရှင်။
    အားပေးပါတယ်။ 🙂

  • windtalker

    May 14, 2012 at 9:20 pm

    ဟန်ဆောင်မှုတွေတဲ့ ၊ မှန်လိုက်တာ အူးမိုက်ရာ
    နေ ့စဉ် မပျက်မကွက် ကိုယ့်မျက်နှာမှာတပ်နေရတဲ့ အဲဒီ့ မျက်နှာဖုံးကြီး ကို ခွါချပစ်ချင်လှပါဘီ။

  • pooch

    May 14, 2012 at 9:29 pm

    အဲ့ဒီလို ရုံးခန်းမှာ ထိုင်ရဖို့ အဲ့ဒီလို ဇနီးမယားနဲ့ မိသားစု ရှိဖို့ဆိုတာလည်း တော်ရုံ အရည်အချင်းနဲ့မှ မရတာ ။ ဒီလောက်ကတော့ ဆိုးတယ် မခေါ်ပါဘူး ဦးမိုက်ရယ်။

  • TTNU

    May 14, 2012 at 9:52 pm

    ကိုကြီးမိုက်ရေ…
    ကိုယ်ဖြစ်နေတာ ကိုယ်သိ …(ပေါ်၊ သိ)
    မဟုတ်သေးဘူး။ မဟန်သေးဘူး ဆိုတာကိုသိတယ်။ နောက်တစ်မျိုး
    ထပ်ဖြစ်ပြန်တယ်၊ ပထမ ကိစ္စ ပျက်သွားပြီ….. (ပျက်)

    ဒီတော့ ကိုကြီးမိုက်တစ်ယောက်ထဲ ဖြစ်နေတာ မဟုတ်ပါဘူး။
    ရုပ်နာမ် ရထားတဲ့ ကျမတို့ အားလုံး ယိမ်းကနေသလိုပါပဲရှင်။

    ကိုကြီးမိုက်ရေ … Compliment ပေးတာ မဟုတ်ပါဘူး။တကယ့်ကို
    အမှန်အတိုင်း ဂုဏ်ပြုတာပါ။ This is a very good writing!

  • surmi

    May 14, 2012 at 11:44 pm

    ကိုမိုက်ရေ …ကြိုက်သဗျာ ။
    ငယ်ငယ်ကတဲ ကမိုက်နေတဲ.ကျွန်တော်လည်း ခုထိမိုက်နေတုန်းပါဗျာ ။
    ဟန်ဆောင်ရတာတော.မပြောနဲ.တော.ဗျို. ….ကျွန်တော်လုပ်ဖူးသမျှအလုပ်တွေအားလုံး
    ဟန်ဆောင်နေရတာချည်.ဘဲ …။
    တခါတလေ စဉ်းစားမိတယ် ဘယ်တော.များမှ လွတ်ငြိမ်းခါင်.ရပါ.မလဲ လို. ။
    ဘဝမှတ်တိုင်ရယ်လို.လည်း ဘာတစ်ခုမှမရှိခဲ.ပေမဲ.
    ခလုတ်တိုက်မိတာတွေတော. ခဏခဏ ဘဲဗျို. ….။

  • surmi

    May 14, 2012 at 11:45 pm

    ကိုမိုက်ရေ …ကြိုက်သဗျာ ။
    ငယ်ငယ်ကတဲ ကမိုက်နေတဲ.ကျွန်တော်လည်း ခုထိမိုက်နေတုန်းပါဗျာ ။
    ဟန်ဆောင်ရတာတော.မပြောနဲ.တော.ဗျို. ….ကျွန်တော်လုပ်ဖူးသမျှအလုပ်တွေအားလုံး
    ဟန်ဆောင်နေရတာချည်.ဘဲ …။
    တခါတလေ စဉ်းစားမိတယ် ဘယ်တော.များမှ လွတ်ငြိမ်းခွင်.ရပါ.မလဲ လို. ။
    ဘဝမှတ်တိုင်ရယ်လို.လည်း ဘာတစ်ခုမှမရှိခဲ.ပေမဲ.
    ခလုတ်တိုက်မိတာတွေတော. ခဏခဏ ဘဲဗျို. ….။

  • MaMa

    May 15, 2012 at 9:10 am

    အလှူငွေလာပေးတုန်းက နာမည်မေးတော့ ….
    ကြီးးးး ကြီးမိုက် ပါ လို့ ပြောသွားတယ် ဆိုလား…
    ကိုယ့်နာမည်နဲ့ကိုယ် ဒုက္ခရောက်ပုံလေး ကြားလိုက်မိသလားလို့။
    ကြီးမိုက်ဆိုတာ ငယ်ငယ်က အတော့်ကို တော်ခဲ့တယ် လို့ ပြောတာများလား?????
    😆

