အချိန်ကား …..သက္ကရဇ် AD 2212 ခုနှစ် ….။

ယခင်က ဗားကရာသင်္ဘောဆိပ်ဟုခေါ်တွင်ခဲ.၍ ငှက်ပျောသီး လှေများ ၊ ငါးဖမ်းလှေများ ဆိုက်ကပ်ခဲ.သောနေရာတွင် တိုင်ငုတ်တိုများ

အုတ်ကျိုး အုတ်ပဲ.များသာရှိ၍ပျက်စီးယိုယွင်းနေပြီဖြစ်သော မြို.ပျက်ကြီးတစ်ခုကိုအနားသပ်ထားသည်. ရန်ကုန်မြစ်ဟု အမည်တွင်သော

ခဲ တစ်ပစ်စာမျှမြောင်းသာသာ မြစ်ကမ်းဘေးတွင် အဖိုးအိုတစ်ယောက်သည် အလုပ်ရှုပ်လျက်ရှိလေသည် ။ဆံပင်များဖြူ၍ မုတ်ဆိပ်မွှေး

တဖွားဖွားနှင်. ထိုအဖိုးအိုသည်လက်ထဲရှိအိပ်ကလေးအတွင်းမှ ပဲကြီးလှော်များကို ကလေးတစ်သိုက်အားဝေပေးလျက်ရှိချေတော.သည် ။

ဗိုက်ကလေး ၊ မောင်ပေ ၊ ကောက်ပို ၊ ကြီးမိုက် ၊ အောင်ဘု အစရှိသောကလေးများသည် အဖိုးအိုဝေပေးသော ပဲကြီးလှော်များကို မိန်ရှက်

စွာစားသောက်ရင်း အဖိုးအိုပြောသော ပုံပြင်ကို ပဲကြီးလှော်မျက်နှာထောက်၍ ပျင်းရိငြီးငွေ.စွာ နားထောင်ကြ၇လေတော.သည် ။

ဗိုက်ကလေးသည်ကား ပဲကြီးလှော်ဝါးလိုက် ၊ လက်ထဲရှိပုလင်းထဲမှ အရည်များကိုမော.သောက်လိုက်နှင်.  ………၊

မောင်ပေနှင်.ကောက်ပိုတို.သည်ကား ကွမ်းယာထုတ်များကိုင်၍ ပဲကြီးလှော်နှင်. ကွမ်းယာ ဘယ်ဟာအရင်စားရမလဲဟု တိုင်ပင်နေ၏ ။

ကြီးမိုက်ဟူသော လူငယ်လေးသည်ကား ရန်ကုန်မြစ်၏ တဖက်ကမ်းသို. ခဲဖြင်.ပစ်ပေါက်ရင်း ပဲလှော်ဝါးလျက်ရှိ၏ ။

သူတို.ထဲတွင် အတန်ငယ်စိတ်ဆတ်ဟန်ရှိသော အောင်ပုသည် ဘယ်ဘက်လက်ဖြင်. ၀ါးရင်းဒုတ်တစ်ချောင်းကိုင်၍ ကျောက်တုံးတစ်ခုကို

တဗြောင်း ဗြောင်း ရိုက်ရင်း ခေါင်ဖြူအဖိုးအိုအား …….

” ကဲ  ..အဖိုးကြီး  ပုံပြောမယ်ဆိုလဲမြန်မြန်ပြောလေဗျာ …မဟုတ်မဟတ်တွေတော.မပြောနဲ.နော် ကျုပ်အကြောင်းသိတယ်မဟုတ်လား  “

အဖိုးအိုမှာ ခေါင်းကိုအသာအယာညိမ်.ရင်း ….

