မင်းသိခဲ့မှာ မဟုတ်ပါဘူး….

 

 

 

သိပ်ချစ်ရတဲ့  ချစ်သူရယ်….

လွတ်လပ်တဲ့ပျော်ရွှင်မှု့လေးတွေအတွက်

နှစ်နှစ်ခြိုက်ခြိုက်       မင်းပြုံးလိုက်တဲ့အခါ

တစုံတခု  မွေးဖွားလာလိမ့်မယ်လို့

မင်းသိခဲ့မှာမဟုတ်ပါဘူး…။

ဒါကြောင့်လဲ

ကိုယ့်ရင်ထဲက နိုးကြားလာတဲ့အချစ်တွေကို

မင်းသတိမပြုမိနိုင်ခဲ့တာပဲ ထင်ပါရဲ့ ……။။

 

အေးမြတဲ့ လေညှင်းငယ်ရယ်….

နွေဦးရဲ့လက်ဆောင်မွန်အဖြစ်

ဖြေးညှင်းသာယာ    မင်းတိုက်ခတ်လာတဲ့အခါ

တစုံတခုလိုအပ်နေသေးတယ်လို့

မင်းသိခဲ့မှာ မဟုတ်ပါဘူး…။

ဒါကြောင့်လဲ

ကိုယ့်နှလုံးသားရဲ့တောင့်တမှု့တွေကို

မင်းမေ့လျော့နေခဲ့တာပဲ  ထင်ပါရဲ့ ….။။

 

ဝေးကွာခဲ့တဲ့  ရက်စွဲလေးတွေရယ်….

တိတ်တခိုးကြည်နူးခဲ့ဘူးတဲ့ရင်ခုန်သံတွေကို

မင်းချန်ရစ်ထုတ်ပယ်လိုက်တဲ့အခါ

တစုံတခု အစားထိုးဝင်ရောက်လာလိမ့်မယ်လို့

မင်းသိခဲ့မှာ  မဟုတ်ပါဘူး….။

ဒါကြောင့်လဲ

ကြေကွဲစွာအထီးကျန်ခဲ့သူကိုယ့်အတွက်

တမ်းတမ်းတတ  လွမ်းနေရတဲ့အချိန်တွေကို

မင်း…  စေစားနေတော့တာပဲ   ထင်ပါရဲ့ …..။။

 

(April, 1985)

 

 

 

30 comments

  • ညလေး

    May 14, 2012 at 11:08 pm

    အဟက်ဟက်………ဦးဦး
    အားပေးသွားပါတယ်………

  • shwe kyi

    May 14, 2012 at 11:12 pm

    ဦးဦးပါရဲ့ ရင်တွင်းဖြစ်တွေလားဟင်။ သိအောင်ပြောပြခဲ့ရမှာ ဦးဦးပါရယ်။

    အားပေးခံစားသွားပါတယ်ရှင်။

  • ဦးဦးပါလေရာ

    May 14, 2012 at 11:23 pm

    ဟဲ့.. ဟဲ့..
    အထင်မမှားကြနဲ့…
    အဲဒါ လွန်ခဲ့တဲ့ ၂ရ နှစ်တုန်းက စာရူးကဗျာရူူးတယောက် ဂျပ်ဆင်ဘေးမှာ အလကားလိုက်ဝေတဲ့ ကဗျာစာအုပ်ထဲကဟာ..။

    အဲဒီအချိန်က ပုံစံခွက်ထဲကနေ ဖေါက်ထွက်ဖို့ကြိုးစားကြပုံလေးတခု ဆိုပါတော့…။

  • windtalker

    May 15, 2012 at 12:31 am

    ဦးပါ ကိုယ်တိုင်ဘဲဖြစ်ဖြစ်
    သူများဟာဘဲဖြစ်ဖြစ်
    ဖီးလဲ ဘဲ

  • Khin Latt

    May 15, 2012 at 3:40 am

    အော …..
    လက်စသတ်တော့ လွန်ခဲ့တဲ့ ၂ရနှစ်တုန်းက
    ဂျပ်ဆင်ဘေးနားမှာ တွေ့တဲ့မိန်းကလေးတိုင်း ကို စာလိုက်ပေးနေပါတယ် ဆိုပြီး
    နာမည်ကြီး ခဲ့သူဟာ “ဦးပါ” ကိုး။ 😀
    အခုတော့ သိပါပြီရှင်။
    ဒီလိုပြန်တွေ့ရတာ ဝမ်းသာလှပါ့။ 😉

