ဥစ္စာစောင့်တွေရှိတဲ့ တောင်

ကျနော်တို့ရွာမှာ ၉ ခုစီရှိတဲ့ အရာတွေရှိပါတယ်။ အဲဒါတွေကတော့ တောင်ကိုးလုံး၊ စမ်းကိုးတွင်း၊ မန်ကျည်းကိုးပင် တွေပဲ ဖြစ်ပါတယ်။ တောင်ကိုးလုံးထဲမှာ အမြင့်ဆုံးဖြစ်တဲ့ တောင်ကတော့ ကျောက်ပုထိုး တောင်ပဲ ဖြစ်ပါတယ်။ ကျောက်ပုထိုးတောင်နဲ့ ပတ်သက်ပြီး ပါးစပ်ရာဇဝင်တွေကတော့ မြောက်မြားစွာပါပဲ။အပြောအများဆုံးကတော့ အဲဒီ ကျောက်ပုထိုးတောင်မှာ ဥစ္စာစောင့်တွေ ရှိတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

 

ကျောက်ပုထိုးတောင်

 

တောင်ပေါ်က ထုံးဖြူဖြူ စေတီ

 

ဥစ္စာစောင့်တွေနဲ့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့၊ ကြုံခဲ့ရတယ် ဆိုတဲ့ လူတွေရဲ့ အကြောင်း၊ ဥစ္စာစောင့်တွေက နေရာ လဲဖို့ဆိုပြီး ခေါ်တယ်ဆိုတဲ့ လူတွေရဲ့ အကြောင်း စသည်ဖြင့် အများကြီးပါပဲ။ ကျောက်ပုထိုး တောင်ပေါ်ကို တက်ရင် မပြုလုပ်ရမယ့် စည်းကမ်းချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ တံတွေး မထွေးရ၊ မဆဲမဆိုရ၊ အညစ်အကြေး မစွန့်ရ ဆိုတာတွေ ပါပဲ။

အကယ်၍များ ဒါတွေ ပြုလုပ်မိလို့ရှိရင်ဖြင့် အကြီးအကျယ် ဖျားနာခြင်းမှအစ အသက် သေဆုံးသည်အထိ ဖြစ်တတ်တယ်လို့ ပြောကြပါတယ်။ သို့ပေသိ တစ်ခါတစ်ရံတွင်မတော့ ဒါတွေ ပြုလုပ်မိလို့ရှိရင် သတိပေးတဲ့ အနေနဲ့ မြွေကြီးများအသွင်သဏ္ဍာန် ပြသတတ်တယ်လို့ ဆိုပါတယ်။ ဥပမာအနေနဲ့ ကျနော့်ညီ တစ်ဝမ်းကွဲရဲ့ အဖြစ်ကို ပြောရရင် – သူက တောင်ကိုးလုံးမှာ အပါအဝင်ဖြစ်တဲ့ ကျောက်တုံးကြီး တစ်လုံးပေါ်မှာ ဆော့ကစားရင်းနဲ့ အဲဒီ ကျောက်တုံးကြီးပေါ်မှာ အညစ်အကြေး စွန့်ခဲ့ပါတယ်။ အဲဒီနေ့ ညလည်း ရောက်ရော ဖျားပါလေရော။

ဆေးသောက်၊ ဆေးထိုး လုပ်ပေမယ့် သူ့အဖျားက မကျသွားတဲ့အပြင် ပိုလို့တောင် ဆိုးလာခဲ့ပါတယ်။ အပူတွေ များလွန်းလို့ မျက်လုံးတောင် ဖွင့်မရတဲ့ အခြေအနေထိပါပဲ။ အဲဒီအခါ အမေဖြစ်သူက အဲဒီနေ့က ဘာတွေ လုပ်ခဲ့တယ်ဆိုတာကို စုံစမ်းလိုက်တော့ တောင်ပေါ်မှာ အညစ်အကြေး စွန့်ခဲ့တာကို သိသွားပါတယ်။ ဒါနဲ့ အဲဒီ တောင်ဆီသွားပြီး တောင်းပန်သမှု ပြုခဲ့ပါတယ်။ အဲဒီနောက်မှ အဖျားက ချက်ချင်းဆိုသလို ကျသွားပြီး သက်သာရာ ရခဲ့ပါတယ်။

