ကျနော်ရယ်၊ ပိုလီယိုရယ်၊ အမှိုက်ပုံစောင့် ခွေးတစ်အုပ်ရယ်

ဂ်စ္စူMay 14, 20121min33233

သူတို ့နှစ်ယောက်ကို ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက ပထမအကြိမ် မြင်ဖူးခဲ့ပါသေးတယ်။
တစ်ယောက်က အရပ် ခပ်ရှည်ရှည်၊ ကျန်တစ်ယောက်က သူ ့ထက် ခပ်ပုပု ခပ်ငယ်ငယ်။
အဲတုန်းက ခပ်ရှည်ရှည် တစ်ယောက်က ပိုလီယို ဆွဲသလို ခေါင်းက စောင်းငန်းစောင်းငန်း၊
ခြေလှမ်းက လိမ်ဖယ်လိမ်ဖယ်နဲ ့ အရှေ ့ကလျှောက်နေတာကို ခပ်ငယ်ငယ် ပုတုတုတစ်ယောက်က
အနောက်ကနေ ပိုလီယို ့ဖင်ကိုစောင့်စောင့် ကန်ရင်းနဲ ့ နှစ်ယောက်သား ပျော်ရွှင်ရယ်မောပြီး ကျနော့်ရှေ ့က ဖြတ်သွားကြတာကို ပထမဆုံး မြင်မိတာပါ။
ကျနော်လဲ သူတို ့ကို ကြည့်ပြီး ပျော်သလို ခံစားမိပေမဲ့ ပိုလီယိုနဲ ့ သူတောင်းစားပမာ နှစ်ယောက်ကို သနားသလိုလို ဂရုဏာဖြစ်ပြီး စိတ်မကောင်းဖြစ်မိပါသေးရဲ့ဗျား။

အခုလဲ..
သွားရင်းလာရင်းနဲ ့ အဲဒီနှစ်ယောက်ကို အမှတ်မထင် ပြန်တွေ ့မိခဲ့ပါတယ်။
နှစ်ယောက်စလုံးက အမှိုက်ပုံ ဘေးနားမှာ ပါ။
ပိုလီယိုတစ်ယောက်က အမှိုုက်ပုံထဲပါတဲ့ ထမင်းကျန် ဟင်းကျန်တွေထည့်ထားတဲ့ အိပ်ကို ဖြည်ပြီး လက်ငါးချောင်းနဲ ့ စားနေပြီး
ကျန် ခပ်ငယ်ငယ်တစ်ယောက်က ထမင်းအိပ် တစ်အိပ်ထဲက သူ စားချင်တာ တစ်ချို ု့တစ်ဝက်ကို ပလပ်စတစ် အိပ် တစ်အိပ်အပေါ်
ဖယ်ထုတ်နေတာ တွေ ့ မိပါရဲ့။
ခွေးတစ်အုပ်ကလဲ အမှိုက်ပုံနဲ ့ သူတို ့နှစ်ယောက်ကြားမှာ ရစ်သီရစ်သီနဲ ့ ။
ဖြတ်သွား ရင်းနဲ ့ အဲသလို မြင်းကွင်းမြင်မိတဲ့အခါ ကျနော့်စိတ်ထဲ ဘာဖြစ်မှန်းမသိ၊ အနည်းဆုံး ဓာတ်ပုံ တစ်ပုံတစ်ပုံလောက် ရိုုက်ပြီး
မှတ်တမ်းတင်ချင်စိတ်လေးတော့ ဖြစ်မိသွားပါတယ်။

ဒါပေမဲ့.
အမှိုက်ပုံထဲက ထမင်းဟင်းတွေစားနေတဲ့ လူနှစ်ယောက်ကို ကျနော်ဓာတ်ပုံရိုက်နေပါတယ်ဆိုတာလဲ ဘယ်သူမှ မသိစေချင်သဖြင့် မှတ်တမ်းတင်ချင်တဲ့စိတ်ကို မနဲဖြေဖျောက်ပြီး ဖြတ်သွားခဲ့ပါတယ်။
ဖြစ်ချင်တော့ ကိစ္စတစ်ခုပေါ်လာပြီး အပြင်ထပ်ထွက်တဲ့အခါ သူတို ့ နှစ်ယောက်ဟာ အမှိုက်ပုံနားမှာပဲ ရှိနေသေးတာ ထပ်တွေ ့မိပါရောဗျား။
ထပ်တွေ ့တဲ့အချိန်မှာ အငယ်ကောင်က အိပ်ပျော်နေပါပြီ။
ခပ်ကြီးကြီး ပိုလီယိုလို တစ်ယောက်က စော့င်ကြောင့်ထိုင်လျက် ထမင်းထုပ်ထဲ ထမင်း ဟင်းတွေကို လက်နဲ ့ နှိုုက်စားနေပြီး သူ ့ဘေးမှာ ခွေး သုံးလေးကောင်ကလဲ ဝိုင်းလျက် အမှီးတနံ ့နံ ့နဲ ့ပေါ့။
ကျနော်လဲ အဲဒီမြင်ကွင်းကို ဓာတ်ပုံတစ်ပုံလောက် ရို်က်ချင်တယ်လို ့ ပိုလီယို ့ကို ခွင့်တောင်းဖို ့ အနားကပ်သွားမိတော့
ထမင်းလုပ် တန်းလန်းနဲ ့ ပိုလီယိုက ကျနော့်ကို မော့ကြည့်ပါတယ်။