  • kyeemite

    May 15, 2012 at 6:51 pm

    ညီလေးအံဇာတုံး…ကိုယ့်ကိုကိုယ်ယုံကြည်မှု့အားနည်းတယ်ဆိုတာ..
    မပြည့်ဝသေးလို့ပါညီရာ..ကိုယ်သင်နေတဲ့(သို့) ကိုယ်လုပ်နေတဲ့
    (သို့) ကိုယ်လေ့လာနေတဲ့ ပညာရပ် ဘာသာရပ် အလုပ်..ကို
    ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်ထည့်ပြီး..ဝိရိယအားစိုက်ကြိုးစားလိုက်
    ရင် ကိုယ့်ကိုကိုယ်ယုံကြည်မှု့ တဖြေးဖြေး တက်လာပါလိမ့်မယ်..
    လေ့ကျင့်ယူလို့မရတာမရှိဘူးလို့လည်း ယုံကြည်ထားဖို့ လိုတာပေါ့..
    ငယ်လည်းငယ်သေးလို့ပါ..ခုလိုငယ်တုံးကြိုးစားရင်..မဝေးတဲ့တစ်နေ့
    ညီလေးလိုချင်တာ ရလာပါလိမ့်မယ်..

    • မဟာရာဇာ အံစာတုံး

      May 15, 2012 at 8:19 pm

      ညီလေး လိုချင်တာက ..
      ဟိုလေ ..
      အဟဲ .. သိဒယ် မီဟုတ်လား .. 😀
      နောက်ထှာ ..

  • kyeemite

    May 15, 2012 at 6:54 pm

    ကိိုခင်လတ်ခင်ဗျား..စတင်းဂန်းနဲ့မွှေ့ ခြင်းမဟုတ်ရပါဗျာ..
    ကြီးမိုက်ဆိုတာလဲ လူထဲကလူတစ်ယောက်ပေမို့…
    လူ့ ဇတ်လမ်းလေးဖြစ်သွားရတာပါ..တကယ်တော့
    ကိုယ်အကြောင်းကိုယ် အမှန်တကယ်ဝေဘန်ဆန်းစစ်ပီး ရေးတာပါ..
    အားပေးတယ်ဆိုလို့..သင့်ခရုပါနော်..

  • kyeemite

    May 15, 2012 at 7:00 pm

    ကိုရင်ပေရေ..ဟန်ဆောင်မှု့ဆိုတာ လိုအပ်ချက်တစ်ခုလို့ထင်တယ်ဗျ..
    လုံးဝပစ်ပယ်လို့တော့မရဘူး..ကိုယ့်ဟန်ဆောင်မှု့ဟာ ကောင်းကျိုးကို
    ဦးတည်တာဆို ဟန်ဆောင်ရမှာဘဲ…ဒါကျုပ်အယူအဆနော်..
    ——————————-
    Pooch ရေ…ကိုယ့်အဖြစ်ကို ဆိုးတယ်လို့တော့မထင်ပါဘူး..
    ဒါပေမဲ့..သာမန်ဘဲဖြစ်နေတာကို အားမရတာပါ..ကိုယ်နဲ့ရွယ်တူတွေ
    အကြီးအကျယ်အောင်မြင်နေတာတွေ့ရတော့ …ငါသာ အစကပြန်လုပ်ခွင့်ရမယ်ဆိုရင်လို့..
    တွေးမိလို့ပါ..သင့်ခရု..

  • kyeemite

    May 15, 2012 at 7:11 pm

    တီချယ်ကြီးရဲ့ အဖိုးတန်တဲ့ သုံးသပ်ချက်လေးကို
    မှတ်သားထားပါ့မယ်ခင်ဗျာ..တီချယ့်လိုပုဂ္ဂိုလ်က ချီးကျူးတဲ့အတွက်လည်း
    အားတက်မိပါတယ်..အများကို အကျိုးပြုမဲ့ ပို့စ်တွေ
    ရေးနိုင်အောင်ကြိုးစားသွားပါ့မယ်ခင်ဗျား…
    ဒီပို့လေးရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့လို အရွယ်မလွန်သေးတဲ့လူငယ်တွေအတွက်
    တစ်ခုခုပြောချင်တာပါ…ကျေးဇူးကမ္ဘာပါ တီချယ်ကြီးခင်ဗျား..