ကျောက်ပုထိုးတောင်မှာ ဂူပေါက်တစ်ခုလည်း ရှိပါတယ်။ လူကြီးတွေရဲ့ ပါးစပ်ရာဇဝင်အရ အရင်တုန်းက ပွဲလန်းသဘင်ရှိပြီဆို အဲဒီဂူပေါက်ဆီသွားပြီး ဥစ္စာစောင့်တွေဆီက ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေ ငှားရမ်းလို့ ရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ အချို့အချို့သော အကျင့်မကောင်းသူများရဲ့ အကျင့်ကြောင့်၊ တစ်နည်းအားဖြင့် ငှားပြီး ပြန်မပေးတတ်သည့် အကျင့်ကြောင့် မငှားကြတော့ဘူးလို့ ဆိုပါတယ်။

 

တောင်ဘေးက ဂူပေါက်

 

ပြီးတော့ ဂူနဲ့ ပတ်သက်လို့ နောက်ပိုင်းခေတ်မှာ ရွာထဲက လူတွေက စူးစမ်းခဲ့ဖူးပါတယ်။ ဘယ်လိုလဲဆိုတော့ ဂူဘယ်လောက် ပေါက်သလဲဆိုတာ သိရအောင်လို့ အပ်ချည်ကြိုးကို အသုံးပြုပြီး ဂူထဲဝင်သွားတာ အပ်ချည်ကြိုး ဆုံးတဲ့ထိအောင် ဂူက မဆုံးသေးဘူးလို့ ဆိုပါတယ်။ အဲဒီဂူထဲမှာ ဘာတွေ တွေ့လဲဆိုတာတော့ မသိရပါဘူး။ ဒါကတော့ ဥစ္စာစောင့်တွေ ရှိတယ်ဆိုတဲ့ ကျနော်တို့ရွာက ကျောက်ပုထိုး အမည်ရတဲ့ တောင်နဲ့ သူ့ရဲ့ ဂူပေါက် အကြောင်းများပါပဲ။

 

မှတ်ချက် ။     ။ ဂန်ထရီ ဥူးဦးထုပ် ၏ ခရီးသွားတောလားမှ ….

37 comments

  • windtalker

    May 14, 2012 at 9:28 pm

    ဥူးဥူးထုပ်ရေ ၊ အဲ့ဂူပေါက်ပုံအထိ ရိုက်ပြနိုင်တယ်ဆိုတော့ ၊ ဂူထဲ ကို သေချာပေါက် ရောက်ခဲ့မှာ သေချာပါဘဲ ။ ဥူးဥူးထုပ် အနေနဲ ့ဂူထဲက ရွှေငွေရတနာတွေ တထောကြီး ရခဲ့တယ်ဆိုရင် ဟောဒီက ကန်းထရီးမောင်ပေ ကို လဲ မစပါဦးဗျ ။

    • မဟာရာဇာ အံစာတုံး

      May 14, 2012 at 9:35 pm

      ကိုရင့်အမြင် ..
      တယ်စူးရှသကိုး …
      ရှူးးးးးးးးးးး တိုးတိုး …
      တခြားသူတွေ ကြားသွားဦးမယ် ..
      အထူးသဖြင့် ဗိုက်ကလေးပေါ့ …. 😀

  • shwe kyi

    May 14, 2012 at 10:08 pm

    ကိုအံစာ ဥစ္စာစောင့်မလေးတွေက သိပ်ချောတယ်လို့ကြားဖူးတယ်။
    မှတ်တမ်းတင်ရအောင်ကြိုးစားကြည့်ပါလား 🙂

  • htet way

    May 14, 2012 at 10:21 pm

    ဗဟုသုတပေါ့
    အားပေးပါတယ် ဒီလို လေးတွေဆက်ရေးပါလို့

  • ဦးဦးပါလေရာ

    May 14, 2012 at 10:29 pm

    အဲဒီဂူပေါက်ကြည့်ရတာ အရိုင်းနဲ့မတူဘူး..
    အဝင်အထွက် ခပ်များများရှိပုံပေါ်တယ်နော်..

