ရိုက်ကြဘီ တဲ့ နှက်ကြဘီ

ムラカミMay 14, 20121min20526

နာမည်ကျော် MG Band အတွင်း

မပြေလည်သည်များကို တရားသောနည်းလမ်းဖြင့်

ဒီမိုကရေစီ နည်းကျကျ …

ဖြေရှင်းနေစဉ်…

 

 

 

 

အသက်နှင့်ဂီတ..

 

 

 

အာဟိ

ဒက်ဂလောက်

26 comments

  • Shwe Tike Soe

    May 14, 2012 at 3:53 pm

    အော် တစ်ခါတလေတော့ Rocker တွေပဲ ပေါက်ကွဲတာပေါ့ နော်..
    ဒါ အသံစမ်းနေတာလေ… သီချင်းတိုက်နေတာ… rocker တွေဆိုတော့ နဲနဲကြမ်းတယ်လေ ခိခိခိ 😀

  • Ma Ei

    May 14, 2012 at 3:55 pm

    ဂီဂီ…
    တစ်ပုံချင်း လက်စွမ်းပြနေသည်…
    ဖျားနေလို့သာဘဲ…

  • သူရဇော်

    May 14, 2012 at 4:08 pm

    အဆိုပါပုံမှာ လူမဟုတ်သော ဂြိုလ်သားမှ လူ့ပြည်တွင်အသုံးပြုသော ဂစ်တာအား စမ်းသပ်တီးခက်သဖြင့် လူသားများမှ ဒေါသဖြင့် ထိုဂြိုလ်သားလေးအား ရိုက်နှက်ဆုံးမနေသော ပုံဖြစ်ပါသည်………….ခွိခွိ လစ်ဘီ

    • Shwe Tike Soe

      May 14, 2012 at 4:14 pm

      အဲဒီ ဂြိုလ်သားလေးအား သူရဇော်ညီမ မှ အသည်းအသန် စွတ်ဆက်ကြိုက်နေပါသဖြင့် ဂြိုလ်သားလေးမှာ မယူချင်ယူချင်ပဲ သူရဇော်ညီမလေးအား ၁လပေါင်းသင်းနေထိုင်သွားကာ သူ.ဂြိုလ်သို.ပြန်သွားလေးသည်။။။။ ခိခိခိ
      သူရဇော်ညီမလေးမှာ တကိုယ်ထည်း ကိုဝင်ကြည်နဲ. ကျန်ခဲ့လေသည်….. သနားထာအေ… အဟွတ် 😀

      • သူရဇော်

        May 14, 2012 at 4:18 pm

        အဆိုပါ ဂြိုလ်သားယခုကဲ့သို့ ပြုမူသဖြင့် သူရဇော်မှ မကျေမနပ်ဖြင့် သူ၏ အုပ်အုပ်အား လိုက်လံရှာဖွေလျက်ရှိသည်ဟု သတင်းရရှိပါသည်

        • Shwe Tike Soe

          May 14, 2012 at 4:24 pm

          ထိုသို.လိုက်ရှာနေသော မဲတူမ ကင်သပိတ်ရောင်အား အုပ်အုပ်မှ တွေ.တွေ.ချင်း ပွတ်လွှတ်လိုက်ရာ မျက်နှာဖြူဖွေးကာ ပြန်သွားရရှာလေသည်။
          မှတ်ချက်။ ။ ပေါင်ဒါဖြင့် ပွတ်လွှတ်လိုက်ခြင်းသာဖြစ်ပေသည်။ ခိခိခိ

  • နွယ်ပင်

    May 14, 2012 at 4:23 pm

    ဟယ် ရိုက်ကြနှက်ကြနေကြပြီ
    ဒါနဲ့ရိုက်တဲ့ တုတ်ကလည်း အရိုက်ခံရမယ့်သူထက် ရှည်နေသလားလို့ ဟိ ……. 😛

