မာယာ အပြုံး

ဟန်ဆောင်လှည့်ဖျား
မာယာများနဲ့
လျှောက်လှမ်းလာတာ
ဘယ်လောက်ကြာကြာ
သိသော်ငြားလည်း
မျိုကာသိပ်လို့
သိမ်းဆည်းထားတယ်
လျှို့ဝှက်စွာနဲ့
ဘယ်လောက်ကြာကြာ
မင်း နေမှာလဲ
နှလုံးသားကို
ညာလို့ ရ လည်း
မင့်း နှလုံးသား
မင်းကိုယ်မင်းတော့
မညာသင့်ဘူး
သေချာဆန်းစစ်
သုံးသပ်ကြည့်ပါ
မင့်း အတွေးမှာ
လှည့်ဖျား ရ လို့
ကျိတ်ရယ်နေလား
အဲဒီအချိန်
မင်းသိဖို့က
မင့်း နှလုံးသား
မင်းပြန်မေးလိုက်
မင်း သူ့ ကိုလေ (မင်း=နှလုံးသား)(သူ့=ချစ်ရသူ)
တကယ်ချစ်လား
မေးသင့်တာပေါ့…တကယ်ချစ်ရင် ။
နှစ်နှစ်ကာကာ
ချစ်ပါလျှက်နဲ့
ဟန်ဆောင်မာယာ
ဘာကြောင့်ဒီလို
သုံးနေတာလဲ
ပြစ်မယူတဲ့
ချစ်သူကိုမှ
အဲလိုဟန်ဆောင်
လိမ်ညာဟြေင်းလဲ
လှည့်ဖျားမာယာ
သုံးပြုနေက
မင်းအတွက်တော့
သစ္စာ မေတ္တာ
စစ်မှန်စွာနဲ့
အချစ်စစ်ကို
ဘယ်သောခါမျှ
မင့်းရဲ့ထံပါး
ရမှာမဟုတ်
ရေးသားထုတ်လို့
ဟြေပါရစေ
ညီလေး ချစ်တဲ့
ညီမလေး………..သို့…….။
ဟန်ဆောင်မာယာ
မသုံးကြပဲ
ပွင့်လင်းစွာနဲ့
တိုင်ပင်ညှိနှိုင်း
လုပ်ဆောင်သွားကာ
တစ်သက်တာထိ
ချစ်ခရီးကို
ဖြောင့်တန်းသာယာ
လျှောက်လှမ်းနိုင်ဖို့
ဆုမွန်ခြွေကာ
ချစ်မေတ္တာဖြင့် တင်ပြလိုက်ရပါသည်။
အရင့်ရောင်

24 comments

  • ဗိုက်ကလေး

    May 15, 2012 at 2:48 pm

    အင်း..
    လတ်စသတ်တော့….
    ဒီတော်ကီတွေကြောင့် မိန်းမ သုံးယောက်တောင် ရတာကိုး..
    ခုမှသိတော့တယ်

  • Khaing Khaing

    May 15, 2012 at 2:55 pm

    မာယာ မာယာ မာယာ ………
    မာယာမများ
    မုသားမသုံး
    အချစ်ဆုံးကို
    ချစ်ခဲ့တာကြောင့်
    ချစ်ခြင်းနှောင်ရစ် မေတ္တာစစ်ကြောင့် အခုတော့ သမီးလေးတောင်ရနေပြီနော် ………

    အူးလေးဗိုက် ကိုအရင်ရောင်က မိန်းမသုံးယောက်တောင်လား တစ်ယောက်ကအမေ တစ်ယောက်ကအဖွား တစ်ယောက်က ညီမလေးဖြစ်မယ်နော် ……….

    • ထုံးဘဲဥ

      May 15, 2012 at 3:44 pm

      အိုး သွားစမ်းဘာ မာယာတွေ ရိုးနေဘီကွာ
      ကြုံလာတဲ့ အခြောက်မတိုင်း ဒါမျိုးဒွေချည်းလား
      ဒါနဲ့ စဂါးမစပ်
      ခိုင်ရေ့ တောင်ပံ ညောင်းနေဘီတွာ

      • Khaing Khaing

        May 15, 2012 at 3:56 pm

        ကိုတေလေငှက်ဥလေးရေ …….. လာလာ ဒီအခိုင်ကိုလာ …….. ကုက္ကိုခိုင်ဆိုတော့ကျုးိတော့ကျ မယ်နော် သတိတော့ထား အဟားးးးးးးး……….