အဲ ဒီ အချိန် ခွ င့်မတောင်းမိပဲ ကျနော့ပါးစပ်က ထမင်းမစားရသေးဘူးလားလို ့ မေးမိသွားတော့
ပိုလီယိုက စားပြီးသွားပြီ ခွေးတွေကျွေးနေတာလို ့ပြန်ပြောပါတယ်။
ဟုတ်ပါတယ်။
ခွေးတွေလဲ ကျွေး၊ သူလဲစား လုပ်နေတာ ကျနော် အစောချည်းကတဲက တွေ ့ပြီးသားပါ။
အဲဒါကြောင့် …
အဲလိုတော့ ခွေးတွေနဲ ့မစားနဲ ့လေဗျာ…ထမင်းဘိုးမ ရှိရင် ကျနော်ပေးမယ်လေ လို ့ပြောတော့
စားပြီးသွားပြီ..ခွေးတွေကျွေးနေတာပါလို ့ရှက်သလိုလို ထပ်ဖြေရင်း အိပ်ထဲက ထမင်းဟင်းတွေကို
သူ ့လက်နဲ ့ ခွးတွေကို ခွ ံ့ကျွေး နေပြန်ပါကော။
ဘယ်မှာနေကြတာလဲလို ့ အားနာနာနဲ ့ စပ်စုမိတော့..ဒီနားမှာပဲ နေတာပါလို ့ပြောပါတယ်။
ကျနော်လဲ အခြေအနေသိပြီးသားမို ့ ကျနော့်ရဲ့ တစ်နပ်စာဖြစ်တဲ့ တစ်ထောင်တန်တစ်ရွက်ထုပ်ပေးပြီး ရော့ ဒါနဲ ့ ဝယ်စား
ဒီညတော့ အဲတာတွေ မစားတော့နဲ ့လို ့ဆိုပြီး ပိုက်ဆံထုတ်ပေးတော့ မယူချင်ယူချင်နဲ ့ ထပြီး ယူသွားပါတယ်။

ကျနော်ရစ်နေတဲ့အချိန်မှာ လူမကြောက်တဲ့ခွေးတစ်ကောင်က အောက်မှာချထားတဲ့ ထမင်းကျန်ဟင်းကျန်တွေ စားနေပါပြီ။အဲတာနဲ ့ ပိုလီယိုလဲ ပိုက်ဆံ ကို အိပ်ထဲထည့်၊ ခွေးစားလို ့ မကုန်ခင် ကျန်တဲ့ဟာကို အ မှီပြန်နှိုုက်စားဖို ့ ငုတ်တုတ်ပြန်ထိုင်ပြီး ခွေးနဲ ့တကွ စားသောက်နေပါတော့လေရဲ့။
ကျနော်လဲ တစ်ထောင်ပေးပြီးပြီမို ့ အားမနာတော့ပဲ ဖုန်းကင်မရာလေးထုတ် အရူးကွက်နင်းပြီး ရသလောက်လေး မှတ်တမ်းတင်ခဲ့မိပါတယ်ခင်ဗျား..။

p-1
p-1

 

 

 

 

 

 

 

 

 

__________

p-2
p-2

 

 

 

 

 

 

 

 

 

____________

ဒီလိုအဖြစ်မျိုး တစ်ချိုု ့တွေ မြင်ဖူးတွေ ့ဖူးမယ်လို ့ယူဆပါရဲ့ ဗျာ ။

ဒါကြောင့်..
ကျနော်…လုပ်ကြံရေးသားခြင်း မဟုတ်ကြောင်း ယုံကြည်ကြမယ်လို ့လဲ မျှော်လင့်ပါတယ်။
အခုလိုရေးလိုက်မိတာဟာလဲ ဘယ်သူ ့ကိုမှ အပြစ်တင်ဝေဖန်ခြင်းမဟုတ်ပဲ ခွေးဘဝနည်းတူ ဘဝများရှိကြောင်းကို အရှိအတိုင်း မြင်စေသိစေလိုခြင်းကြောင့်သာ ဖြစ်ပါကြောင်း…………………………..။
ကျေးဇူးတင်ပါတယ်ခင်ဗျား..။

 

ပုံ/

ဘဝတူ အူးဗိုက်ကလေး။

33 comments

  • etone

    May 14, 2012 at 11:08 am

    ဗိုက်ကလေးရယ် စိတ်မကောင်းလိုက်တာဟယ် … ။
    အဲ့ဒါမျိုးတွေ .. ကြားသာကြားဖူးတာ.. မမြင်ခဲ့ဖူးဘူး … ။ အခုလို ဓါတ်ပုံနဲ့ပါတော့ မြင်ရတာ စိတ်မကောင်းလိုက်တာ … ။ မရှိတဲ့ လူများကျတော့လည်း .. ကြေးမများနိုင်တော့ဘူးလေ … အဆင်ပြေသလို ဝမ်းစာဖြည့်ဖို့ က အရေးကြီးတာကိုး…. ။ တတ်နိုင်တဲ့ လူများကျတော့လည်း … ကိုယ့်အိမ်က ကြမ်းပြင်ပေါ် ကျသွားတဲ့ အစားစာတောင် … ချက်ချင်းကောက်ပြီး ဘတ်ခနဲ လွင့် ပစ်တော့တာ … ။
    ဒီလို … ဘဝတွေ များစွာရှိပါတယ် … သူတို့ဘဝတွေ ဘယ်တော့များမှ .. အေးချမ်းခွင့်မရမလဲနော် .. ။ 🙁

