သောင်းပြောင်းထွေလာ ဘောလုံးကမာ္ဘ

ムラカミMay 15, 20122min27332

၂၀၁၁-၂၀၁၂ ဘောလုံးရာသီကား ပြီးချေပြီ…။
သို့ရာတွင် မပြီးနိုင်သေးသော အကြောင်းတရားများ ကား တပုံတပင်။

ပိတ်သတ်ကြီးသိတော်မူသည့်အတိုင်း MandalayGazette United ဘောလုံးအသင်း(Man Utd.)
သည် ခါးသီးသော မြို့ခံပြိုင်ဘက်အသင်းအား …အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒူးထောက်
အရှုံးပေးလိုက်ရကာ အမှတ်ပေး ချန်ပီယံ ဖလားအား လက်လွှတ်လိုက်ရပေသည်။

အကြောင်းတရားများကား မကောင်းတော့ …။
Man Utd. ၏ သက်တော်ရှည် နည်းပြချုပ် သူရဂူဆန် ကို ပုံတွင်မြင်တွေ့ရသည့်အတိုင်း
အသင်းပိုင်ရှင် ဂလေတိုက်စိုး က ဖိအားပေနေပြီ ဖြစ်သည်…။

ဂလေတိုက်စိုး နှင့် သူရဂူဆန်

သည်နှစ် ပွဲကား ပြီးသွားသော်လည်း နောက်နှစ် နောက်နှစ်များအတွက် ပြင်ဆင်မှုများ
သွေးသစ်လောင်းမှုများ မဖြစ်မနေလိုအပ်ပေသေည် …။ အမှတ်ပေးဖလား၏ နည်းပြဘဝသည်
ခေါင်းမီးတောက် သည် ဟု ဆိုစမှတ်ရှိပေသည်။ လွှတ်တော်မတက်သော အမတ်တစ်ဦး၏
ဘဝကဲ့သို့ပင် ပုံတွင်မြင်ရသည့်အတိုင်း အာဂျင်ဒယ် အသင်း၏ နည်းပြ အာဆင်း ဝင်းမတ် တယောက်
ခေါင်းမီးတောက်နေလေသည်….။

 

ခေါင်းမီးတောက်နေတဲ့ အာဆင်း ဝင်းမတ်

လက်ရှိ နာမည်ကျော် အတွေ့အကြုံရင့် နည်းပြများအနက်မှ တဝက်နှင့်အထက်ကို လူငယ်နည်းပြများ
ဖြင့် အစားထိုးရန် အသင်းတိုင်း စဉ်းစားလာကြ၏။ ဗြိတိန်နိုင်ငံ၏ ပထမဆုံးနှင့် တစ်ဦးတည်းသော ဝန်ကြီးချုပ်
မာဂရက် သက်ချာ ထုံး နှလုံးမူကာ အဘယ်ကြောင့် အမျိုးသမီး နည်းပြ မခန့်နိုင်အံ့နည်း ဟူသော အတွေးအခေါ်သစ်တရပ်
ဘောလုံးရပ်ဝန်း တွင် ခေတ်စားလာ၏ ။

ပုံတွင် မြင်ရသည်မှာ .ဖေဘီယို ပန်ပန်၏ ဘောလုံးပွဲ စဉ်တခုကို စောင့်ကြည့် အကဲဖြတ်နေပုံဖြစ်သည်။
အနှီ သူငယ်မသည် နောင်တချိန် ဟာရီ လေးပေါက် ၊ ကင်နီ ဘလက်ချော တို့၏ ထိုင်ခုံကို အစားမထိုးနိုင်ဟု

မည်သူ ပြောနိုင်အံ့နည်း …။

 

ဘောလုံးလောကအတွက် နောက်ထပ် မာဂရက်သက်ချာလေလား...