  • aye.kk

    May 15, 2012 at 7:08 am

    အံစာတုံးရေ…..
    ငယ်ငယ်တုံးကတော့..
    ကျေးဇူးရှင်ကျွေးမေမေက…
    ကျိုက်ထီးဆောင်းသိုက်ကလာတာမို ့..
    ကျိုက်ထီးဆောင်းဘုရားမှာတနှစ်တနှစ်တစ်ခါ..
    ထုံးဖြူသင်္ကန်းသွားကပ်တယ်…(အမြဲပါဘဲ)
    လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုမရှိလို ့..
    အမေနဲ ့မလိုက်ရဘူးလို ့အမြဲတားမြစ်ခံခဲ့ရတာပေါ့နော်…
    နည်းနည်းလေးအရွယ်ရလာတော့အမေကအဖေ့ကိုတောင်းပန်ပြီး
    ခေါ်သွားပေးဘူးလို ့တစ်ခေါက်တော့ရောက်ဘူးခဲ့တယ်(ကျိုက်ထီးဆောင်းဘုရားကိုပါ)
    ၁၉၈၈ခုနှစ်မတိုင်ခင်အချိန်အထိပေါ့နော်..
    အဲဒီတုံးကကျိုက်ထီးဆောင်းကဒုကျောင်းထိုင်ဆရာတော်ကြီးကအမေ့ကို
    ကျောင်းရဲ ့ဒကာမကြီးဆိုပြီးအလေးထားပြီးဆက်ဆံခဲ့တာတွေ ့ခဲ့ရဘူးတယ်..။
    ကျိုက်ထီးဆောင်းဥစ္စာစောင့်အသိုက်ကလာတာလို ့သူတော်စင်အဖိုးကပြောပြထားလို ့..
    အမေကိုယ်တိုင်ကျိုက်ထီးဆောင်းဘုရားမှာနှစ်စဉ်နှစ်တိုင်းထုံးဖြူသင်္ကန်းကပ်ခါ
    ကောင်းမှုကုသိုလ်တွေပြုပြီး..
    လူ ့ဘဝမှာနေခွင့်ရဘို ့အတွက်သိုက်မှာသွားပြီးခွင့်ပန်ရတယ်..
    ဒါကအမေကိုယ်တိုင်ပြောပြခဲ့လို ့သိခဲ့ရတာပါ..
    လူ ့ဘဝမှာသက်တမ်းတိုတိုဘဲအမေကနေထိုင်သွားခဲ့ရတယ်..
    ၁၉၈၈မတိုင်ခင်လေးမှာဘဲအမေဆုံးပါးသွားခဲ့တယ်..
    အမေကစနေသ္မီး(၅၃)နှစ်ထဲအဝင်မှာဆုံးပါးသွားခဲ့တယ်..
    ကျိုက်ထီးဆောင်းဘုရားပရဝုဏ်မှာလည်းဥစ္စာစောင့်
    အသိုက်ရှိပြီးဥစ္စာစောင့်တွေနေထိုင်ကြတယ်လို့သိခဲ့ရပါတယ်။
    ငယ်ငယ်ကဥစ္စာစောင့်တွေအကြောင်းကိုမျက်စိယဉ်၊နားယဉ်ကြီးပြင်းခဲ့လာတဲ့သူဆိုတော့..
    ဥစ္စာစောင့်တွေအကြောင်းပြောလာရင်စိတ်ကကိုနေလို ့မရဘူး..
    ပြောချင်ရေးချင်စိတ်တွေပေါက်ပေါက်လာရောဘဲဆိုသလိုဖြစ်နေမိတော့တယ်…..။။

  • water-melon

    May 15, 2012 at 7:33 am

    အူးလေး ချင့်
    အဲလို အထူးအဆန်းတွေများများရေးပါချင့်
    အရမ်းကြိုက်တယ် အရမ်းခိုက်လို့ပါ
    လာလည်ချင်ပါသေးတယ်။

    • မဟာရာဇာ အံစာတုံး

      May 15, 2012 at 7:25 pm

      @ဖရဲသီး
      ဟုတ်တဲ့ပါ အုလေး ဗြဲသီးချင့် ..
      ရေးပါ့မယ်ချင့် …
      လာလည်မယ်ဆိုရင်ဖြင့် အမြဲတမ်း ဝဲလကမ်းပါချင့် …
      _____________________

