ကိုကြီးမိုက်နဲ့စွယ်တော်ရွက်တို့ရဲ့ငယ်ဘဝက လမ်းကလေး

1 မေလ15ရက်နေ့မှာကမ္ဘာမြေပေါ်ရောက်စ နေမင်းရဲ့အလင်းကရေပြင်ပေါ်မှာ

 

2 တက်သိမ်းအင်းရဲ့နံနက်ခင်းအလှ (ဒီနေရာက အရင်က ကန်စွန်းခင်းတွေလေ)
3နေရောင်ခြည်က ရွှေရည်တွေကို ဖျန်းပက်ပေးထားတာ
4 နံနက်ခင်းမှာ ဝမ်းစာအရှာထွက်တဲ့လှေငယ်ရှင်
5 ကမ်းကပ်တော့မယ့် လှေငယ်
6 လှေတစ်စင်းနဲ့ခရီးနှင်..............

 

7 မတ်တပ်ရပ်ပြီး ထိုးဝါးနဲ့သွားနေတဲ့လှေငယ်ရှင်
8 စိန်ပန်းပွင့်လေးတွေနဲ့ဆောက်လက်စ အသစ်

 

9 စိန်ပန်း နီလွင် မြက်ခင်းစိမ်းစိုရွှင် မြင်ရတာ လှသရှင်

 

10 စိန်ပန်းနဲ့တက်သိမ်းအင်းအလှ
11 စိန်ပန်းပွင့်ကို နေအခ
12 တံခွန်တိုင်စစ်တပ်ရဲ့အရှေ့ဘက် က တမာပင်တန်းကလေး အုပ်အုပ်ဆိုင်းဆိုင်း

 

13 တမာပင်တန်းရဲ့ အရိပ်ကလေး

 

14 ဒီနေရာက ကန်လေးကို ကျုံးလို့လဲခေါ်တယ်
15 အေးငြိမ်းတဲ့ နေရာလေးပါ (ကိုမိုက်တို့ရေကူးခဲ့တဲ့နေရာလေး)
16စိမ်းလန်းငြိမ်းချမ်းသော တမာတန်း တစ်
17 စိမ်းလန်းသော တမာတန်း အမှတ်2

“ကိုကြီးမိုက်နဲ့စွယ်တော်ရွက်တို့ရဲ့ငယ်ဘဝက လမ်းကလေး”

 

 

မန်းလေးမြိုတောင်ဘက် တံခွန်တိုင်ဈေးမရောက်ခင် မှာ တမာလမ်းလို့အမည်တွင်တဲ့လမ်းကလေးတစ်ခုရှိပါတယ်။.

အဲဒီလမ်းလေးရဲံ့ဘေးတစ်ဖက်တစ်ချက်မှာ တမာပင်တွေတန်းစီလို့နေပါတယ်။

ဒီအပင်တွေက လမ်းကို အုပ်မိုးလို့ထားပါတယ်။

စိမ်းရောင်စိုလွင်လို့ လှပသောလမ်းကလေးတစ်ခုလဲဖြစ်ပါတယ်။

ကျနာ်တို့ရွာသားကြီး ကိုကြီးမိုက်နဲ့စွယ်တော်ရွက်တို့ ငယ်ဘဝက နေ့စဉ်ဖြတ်သန်းရာလမ်းကလေးလဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က ကျနော် ကျွဲဆည်ကန်ဘက်ကိုသွားရင်း အဲဒီတမာတန်းကို ဖြတ်သွားပါတယ်။

အဲဒါနဲ့ကိုကြီးမိုက်တို့ နှစ်ယောက်ငယ်ဘဝလေးသတိရအောင် ဓါတ်ပုံရိုက်ပြီးတင်ပေးလိုက်ပါတယ်။

မန်းလေးရတနာပုံတက္ကသိုလ်ကို သွားတဲ့ကျောင်းသူားများလဲဖြတ်သန်းသွားရာလမ်းလေးဖြစ်ပါတယ်။

စိန်းလန်းသော

ငြိမ်းချမ်းသောလမ်းကလေးပါဘဲ။

ဖြတ်ဘူးသူတိုင်းအမှတ်ရနိုင်ပါစေ.