    တတ်နိုင်သလောက် ဒါနပြုခဲ့တဲ့ .. ထောင်တန်လေးပိုင်ရှင်ကို သာဓုခေါ်ပါတယ်နော် .. ။

    စကားမစပ် ဘီဂျီ အဖွဲ့က … NLD ရဲ့ လမ်းညွှန်မှုအောက်ကနေ အမှိုက်ကောက်ကလေးများအတွက် သင်တန်းတွေ ပေးနေတာ .. အားရဖို့ကောင်းတယ် .. သွားလေ့လာ လှူဒါန်းဖို့လည်း စိတ်ကူးထားတယ် … ။ အမှိုက်ကောက်ကလေးတွေ အတွက် ဗဟုသုတနဲ့ အသက်မွေးဝမ်းကြောင်း ပညာတစ်ခု သင်ခွင့်ရတယ်ဆိုတာ .. နောင်တစ်ချိန် သူတို့ ဘဝလေးတွေ ပြောင်းလဲဖို့ အခွင့်ရေးပါပဲ … ။ ဘီဂျီအဖွဲ့ရဲ့ စေတနာနဲ့ စိတ်ကူးကို … အရမ်းပဲ လေးစားချီးကျူးမိပါတယ် ။

  • Mလုလင်

    May 14, 2012 at 12:03 pm

    စားသောက်ဆိုင်မှာ … မှာစားပြီး မကုန်လို့ ဒီအတိုင်းထားခဲ့တဲ့ သူတွေနဲ့ ရေချိုကို အလွဲ သုံးတဲ့သူတွေကို ကြည့်မရဘူးဗျာ ….

    • marblecommet

      May 16, 2012 at 2:55 am

      ငွေလို ရေလို သုံးတယ်လို့ အရင်က သုံးခဲ့ကြတယ်ဗျ….
      အခုတော့ ရေကိုငွေလို သုံးပါလို့ ကမ္ဘာကြီးရဲ့ ရေရှားပါးမှုပြသနာ
      ကိုထောက်ပြကြတယ်…..ကိုလုရေ့…..
      ………..
      ကိုဗိုက်တို့ကတော့
      ဒဂဲ့ ရီရဲလ်လဇင်သမားကြီးပဲဝေ့…..အားကျထှာ…..

  • shwe kyi

    May 14, 2012 at 12:04 pm

    ရင်နင့်စွာဖတ်သွားပါတယ်။ ယုံကြည်ပါတယ်။ ကိုယ်တိုင်လည်းကူညီနိုင်အောင် ကြိုးစားပါ့မယ်။
    အူးဗိုက်ကိုလည်း လေးစားသွားပြီ။

  • အိမ်လွမ်းသူ

    May 14, 2012 at 12:44 pm

    ပုံကိုကြည်ပြီး စိတ်တော်တော် ထိခိုက်မိတယ်။ မြန်မာပြည်မှာ အဲဒီလို ဘဝတွေ ဘယ်လောက်တောင်များနေပြီ လဲမသိပါဘူးဗျာ။ တစ်ထောင်တန်လေး စွန့်ကျဲခဲ့ တဲ့ ဗိုက်ကလေး ရဲ့စိတ်ဓါတ်ကို လဲချီးကျူးပါတယ်ဗျာ။

  • mocho

    May 14, 2012 at 12:59 pm

    ဗိုက်ကလေး ရေ သာဓု သုံးကြိမ် ခေါ်ပါတယ်။
    တို့ နိုင် ငံမှာ လည်းဒီ လို အဖြစ်တွေ ဘယ်တာ့ မှ ပျောက် ကွယ် မှာပါ လိမ့်။ လူကောင်းတွေ အတွက်တောင်အလုပ်ကိုင် တွေ ရှားပါးနေတော့ ဒီလိုလူတွေ တွက်တော့ဘဝ ရပ်တည်ရေးက ခက်ခဲ မှာပေါ့။ ကိုယ်တိုင် လည်း အင်တာနက် က နေ သနားနေရုံ အပြင် ဘာမှ လုပ်မပေးနိုင်တဲ့ ဘဝပါလား။

  • ဦးဦးပါလေရာ

    May 14, 2012 at 1:06 pm

    ဗိုက်ကလေးရေ-
    ဒီလိုသဘောမျိုးဆန်ဆန်ကို တချိန်တုန်းက ကိုယ်တွေ့ကြုံ(မြင်) ခဲ့ဘူးတယ်..။
    အဲဒီအတွေ့အကြုံကပဲ ဒီကနေ့ ဦးပါလေရာကို ပုံလောင်းပေးလိုက်တာပါပဲ..။
    အဲဒီအတွေ့အကြုံကနေ ကိုယ်လုပ်စရာတွေကို ကိုယ့်ဘာသာသိလာတယ်….။

    ကြင်နာတတ် စာနာတတ်တဲ့ ဗိုက်ကလေးကို ချီးကျူးပါတယ်ဗျာ…..။

  • စနေ

    May 14, 2012 at 1:21 pm

    အူးဗိုက်ကလေးကို လေးစားပါတယ် …….
    သူတို့နဲ့ ယှဉ်လိုက်ရင် ကိုယ့်မှာရှိတဲ့ စိတ်ညစ်စရာတွေဟာ
    ဘာမှ မပြောပလောက်တော့ဘူး…..