        • ထုံးဘဲဥ

          May 15, 2012 at 4:11 pm

          ကျိုးရင်ကျိုးပလေ့စေ …
          ဒိုင်ပင်ထိုး ဆင်းခဲ့ဘီ ဆီးဖမ်းထားတော့ဗျို့…… 😆
          ဝှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဘုန်းးးးးးး (ခွေးကျ ဝက်ကျ ကျသံ) :mrgreen:

  • shwe kyi

    May 15, 2012 at 4:07 pm

    ဟန်ဆောင်မှုတွေကင်းပါစေလို့။
    အားပေးခံစားသွားပါတယ်ရှင့်……။

  • အရင့်ရောင်

    May 15, 2012 at 5:10 pm

    အားပေးမှုကိုကျေးဇူးတင်ပါတယ်

  • aye.kk

    May 15, 2012 at 5:15 pm

    အရင့်ရောင်…
    တိုက်ဆိုင်မှုလေးတခုပေါ့နော်..
    သူချစ်နေတဲ့မိန်းခလေးကသူ ့ကို
    လုံးဝမချစ်ဘူးဆိုတာကို….
    လက်ခံပြီးအခိုင်အမာယုံကြည်ထားပါတယ်တဲ့..
    သူ ့ကိုအဲဒီမိန်းခလေးကရင်ထဲမှာ…
    နှစ်နှစ်ကာကာချစ်နေတာကိုထုတ်မပြောဖြစ်ခဲ့ဘူး..
    အခုချိန်ထိသူကအဲဒီမိန်းခလေးကိုချစ်နေဆဲပါတဲ့..
    အဲဒီမိန်းကလေးကလည်းကသူ ့ရဲ ့အချစ်ကိုအထင်လွဲခံလိုက်ရလို ့..
    စိတ်ထိခိုက်ခံစားနေရတာအခုချိန်ထိပါဘဲတဲ့…
    အရွယ်တွေလွန်တဲ့အထိချစ်နေဆဲပါလို ့ခုချိန်ထိအဲဒီ
    မိန်းခလေးကသိပေမယ့်လည်း..သူမယုံကြည်တဲ့အတွက်ခုထက်တိုင်
    ထိအဲဒီမိန်းခလေးရဲ ့အချစ်ကိုဆုံးရှူံးနေရပြီး..
    မိန်းခလေးကိုယ်တိုင်ကရေငုံနှုတ်ပိတ်မျိုသိပ်ထားလိုက်ရပါသတဲ့ကွယ်..။
    မာယာကြောင့်ပဲလား..
    သူတို ့နှစ်ဦးရဲ ့ကံကြမ္မာနဲ ့ပဲသက်ဆိုင်နေလားကွယ်..။

    • အရင့်ရောင်

      May 16, 2012 at 2:44 pm

      ကံတရားဟူသည် အတိတ်ဖြစ်သလို
      မိမိကိုယ်ကိုယ်သည်သာ ပစ္စုပ္ပန်ဖြစ်ပါတယ်
      အားပေးမှုကိုကျေးဇူးတင်ပါါတယ်

  • marblecommet

    May 15, 2012 at 7:18 pm

    အပြစ်မမြင်
    အပြစ်မတင်
    ဝေဒနာ အရင်းစစ်
    သေချာ…..ဆန်းစစ်တော့မှ
    သခင့်… ခြေရင်းနား
    ဝပ်တွား ….ဆင်းသက်မိနေတာ
    တို့ နှလုုံးသားမှာ… အမုန်းမရှိလို့ပါ
    ဆုံးဘဝ.. မေတ္တာ
    တိုးတိတ်ကလေး..ယုံပေးပါ
    မိမာယာ…..။

    • အရင့်ရောင်

      May 16, 2012 at 2:46 pm

      marblecommet @ ယုံကြည်ချင်ပါတယ် ဟိဟိ

  • snow white

    May 15, 2012 at 8:08 pm

    မိုက်တယ်ဟေ့စာသားလေးတွေက ရင်ကိုထိပါတယ် ဆက်တက်လို်က်တာနော် ကဗျာကိုများအရှည်ကြီးဘဲဆက်ထားလိုက်တာ

  • windtalker

    May 15, 2012 at 8:45 pm

    မာယာအပြုံး
    အခါခါသုံး
    ငါဟာရှုံး
    နာတာအမုန်း။

    • အရင့်ရောင်

      May 21, 2012 at 4:52 pm

      windtalker@
      ရှုံးတာနဲ့ မုန်းတာ မတူဘူးနော်
      အမုန်းဆိုတာ က အရှုံးအတွက် မဟုတ်ဘူးလေ
      ဘာအတွက်လဲဟင်………..