စပိန်ရပ်ဝန်းသို့လည်း ကြည့်ပါဦး မိတ်ဆွေ။ ရီးရဲယ် ကတ်သလစ် အသင်း၏ နာမည်ကျော် စပါယ်ရှယ်ဝမ်း
ဂျိုစ့် ဟိုဆေး ဖက်တီးကတ် တယောက် အလွန် ဓါတ်ကျနေသည်။ ပြိုင်ဘက်ကောင်းဖြစ်သော ဂွာဒီဂီဂီ မရှိတော့သည့်အပြင်
ယင်းအနေဖြင့် ယူစရာ ဖလားအသစ် မကျန်တော့သောကြောင့် ပျင်းရိဖွယ်ကောင်းလွန်းလှသော မိမိ၏ အနာဂါတ်ကို
မျှော်ငေးကြည့်နေမိခြင်းပင်ဖြစ်၏။

 

ပထမနေရာ နှင့် စိတ်ကူးစိတ်သန်းအချို့

တဖက်မှာလည်း ပြင်သစ်ပြည်၏ နာမည်ကျော် နည်းပြ လောရင့် အရင့်ရောင် မှာ ချန်ပီယံလိဂ်ဝင် အသင်းကြီး တခုခုကို
ပြောင်းကိုင် ရန် စိတ်အားထက်သန်လျက်ရှိပေသည်..။ နွေရာသီ အားလပ်ရပ် အနားယူနေစဉ် CJ တစ်ဦးနှင့်တွေ့ဆုံပြီး
ဤသို့ မွက်ကြားခဲ့လေသည်။။။

ဘော မှာ အရေးအကြီး ဆုံးက မိသဘော ဗျ … (အမိရဲ့ သဘောပါ အမိ ရယ် ဆိုတာကို စွဲနေဟန်ရှိ၏)
ဘယ်ကသာ မိသဘောရမှာတုန်း meet the ball ဗျ …. ဘော အကြောင်း ဘောနဲ့ပြောမယ်…
ဒါမှ ဘောစကား မှန်တာ …။
(အလွန်ကီးမြင့်သော ဆြာပေတကား …)

 

တနေ့တော့ တနေ့ပေါ့ဗျာ..

ဘာပဲဖြစ်ဖြစ် … သည်နှစ်တော့ ရော်ဘတ်တို မန်စီဖျဲ ၏ နှစ်ဖြစ်သည် …။ နှစ်ပေါင်းများစွာ ကွာဝေးခဲ့သော
အမှတ်ပေးဖလား ရခဲ့လေပြီတည်း…။ ရှိတ်မန်ဆာ မိသားစုသည် ကဒါဖီကဲ့သို့ သဘော မကောင်းမှန်း
မန်စီဖျဲ သိထားတာ ကြာပြီ ဖြစ်သည် … ။ သူ့တွင်လည်း သူ့ ဒုက္ခနှင့်သူ …။ ချန်ပီယံ အသင်း၏ မန်နေဂျာအနေဖြင့်
အပြည့်အဝ ပျော်ရွှင်ခြင်း ငှာ မစွမ်းသာပေ …အဘယ်ကြောင့်ဆိုသော် သူ့အသင်းမှ
နာမည်ကျော် တိုက်စစ်မှူး ကားလိုစ့် တီဗိုက် .. ကြောင့်ဖြစ်သည်…။
အသင်းဖလားရသည်မှာ မန်နေဂျာ တော်သည် တတ်သည်ထက် မိမိ၏ ဂိုးများသည် ပိုမို အခရာကျပြီး
မန်နေဂျာသည် မိမိအား လာရောက် ဂါရဝပြုသင့်ပေသည် ဟု ထုတ်ဖော်ပြောကြားခဲ့သောကြောင့်တည်း….