  • Mon Kit

    May 14, 2012 at 4:25 pm

    ဟယ်!! ခေါင်းစဉ်ဖတ်ပီး လန့်ထှာအေ….
    ဘာတွေများ ဖစ်ကုန်ပီလဲလို့……
    ဝင်ကြည့်တော့မှ ဟိ.. ဟိ… ဟိ..
    😀

  • အောင်မာနွယ်ပင်က သူ့လူက ရိုက်နေတော့ ငြိမ်နေတယ်။
    အာဂသာ အရိုက်ခံထိကြည့်ပါလား………………
    @&**(#&()*#@#(@*#)(@*#(
    ဖြစ်သွားမယ်ဘာမှတ်နေလဲ………………………………

  • FattyCat

    May 14, 2012 at 4:44 pm

    မကောင်းဆိုးဝါးတောထုတ်တယ်ဆိုတာ ဒါမျိုးလားမသိ

    ရွာသားငရှုပ်-
    ကြောင်ဝတုတ်

  • R Ga

    May 14, 2012 at 4:51 pm

    တိုက်တိုက်သည်။M.G Band ၏ အဖွဲ့ခေါင်းဆောင် ဂီတာသမားတစ်ယောက်ဖြစ်သည်။ ၎င်းသည် အရပ်ပုသော်လည်း။ကြီးမှကြိုက်သည်(ဂီတာဖြစ်သည်)။ ထို့နေ့ပွဲတွင် ၎င်းဦးဆောင်မူဖြင့်ဆိုကျ။ တီးကျသည်။ပွဲသည်လည်းအောင်မြင်သင့်သလောက်အောင်မြင်၏။ပွဲကြေးလည်းများစွာရ၏။သို့သော် ၎င်း သည်အဖွဲ့သားများ အား တစ်ပွဲလျင် ဒေါ်လာ ၁သောင်းပေးမည်ဟုပြောဆိုကာ ငှားရမ်းခဲ့သည်။သို့သော်လက်တွေ့တွင် ပွဲကြေးအပါအဝင် ပရိသတ်အပိုဆု ချသောငွေကြေးအမြောက်အများရသော်အခါ ခေါင်း ဆောင် တိုက်တိုက်သည်။ ၎င်း၏ အရပ်ကို ခွဲစိတ်ပြုပြင်၍ ရှည်မည်ဟုသောအကြောင်းပြချက်ဖြင့် ပွဲကြေး အားလုံး သည် သူနှင့်သာဆိုင်ကြောင်းပြောဆိုလိုက်သောအခါ….။ အဖွဲသားများ ဒေါသနောမ ဖြစ်ကာ ထိုသို့ ရိုက်နှက်ကျလေသတည်း။

  • အရင့်ရောင်

    May 14, 2012 at 5:22 pm

    ဂီတ ကို ပီသစွာ
    ဗီဇ ပြနေကြသော M.G Band အဖွစ်၏ ဂေါင်းစောင်
    ဂျပုအား …….
    အသုံးပြု၍မရသောကြောင့် တပည့်မှ ဆုံးမတော်မူခန်း
    ဆက်လက်ရှုစား အီးစားတော်မူကြပါကုန်လော့…………
    ခွိခွိခွိ……….

  • Diamond Key

    May 14, 2012 at 5:26 pm

    အောင်မလေး ……………. ဘာတွေဖြစ်နေကြတာတုန်း ………. :mrgreen:

  • Yin Nyine Nway

    May 14, 2012 at 6:43 pm

    ဘယ်လောက် နားဆူအေင်သွား တီးပြလဲမှမသိဒါ…
    တရွာလုံးမရိုက်လာတာ ကံကောင်း …:O

  • Khin Latt

    May 14, 2012 at 7:00 pm

    ပထမ ပုံကို ပိုကြိုက်တယ်။
    ဒီပုံမှာ တို့ ထားတာတွေ များ နေသလိုဘဲ။
    သဘာဝ အရောင် မဟုတ်ဘူး။
    မော်ဒန် စတိုင် ဆိုလဲ စတိုင်ပေါ့ ဟယ်။ 😀

    • Ch@vez

      May 14, 2012 at 7:15 pm

      မတူဘူး အရီးလတ်ရေ…
      သည်ပုံက mood အရ အကောင်းဆုံးမရခဲ့ဘူး
      funny ဖြစ်အောင်ပဲ အားစိုက်ဖြစ်လိုက်ရဲ့ဗျာ ….