    လက်မတစ်ချောင်းလဲ ထောင်သွားပါတယ် ……

  • အူးဗိုက်ရေ. ကျနော်တော့ တွေးမိတိုင်း စိတ်မကောင်းဘူးဗျာ။
    သူတို ့ဘဝတွေ၊အိုမင်းမစွမ်းအရွယ် တွေ ဘယ်သူကယ်လို ့ကူမ
    နိုင်ကြမှာလဲလို ့ပါ။

  • မဟာရာဇာ အံစာတုံး

    May 14, 2012 at 2:21 pm

    ကိုပေါက်ဖော်ရေ …
    သူတို့ ဘဝတွေကလည်း စိတ်မကောင်းစရာ ကောင်းလှသဗျာ …
    ကိုပေါက်ဖော်ရဲ့ စေတနာ၊ အကြင်နာတရားကိုလည်း ကျနော် ချီးကျူးမိပါတယ် …
    သာဓု … သာဓု .. သာဓု ပါဗျာ …
    လက်မလေးတစ်ချောင်းလည်း ထောင်သွားပါတယ်လို့ …

  • snow white

    May 14, 2012 at 2:21 pm

    ဖတ်ရင်းနဲ့သနားလည်းသနားတယ် စိတ်လည်းမကောင်းဘူး သူတို့အင်အားလေးနဲ့လုပ်နိုင်တဲ့အလုပ်လေးတွေရှိမယ်သူတို့ကိုလည်း အလုပ်ပေးမယ့်သူလည်းရှိမယ် သူတို့လည်းကြိုးစားလို့ရတဲ့ပိုက်ဆံနဲ့ကိုယ့်ဝမ်းစာ အတွက်ရှာစားကျမယ် ဆိုရင် ဒ်ီဘဝတွေကလွတ်မယ် ထင်မိပါတယ်

  • ဗိုက်ကလေး

    May 14, 2012 at 3:09 pm

    ♠ မအိတုန်ရေ..ပထမဆုံးလာရောက်အားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျား..
    ကျနော်လဲ စိတ်မကောင်းလို ့ တစ်နပ်စာကျွေးယုံကလွဲ ဘားမှ မတတ်နိုင်ခဲ့ပါခင်ဗျား။
    ဘီဂျီအဖွဲ ့ကိုလဲ ကျေးဇူးတင်မိပါတယ်ခင်ဗျား။

    ♠ကိုလုလင်ရေ..ကျနော်လဲ တူတူပါပဲခင်ဗျ။

    ♠ရွှေကြည်ခင်ဗျား..ယုံယုံကြည်ကြည်အားပေးသွားတဲ့အတွက် ကျေးဇူးပါခင်ဗျား။

    ♠အိမ်လွမ်းသူခင်ဗျား..စစတွေ ့ချင်းပုံကို ရိုက်နိုင်ခဲ့ရင် ဒီ့ထက် ပိုစိတ်မကောင်းစရာ ဖြစ်ရပါလိမ့်မယ်ခင်ဗျား
    ကျေးဇူးပါခင်ဗျား။

    ♠အန်တီမိုချိုရေ.ကျနော်လဲ တူတူပါပဲဗျာ..၊ စိတ်မသတ်သာတာကလွဲ ဘာမှ မတတ်နိုင်ပါဘူး။

    ♠အူးပါရေ..ကျနော့်ဘဝဟာလဲ သူတို ့နဲ ့ သိပ်မကွာပေမဲ့ အဲသလိုဘဝမရောက်အောင် မနဲရုန်းကန်နေရခြင်းမို ့
    ဘဝတူချင်း သနားမိပါတယ်ဗျား..။ တစ်ကယ်တော့ ဒီလိုအဖြစ်တွေများကြီး ရှိပါသေးတယ်ဗျား။

    ♠စနေမရေ..သူတို ့ထက်ဆိုးတဲ့ဘဝဆိုတာ ဒုက္ခိတ ဘဝနဲ ့ ဉာဏ်ရည်မမီတဲ့ ဘဝမျိုးတွေဖြစ်ပါရဲ့.
    ဒီလိုဘဝတွေထက်စာရင် ကိုယ်တွေကတော့ အနူတောမှာ လူချောပေါ့ဗျား..။

    ♠အူးလေးကိုင်စရာရေ့..အူးလေးပြောတဲ့ဘဝတွေ နောင်များအခါ နိုင်ငံတော်မှ ထောက်ပံ့ပေးလာမလား
    မျှော်လင့်မိပါကြောင်းခင်ဗျား..။

    ♠အူးလေး ရာဇာအံရေ..ကျနော်အား ချီးကျူးတယ်ဆိုလို ့ အတိုင်းမသိ ဝမ်းသာမိသဖြင့် ကြုံကြိုက်တဲ့အခါ ဘီအီး အဝတိုက်ပါဦးမယ်ခင်ဗျား..။

    ♠စနှိုးဝှိုက်ရေ..သူတို ့က သာမန်လူတွေနဲ ့မတူသလိုပဲဗျာ..ဉာဏ်ရည်ပိုင်း ချို ့ယွင်းနေသလိုမို ့ အလုပ်အကိုင်ရှာပြီး လုပ်စားဖို ့လဲ မလွယ်လောက်ပါဘူး..ဒီလိုပဲ တွေ ့ကရာကောက်စားပြီး ပျော်သလိုနေနေကြတယ် ထင်မိပါတယ်ဗျား..။