      @Shwe Kyi
      ဥစ္စာစောင့် မလေးတွေက ချောတယ်လို့ ပြောတာ ကြားဖူးသလို …
      အနီးရောက် ရောက်သွားရင် တစ်ခါတစ်ခါ အဘွားအိုကြီး ဖြစ်သွားတတ်တယ်လို့လည်း ..
      ကြားဖူးထားတော့ … 😀

      @ဆရာထက်
      ဆရာထက်ခင်ဗျာ ..
      ခုလို လာရောက် အားပေးတာ ကျေးဇူးပါလို့ …

      @ဦးပါ
      အဲဒီဂူက ခုတော့ ပိတ်သလောက်ကို
      ဖြစ်နေပါပြီ ခင်ဗျ ..
      လာရောက် အားပေးတာ ကျေးကျေးပါ …

      @အမအေး
      ခုလို လာရောက်ပြီး အားဖြည့် ပြောကြားပေးတာ
      ကျေးဇူးပါ ခင်ဗျာ ..
      ကျနော်တို့ ရွာဘက်တွေမှာတော့ ဥစ္စာစောင့်နဲ့
      သရဲအကြောင်းတွေက တော်တော်လေးကို အပြောများတယ် ခင်ဗျ ..

      ခင်မင်စွာဖြင့်
      အံစာတုံး

  • mocho

    May 15, 2012 at 8:53 am

    ဥစ္စာစောင့်အကြောင်းကတော့ စိတ်ဝင်စားတယ် မောင်အံဇာရေ၊ အမအမေ ပြောပုံအရတော့ အမကိုသိုက်ကလာတာဆိုပဲ။ အမ မမှတ်မိတော့တဲ့ငယ်ငယ်တုန်း က ပြောတာတွေကို သူပြန်ပြောပြတာစိတ်ဝင်စား ဖို့တော့ ကောင်းသား။

    • windtalker

      May 15, 2012 at 9:25 am

      မိုချိုလေး သိုက်ကို မပြန်ရအောင် ဂေဇက်က အူးပေ က မေတ္တာ နေ့တိုင်းပေးနေပါတယ်ကွယ်။ ယူပါနော်

      • မဟာရာဇာ အံစာတုံး

        May 15, 2012 at 7:30 pm

        သူ့ဘဲဘဲဂျီးက ပြန်ပေးလိမ့်မယ် ..
        ရော့ … အင့် .. ဆိုပြီး ..
        လက်သီးတွေ … 😀

  • Ch@vez

    May 15, 2012 at 8:57 am

    ဥစ္စာစောင့်တဲ့ ..
    သဂျီးရေ …
    အမေဒစ်ကင်န် အာမီ ကို ပြစားကြစို့ …
    😀
    အိုဘယ့် ဂျင်းနီးစ် အင်သည် ဘော်တယ်လ်

    အာဟိ ..ဒက်ဂလောက်…

  • kyeemite

    May 15, 2012 at 10:34 am

    အံစာတုံး ပြောတဲ့ ဥစ္စာစောင့်တွေအကြောင်းတော့
    ကြားဖူးပါတယ်..ဒါပေသိ ဂူပေါက်တွေ လျှောက်ဝင်ကြည့်တာတော့
    အန္တရယ်များသဗျို့…ဥစ္စာစောင့်မတွေ့ဘဲ…အကောင်ဗလောင်တွေနဲ့
    တွေ့လို့ ဟုတ်ပေ့ဖြစ်နေမယ်…

  • ဗိုက်ကလေး

    May 15, 2012 at 10:48 am

    အူးလေး ရာဇာတုံး ..အူးလေးရာဇာတုံး
    ဂူထဲဝင်ကြည့်ပါ….
    စိန်တွေရှိရင် ကျနုပ်ကို သတင်းပို ့ပါ
    မြေတွေရှိရင် အူးပေကို သတင်းပို ့ပါ

    ပုံ/
    Country Bike ka lay

  • ahnyartamar

    May 15, 2012 at 10:50 am

    ခြောက်မျက်နာရေ….တကယ်လား?..အဲဒါတွေကတော့ ငယ်ငယ်က အိပ်ယာဝင် ပုံပြင်တွေနဲ့တူပါတယ်။ သိပ်တော့မယုံကြည်ဘူး။
    အင်ဒီယာနာဂျုန်း သိရင်တော့ ရုပ်ရှင်ရိုက်မယ်ထင်တယ်။

