ဟန်ဆောင်လှည့်ဖျား
မာယာများနဲ့
လျှောက်လှမ်းလာတာ
ဘယ်လောက်ကြာကြာ
သိသော်ငြားလည်း
မျိုကာသိပ်လို့
သိမ်းဆည်းထားတယ်
လျှို့ဝှက်စွာနဲ့
ဘယ်လောက်ကြာကြာ
မင်း နေမှာလဲ
နှလုံးသားကို
ညာလို့ ရ လည်း
မင့်း နှလုံးသား
မင်းကိုယ်မင်းတော့
မညာသင့်ဘူး
သေချာဆန်းစစ်
သုံးသပ်ကြည့်ပါ
မင့်း အတွေးမှာ
လှည့်ဖျား ရ လို့
ကျိတ်ရယ်နေလား
အဲဒီအချိန်
မင်းသိဖို့က
မင့်း နှလုံးသား
မင်းပြန်မေးလိုက်
မင်း သူ့ ကိုလေ (မင်း=နှလုံးသား)(သူ့=ချစ်ရသူ)
တကယ်ချစ်လား
မေးသင့်တာပေါ့…တကယ်ချစ်ရင် ။
နှစ်နှစ်ကာကာ
ချစ်ပါလျှက်နဲ့
ဟန်ဆောင်မာယာ
ဘာကြောင့်ဒီလို
သုံးနေတာလဲ
ပြစ်မယူတဲ့
ချစ်သူကိုမှ
အဲလိုဟန်ဆောင်
လိမ်ညာဟြေင်းလဲ
လှည့်ဖျားမာယာ
သုံးပြုနေက
မင်းအတွက်တော့
သစ္စာ မေတ္တာ
စစ်မှန်စွာနဲ့
အချစ်စစ်ကို
ဘယ်သောခါမျှ
မင့်းရဲ့ထံပါး
ရမှာမဟုတ်
ရေးသားထုတ်လို့
ဟြေပါရစေ
ညီလေး ချစ်တဲ့
ညီမလေး………..သို့…….။
ဟန်ဆောင်မာယာ
မသုံးကြပဲ
ပွင့်လင်းစွာနဲ့
တိုင်ပင်ညှိနှိုင်း
လုပ်ဆောင်သွားကာ
တစ်သက်တာထိ
ချစ်ခရီးကို
ဖြောင့်တန်းသာယာ
လျှောက်လှမ်းနိုင်ဖို့
ဆုမွန်ခြွေကာ
ချစ်မေတ္တာဖြင့် တင်ပြလိုက်ရပါသည်။
အရင့်ရောင်

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..