 

 

 

ကိုပေါက်လက်ဆောင် မြန်မာပြည်မှအလှတရားများ

(16-5-2012)

 

 

32 comments

  • kyeemite

    May 17, 2012 at 8:56 am

    ကိုပေါက်ရေ…လွမ်းတာတော့အရမ်းကိုပါဘဲ…
    အဲဒီမှာနေခဲ့တုံးက တမာတန်းကိုနေ့စဉ်လိုလိုဖြတ်လျှောက်ခဲ့ရတာပါ..
    ကိုပေါက် ပုံတွေထဲမှာ လမ်းဝင်လျှောက်နေမိတယ်ဗျာ..
    ကိုထီးသီချင်းတစ်ပိုင်းတစသတိရသွားတယ်…
    “ အတိတ်က အရိပ်တွေ တရေးရေးပေါ်လာဆဲဝယ်…မြင်ပြန်သလို
    တစ်ခါခါ မပီပြင်မှုန်ဝါးတယ်………………နွမ်းလျှလှပါတယ်..”
    ခုတော့ဒီလောက်ပါဘဲကိုပေါက်ရေ….
    တစ်ကူးတက သွားရိုက်ပီးတင်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်ဗျာ..

  • kyeemite

    May 17, 2012 at 8:59 am

    ကွန်မကောင်းလို့…နောက်မှဆက်မန့်ပါအုံးမည်..

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 17, 2012 at 9:03 am

    တော်လိုက်တဲ့ လေးပေါက်နဲ့ ကောင်းလိုက်တဲ့ ရိုက်ချက် …

  • MaMa

    May 17, 2012 at 9:19 am

    ကမာ္ဘမြေကြီးကို ကမ္ဘာမြေပေါ်ရောက်စ နေမင်းကြီးကလည်း လှ…….
    စိန်ပန်း နီလွင် မြက်ခင်းစိမ်းစိုရွှင်ကလည်း လှ…….
    တမာပင်တန်းလေးလည်း လှ………
    လှ…..လှ…….လှ………

  • Shwe Tike Soe

    May 17, 2012 at 9:24 am

    အင်းလှလိုက်တာ လွမ်းလဲလွမ်း တယ် တက္ကသိုလ်ကျောင်းသား ဘဝ ကို ပြန်သတိရအောင်လုပ်တယ် လေးပေါက်ကြီး။
    အဲဒီလမ်း ကနေ ဖြတ်ပြီး ကျောင်းတက်ကျောင်းဆင်းလုပ်လာတာ…. မန်းလေးက အမှတ်တရတွေ ကတော့ ပြောမဆုံးပေါင် တောသုံးတောင် ပါပဲဗျာ…
    ဒီလကုန်ပြန်အုံးမယ်…. လေးပေါက်ရေ စောင့်နေနော်… 😀

  • ဆူး

    May 17, 2012 at 9:28 am

    ရာသီဥတု ပူပူမှာ ရေမြင်တော့ စိတ်ချမ်းသာတယ်။ ဟိဟိ..

  • mocho

    May 17, 2012 at 9:34 am

    နောက်ဆုံးပုံလေးတော့ ကူး သွားလိုက်ပြီလေးပေါက်ရေ။
    ၁၂နဲ့ ၁၃မှာ တမာတန်းက လမ်းမ အလည်မှာ ပါ ရှိတယ် ဆိုတော့ အသွားလမ်းနဲ့ အပြန်လမ်းကို လမ်းလည်ကျွန်း ထားသလို ခွဲ ထားတာလား။ ကြည့် ရတာ မျက်စိအေးလိုက်တာ။

  • ဗိုက်ကလေး

    May 17, 2012 at 10:03 am

    အူးလေးပုံတွေကြည့်ပြီး ရွာကိုတောင် ပြန်သတိရတယ်ဗျား..
    အင်း..
    ဒီချိန်ဆို ကျုပ်ငယ်ချစ် စာဥ လဲ ခလေးတစ်ဒါဇင်လောက်တောင် ထွက်နေလောက်ပါဘီလေ..
    ရှိစေတော့..ရှိစေတော့