    • မဟာရာဇာ အံစာတုံး

      May 15, 2012 at 7:37 pm

      @အညာတမာ
      ဦးအညာရေ ..
      ကျနော်လည်း လူကြီးတွေရဲ့ ပါးစပ် ရာဇဝင်အရ သိရတာပါ …
      ကိုယ်လည်း မမှီ၊ ကိုယ်တိုင်လည်း တစ်ခါမှ မတွေ့ဖူးတော့ (ဘယ်တွေ့ဖူးမလဲ၊ အဲလို နေရာမျိုး တစ်ယောက်တည်းဆို ယောင်လို့တောင် ခြေဦး မလှည့်ဘူး .. 😀 ) ..
      ဘယ်လို ပြောရမလဲပေါ့ဗျာ … 😀
      ________________________

      @ကိုဂီ
      မားကတ်တင်း မာစတာ ကိုဂီ ခင်ဗျာ….
      ကျုပ်တို့ရွာက ဥစ္စာစောင့်တွေကို အမေဒိကန်ကို ခေါ်သွားပြီး
      သဂျီးနဲ့ပေါင်း ပြစားမလို့လားဗျ …

      @ကိုကြီးမိုက်
      ဟုတ်ပါတယ် ကိုကြီးရေ ..
      အကောင်ဗလောင် မြွေပါးကင်းပါးက ပေါများပါဘိသနဲ့ ..
      ဒါကြောင့် ဝင်ပါဘူးလို့ ..
      ကိုကြီးက နဂါးဘက်ကို ကျင်လည်ခဲ့ဖူးတော့ ..
      ဒီအကြောင်းတွေ ကြားဖူးခဲ့တာ ထင်ပါတယ်ဗျာ ..

      @တိုဗိုက်
      ဟက်လို .. ဟက်လို ..
      ဗိုက်ကလေး လား …
      ဗိုက်ကလေး လား ….
      ဒီမှာ .. ဒီမှာ .. တွေ့နေပြီဗျို့ ….
      (ဘာတွေလဲတော့ သိဘူး) 😀

      ခင်တဲ့ .. အံစာတုံး

  • siamonone

    May 15, 2012 at 10:57 am

    ကိုအံစာတုံးရေး
    ဥစ္စာစာစောင့်ဆိုတာ တကယ်ရှိ တာလား?
    မြင်ဖူးတဲ့သူ တကယ်ရှိတယ်ပေါ့ .. ? တဆင့်ကြားမဟုတ်ဘဲ၊ အရက်မသောက်ဘဲ၊ စိတ်လည်းကြည်လင်နေတဲ့ အချိန်မှာ မြင်ဖူး တယ်ပေါ့ .. ?
    ကျွန်တော် မေးတာအခြားကြောင့်မဟုတ်ပါဘူး ..
    ကြက်တို့၊ လူသေးသေးလေးတွေ ညဘက်မှာတွေ့တာတို့၊ သချိုင်းကုန်းမှာ သရဲတွေ့တာတို့ ဆိုတာ
    အများစုက အရက်သောက်ပြီး အရက်ကြောင်ကြောင် ပြီး တွေ့တာ ဖြစ်ပါတယ် .. မယုံရင် အရက်ဖြတ်ဆေးရုံ ကလူနာတွေ ဆီမှာ သွားမေးကြည့်ပါ ..
    နောက် ….. သရဲနဲ့ပတ်သတ်ပြီး ယနေ့ခေတ်မှာကျယ်ကျယ်လောင်လောင်ဖြစ်နေတာကတော့ အသံနိမ့်လှိုင်းနဲ့ သရဲ ဆက်စပ်မှုပါဘဲ
    သိပ္ပံပညာ ရှင်တွေ က infrasonic waves တွေဟာ လူသားတွေရဲ့စိတ်ဓာတ်အင်အားကို ဆုတ်ယုတ်စေတယ်၊ အာရုံထင်ယောင်ထင်မှားမှုတွေ ဖြစ်စေတယ် လို့ ပြောလာကြပါပြီ ။
    ဒါဆို ဥစ္စာစောင့်တွေကရော .. ? တကယ်ဘဲ လား ? သူများပြောတာလား ? အတုအယောင်လား ?
    သရဲတကယ်တွေ့ဖူးတဲ့သူရှိရင် ပြောပြကြပါနော် ..