    အွန်လိုင်းမှာ အိမ်က အဖွားအိုကြီးနဲ ့ ရန်ဖြစ်နေရသဖြင့် စာပြန်ခြင်း နောက်ကျသွားတာ အားလုံးပဲ ခွလွှတ်ကြပါခင်ဗျား.
    တော်တော်ချီးပေတဲ့ အိမ်က အဖွားကြီး..ချီးထုပ်ကြီး.. 😆

    • မဟာရာဇာ အံစာတုံး

      May 14, 2012 at 3:14 pm

      အဟမ်း .. အဟမ်း …
      တိုင်ပြောလိုက်မှာနော် …
      တော်တော်ချီးပေတဲ့ … အိမ်က အဖွားကြီး … တဲ့ .. 😀

      • ဗိုက်ကလေး

        May 14, 2012 at 3:18 pm

        တစ်ကယ်လဲ ချီးထုပ်ကျတာပဲလေ..
        ပြောကိုပြောချင်ဘူး..
        😀

  • nozomi

    May 14, 2012 at 3:31 pm

    ကိုဗိုက်
    အခုပဲ ကိုဖြူလှကြီးနဲ့ ဖုံးရတယ်
    ဒီညနေ ဘီယာသောက်မယ်၊ ပြီးရင် အနှိပ်ခန်းသွားမယ် အချိန်ရရင် နိုက်ကလပ် ဆက်သွားမယ်တဲ့
    သူပြောတဲ့ အသံကြားတော့ ကိုဗိုက် ပို့စ် ဖတ်ပြီး စိတ်မကောင်းဖြစ်နေတာမို့ သူ့ကို ဘာမှတောင် ပြန်မပြောနိုင်ဘူးဗျာ

    အဲဒီလူကြီးတွေ တစ်ရက်လောက် တစ်ကြိမ်လောက် ချွေတာလိုက်ရင် ကိုဗိုက် ကူညီခဲ့တဲ့လူတွေကို အများကြီးကူညီနိုင်မှာပေါ့

    ကိုဖြူလှကြီး အသိတရားရအောင် အားလုံး ဝိုင်းကူညီကြပါဦးဗျာ

    • ဗိုက်ကလေး

      May 14, 2012 at 3:42 pm

      ကိုဖြူလှခင်ဗျား
      အူးလေ နို ့စို ့မိ ပြောသလို မိမိဘာသာ အသိတရားလေး ရအောင် အားထုတ်စေချင်ပါတယ်ဗျား..
      ဘလက်လေဘယ်ကို လျှော့သောက်ပြီး ဘတ်ငွေလေးတွေကို မိန်းမလဲ အပ် လိုအပ်တာလေးတွေလဲ ကူညီပါဦးခင်ဗျား။

  • ဗိုက်ကလေး
    မင်းနေတဲ့နားမှာအဲလိုဇာတ်လမ်းလေးတွေရှိမှန်းသိရင် မင်းနဲ့တစ်ညလောက်ငါလာအိပ်ပါတယ်။

  • R Ga

    May 14, 2012 at 5:23 pm

    တောက်ကွာ ။
    မဆီမဆိုင်တင်းမိတယ်။……ဆင်းရဲပပျောက်မှုတိုက်ဖျက်ရေးတို့။ ကိုယ်အင်္ဂါမသန်စွမ်းသူများ အကူအညီပေးရေးတို့..။ နောက် …ဘာရေး ညာရေးတို့ ကိုလေ…။လေကြီးမိုးကြီးနဲ့။တကယ်တကယ် ဒါမျို း ဆင်းရဲ ဒုက္ခရောက်နေကျတဲ့လူတွေဘယ်နှယောက်လောက်ရှိမလဲမသိ..။ အဖွားအို ၊အဖိုအိုတွေလည်း ဒီလိုဒုက္ခရောက်နေတာ တွေ့ဖူးတယ်။ ဘယ်သူမှ ဘိုးဘွားရိပ်သာ ပို့ပေးဖို့ အကောင်အထည်မဖော်ကြဘူး။ (သူများကို မပြောဘူး ကိုယ်ကိုယ်တိုင်လည်း မလုပ်ပေးနိုင်ဘူး။လေ..။) ဒီတော့ တောက်ကွာ..။

    အာဂ
    မင်းလို စောက်သုံးမကျတဲ့ကောင်တွေများလို့ပဲလို့ ထင်မိတယ်။

  • cobra

    May 14, 2012 at 6:14 pm

    တကယ့်ကိုဝမ်းနည်းစရာပါ။
    ပုံတွေကြည့်လိုက်ရတဲ့အချိန်မှာစိတ်မကောင်းလဲဖြစ်မိပါတယ်။

  • Khin Latt

    May 14, 2012 at 6:51 pm

    မောင်ဗိုက်ရေ

    အရီး အတွက် ဒီ Post ဟာ Post of the day ပါဘဲ။ 😀
    ပိုက်ဆံ အနည်းအများ ပဓာန မဟုတ်။
    စိတ်ထဲက နှစ်ခြိုက်စွာ ပေးလိုက်တဲ့ အကြင်နာမေတ္တာ သာ ပဓာနပါဘဲ။