  • kyeemite

    May 15, 2012 at 7:18 pm

    ကိုရင်ဆာမိရေ..ကျုပ်က ခင်ဗျားစာအရေးအသားက ကိုကျိတ်ပီး
    သိပ်သဘောကျနေတာဗျ…ဗဟုသုတလည်းပေးတဲ့အခါပေးတော့
    အိုကေပါတယ်..ဟန်ဆောင်မှု့ဆိုတာတော့..အပေါ်မှာ ကိုပေ့ကိုပြော
    ထားသလိုဘဲ…လိုအပ်ချက်တစ်ခုလို့ထင်ပါတယ်…
    ————————————————-
    အမှန်ဘဲ ဒေါ်မမရေ…ဝင်လာတုန်းကတော့ လူကြီးလူကောင်းစတိုင်နဲ့
    သူတို့ကလည်း တလေးတစားထိုင်စရာတွေဘာတွေပေးလို့ပါ..
    အလှူငွေပေးလိုက်တော့မှ နာမည်မေးလို့ နဲနဲတွေသွားပြီး..
    “ကြီးမိုက်ပါ” လို့လဲပြောလိုက်ရော ကောင်မလေးက
    တအံ့တဩမော့ကြည့်တယ်ဗျာ.. အဲဒီဆိုင်က ကျုပ်အရွယ်လောက်
    လူရည်သန့်သန့် ကြီးကလည်း အံဩတဲ့ ဟန်နဲ့ ဖြတ်ကနလှဲဲ့ကြည့်
    ကျုပ်လည်းပြောပီးခပ်သုတ်သုတ်
    ထွက်လာခဲ့လိုက်တယ်..ဟီး ဟီး..(ကိုဆူး ကလည်းရှိမနေဘူးလေ)

    • ဆူး

      May 16, 2012 at 9:11 am

      ဆိုင်က ကောင်မလေးက အမရေ.. အလှူငွေ လာပေးသွားတယ်။
      ဘယ်သူလဲ ဆိုတော့.. ဦးကြီးမိုက် တဲ့.. သူ ဇဝေဇဝါ ဖြစ်သွားတာတော့ မပြောပါဘူး။
      ဆူး စိတ်ထဲမှာ အဲဒီ အချိန်တုန်းက တွေးမိလိုက်တာကတော့.. ဦးကြီးMike ဆိုတဲ့ နာမည်မျိုး ပြောလိုက်တာ ဖြစ်မယ်လို့ ထင်လိုက်မိတယ်။

      ဆူး က အဲဒီ အချိန်တုန်းက ခရီးထွက်မယ် ဆိုပြီး အတိအလင်းကြေညာထားခဲ့တာဆိုတော့ နောက်ကြောင်းအေးတယ်လေ။ ဆူး လည်း တွေ့ချင်ပါသေးတယ်။

  • marblecommet

    May 16, 2012 at 3:25 am

    အစ်ကိုကြီးရေ့
    ကျနော်က အစ်ကိုလောက်တော့ မကြီးသေးဘူး
    ဒါပေမဲ့ မိုက်တာကတော့ မိုက်တယ်….
    အစ်ကိုလောက်သာ ကြီးခဲ့မယ်ဆိုရင်……ဆိုရင်…..
    သိလော့ဝူးဂျာ……
    ………..
    အမှန်ကတော့ အစ်ကိုကြီးမိုက်က
    ဇော်ဝင်းထွဋ်စကားကို ငှားပြောသွားတာပါ……
    “အားလုံးရဲ့ ကိုယ်စား……”
    ….
    လေးစားတဲ့
    မောင်ကမ်း……

  • mocho

    May 16, 2012 at 10:48 am

    ကို ကြီးမိုက် ရေ
    မနက် ၅ နာရီ ထပြီး ဘုရား ရှိခိုး ဖြစ်တယ် ဆိုတည်းက မိုက်တာ မဟုတ်ဘူး လိမ္မာတာ ပေါ့။

  • weiwei

    May 16, 2012 at 11:04 am

    ကျွန်မအသက်ခပ်ငယ်ငယ်တုန်းက ကျွန်မ ကြီးဒေါ်အပျိုကြီးကို ဒေါ်ကြီးမိုက်လို့ ကွယ်ရာမှာ ခေါ်ခဲ့တာ …. အသက်ကြီးလေ မလိမ်မာတော့လေလို့ ထင်မိလို့လေ … 😛
    ဒါပေမယ့် အခု ကျွန်မလဲ အသက်ကြီးလာရော ဝဋ်လည်ပြီဆိုတာ သိလိုက်ပြီ …. ဒါပေမယ့် မနက်ဖြန်ကစပြီး ပြုပြင်တော့မယ်လို့ စိတ်ကူးခဲ့တာ ဒီနေ့အထိပါပဲ ..

  • ဗိုက်ကလေး

    May 16, 2012 at 11:13 am

    အူးလေးက ကြီးမိုက်ဆို
    တားတားက ကြီးဘော..အဲလေ.ကြီးပေါ..
    ပြောရင်ပြောရင်း ဘိုသံပေါက်တွားလို ့ ချောဒီးစ်

Leave a Reply