    • etone

      May 15, 2012 at 11:02 am

      သရဲတွေ ဘာတွေတော့ မမြင်ဖူးဘူး … မှင်စာခြောက်သံတော့.. တကယ့်ကို နားနဲ့ ဆတ်ဆတ်ကြားခဲ့ဖူးတာ… ။

  • etone

    May 15, 2012 at 11:00 am

    ကိုအံစာတုံးရေ … မြန်မာတွေ …. ပွဲလန်းသဘင်တွေမှာ လက်ဝတ်ရတာတွေ ဝတ်ပြီး ရှိုးထုတ်ကြွားဝါခဲ့တာလည်း ရာဇဝင်ထဲထိတောင် ကျန်ခဲ့ပါလားနော် … အခုဆို ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုနဲက မျောလွင့်လာတဲ့ ခေတ်ရေစီးကြောင်းကိုလိုက်ပြီး .. အတုံးလိုက် အတတ်လိုက် ဘယ်သူမှ မဝတ်တော့ဘူး … ။ အရင်ကလို လက်ကောက်တွေ တစ်ထောင်ဆစ်လောက်ထိ ဝတ်ထားလျှင်တောင် … တိုက်ဂေါကြီးလားလို့ ….. ဗျူးကြည့်တတ်ကြတယ် … ။

    ဟိုဂူပေါက်က ဝင်ရော ဝင်လို့ ရရဲ့လားဟင် … ။ အထဲမှာ အောက်ဆီဂျင်ရော ရှိရဲ့လား … ။
    အပ်ချည်ကြိုးသာ ကုန်သွားတယ် ဂူက မဆုံးသေးဘူးဆိုလျှင်တော့ … မီတာငါးထောင်ပါတဲ့ အပ်ချည်လုံးသာ ကိုင်သွားပါတော့ ။ 😀

  • Khaing Khaing

    May 15, 2012 at 11:07 am

    ကိုကြီးအံရေ ……… ကျောက်ပုထိုးတောင်ရဲ့အကြောင်းညီမသိနေတယ် …….. ဘယ်သူတင်တာလဲမသိဘူး …… ဘယ်မှာဖတ်ဖူးလဲမသိဘူး သိပ်တော့မကြာသေးဘူး ……… ကိုကြီးအံပဲတင်တာလား …….. ဒါပေမယ့် စိတ်ဝင်စားတဲ့အကြောင်းဆိုတော့ ပြန်ဖတ်သွားပါတယ် ………….

  • nozomi

    May 15, 2012 at 11:41 am

    ရွာထဲမှာတောင် ဥစ္စာစောင့်မလေး နှစ်ယောက်ရှိတယ်
    သူတို့ကို အခြားသူတွေ သိသွားရင် သိုက်ကို ပြန်သွားရမှာစိုးလို့
    ဘယ်သူ့ကိုမှ မပြောပါနဲ့ဆိုလို့ မပြောဖြစ်သေးတာပါ
    ပြောချိန်တန်ရင်တော့ ပြောပြပါ့မယ်

    • မဟာရာဇာ အံစာတုံး

      May 15, 2012 at 8:22 pm

      @နိုဇိုမီ
      အဲဒီ ဥစ္စာစောင့်မလေး နှစ်ယောက်က ..
      ဘူတွေဒုံးဂျ ..
      ခုတော့ တစ်ယောက်တော့ ပေါ်လာပြီ ..
      ဥစ္စာစောင့်မလေး ကျမ ဆိုပြီးတော့ .. 😀
      _________________

      @မအိတုံ
      အမအိတုံရေ ..
      အဲဒီ ဂူပေါက်ထဲက ခု ဝင်ဖို့ လွယ်တော့ပါဘူးဗျာ ..
      အမအိတုံကတော့ ရှေးလူတွေ ကြွားလုံး ထုတ်တတ်တာကိုလည်း မြင်တာပဲနော့ .. 😀

      @မခိုင်
      ကျောက်ပုထိုးတောင် အကြောင်းကို
      ကျနော် ရေးခဲ့ဖူးတဲ့ ဥစ္စာစောင့်နှင့် တောအစောင့်များ အကြောင်း ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ဖူးပါဂျောင်း ..

