တဏှာ

naywoon niMay 15, 20121min18517

ငုံးဆူတာ လူမသိတဲ့ ကွယ်….။
ရှေးစကားရှိပါရဲ့………..
သို့ပေမဲ့ ငုံးဆူတာ သိခဲ့သူမှာတော့
ရင်ပူကာ ရေတွေငတ်…..
အာခေါင်တွေလည်းခြောက်ကပ်လို့……….။

နေဝန်းနီ

17 comments

  • windtalker

    May 15, 2012 at 7:39 pm

    ငုံးဆူ သုံးပြူ (သူပြုံး)
    ဖုံးသူ ကြုံးအပူ
    ရှုံးလူ မြုံးယူ

  • htet way

    May 15, 2012 at 8:48 pm

    အင်း… ဒီလိုပဲ ဆရာရေ့
    ဖြစ်တတ်တဲ့ သဘာဝပဲပေါ့

  • Khaing Khaing

    May 15, 2012 at 8:52 pm

    ကိုနေ နားမလည်ဘူး ဖတ်တော့ဖတ်သွားပါတယ် ………..

  • မဟာရာဇာ အံစာတုံး

    May 15, 2012 at 9:30 pm

    ငုံးဆူတာ ဆိုတဲ့ အဓိပ္ပါယ်ကို
    ကျနော်လည်း နားလည်ဘူးဂျ ..
    အဲဒါလေး ရေရေလည်လည် သိသွားရင် ..
    ကဗျာလေးက တိုတိုနဲ့ ထိတဲ့ ကဗျာလေး ဖြစ်လိမ့်မယ် ထင်တယ်ဗျ ..

    • နေဝန်းနီ

      May 16, 2012 at 8:49 pm

      ငုံးဆူတယ်ဆိုတာက ဖြိုးတယ်…။ ဝတယ်..။လှတယ်ပေါ့ဗျာ….။ ဆူဖြိုးတယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတာပါ…။ ဒါရိုက် အဓိပ္ပါယ် ကတော့ အသားပေါတယ်ပေါ့ဗျာ…..။ အဲဒါ လူတွေက မသိကြဖူးတဲ့….။ ဘာလို့ ဆို အကောင်သေးတော့ တော်ရုံတန်ရုံ မမြင်မိကြ သတိမထားမိကြဘူးပေါ့လေ…။ အဲဒါကိုပြောချင်တာပါ…။ အသံဆူတာကို ပြောတာမဟုတ်ပါဘူးဗျ…။

      • မဟာရာဇာ အံစာတုံး

        May 16, 2012 at 9:02 pm

        ခုလို ရှင်းပြပေးတာ
        ကျေးဇူးပါဗျာ ..
        ခုမှပဲ ပေါက်သွားတော့တယ် ..

      • Khaing Khaing

        May 17, 2012 at 10:47 am

        ကိုနေ ……. အကောင်သေးတယ်ဆိုတာ ညီမကိုစောင်းပြောနေတာလား ……. ကိုနေနော် ကိုနေ ဒိထား ………

        • နေဝန်းနီ

          May 17, 2012 at 7:18 pm

          အဲ… တူပြောတာအဟုတ်ထင်နေရင် ………. တွားပါပြီ….။ အကုန်ပေါ်တော့မှာပဲ 😛 😛 😛

  • ဗိုက်ကလေး

    May 16, 2012 at 11:12 am

    ဒီလူကြီး အမူးမပြေသေးဘူးလား မသိပါဘူးဗျာ 😆

    အူးလေး..အူးလေး..
    တားကိုလဲ မော်ဒန်ကဗျာ တင်ပေးဘာ..သင်ပေးဘာ..တားတားလဲ ရေးချင်ရို ့

  • kyeemite

    May 16, 2012 at 1:20 pm

    ငုံးဆူလူမသိ
    အုံ့ပုံးပူ လူမချိ…ဆိုလိုတာကတော့
    ငုံးဆိုတာမျိုးက ကျွတ်ကျွတ်ညံအောင်ဆူနေကြပေမဲ့
    ခြံအပြင်ကိုအသံသိပ်မထွက်ဘူး
    အုံ့ပုံး ခေါ်တဲ့ တစ်ဖက်သတ်အချစ် ချစ်နေတဲ့ လူ
    ရင်ထဲပူနေတာ မချိအောင်ဘဲတဲ့..တစ်ဘက်သတ်ချစ်တာဆိုတော့
    ပွင့်ပွင့်လင်းလင်းလည်းလွမ်းမရဘူးလေ..ဘေးလူလည်းမသိနိုင်ဘူးပေါ့..
    အဲဒီနှစ်ခုကို နှိုင်းပီး ဆိုရိုးရှိခဲ့တာ..(အထင်)

  • ကြောင်ကြီး

    May 17, 2012 at 8:59 am

    ဆူဖြိုးလို့
    ဘူတိုး
    သူ ခိုးလို့
    လူမရိုးနဲ့..
    နေအထွက်
    လေဟပ်
    မနေတတ်
    ရေငတ်လို့ဘာ..။ 😛

  • etone

    May 17, 2012 at 11:01 am

    ငုံးဆူပေမယ့်
    သဘောမတူလို့
    ပိုပေးတာတောင်
    လက်မခံတာက…
    အကြွေးကျန်လို့ပါတဲ့ …
    ဟီး … (အဘနီရေ … ပျော်စေချင်လို့ ဝင်နှောင့်မိပါတယ် မှားတာရှိလျှင် ဝန္ဒာမိပါ ) ဟီး :mrgreen:

  • Davit

    May 17, 2012 at 1:41 pm

    ဒါဒွေဂိုသိလို့….ဗစ်ဗစ်တို့ တဏှာကိုပယ်ခဲ့တာ ကြာပေါ့……..ခုဆို ဗစ်ဗစ်မှာ တဏှာတွေရှိတော့ဝူး………………. ရာဂဒွေချည်းဘဲ သီးသန့်ကို ကျန်ခဲ့ဒါ………….. 😛

  • amatmin

    May 17, 2012 at 2:02 pm

    ငုံးဆူလူမသိ ပြောကြတဲ့ဖြစ်အင်..
    သိခဲ့သူ ကိုယ့်အဖို့တော့ ..
    နေမထိ အာခေါင်ခြောက်..
    တက်(တောက်) တခေါက်ခေါက်… 🙂

    (ဝင်နှောက်သွားပါတယ် ကိုနေရေ..)

    ကျနော်တော့ အာခေါင်ခြောက်ရုံလေးကို ကြောက်လို့
    ငုံးဆူတွေနဲ့ အဝေးမှာ နေတတ်တာ ကြာခဲ့ပါပီဗျ.. 😆

  • Rose Minn

    May 18, 2012 at 2:27 pm

    ငုံးဆူတာကို ဝိပဿနာနဲ့ ဖြည်ကြည့်ပေါ့လေ။ အလေ့အကျင့် ဖြစ်သွားရင် ဆူတယ် ဆူတယ် လို့မှတ်တက်သွားမှာပါ အဘနီ။ အဟိ

Leave a Reply