    အဓိက ကတော့ လူသားချင်းကိုသာမဟုတ်၊ သတ္တဝါခြင်း စာနာတတ် နှလုံးသား လေးကို ပိုလီယိုလေးဆီမှာ တွေ့လိုက်တယ်။

    ကိုယ့်အတွက်ကိုယ်သာကြည့်ပြီး လျှံနေတဲ့အိတ်ထဲ ၊ ဖောင်းကားနေတဲ့ ဘိုက်ထဲ နင်းကန် ထည့်နေသူတွေ ရှက်တတ်ရင် ရှက်စရာပါဘဲ။
    တစ်ချို့ကတော့ အဲဒီလို ကလေးတွေ ကို သူ့တို့ဘဝ သူတို့ ရဲရဲဝန့်ဝန့် ရပ်တည်နိုင်အောင် ပြုစုပျိုးထောင် ပေးရမဲ့ ပြည်သူ့ ပိုက်ဆံ တွေ ကိုခိုးပြီး သူဌေး နာမည်၊ လူကြီးလူကောင်း နာမည် ခံနေကြသေရဲ့။ 👿

    ဘရာကြော် သာမက ဘူးသီးကြော်ရော၊ ကြက်သွန်ကြော်ရော၊ ပုဇွန်ကြော်ရော နဲ့ပါ အားပေးသွားပါတယ်။
    ကြိုက်တာနဲ့ မြည်းစေသတည်း။ 😆

  • kyeemite

    May 14, 2012 at 7:40 pm

    အူးဗိုက်ကလေးခင်ဗျား..ဒီလိုတိုင်းပြည်ရဲ့ (အစိုးရရဲ့) တာဝန်ယူနိုင်မှု့အားနဲ
    နေသေးတာတွေ ဖေါ်ထုတ်တင်ပြပေးနေတာကလဲ နိုင်ငံရေးလုပ်နေတာ..
    နိုင်ငံကောင်းစားရေးတတတ်တအားပါဝင် ဆောင်ရွက်ပေးနေတာဟု …
    မောင်ကြီးမိုက်ထင်ပါသဖြင့်..လက်မအကြီးကြီးထောင်သွားပါဂျောင်း…

  • windtalker

    May 14, 2012 at 9:11 pm

    အော်… အခုတလော အလုပ်အကိုင် အဆင်မပြေလို ့ကိုယ့်ဘဝကိုယ် နိမ့်လှပြီ မှတ်နေတာ ။ ဒီလိုမျိုးတွေ ဖတ်ရ မြင်ရမှ ၊ ကိုယ့်မှာ ကြိုးစားနိုင်တဲ့ အခွင့်အရေး အခွင့်အလမ်းတွေ ရှိသေးတယ်ဆိုပြီး တွေးမိတယ်ဗျာ ။
    ကျေးကျေးဘာနော် အုဗိုက်

  • pooch

    May 14, 2012 at 9:26 pm

    ဗိုက်ကလေးရဲ့ နင့်မှာ အဲ့လို လူသားဆန်တဲ့ ကိုယ်ချင်းစာစိတ်ရှိနေတာကိုက တချို့သော သန်းကြွယ်လူ့အတ္တဘောတွေထက် အများကြီး အပုံကြီးသာနေပြီ ။
    ကိုယ့်ရှိတာလေး မျှဝေချင်တဲ့ စိတ်ကို က လေးစားစရာကောင်းပြီး လူ့အထက်တန်းစားစာရင်းဝင်ပါတယ်ဟယ်။

    ငါတောင် ဒီနေ့ ဒီချိန်ထိ အဲ့လို မပေးခဲ့ဖူးဘူး။ အဲ့လို ဘဝတွေ အတွက်လည်း ဘာတခုမှ မကူညီနိုင်သေးဘူး။ ကိုယ့်ကိုယ်ကိုတောင် ရှက်ပါတယ်။ 🙁

  • surmi

    May 15, 2012 at 12:32 am

    စိတ်မနှံ.ဘူးလို.ထင်ရတဲ. သူတစ်ယောက်ကိုလည်း ဒီပုံစံအတိုင်းတွေ.ခဲ.ဘူးသေးတယ် ။
    မကြာခဏရောက်ရောက်နေတဲ.မြို.သစ်တွေမှာလဲ ခတ်ဆင်ဆင် ရှိကြတယ် ။
    ရုပ်ဖျက်ပြီးလိမ်တောင်းနေတဲ.သူတွေနဲ.စာရင် သူတို.တွေကသနားစရာကောင်းပါတယ် ။
    ကိုဗိုက်ရဲ. ဂရုဏာထားတတ်မှုကိုလေးစားပါတယ် ။

  • water-melon

    May 15, 2012 at 8:05 am

    အူးဗိုက်ရေ
    ကျွန်တော် အလေးပြုခဲ့ပါတယ်
    အူးဗိုက်ရဲ့
    လူသားချင်း စာနာတတ်တဲ့ စိတ်ကို အရမ်းလေးစားတယ်

  • kyeemite

    May 15, 2012 at 8:15 am

    အူးဗိုက်ကလေး..ဒီလိုအဖြစ်မျိုးတွေ နိုင်ငံနေရာအနှံ့
    မှာရှိနေဆဲပါဘဲ..တွေ့လည်းတွေ့ဖူးပါရဲ့…
    တတ်နိုင်သရွေ့လေးကူညီခဲ့တာ လေးစားပါဒယ်..