  • Khaing Khaing

    May 17, 2012 at 10:18 am

    တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ ….. အညာမြေကိုမေ့လို့လား အညာသူလေးကို မေ့လို့လား စဉ်းစဉ်းစားစားပြောပါမောင်ရေ …… နံပါတ် 17 ကပုံလေးကို အရမ်းကိုသဘောကျမိပါဂျောင်း သတင်းကောင်းပါအပ်ပါတယ် လေးပေါက်ရေ ………..

  • water-melon

    May 17, 2012 at 10:20 am

    တမာလမ်းက ရတနာပုံသွားတဲ့လမ်းလေ
    သတိရလိုက်တာ ချစ်သူရေ

    • windtalker

      May 17, 2012 at 8:38 pm

      နင့် ချစ်သူ မမလေး က အခု ကျုံးဘေး ဆီဒိုးနား ရှေ ့မှာ
      ညတိုင်း နင်အလာ ကို မျှော်နေတယ်တဲ့
      ဖရဲလေး ရေ
      သတင်းကောင်းနော်

  • Ma Ei

    May 17, 2012 at 10:45 am

    တမာလမ်းကလေး လျှောက်ချင်လိုက်တာ…
    အရိပ်ကလဲအေး…
    ပန်းရနံ့လေးတွေလဲမွှေးနေမှာဘဲ…
    အမှတ်တရတွေ ရှိခဲ့သူတွေကို လွမ်းပေရော့လို့ ပြောနေသလိုဘဲနော်…

  • etone

    May 17, 2012 at 11:04 am

    လွမ်းမောစရာကောင်းတဲ့ ရေပြင်ကြီးမှာ ကူးခတ်နေတာကိုကြည့်ရင်း …. ဘဝရပ်တည်မှုအတွက် လှော်နိုင်(ကြိုးစား) မှ အချိန်မှီမယ့်ဆိုတဲ့ အတွေးလေး … ပြန်သတိရမိပါတယ် ။
    စိမ်းစို အုပ်မှိုင်းနေတဲ့ တမာပင်ကြီးတွေကို ကြ့ည်ရင်း …. ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခိုင်တွန်းလှန်နိုင်တဲ့ စိတ်ခွန်အားမျိုးကို အားကျမိပါတယ် ။ ဓါတ်ပုံတွေအတွက်ကျေးဇူးပါလေးပေါက်ရေ … ။

  • Rose Minn

    May 17, 2012 at 11:18 am

    လေးလေးရေ နောက်ခါလာ ရင် နံပါတ် 12 နဲ့ 13 ရှေ့မှာ ဓါတ်ပုံရိုက်အုံးမယ်။ အေးအေးလူလူထိုင်ပြီး ယပ်လေးခတ်နေချင်မိတယ်။ အဲနေရာလေး က ဘယ်လိုနေရာမျိုးပါလိမ့်။

    • water-melon

      May 17, 2012 at 6:45 pm

      နံပါတ် 12 နဲ့ 13 က အမရပူရ စစ်တပ်ရှေ့က
      ညည်းလာမှ ညည်းချစ်ချစ်နဲ့လာထိုင်ကြ
      နာချောင်းမယ်နော်

  • ahnyartamar

    May 17, 2012 at 1:26 pm

    တမာတန်းနဲ့ အညာလမ်း၊ ကိုကြီးမိုက်ရဲ့ ငယ်စခန်း၊
    ပြန်တွေးကြည့်တော့၊ တကယ်လန်း……..ဖလန်း ဖလန်း ဖလန်း………..

  • jujuma

    May 17, 2012 at 1:58 pm

    ရှုခင်းလေးတွေနဲ့ပုံလေးတွေ အရမ်းလှတယ်ဗျာ..
    စိတ်ကြိုက်ပုံလေးတွေ ကူးယူခွင့်ပြုပါ … 😛

  • R Ga

    May 17, 2012 at 3:53 pm

    တမာ စိန်ပန်း
    …………..