ပုံတွင် တက်တူးများ ပြပြီး မန်နေဂျာအား စိန်ခေါ်နေသော ကားလိုစ့် တီဗိုက် ကို တွေ့နိုင်မည်ဖြစ်၏ ။


ဘယ်လိုပဲဖြစ်ဖြစ် …နှစ်တွေ ခေတ်တွေ စနစ်တွေသာပြောင်းသွားမယ် ။ မပြောင်းသွားတာကတော့
ဘောလုံးအေးဂျင့်တွေဖြစ်သည်။ ဘောသမားမှာသာ အိုသွားလို့ နာသွားလို့ခြေတက် ခြေကျ သွားလို့
ရှိချင်ရှိမယ် ။ သူတို့လောကမှာတော့ ဒါတွေ မရှိချေ။ ယခုပဲ ကြည့် ။ အာချင်ဒယ် အသင်းကို အသစ်ပြောင်းလာသော
လူငယ် တိုက်စစ်မှူး ..လူးကပ်စ် ပိုဒေါစမိုက် ကို အေးဂျင့်ဖြစ်သူမှ ဂုဏ်ပြုလက်ဆောင် ပေးအပ်နေပုံဖြစ်သည် ….။

 

လူးဝစ်စ် ပိုဒေါစမိုက်...ခ်

လောကကြီးသည် လောလာပြီး ကနိုင်မှ တန်ကာကျမည်ထင်ပါသည်….။
ကဲ ပိတ်သတ်ကြီး ၂၀၁၂-၂၀၁၃ ဘောလုံးရာသီအတွက် အားမွေးထားကြပါစို့….

နောက်ရာသီ ဘောလုံး ဇာတ်စင်ပေါ်သို့ ရောက်လာလတ္တံ့သော

ဂျာမနီနည်းပြ ဂျိုးအာချင်ကမ်း ကို မိတ်ဆက်ရင်း နိဂုံးချုပ်ပါရစေခင်ဗျား….

 

တော်သေးဘီ

ခင်တဲ့
ဂီ

 

အဲ့

ဂီ နာမည်ပြောင်းထားရဲ့

ချာဗက်ဇ် လို့ ခေါ်ကြပါ ပိတ်သတ်ကြီး…

အဟိ

စီအစ ဇိ အဆုံးလေး…

အိုဘယ့် ချာဗက်ဇ်….

32 comments

  • ဗိုက်ကလေး

    May 15, 2012 at 10:22 am

    ဟယ်..
    ရွာထဲက ဘောတမားတွေ ဆိုပါကလား.. 🙄

  • mg mg

    May 15, 2012 at 10:29 am

    ဂီဗက်ရေ
    ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဘလတ္တာခိုင် အကြောင်းရော မပါပါလားဗျ။

  • စနေ

    May 15, 2012 at 10:33 am

    အူးဗိုက်ရော … ရွာထဲက ဘောတမားလုပ်ချင်ဘူးလားဟင် … 🙂

    ရွာရဲ့ ဘောလုံးသမားပုံတွေက မိုက်တယ် …. 😀

    အသင်းပိုင်ရှင်ရဲ့ ပုံကော ပါဘူးလား …… 😀

    လက်မတစ်ချောင်းထောင်သွားပါတယ်ဗျို့ ……..

  • etone

    May 15, 2012 at 10:34 am

    ဂေဇက်ရဲ့ ဘောလုံးသမားတွေကတော့ လုံးဝ အလန်းတွေချည်းပဲ ဟိဟိ … ရိုက်ချက်တွေကလည်း လန်ထွက်နေတာပါပဲ … လက်မောင်းမှာ တက်တူးထိုးထားတဲ့ မန်နေဂျာကိုတော့ မနည်းစဉ်းစားလိုက်ရတယ် .. နောက်မှ … ဟိုးတစ်လောက အမေစု နားကပ်ဝတ်ထားတဲ့ ဗိုက်တယေးပါလားလို့ သိတော့တယ် .. ဟိဟိ …

    အန်နီးဝေး … ကိုကြီးမိုက်ကြီး ဘောပွဲမှာ …လာဘ်ပေးလာဘ်ယူ ပြုလုပ်နေကြောင်း …အထောက်ထားနဲ့ မိပါပြီဗျို့ … ။ :mrgreen:

  • Khaing Khaing

    May 15, 2012 at 10:37 am

    “ဂလေတိုက်စိုး နှင့် သူရဂူဆန်” မိုက်တယ်ကွာ ပုံလေးတွေက ……… ချစ်စရာလေးတွေ …… နံမည်တွေက လည်းလန်း ……….