      ခင်တဲ့ .. အံစာတုံး

      • Khaing Khaing

        May 16, 2012 at 5:09 pm

        တွေ့ရား တွေ့ရား တမီးကျောတာမှန်တယ် တမီးဦးနှောက်ကောင်းဒယ် …. ကိုကြီးအံရေး ဖူးတယ် … အဟိ အမှန်ပြောရရင် ဖတ်ဖူးတာပဲသိတယ် ဘယ်သူဘယ်တုန်းကလုံးဝမမှတ်မိတော့ ဝူး …….. (၁) ယောက်ထဲမို့လိုသာ ဒီလောက်ဖြစ်နေတာ (၂) (၃) မွေးထားရင် ထမီတောင်ပါ မှာမဟုတ်တော့ဘူး …… မေ့တတ်လိုက်တဲ့ ဦးနှောက် ……..

  • mocho

    May 15, 2012 at 11:55 am

    သရဲ ဆိုတာ အကြိမ်ကြိမ် တွေ့ ဖူးသလို နပန်း လည်း လုံး ဖူးတယ်။ မှင်စာလည်းအသံနဲ့ တကွ တွေ့ ဖူးတယ်။ ကျမက တစေ သရဲ ရှိတာ လက်သင့် ခံ သလို သိပ် မကြောက် တတ်တဲ့ အတွက် အမျှှအတန်းလိုချင်တဲ့ သူတို့ တွေ ကိုယ်ထင် ပြတာ မကြာခဏခံရတယ် ထင်ပါရဲ့။ ကျမရဲ့ ဥစ္စာစောင့် ဇာတ်လမ်း လည်း တင်ပါအုံးမယ်။

    • Ma Ei

      May 15, 2012 at 12:12 pm

      မိုချိုရေ…
      အန်တီအိ လဲ ဥစ္စာစောင့်အကြောင်း သိုက်အကြောင်းတွေစိတ်ဝင်စားတယ်…
      ကိုယ်တွေ့လဲရှိတော့ ယုံတယ်…မယုံတဲ့သူတွေလဲ ရှိမှာပါ…
      မိုချိုတင်မဲ့ ဇာတ်လမ်းလေး စောင့်နေမယ်နော်…

    • မဟာရာဇာ အံစာတုံး

      May 15, 2012 at 8:38 pm

      အမငီးးးးး
      အန်တီမိုးချိုက သတ္တိခဲကြီးပါလားဗျ ..
      သရဲနဲ့တောင် နပန်းလုံးဖူးတယ် .. တဲ့ ..
      အဲဒါလေး ရေးပါဦးလားဗျ …
      စိတ်ဝင်စားသွားလို့ ..

  • siamonone

    May 15, 2012 at 12:15 pm

    http://myanmargazette.net/29674/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
    ကို အိတုန် .. ပြောတာ လည်း ဟုတ်နေတာဘဲ နော် .. မှင်စာတွေ တကယ် ရှိတယ် ..
    အင်း .. လောကကြီးက လည်း လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတာဘဲ ..
    ဒါပေမယ့် ကိုအိတုံက .. ကြားဖူးတယ်လို့ဘဲ ပြောတာနော် .. မမြင်ဖူးဘူး .. ပြီးတော့ သေသေချာချာလည်း သက်သေပြလို့မရဘူး (ကိုအိတုံကို လျှောက်ပြောတာလို့ပြောတာ မဟုတ်ပါဘူး .. ကျွန်တော်ပြောတာ ကိုအိတုံက အဲ့အသံကြားလိုက်ရတာမှန်တယ် ဒါပေမယ့် ဒါဟာ မှင်စာပါလို့ သက်သေမပြနိုင်သေးဘူး အဲ့လိုပြောတာပါ)
    ဒီ့ထက်ပိုပြီး သက်သေပြနိုင်တဲ့ ရွာသား တွေများ ရှိမလား .. ရှိရင်ဖိတ်ခေါ်ပါတယ် ..
    လာကြည့် ပြမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ ..
    (ဒီလို သာတကယ်ကြည့်လို့ရရင် စီးပွားရေးကောင်းကောင်းလုပ်လို့ရပြီ .. ပြစားပြီးတော့လေ.. )