    • Thel Nu Aye

      May 15, 2012 at 10:23 am

      အဲဒီစာရွက်ကိုအရီးလတ်ကောရခဲ့သေးလား။ ဟဲဟဲ

      • laypai

        May 15, 2012 at 3:51 pm

        တတ်ကျစ် ကြောဘူး။
        ရရ မရရ ဘူ နဲ့ ဘာ ဆိုင် ရို့ ရဲ။ ဟေ ဟေ့………။

      • Khin Latt

        May 16, 2012 at 8:25 pm

        ပြောရရင်
        အဲဒီတုန်းက အဲဒီလူက အနားရောက်မှ စာမပေးဘဲ ကုန်သွားပြီတဲ့။
        ပေးမသွားဘူး။ အဟင့်။ 😥
        😉

  • kyeemite

    May 15, 2012 at 10:29 am

    အရီးလတ်တောင် တစ်စောင်ရသေးမို့လား..ဟီး..
    အော်..ကိုရင်ပါ..ကိုရင်ပါ..ဒီလိုလေးလည်း လွမ်းငယ်မူပြန်တတ်သေးသကိုး..
    အဲဒီအချိန်လောက်က..ကြီးမိုက်တစ်ယောက်လည်း…လွယ်အိပ်ဘုထုံးလေးလွယ်လို့..
    ဟဲဟဲဟဲ..သတိရသွားပြန်တယ်ဗျာ…

  • ကြောင်ကြီး

    May 15, 2012 at 10:31 am

    မင်းသိဂဲ့ဘာဘူး
    ကိုယ်ထီးကျန်ဂဲ့ဒါ
    မိုးထဲရေထဲ
    ပြန်သွားရှာဒေါ့
    စာတိုလေးဖတ်ရဒယ်
    ‘မ ဖက်လိုက်တော့
    မိုက်ဖက်ပါ
    မ စိတ်မွှန်ဒေါ့
    မိုးမိရှာ
    မုန်းမုန်းမေ့မေ့
    မေ့လိုက်ပါ’ ဒဲ့…။။။။ 😥

  • ဗိုက်ကလေး

    May 15, 2012 at 10:32 am

    ဦးပါတို ့က လွန်ခဲ့တဲ့ ၂ရ နှစ် လောက်ကတည်းက အနုပညာသွေားပါသကိုးဗျ
    😀

  • ဆူး

    May 15, 2012 at 10:50 am

    အဲဒီ ရက်စွဲကြီး အတိုင်းဆို သမီး ၁နှစ်နဲ့ ၅လ ပဲ ရှိအုန်းမယ်။

  • ဦးဦးပါလေရာ

    May 15, 2012 at 11:03 am

    အောင်မယ်ငီး…..
    မခင်လတ်နဲ့တွေ့မှ ကိုယ့်ရှုးကိုယ်ပတ်တော့တာပဲ…. 😀

    အဲဒါ တရားခံက မောင်ပေလေ
    သူ့လိုကျောက်သဌေးက ကိုပေါက်ရဲ့ပိုစ့်မှာ အရည်ပျော်ပြတော့
    ကျုပ်လဲမနေနိုင်တော့ဘူး… 😛

    ကျုပ်သူငယ်ချင်း ကဗျာဆရာဆီခွင့်တောင်းပြီး ကူးတင်လိုက်တာပါဗျာတို့ … 😛

    ဒါပေသိ ကျုပ်ကိုလဲ အထင်မသေးကြပါနဲ့
    ကျုပ်လဲ ကဗျာရေးတတ်ပါတယ်
    ရှေ့က ခေါ်ပေးမယ့်လူရှိရင်ပေါ့…
    😀 😀

  • နွယ်ပင်

    May 15, 2012 at 11:13 am

    ဦးဦးပါရဲ့ လွန်ခဲ့တဲ့နှစ်များစွာက ခံစားချက်တွေပေါ့နော် ..