  • Ko Ko Aung

    May 15, 2012 at 9:07 am

    ဒီအခြေအနေမဲ့တွေ သူတောင်းစားတွေ ကို ကူညီချင်ရင်၊ ကယ်ဆယ်ချင်ရင်၊ ဒီပြဿနာကိုရှင်းချင်ရင်-
    ပထမဆုံး သူတို့အကြောင်းသိဖို့ လုပ်ရပါမယ်။
    သူတို့ကို စောင့်ကြည့်လေ့လာရမယ်
    သူတို့နဲ့ စကားပြောကြည့်ရမယ်
    သူတို့နဲ့ အခြားနည်းနဲ့လည်း ထိတွေ့ကြည့်ရပါမယ်။

    ကျွန်တော်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးက သူတောင်းစားလေးတယောက်ကို သနားတာနဲ့ နှမြောတာနဲ့ အလုပ်ခေါ်ပေး(အလုပ်ခန့်) ဘူးပါတယ်။

    ခေါင်းလျှော်ခိုင်း၊ ရေချိုးခိုင်း အဝတ်တစုံထုတ်ပေးပြီး ဝတ်ခိုင်းတဲ့အထိ အိုကေပါပဲ…။
    အလုပ်လုပ်ရမယ့်နေရာမှာ တမနက် ထိုင်ကြည့်ခိုင်းအပြီးမှာတော့ လူတွေမျက်စိရှေ့ကနေ ဘယ်လိုပျောက်သွားမှန်းတောင်မသိပါဘူး။

    နောက်ဆယ့်လေးငါးရက်အကြာ တနေရာမှာ တောင်းနေတာတွေ့ရပြန်ပါတယ်။

    လူတယောက်ဟာ အရမ်းနိမ့်ကျပြီးသွားရင် နိမ့်ကျရမှာ ဝန်မလေးတော့ဘူး…။
    အစိုးရလုပ်သင့်တာတခုက နိုင်ငံသားတွေကို (ကိုယ့်သဘောနဲ့ကိုယ်ပဲဖြစ်ဖြစ်) နိမ့်ကျခွင့်မပြုပဲ တားဆီးရမှာလို့ ထင်မိပါတယ်။
    တဖက်ကလဲ အလုပ်အကိုင်နဲ့ နေရာထိုင်ခင်းတွေ စီမံပေးရမှာပေါ့လေ…။

  • ကြောင်ကြီး

    May 15, 2012 at 10:12 am

    သဂျီး ကိုဘေးနွားကင် စားနေဒါ နင်သွားအုံးမယ်…။ ဘာမှမဟုတ်ဘူး သဂျီးရေ…ဆက်သောက်ဆက်စား ပြီးမှ မူးမူးနဲ့ဆက်ဖတ်..။ ကိုဘေးနွားကင်လောက် လောကဂျီးမှာ ဘယ်အယာမှ အယေးမကြီးဘူး…။

  • ဗိုက်ကလေး

    May 15, 2012 at 11:29 am

    ♥ အူးလေးပေါက်ရေ..အူးလေးပြောတဲ့အတိုင်း ဇာတ်လမ်းတွေ တော်တော်များများရှိပါတယ်.
    ကျနော် မရေးတတ်လို ့ မရေးခဲ့တာပါ..ဒါနဲ ့..လာအိပ်မယ်ဆိုလို ့ကြက်သီးထသဗျား..။

    ♥ကိုအာဂရေ..အကို ့ဂရုနာကွန်းမန် ့က ရီရအခက် ငိုရအခက်ပါလားဗျား..
    စောက်သုံးမကျတဲ့အထဲ ကျနော်လဲ ပါပါတယ်ဗျား..။

    ♥ အူးလေးကော်ဘလာရေ..ကျနော်တော့..စစတွေ ့ချင်း စိတ်မကောင်းပေမဲ့ အခုကျတော့လဲ သွေးအေးပြီး
    စိတ်ထဲမရှိတော့ပြန်ဘူးဗျာ..ခက်ပါတယ်..။

    ♥ အရီးလတ်ရေ..ငတ်ပြတ်နေလင့်ကစား ခွေးတစ်အုပ်နဲ ့ အတူတကွစားသောက်နေတဲ့ ပိုလီယိုရဲ့
    စာနာစိတ်လေကို မြင်ပေးတဲ့အတွက် ဟိုအူးလေးကြီးတွေအတိုင်း Best Comment အဖြစ် ရွေးပါရစေဗျား..
    တစ်ကယ်လဲ စားလိုက် ကျွေးလိုက်နဲ ့သူ ့ဘာသာ ပျော်နေတဲ့လူအဖြစ် တွေ ့ခဲ့လို ပါဗျား..။

    ♥ အူးကြီးမိုက်ရေ..ကျနော့်ကို တစ်ပိုင်တစ်နိုင် နိုင်ငံရေးသမားအဖြစ် အသိအမှတ်ပြုပေးလို ့ ထုံးစံအတိုင်း အူးလေးကို ထီပေါက်ရင် ဘီအီး အဝတိုက်ပါဦးမယ်ခင်ဗျား.. 😆 ။

    ♥ အူးပေရေ.ဒါတွေကြည့်ပြီး သင်္ခန်းစာယူ ကြိုးစားပါခင်ဗျား..အူးပေလို ကျောက်သထေးတစ်ယောက်အနေနဲ ့ကတော့ ကျနော်တို ့ သူတို ့ဘဝတွေနဲ ့ အူးပေက အဆများစွာ သာပါသေးတယ်ခင်ဗျား..။