  • Ma Ei

    May 15, 2012 at 12:43 pm

    ဥစ္စာစောင့်တွေဆီက ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေငှားရမ်းလို့ ရတယ်တို့…
    တစ်ချို့ဆို အိုးခွက်ပန်းကန်တွေပါငှားတယ်တို့ ကြားဘူးတယ်…

  • San Hla Gyi

    May 15, 2012 at 7:24 pm

    ကိုမဟာရာဇာ အံစာတုံးရေ
    မနေ့က ကျနော် ခင်ဗျားနဲ့ စကားပြောရင်းနဲ့ ပြောဖို့မေ့ခဲ့လို့ဗျာ။ ခင်ဗျားကို ကျနော်စသိတာက ခင်ဗျားရေးတဲ့ ဖုတ်ဝင်နေတဲ့ ဒေါ်စိန်သော့ အကြောင်းကနေ စသိတာဗျ။ အဲဒီနောက်ပိုင်း ခင်ဗျားရေးတဲ့ သရဲအကြောင်းတွေကို ကျနော်စောင့်ဖတ်တယ်။ ကြိုက်လည်း ကြိုက်ပါတယ်။ ကြောက်ရွံ့ ထိတ်လန့်ရတာလဲ တခါတလေ အရသာတခုပဲဗျ။

  • မဟာရာဇာ အံစာတုံး

    May 15, 2012 at 9:07 pm

    @အမ မအိ
    ဟုတ်ပါတယ် ခင်ဗျာ ..
    ကျနော် ကြားဖူးတောတော့ ရွှေငွေတွေ ငှားတယ်လို့ ကြားခဲ့ဖူးပါတယ် ခင်ဗျ ..

    @ကိုစံလှကြီး
    ကိုစံလှကြီးရေ ..
    ခုလို ကျနော့်ပို့စ်ကို လာရောက် အားပေးတာ ကျေးဇူးပါ ခင်ဗျာ ..
    ကျနော့်ကို စသိတာ ဖုတ်အကြောင်းကကိုး … 😀
    နောက်ထှာပါ ..
    ___________________________

    ခုလို ကျနော့်ပို့စ်ကို လာရောက် အားပေးကြသူအပေါင်းကို
    ကျေးဇူး အထူးတင်ရှိပါကြောင်း ..
    တစ်နေ့လုံး ရုံးထဲ ရောက်နေပါသဖြင့် ..
    မြင်သာမြင် မကြင်ရတဲ့ ဘဝရယ်ကြောင့် ..
    ချက်ချင်း Reply မလုပ်နိုင်သည်ကို ခွင့်လွတ်တော် မူကြပါကုန်လော့ အရပ်ကတို့ …

    ________________________

    အားလုံးကို ခင်တဲ့
    အံစာတုံး

  • marblecommet

    May 16, 2012 at 3:34 am

    ခပ်လန်းလန်း အုတ်စာ ဇောင့်မလေး
    တစ်ယောက်လောက်နဲ့ မိတ်ဆက်ပေးပါလားဟင် ဦးအံဇာ…..
    ကျေးဇူးမမေ့ပါဘူး…..
    အဆင်ပြေရင် သား အကောင့်ပါ
    တစ်ခါတည်းပေးလိုက်ပါနော်…….
    ……

  • thureinmaung

    May 16, 2012 at 11:34 am

    ကိုအံစာတုံးရဲ့ရွာကဘယ်မြို့နယ်ကလဲ

    • မဟာရာဇာ အံစာတုံး

      May 16, 2012 at 9:09 pm

      ကျနော့်ရဲ့ ဇာတိရွာက
      ရေနံချောင်း မြို့နယ်ထဲမှာပါဗျာ ..
      ဘာဖြစ်လို့ မေးတာလဲ မသိဘူး .. 🙄
      တွေ့ဖူးလို့လား ..
      ______________

      @ကိုကမ်းကြီး
      နောက်အခါ သွားလို့ တွေ့ရင်
      ပေးခဲ့မယ်နော် .. စိတ်ချ သိရား ..
      😀

  • pooch

    May 16, 2012 at 9:18 pm

    ရွှေမန်းကျည်းသီးတောင့်တွေ ရော တွေ့ခဲ့သေးလား။ အစောင့်တွေကရော သိပ်လှတာပဲလား 😛

Leave a Reply