  • Khaing Khaing

    May 15, 2012 at 11:16 am

    ဦးဦးပါရေ ကဗျာလေးတွေကို ဘယ်အချိန်ပဲဖတ်ဖတ်ရင်ထဲ အရမ်းကိုလန်းဆန်းတယ် ……….. အားပေးသွား ပါတယ် နော် ဦးဦး ………..

  • ssa

    May 15, 2012 at 2:11 pm

    ကြိုက်တယ်ဗျာ.

  • ssa

    May 15, 2012 at 4:37 pm

    ကြိုက်လို့နောက်တစ်ခေါက်ထပ်ဖတ်တယ်ဗျာ..

  • ssa

    May 15, 2012 at 4:38 pm

    အိမ်ကို ကော်ပီလေးယူသွားချင်တာ..ဘယ်လိုယူရမှန်းတောင်မသိဘူး

  • jujuma

    May 15, 2012 at 4:38 pm

    စေစားပါဘူး..ထင်ပါနဲ့ကွယ်..
    အထင်တွေတလွဲလုပ်နဲ့နော် …ဟိဟိ
    နောက်ထှာ …

  • ဦးဦးပါလေရာ

    May 15, 2012 at 7:23 pm

    အောင်မယ်လေး ssa ရေ-
    ဒီကဗျာကိုသွားမချီးကျူးနဲ့
    အဲဒါရေးတဲ့ကောင်က လက်ခုပ်တီးပေးရင် ဟိုဒင်းဖြစ်အောင် ဟိုဝှာပြုတာ… 😀
    ခွန်နှစ်ရက်သားသမီးတွေ ကံကောင်းသွားတာက နောက်သုံးနှစ်အကြာမှာ ပိုးသတ်ဆေးအပြင်းစားနဲ့တွေ့ပြီး အဲဒီပိုးသေသွားလို့…… 😀

  • မဟာရာဇာ အံစာတုံး

    May 15, 2012 at 9:18 pm

    ၁၉၈၅ မှာ ကျနော် မမွေးဖွားသေးပါ ..
    ဒါပေမယ့်လို့လည်း ဦးပါရဲ့အသည်း …
    ဟက်တက်ကြီး ကွဲ … 😀
    နောက်ထှာပါ ဦးဥပါ ..
    ကဗျာက ရေလည် လန်းတယ်ဗျာ …
    ချယ်ပဲ …

    • ဦးဦးပါလေရာ

      May 15, 2012 at 11:16 pm

      ကိုအံစာတုံးရဲ့..
      အဲဒီအချိန်က ဒီရွာသားတွေရဲ့ သုံးပုံနှစ်ပုံဟာ မမွေးလောက်သေးဘူးဗျ… 🙂
      ပြီးတော့ အဲဒီစာမျိုးကိုလဲ ကဗျာလို့ လက်မခံကြသေးပါဘူး
      ကျုပ်အပါအဝင်ပေါ့… 😀

      • windtalker

        May 16, 2012 at 9:13 am

        သားလဲမွေးလောက်သေးဘူးဗျ ။ 🙂

  • TTNU

    May 15, 2012 at 9:26 pm

    ကိုပါရေ..
    (April, 1985) တုန်းက ကိုရင် ကျောင်းတက်နေတုန်းလား။
    ဂျပ်ဆင်ဘေးမှာ ပြေးတုန်းလွှားတုန်းပဲလား။ 😛

    • ဦးဦးပါလေရာ

      May 15, 2012 at 11:19 pm

      တီချာရေ-
      (April, 1985) တုန်းက ကျွန်တော်က တတိယနှစ်ပေါ့။
      လှိုင်မှာ ၂ နှစ်တက်ပြီး မိန်းထဲကို စ ရောက်တဲ့နှစ်ပါ…။
      တကယ်တော့ ကျွန်တော်က အဲဒီကျောင်း၂ခုကို တလှည့်စီတက်နေတာ.. 😀

  • ကိုပါရေ
    ဒီကဗျာလေးတွေက တဂိုးစာနုယဉ်ဆိုပြီး ဆရာမောင်ဖြူးတို့ မိုးမိုးအင်းလျားတို့
    တဂိုးကဗျာတွေကို ဘာသာပြန်ခဲ့ကြတဲ့ ကဗျာပုံစံလေးတွေခေတ်စားတဲ့အချိန်က ကဗျာလေးပေါ့။
    လှပ။