    ♥ အူးလေးပူးချ် ရေ..အနဲနဲ ့အများတော့ လူတိုင်း တာဝန်ကျေကြမယ် မထင်ပါဘူး..အူးလေး တာဝန်ကျေချင်ရင်
    အမြင်မတော်တာလေးတွေ ရှာကြံရေးတင်ပြီး ဖော်ထုတ်ပေးလိုက်ပါဗျား..တစ်နည်းအားဖြင့် တာဝန်ကျေပါလိမ့်မယ်..အူးလေးလဲ အပျင်းထူပြီး ဘာမှမရေးတော့ပါကလားဗျား..။

    ♥ အူးလေး ရာဇာ သံချောင်းခင်ဗျား..အူးလေးပြောသလို လူလိမ်သဒေါင်းစားတွေထက်စာရင် အမှိုက်ပုံကဟာ ကောက်စားပြီး အသက်မွေးနေတဲ့လူ ့ဘဝက အများကြီး တော်ပါသေးတယ်ဗျား..ကျေးဇူးပါ..။

    ♥ အူးလေးဖျဲသီးရေ..ကျနော်အား မလေးစားပါနဲ ့..ကျနော်ဘာမှမဟုတ်ပါဘူးခင်ဗျား..အမှန်အတိုင်းဝန်ခံရရင်
    သဒေါင်းစား သာသာ ဘီအီးသမားသာ ဖြစ်ပါကြောင်း..အူးလေးကျနော်တို ့ရွာလာလည်ရင် ဘီအီးတိုက်ပါ့မယ်။

    ♥ အူးလေး ကိုကိုအောင် ခင်ဗျား..ကျနော်တွေ ့ခဲ့တာ သဒေါင်းစား မဟုတ်ပါဘူးခင်ဗျား.အမှိုက်ပုံကဟာတွေ ကောက်စားနေတာပါ..ပိုက်ဆံက သူမတောင်းပဲ ကျနော့်ဘာသာ ပေးလိုက်တာပါ..အူးလေး ကွန်းမန် ့လေးလဲ
    အထောက်အကူပြုတယ်မို ့ကျေးဇူးပါခင်ဗျား..။

    ♥ အူးကြောင်ကြီးရေ.ဒီအချိန် သဂျီးက ဝိုင်လေးသောက်ပြီး ဒင်နာစားနေလောက်ပြီလို ့ထင်ပါတယ်ဗျား..
    သူကြီးကိုတော့ အဲလို မစွတ်စွဲပါနဲ ့ဗျား..သဂျီးကိုထိရင် ကျနော် မခံနိုင်ပါဘူး..
    အူးလေးသဂျီးခင်ဗျား..အူးလေးဘက်က ကာကွယ်ပြောဆိုပေးတဲ့ အူးဗိုက်ကို ဘီအီးဘိုး တစ်သိန်းလောက် ချီးပါခင်ဗျား..။

    သူများတွေကို အားကျပြီး တစ်ခုချင်းစီ စာပြန်ပေးရတာ သိပ်မချောင်လှဘူးဗျား..
    အူးဗိုက်ကလေး မောသွားလို ့ ငါးဆယ်ဘိုးလောက် သွားကစ်လိုက်ဦးမယ်..
    ဂလု.ဂလု..ဂလု..

  • ညလေး

    May 15, 2012 at 10:26 pm

    အင်း……….အူးဗိုက်…..တော်တော်ကောင်းတဲ.ပိုစ့်တခုတင်ပေးတာကျေးဇူးပါ…
    လေးစားပါတယ်..အူးအူးဗိုက်

  • kai

    May 16, 2012 at 11:57 am

    ထလော့မြန်မာ အိုမြန်မာတို့
    တို့ရွာတို့မြေ တို့ရွာမြေဝယ်
    စေတီစပါး များလည်းများ၏
    များပါလေလည်း တမွဲမွဲနှင့်
    ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
    တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
    ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်….

    ငွေကြေးတွေ..ဘယ်လိုစီးဆင်းနေသလည်း..
    အခြေခံပညာရေးက.. ဘယ်လိုဖြစ်နေသလည်း..
    ..
    ..
    ကြည့်ဖို့ပါပဲ..
    စနစ်ကြောင့်မဟုတ်…
    စနစ်ကြောင့်မဟုတ်ပါကြောင်း………….။

    • ဗိုက်ကလေး

      May 16, 2012 at 12:25 pm

      ကျေးဇူးတင်ပါတယ် သဂျီးမင်းခင်ဗျား..
      သဂျီးမေးတဲ့ မေးခွန်းနှစ်ခုကို ဖြေရရင် များကြီးမို ့.အတိုချုပ်ဖြေရလျင်တော့
      ဖြေသေးပါဘူး..အချဲခံရမှာချိုးလို ့..အောမီးတောဖော.. 😀

      အပေါ်က ကိုညလေးလဲ ကျေးဇူးပါခင်ဗျား..

      • windtalker

        May 16, 2012 at 12:53 pm

        တယ် ၊ သူဌေးနဲ ့သူ ့လက်ထောက်နဲ ့အတိုင်အဖောက်ညီနေကြတာ ။ အူးဗိုက် ယူအက်စ်သွားလို ့လက်ဗီးဂတ် မှာ ကဲရင် အနော့် ကို သတိရပါနော

Leave a Reply