  • ကြောင်ကြီး

    May 15, 2012 at 10:41 am

    ပထမဈုန်းပုံဂို ဆန့်ကျင်ဖက်လိင် ရွာသူအသစ်များအား ဆွဲဆောင်ရန် ဂဇက်ကြော်ငြာအဖြစ် ဂျာနယ်၊ မဂ္ဂဇင်းတိုင်းတွင် မျက်နှာဖုံးအပြည့်ထည့်ရန် သဂျီးအား ထောက်တွန်းပါသည်။။

  • ဗိုက်ကလေး

    May 15, 2012 at 10:42 am

    ဒင်နာဆိုပြီး ဂုဏ်ပြုလက်ဆောင် ဘလက်လေဘယ်အိတ်ကြီး ယူနေတဲ့လူကြီး..
    လက်ပူးလက်ကြပ်ကိုမိတာပဲ…

    • Shwe Tike Soe

      May 15, 2012 at 2:25 pm

      အဲဒီတုန်းက သူလဲ ဂွတ်သွားတယ်လေ… လူဇိုး အဟင့်

  • သူရဇော်

    May 15, 2012 at 10:49 am

    အမမင်း ဂီမရယ် တင်စရာရှားလို့ ဂျပုမ လည်ပင်းညှစ်တာ လျှာထွက်တဲ့ပုံတင်ရဒယ်လို့အေ……. ခွိခွိ

  • etone

    May 15, 2012 at 10:50 am

    နောက်တစ်ခေါက်ကြည့်ပြီး နောက်တစ်ခါ ပြန်လာပြောတာ… ဟိဟိ …။
    အပေါ်ဆုံးပုံကို ပြပြီး … အိနိ္ဒယသံရုံးနဲ့ တရုတ်သံရုံးကိုပို့လျှင် .. ကိုဂီ ဆုရနိုင်တယ် အဟေးဟေး … တရုတ်ကုလား ချစ်ကြည်ရေး အထိမ်းမှတ် ဓါတ်ပုံလေးပါပဲ … အဟိ … 😛

    (ကင်သဘောင်ယိတ်ရေ … စိတ်စိုးရဘူးနော် .. ဟိဟိ ) :mrgreen:

    • သူရဇော်

      May 15, 2012 at 4:39 pm

      အုံးတီးရေ လုပ်ချလိုက်ပန်ပီ……. တရုတ်ကုလား မုန့်စားပြိုင်ပွဲလေးပါအေ

  • Khaing Khaing

    May 15, 2012 at 11:12 am

    ပထမနေရာ စိတ်ကူးစိတ်သန်းအချို့ စဉ်းစားနေတဲ့ လူကိုတော့ ရွှေဘော်ထိုးသင့်တယ် လကမ္ဘာကြီးလို မျက်နှာဖြစ်နေတယ် သူအပြင်မှာ ဒီလောက်ရုပ်မဆိုးပါဘူး ချစ်စရာလေးပါ ပါးချိုင့်ကလေးနဲ့ ……… မိဂီလုပ် မှ ရုပ်ဆိုးသွားတယ် ……….

  • water-melon

    May 15, 2012 at 11:22 am

    အပေါ်ဆုံးက ဂျာပုက ကလေးကို ညစ်ထားတာ သေတော့မှာဘဲ
    သိချင်တာက ကိုသူရအကျီနားကရော ကိုမတ်အကျီနားက အဖြူဝိုင်းလေးက ဘာလေးလဲ အစိမ်းလေးရောပါတယ်

    • Shwe Tike Soe

      May 15, 2012 at 2:27 pm

      ဟဲ့ကောင် အဲဒီလောက်ပိန်းရလား အဲဒါ မာဆတ်သွားရင် နှစ်ဆက်ရှင် ကို တစ်ဆက်ရှင် ဖရီးရတဲ့ လက်မှတ်ဟ…
      နောက်မြဲမြဲမှတ်ထား

      • သူရဇော်

        May 15, 2012 at 4:37 pm

        ဟဲ့တောင်မ မိတိုက် နင်လုပ်မှ ငါတို့လဲ မာဆက်ရောက်ရပြန်ပါပကောလားအေ…… ပလိုမိုးရှင်းတောင်ပါလိုက်တေး…… နင့်အုပ်အုပ်ဖွင့်ထားတဲ့မာဆက်လားအေ……