” အေးပါကွာ ..ပြောမှာပေါ.မောင်အောင်ပုရယ် ….မင်းမလဲ စိတ်ချည်.ဘဲ  “

ဗိုက်ကလေးမှာ ပဲလှော်ဝါးနေသောမပီမသအသံဖြင်.  …

” ဘကြီး ဘကြီး ဘာပုံပြောမှာလဲ  “

” သီဟရာဇာ(ခြင်္သေ.)ဘုရင်ကြီးနဲ.မျက်မမြင်ပုဏ်ဏား(၆)ယောက်အကြောင်းကွဲ.  “

” ကဲ  ကဲ  နားထောင်ကြ …ဟိုး …..ရှေးရှေး နှစ်ပေါင်း ၂၀၀ လောက်ကပေါ.ကွယ်  ..အခုမင်းတို.မြင်နေတဲ. ရန်ကုန်မြစ်ကြီးဟာလဲ

ဒီလိုရေမြောင်း သာသာလောက်ဘယ်ဟုတ်ပါ.မလဲ …သင်္ဘောကြီးတွေဝင်ထွက်သွားလာခဲ.တာပေါ.  ….ဒီပျက်စီးခြောက်ကပ်နေတဲ.

ရန်ကုန်မြို.ကြီးကလဲ မိုးထိတိုက်တွေနဲ. အလွန်စည်ကားခဲ.တာပေါ. ..”

” ဖြစ်နိုင်တာကိုပြောနော်အဖိုးကြီး …မီးမရှိ ရေမရှိနဲ.ဒီလောက်စုတ်ပြတ်နေတဲ.နေရာက တခါကမြို.တော်ကြီးဖြစ်ခဲ.တယ်ဆိုတာဟုတ်ပါ.

မလား”

” မောင်အောင်ပုရယ် ….ဆုံးအောင်လည်းနားထောင်ပါဦးကွယ် …ကဲ ကဲ  ဒီလိုကွဲ. ..ဒီလိုစည်ကားသိုက်မြိုက်တဲ.မြို.ကြီးရှိတဲ.နိုင်ငံက

ဘိရုမာနိုင်ငံတဲ. ..ဘုရင်ကြီးနံမည်က သီဟရာဇာ တဲ. ”  အဖိုအိုမျက်လုံးများက အဝေးသို.ငေးလျှက် …………………..။

” တနေ.တော.  ….ဘုရင်ကြီးက သူ.နိုင်ငံအတွက် လိုအပ်တဲ.နေရာတွေမှာဦးဆောင်လုပ်ကိုင်ဘို. ၀န်ကြီးတွေခန်.အပ်ချင်တာနဲ.

မ်က္မျမင္ပုဏ္ဏား (၆)ေယာက္ကိုလိုက္ရွာသတဲ. “

” ဟ  ..လုပ်ပြန်ပြီ  …အဖိုးကြီး ကြည်.ပြောနော် … ဘယ်.နယ် ဘိရုမာတွေက ကုလာနဗြဟ္မဏပုဏ်ဏားတွေကိုဝန်ကြီးခန်.သတဲ.လား

ဝါးရင်းဒုတ်နဲ.တော. အညောင်းဖြေပေးလိုက်တော.မယ်နော်…”

” နေဦး အောင်ပုရဲ. ..ပုဏ်ဏားဆိုတာ မင်းတို.သိတဲ.ဗေဒင်ဟောတဲ.ပုဏ်ဏားတွေမဟုတ်ဘူးကွ ….လုပ်စရာအလုပ်တွေကိုပုံထားပြီး

အေးအေးဆေးဆေး နားနေတတ်လို. ပုံနား လို.ခေါ်တာ “

ဤတွင် တချိန်လုံးမျက်မှာင်ကုတ်၍နားထောင်နေသော မောင်ပေက …

” ဒါဆို ဘာဖြစ်လို.မျက်စိမမြင်တဲ.သူတွေကို ၀န်ကြီးခန်.သလဲဗျ … “

” သြော် …မောင်ပေရယ် ..မျက်စိမမြင်တော.ဘာမှမသိဘူးပေါ. ..အောက်ကလုပ်တာတွေ …အထက်ကလုပ်တာတွေ လဲမသိ ၊ တိုင်စာ

တွေလဲ မမြင်နိုင်တော.ဘူးပေါ.ကွယ် ….”   ပဲလှော်ဝါးနေသော မောင်ကောက်ပိုမှ …

” ဒါဆို နားတော.ကြားသေးတယ်ပေါ.ဟုတ်လား  “

” အေးကွ ..နားတော.ကြားတယ်  ဒါပေမဲ.လဲ နုတ်တစ်ရာ စာတစ်လုံးဆိုတော. …ဘာထူးမှာလဲကွာ “

ဗိုက်ကလေးမှာ ပုလင်းကိုမော.နေရာမှ ကသောကမျောမြိုချလျက် ….