    • ဦးဦးပါလေရာ

      May 15, 2012 at 11:28 pm

      ဟုတ်တယ်ကိုပေါက်ရေ-
      ၁၉၈ဝ လောက်ကစပြီး လူငယ် ကျောင်းသားတွေကြားမှာ စမ်းရေး/တုရေးကြတဲ့ ပုံစံလေးပါ။
      ကျွန်တော်ထင်တာ- လေးလုံးစပ်က စခွဲထွက်ဖို့ တော်တော် အချိန်ယူ အရှိန်ယူခဲ့ကြရတယ်။
      မှတ်မိသလောက်တော့ အဲဒီတုန်းက သစ္စာနီက မော်ဒန်ကို သီအိုရီကိုင်ပြီး ပွဲထုတ်တယ်။
      ဒါပေမယ့် တကယ့်လှိုင်းကိုကတော့ မောင်သာနိုးက နိမိတ်ပုံတွေကို ဖွင့်လဲဖွင့်-ရေးလဲရေးရင်း မော်ဒန်ကဗျာခေတ်ဦးကို စ ခဲ့ပုံပါပဲ…။
      မှန်တာပြောရရင် ကျွန်တော်ကတော့မကြိုက်ပါဘူး-
      ကျွန်တော်က မောင်ပန်းမွှေးနဲ့ ကြီးကောင်ဝင်ပြီး မောင်စိန်ဝင်းနဲ့ အရွယ်ရောက်လာရတာကိုး…။ 😀

  • marblecommet

    May 16, 2012 at 3:14 am

    1985 ကာလ ကတည်းကကဗျာပါလား ….
    ဒါပေမဲ့နော် အနုပညာ လက်ရာတစ်ခုက
    အချိန်ကာလကို တိုက်စားခံတယ်ဆိုသလိုမျိုးထင်ပါရဲ့ဗျာ
    ဦးပါတို့ခေတ်လောက်ကဆိုရင်
    ဆရာ ကိုရဲတို့ မြင်စိုင်းသူမြား လက်ရေးစာမူတွေ ထုတ်ခဲ့ကြတဲ့
    ကာလထင်ပါရဲ့ဗျာ……
    ဆြာမင်းလူတော့ နည်းနည်းနောက်ကျမလားမသိ…..

  • htet way

    May 16, 2012 at 9:37 pm

    ဆရာရေ ….. သစ်ရွက် အသေများပေါ်က ရက်စက်သော ဂီတ ဆိုပြီး နာမည် ကြီးတဲ့
    ခေတ်ကပေါ့။
    ကောင်းတယ် ဆရာ… ဒီကဗျာရေးခဲ့တုန်းက ကျွန်တော်တို့ ကလေးလေး ဘဝပေါ့
    1985ဆိုတော့ ကျွန်တော့် မဟေသီ မွေးရုံပဲ ရှိသေးတယ်။
    အဲ့ဒီတုန်းက မောင်ယဉ်အောင် ဖေါ်ဝေး မောင်လေးအောင်တို့ ခေတ်ထင်ပါတယ်
    ဒေါင်းနွယ်ဆွေ ကဗျာတွေ ပေါ်ပြူလာဖြစ်နေတဲ့ အချိန် မိုးဝေကဗျာခေတ်
    ဆရာ အဲ့ ဒီတုန်းက ပိုး ကို ဆက်မွေးမြူရင် ဆရာဟာ ကဗျာဆရာကြီး ဖြစ်နေတော့မယ်။
    သို့သော်………ဆင်းရဲတဲ့ ဒဏ်တော့ ခံရမယ်။
    ခုတိုင်းပဲကောင်းပါတယ်။ ကျွန်တော်ကို ဖွင့်မပြောပေမယ့် ခေသူမဟုတ်တာတော့ အစကတည်းက
    သိနေတာဆိုရင် …………..

    • ဦးဦးပါလေရာ

      May 17, 2012 at 12:31 am

      ဆရာထက်ကို ဒီတခေါက်ရန်ကုန်လာမှ ရဲဘော်ဟောင်းနဲ့ မိတ်ဆက်ပေးဦးမယ်… 😛

Leave a Reply