  • mocho

    May 15, 2012 at 11:42 am

    ရီလိုက်ရတာ အူတတ်သွားတာပဲ ချာဗက်ဇ် ဂီဂီရေ ။
    တဖြည်းဖြည်းနဲ့ ရွာသူားတွေကို လူစုံအောင် မြင်ဖူးလာရပြီ။ ချစ်ချစ်ခင်ခင် စည်းစည်း လုံးလုံးနဲ့ ချစ်စရာ ကောင်းတဲ့ ရွာလေးပါပဲ။

  • Shwe Tike Soe

    May 15, 2012 at 2:32 pm

    အော်ငါ့နှယ် ဂလေဇာ မိသားစု ကို သူလုပ်မှ ဝင်ရတော့တာပဲ .. မန်ယူအသင်း ပိုင်လားမပိုင်လားတော့မသိဘူး…
    အခုတော့ အုပ်စီး ယူနိုက်တက်ကို ဝယ်ဖို. ပိုက်ဆံမရှိလို.ငြိမ်နေရတာ…

    အပေါ်ဆုံးက ပုံက အရက်အရမ်းသောက်တဲ့ မဲတူမကို ဆုံးမနေရတာလေ… ခိခိခိ.. သူများခွက်ကို လုသောက်သွားလို. ဟေဟေ 😀

    • သူရဇော်

      May 15, 2012 at 4:38 pm

      မိတိုက်မ ဂျာပုမ အပေါ်မှာ မာဆက် အောက်မှာ အရက် ဘာကောင်းတာပါသေးဒုံးအေ……ချဉ်ပါ့အေ ဘဲဥပုပ်မ ဂျာပုမရေ

  • ဗိုက်ကလေး

    May 15, 2012 at 2:34 pm

    လျှာထွက်အောင် ဖိအားပေးတယ်ဆိုတာ ခုမှမြင်ဖူးတယ်ဗျား
    ခင်ဗျားတို ့ရွာစားထဲက ဘောတမားတွေ တယ်ဆိုးကြတာဘဲဗျာ

  • marblecommet

    May 15, 2012 at 2:40 pm

    အော်….
    ဒီထေးမှာ
    ဘောလောကရဲ့
    မပါမဖြစ် ဂွာဒီ ဂီဂီ ပျောက်နေတာ
    သူက ဘောလောက ကနေ
    တစ်နှစ်လောက်
    အနားယူဦးမယ် ဆိုထားသဂိုး…..
    အာဆင်နယ် လူငယ်တိုက်စစ်မှူး
    ပိုဒေါ့စမိုက် က ဘိုခေးလားဟင်….

    • Ch@vez

      May 15, 2012 at 2:46 pm

      ထိပ်ဆုံးပုံ က ထန်းပင်တွေကြား က ဘိုခေး ပေါ့ဗျာ..
      ပိုဒေါစမိုက် က ဘိုမခေးပါဘူး …မိုးရှင်းဘလား နဲ့ ဟန်းရှိတ်ဝင်နေလို့
      ရှက်ပနက်စ် ကျနေတာပါ..

      ဘယ့်နှယ့် နာမည်မှာ ခေး ပါရင် သိပ်သိပ် စိတ်ဝင်စားတာပဲလား ဟင်င်င်င်

  • marblecommet

    May 15, 2012 at 2:59 pm

    ခွိခွိ
    လူဇီုး
    နေမကောင်းပါဘူးဆိုမှ
    ဇွပ်…ဖော်ထုတ်နေတယ်….
    အာဟင့်.

