ပြောင်းလဲခြင်းမရှိသော

virusMay 15, 20121min1987

မသိများမသိလို ့လား
စွပ်စွဲစရာမရှိလောက်အောင်
မင်းကိုချစ်တဲ့ငါ ့အချစ်က
မေ ့နေပြီလားလို ့မေးနေရလားချစ်သူရယ် ။ ။
မင်းမရှိတဲ့နေတွေကို
ကြိုးစားဖြတ်နေရတဲ့ငါ ့မှာ
အဲ့လိုပြသနာတွေတွေ့တိုင်း
စိတ်ဆင်းရဲရတာထက်
ငါ ့အပေါ်မကြည် ့တတ်တဲ့မင်းကို
ငါပိုချစ်ပြနိုင်အောင်
ငါ ့အချစ်တွေမင်းသိအောင်
အရင်နေ ့တွေထက်ပို
ချစ်ပြပါ့မယ်ချစ်သူ ။။ ။။
သူများတွေဘာပြောပြော
သူများတွေဘာတွေဝေဖန်ဝေဖန်
ချစ်တဲ့အချစ်ကဘယ်တော ့မှမလျော ့ဘူး
သိနေတာပဲဖြစ်ဖြစ်
မသိတာပဲဖြစ်ဖြစ်
မင်းကိုငါချစ်နေတာ
ထာဝရမကတဲ့အချစ်မျိူးတွေပဲ ။။ ။
ထားခဲ့ဖို ့ဝေးလို ့
မင်းမချစ်တော ့မှာတောင်မှကြောက်နေတာ
တစ်ရက်ထက်တစ်ရက်
ဘယ်လိုတွေပဲဖြစ်နေနေ
တွေ့ရတဲ့နေတွေရောက်ရင်
ဘယ်တော ့မှမလျော ့ခဲ့တဲ့
ငါ ့အချစ်တွေကို
ငါ ့နဲ့အတူတွေ့ရမှာပါ။။ ။။
ချစ်သူ
ငါ ့ကိုစိတ်ချနေပါနော်။။ ။။ ။။ ။။

7 comments

  • windtalker

    May 15, 2012 at 8:19 pm

    စိတ်ချနေပါနော်
    ဝိတ်ချလေတစ်ခါပျော်
    မြိတ်ကနေလာခေါ် ။

    • ဗိုက်ကလေး

      May 16, 2012 at 3:38 pm

      ထိပ်ဝမှ နှာကိုတော်
      အိပ်မရရင် လာခေါ်
      ဆိပ်မဖင် နင်ဆော်
      😆

      • windtalker

        May 19, 2012 at 9:03 pm

        အောက်က ဗိုက်ကိုကျော်
        သောက်ခနှိုက် လိုသနော်
        အခြောက်မဝိုက် အပိုမခေါ်…

  • Mလုလင်

    May 15, 2012 at 8:40 pm

    ထိပ်ကနေလာအော်
    နှိပ်ကြပလေ ရွာစော်
    အရိပ်ပြနေ အကောင်ဖော်
    ကျိတ်ကြွ နေဖျာပေါ်
    နှိပ်မရ လေ ငါနော် …

  • etone

    May 16, 2012 at 10:45 am

    တွေ့တော့ခင်
    မြင်မှချစ်
    နင့်အချစ်
    စစ်သလား …ကွယ် … ။

    မိုင်ထောင်ဝေး
    လွမ်းတွေပေး
    မှန်းကာဆွေး …
    လမ်းမှာတောင် ….ငေး မနေချင်ဘူး ။

    အာရုံတွေ .. ထွေပြား
    ဇယားတွေရှုပ်တဲ့ …ငါ့အဖြစ်က
    တာမလွှတ်ခင်က .. ပန်းဝင်နောက်ကျခဲ့သူပါဟယ် … ။ 😥

  • Khaing Khaing

    May 16, 2012 at 4:14 pm

    ပန်းဝင်နောက်ကျခဲ့ပေမယ်
    ထန်းပင်ပေါ်ကထန်းသီးကတော့ ဆက်ရှိနေဆဲ
    အလွမ်းတွေနဲ့ ဆွေးနေမယ်အစား
    အနမ်းတွေသာ ပေးသွားခဲ့ပါလားကွယ် …………..

    virus ရေ ….. ကဗျာလေးကိုအားပေးသွားသလို အောက်ကသူငယ်ချင်းတွေကမန့်ထားတော့ ကဗျာနဲ့ပဲ ဆက်မန့်သွားပါတယ်နော် …… လက်မလေးလဲထောင်ပေးခဲ့ပါတယ် ……….

  • virus

    May 19, 2012 at 8:34 pm

    thank ကျေးဇူးပါခိုင်ခိုင်ရေ
    အားလုံးကောပေါ့
    မအိတုန်ကဗျာရေးတာကောင်းတာပဲ
    ကိုဗိုက်ကတော ့ကောင်းနေတာချည်းပဲ

Leave a Reply