      တခါတလေတော့ over လုပ်ရတဲ့အပိုင်းလေးတွေရှိပါတယ်…
      ရုပ်ရှင်နဲ့ ပြဇာတ် ကွာသလို ကွာတယ်လို့များ ဆင်ခြေတက်ရင်
      ကောင်းမလားမသိ….

      ကျနော်လည်းလေ…
      အစစ်တွေ ပြကြည့်ချင်ပါသေးတယ်ဗျ

      ခင်တဲ့
      ဂီ

      • pooch

        May 14, 2012 at 9:10 pm

        ပထမတင်တဲ့ပုံက တကယ့် classic ခုတင်တဲ့ပုံက ကယ်ရီကေးချားနဲ့တူတယ် တမျိုးစီပေါ့

        • Ch@vez

          May 15, 2012 at 6:46 am

          ဗရာကြော် ကိုကိုပု…
          ရွေးလိုက်ပါဘီချင့်…

          😀

  • water-melon

    May 14, 2012 at 7:44 pm

    အဟိ
    သများတို့ MG Band ကို
    ဘယ်သူတွေများဌားမလဲဟင်

    • shwe kyi

      May 14, 2012 at 9:52 pm

      ရွာဘုရားပွဲကြရင်ငှားမယ်လေ။ ဒီလိုပဲတီးရမယ်နော် လက်သံပြောင်ပြောင်လေး။
      ရွာက ကလေးတွေကြိုက်မှာပဲ 😛

      စတာနော်….။

  • ညလေး

    May 14, 2012 at 9:49 pm

    စပယ်ရှယ်ရှော့ထားတာတော့………ခိုက်တယ်….
    “ညလေး”

  • kyeemite

    May 15, 2012 at 8:09 am

    အင်း…မိုက်နေကြတာ..မိုက်နေကြတာ..
    ကြီးမိုက် တောင်ဆရာတင်ရမဲ့ Rocker ဆရာကြီးတွေဘဲ..

  • etone

    May 15, 2012 at 11:39 am

    ဟိတ်လူတွေ .. ဟိတ်လူတွေ … အောက်ဆင်းပြီး နပမ်းလုံးကြပါလား ဟင် … သများအိမ်ပေါ်ကို ဖိနပ်ကြီးတွေနဲ့ … အားမနာကြဘူးလားဟင် .. ဟိဟိ 😆

  • Rose Minn

    May 15, 2012 at 1:18 pm

    ရိုက်ကြနှက်ကြဆိုလို့ ဘာများလဲ လို့ သွေးသံတရဲရဲပေါ့။ မကြည့်ရဲ ကြည့်ရဲ။ အရဲစွန့် ကြည့်ပြီးနောက် ။ ဒန်တန်း တန်။

    တို့ MG က Rocker တွေပဲကိုး- ပုတိုက် ၊နွယ် ဂနိုင်နဲ့ တရုတ် ဖရဲ ကိုး။ ရွာ စော်တီးဝိုင်း ရွာစော်တီးဝိုင်း ခိခိ။
    မျက်စိထဲ ဒရမ် သမား စည်စည်နဲ့ နောက်တစ်ယောက်ဘယ်များပျောက်နေလဲ။

  • ဆူး

    May 15, 2012 at 5:04 pm

    ဒေါသတကြီး ရိုက်ဖို့ လုပ်နေတာ ဖရဲမ က စပ်ဖြဲဖြဲနဲ့..

Leave a Reply