” ဟုတ်ပါပြီ  ဟုတ်ပါပြီ  ….မျက်စိကမမြင် ၊ အပျင်းကကြီး  နားကြားပေမဲ.အလုပ်မဖြစ် ….ဘယ်လိုများအလုပ် လုပ်နိုင်သလဲဗျ  “

” ဗိုက်ကလေးရဲ. …မင်းတို.ဖတ်စာထဲမှာသင်ရတယ်မဟုတ်လား….မျက်မမြင်ပုဏ်ဏား (၆)ယောက်ဆိုတာ အင်မတန်မှစိတ်ထင်ရာတွေ

ရမ်းလုပ်တဲ.သူတွေလေ ..ဆင်တစ်ကောင်လုံးကိုစမ်းပြီးတော.များ အုတ်နံရံ လို.ပြောတဲ.သူကပြော ….လှံ နဲ.တူတယ်လို.ဆိုတဲ.သူကဆို

တစ်ယောက်ကပြောသေး …ဘာတဲ.မြွေကြီး တဲ.”

” ကဲ ကဲ  ဟုတ်ပါပြီ …နောက်ဆုံးဘဲမေးမယ် …ကျုပ်ကိုရှင်းအောင်တော.ပြောနော်အဖိုးကြီး …ဒီလောက်ညံ.တဲ.သူတွေ …မမြင်မကန်း

တွေ ..ငပျင်းတွေ …အတွေးအခေါ်ဖွတ်ကျားတွေကို ဘာလို.တပည်.မွေးပြီးဝန်ကြီးခန်.သလဲဗျ “

” အဲဒါဘဲ .. မောင်အာင်ပုရဲ. …မင်းတို.ညံ.လို. ငါ ဆရာဖြစ်တာ ဆိုတဲ.စကားကြားဖူးတယ်မဟုတ်လား….ညံ.တဲ.သူတွေကိုယ်.အနားမှာ

ရှိတော. ကိုယ်ကတော်သလိုလိုဖြစ်တာပေါ.ကွာ ….”

ထိုစဉ် ….နောက်နားဆီမှ “ချောက်  ” ကနဲကြားသဖြင်. လှည်ကြည်.လိုက်ရာတွင် အင်းစိန် နွားတံဆိပ်ဆေးပေါ.လိပ်ကြီးအား အားရပါးရ

ဖွာနေသော ဦးဦးပါလေရာ အားတွေ.ရလေတော.သည် ။

” ဟဲ.  ..ငဆာမိ …ကလေးတွေကိုပဲလှော်ကြွေးပြီး ဘာမဟုတ်တာတွေ ပြောနေပြန်တာလဲ  ”  ဟု  ဆေးလိပ်မီးခိုးများကိုမှုတ်ထုတ်ရင်း

ပြောလိုက်လေရာ …….ဆာမိ ဟူသောတုန်ချိချိ အဖိုးကြီးမှာ စိုးရိမ်ထိတ်လန်.၍သွားလေတော.သည် …………….။

ဦးဦးပါလေရာမှ  ဆက်လက်၍ …

” ကဲ  ကဲ  ..အချိန်စေ.ပြီ …မင်းလာခဲ.တဲ.လွန်ခဲ.တဲ.နှစ်ပေါင်း  နှစ်ရာ AD -2012  ကိုပြန်သွားပေတော.” ဟုပြောရင်း …

လက်ထဲမှ  မဲမဲ ပြားပြား ခရီးသွားစက်လေးကိုနှိတ်လိုက်လေရာ……………………………..

” ဂျောက်  ”       ………………၀ှီး   ……………………………………………..

…………………………………………………………………………………

…………………………………………………………………………..

About မောင်ရိုး

surmi has written 111 post in this Website..