      • windtalker

        May 21, 2012 at 8:17 pm

        အမုန်း ဆိုတာ ရှုံးသွားတဲ့ အခါ ဖြစ်တတ်တဲ့ ဖီးလ် တစ်မျိုးပေါ့ကွယ်
        ဘယ်သူ ့ကို မှ မုန်းစရာ မတွေ ့ရင် ၊ ရှုံးခဲ့ရတဲ့ ကိုယ့်ကိုကိုယ် ပြန်မုန်း ပါတယ် ။

  • htet way

    May 15, 2012 at 8:56 pm

    မိမာယာရေ… မိမာယာ
    ကိုယ့်ဘဝက မြစ်လယ်ခေါင်မှာ ဆားလှေမှောက်သလို မေတ္တာ စစ်ကို
    ကုန်းကောက်စရာမရှိ။ မင်း ကြောင့်ရတဲ့ ဒဏ်ရာတွေက ဗရပွ အင်း မိမာယာရယ်
    စွယ်တော်ရွက်ကလေးလို နှစ်လွှာပေါင်းမှ တစ်ရွက် စွန့်စားရဲတဲ့ ခွန်အား အသည်း…
    ကို အရင့်ရောင် ….ထမင်းအိုးဆူနေပြီလေ ဒီမှာ ညီမ အလှပြင်လို့ မပြီးသေးဘူး..
    ဤသို့ မိန်းမကပြောသော အခါ ရေးလက်စ ပြဇာတ် ကို ခဏရပ်လို့ ထမင်းအိုး ငှဲ့
    လိုက်ရပါကြောင်း……။ ဟာဟ

    • အရင့်ရောင်

      May 16, 2012 at 2:56 pm

      htet way @
      မိမာယာတဲ့………
      မြစ်လယ်ခေါင်မှာ ဆရာထက်ဆားလှေမှောက်လို့
      ရေငံဆိုပီး ဖြစ်လာတာများလားနော်
      ဟိဟိ…….
      စွယ်တော်ရွက်လေးလို နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ပေမယ့်
      ငါးပိရည်နဲ့ တို့စားလိုက်မှဖြင့် ညက်ညက်ကိုကျေလို့နေမှာ
      ဟီးးးး

  • ညလေး

    May 15, 2012 at 10:45 pm

    အားပေးသွားပါတယ်………ကိုအရောင်ရင့်

    • အရင့်ရောင်

      May 16, 2012 at 2:52 pm

      အားပေးတာကလည်း အရောင်ရင့် တဲ့
      ဟွန်း……………..

  • အရင့်ရောင်ရေ
    ရူ့မဝခေတ်က ကဗျာဖတ်နေရသလိုပါဘဲကွယ်။
    ဒီကဗျာက ဘယ်တစ်ယောက်အတွက်ရေးတာလဲဟင်……………………

    • အရင့်ရောင်

      May 16, 2012 at 2:50 pm

      ဦးပေါက်
      ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးဗျာ
      တိုက်ဆိုင်မှုရှိခဲ့လျှင်သာ နားလည်ပေးကြပါနော်
      ဟိဟိဟိ

      • အရင့်ရောင်

        May 31, 2012 at 10:52 am

        သံသရတွေ
        အရှင်းကင်းတဲ့
        ချစ်ခရီးလမ်း
        ဖြစ်ရပါစေ…….
        လေးပေါက်ရေ…………
        ခင်တဲ့
        အရင့်ရောင်

    • အရင့်ရောင်

      May 22, 2012 at 1:39 pm

      တောင်းဆုချွေကာ
      အခါမျိုးနှင့်
      ကြုံဖူးပါလော
      သူငယ်ချင်းရယ်……………
      ဟီးးးးးးး
      ပြည့်ဝချင်စမ်းပါဘိဗျာ…….
      တောင်းဆုတွေနဲ့
      အရင့်ရောင်

Leave a Reply