  • FattyCat

    May 15, 2012 at 4:08 pm

    ကိုယ့်ပုံကိုယ်ကြည့်ပြီး လွမ်းသလိုလိုခံစားရတယ်…
    ဘာများလွမ်းနေပါလိမ့်…

    ရွာသားငရှုပ်
    ကြောင်ဝတုတ်

  • R Ga

    May 15, 2012 at 4:58 pm

    မန်ယူကြိုက်တဲ့အမတ်က ဘယ်လိုလုပ် အာဆင်း ဝင်းမတ်ဖြစ်သွားလဲမသိဘူး။ အတော် နားလည်ရခက်တဲ့သတင်းပဲ

    • amatmin

      May 21, 2012 at 6:05 pm

      ပြောလိုက်စမ်းဘာ..အာဂရာ..
      ဘယ်နှယ့်ဗျာ. မတော်ကိုဘလက်ကြားသွားရင်.
      ကျုပ်ကို ဟန်ဆောင်မန်ယူ ထင်နေမှ အခက်..
      သူ့အိမ်မှာက. တူမတွေ အပါအဝင် တအိမ်လုံး မန်ယူစစ်စစ်တွေ တဲ့ဗျ.. 🙂

      ကိုဂီရေ..အမှန်တော့ အဲ့နေ့ကတည်းက ကင်မရာကိုင်ပြီး ခေါင်းမီးတောက်နေရတာဗျ..
      ဆိုတော့ ဈေးသည်ကိုတော့ ကျော်လိုက်ပီဗျာ..
      ချစ်စရာ့အရွယ်ကိုပဲ ..ဇောင်းပေးလိုက်တော့မယ် 😆

  • intro

    May 16, 2012 at 1:15 pm

    ဘယ်မှာ ရိုက်ထားတာတုန်းဗျ… ရွာနဲ့ အဆက်ပြတ်နေတော့ မသိဘူးဖြစ်နေတယ်… နောက်တစ်ခါ ဒီလို ကြိတ်ပြီး မသွားကြနဲ့နော်… ခေါ်ကြဦး။

  • kyeemite

    May 20, 2012 at 1:24 pm

    ဘောလုံးဝါသနာမပါလို့…ဒီပို့စ်ကို ကျော်သွားခဲ့တာ..
    ပါတ်ဝင်းကျင်မှာ ဟိုးလေးတကျော်ကျော် ဖြစ်နေမှ
    မနဲလိုက်ရှာပီး ပြန်ကြည့်မိတော့…ဟိုက်ရှာလဘတ်ရေ..

    အန်နီးဝေး … ကိုကြီးမိုက်ကြီး ဘောပွဲမှာ …လာဘ်ပေးလာဘ်ယူ ပြုလုပ်နေကြောင်း …အထောက်ထားနဲ့ မိပါပြီဗျို့ …

    ဒါက ခင်လို့ ချီးမြှင်တာပါ..လာဘ်ပေးတာမဟုတ်ပါဘူးဒေါ်အီးတုံးရယ်…
    အာချင်တယ် အသင်းနိုင်ကိုနိုင်ရမယ်ကွ…ဂေ့..လေတက်လာဘီ..တစ်ခွက်လောက်
    မော့လိုက်အုံးမှ..ဂွပ်..

  • kotun winlatt

    May 20, 2012 at 1:39 pm

    ဟီဟိ..
    ဂေဇက်က ဘောသမားးဒွေ..
    နည်းးပြတွေ အစုံတွေ့ရတာပဲဗျို့….။

  • မွန်မွန်

    July 3, 2012 at 2:50 pm

    အံမယ်..တကယ်ကန်ကြရင်သာ ရွာထဲကို လော်နဲ့အော်ဖို့ မမေ့ကြနဲ့ဦးနော်… 🙂

    • ပစ်စလက်ခတ် မျက်ရည်

      July 3, 2012 at 2:54 pm

      ဘောအကြောင်း မပြောပါနဲ့အေ…
      စိတ်ထိခိယက် လွန်းလို့ပါဆို..
      ဟင့် ဟင့် …
      အိ အိ…
      🙁

      • မွန်မွန်

        July 3, 2012 at 3:24 pm

        ဒီလူကြီးနော်…
        သူ့ကွန်မန့်တစ်ခါဖတ်တိုင်း မျက်ရည်တစ်ခါဝဲတယ်…ဟင့်..ဟင့်..

Leave a Reply