    စိန်ပန်း တမာ ရောယှက်ဖြာ
    တမာ စိန်ပန်း ရောယှက်သန်း
    ဪ…..
    စိန်ပန်း တမာ ပါ တကား

    မောင်စိန်ပန်း(တမာမြေ)

  • kyeemite

    May 17, 2012 at 4:01 pm

    လေးစားပါတယ် ကိုပေါက်ခင်ဗျာ…
    ကိုပေါက်ရေ..ဓါတ်ပုံလေးတွေ ကြည့်ပီး ကျွန်တော့အတွေးတွေ
    အတိတ်ကိုပြန်ရောက်ကုန်လို့ ..မန်းလေးမှာနေခဲ့တဲ့ ဘဝအစိတ်
    အပိုင်းလေးကို ပြန်ပုံဖေါ်ကြည်နေမိပြီးဗျာ..မနေနိုင်တော့လို့
    လက်ပါကုန်ပြီ..အားလုံးဖတ်ရအောင်တင်ပေးလိုက်မယ်..
    အညာတမာပြောသလို “တမာတန်းနဲ့ အညာလမ်း၊ ကိုကြီးမိုက်ရဲ့ ငယ်စခန်း၊
    ပြန်တွေးကြည့်တော့၊ တကယ်လန်း……..ဖလန်း ဖလန်း ဖလန်း………..”
    ဆိုတာဟုတ်မဟုတ် စောင်ပြီးအားပေးပါအုံး…

  • Mလုလင်

    May 17, 2012 at 4:37 pm

    နံပါတ် 17 နဲ့ ကော်ဖီ တစ်ခွက် နဲ့ တင် အခုရွာနေတဲ့ မိုးကို အံတု ဖို့ လုံလောက် ပါဖြစ်ဖြစ်ကြောင်း ….

  • pooch

    May 17, 2012 at 5:31 pm

    တမာတန်းကို အခုမှပဲ လှမှန်းသိတယ်။ ကိုယ်ဖြတ်သွားလည်း ဖာသိဖာသာနဲ့ သိပ်တောင် သတိမထားမိဘူး။
    လေးပေါက်တို့များ မြင်တတ်လိုက်တာ။

  • snow white

    May 17, 2012 at 5:53 pm

    တမာပင်ကတကယ်ကိုစိမ်းစိုနေတာဘဲနော်

  • Thel Nu Aye

    May 17, 2012 at 6:05 pm

    တမာတောမှာပျော်တယ်ဆိုတဲ့ လေးပေါက်လေးပေါက်လေးပေါက်ရေ။ ဟီဟိ
    နံပါတ် ၂ ပုံကတော့မနက်ခင်းမှန်းသိသွားပြီ။

  • ကိုရင်စည်သူ

    May 17, 2012 at 7:03 pm

    ဦးကြီးမိုက်က တမာတန်းမှာ အထာနဲ့ လန်းခဲ့သေးတားကိုဗျ…
    အခုအချိန်ထိ ဖလန်းဖလန်းနဲ့ လန်းနေတဲ့ ဦးကြီးကို အားကျမိတယ်ဗျ…
    အနော်တို့ဆို အဲ့အသက်အရွယ်ထိ လန်းနိုင်ပါ့ဦးမလားတောင် မသိဘူး… 🙁 🙁
    ရိုက်ပြပေးတဲ့ မန်းလေးသားကြီး ဦးပေါက်ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ…
    ဒီအချိန်ဆို ညောင်တုန်းအဝင်က တမာကုန်းအဝင်မှာ အူးဗိုက်ကို မျှော်နေတဲ့
    စာဥလေးမျက်နှာကိုတောင် ပြေးမြင်ယောင်မိသေး… ဟိ.. 😀 😀 😀

  • နေဝန်းနီ

    May 17, 2012 at 7:34 pm

    လွမ်းအောင်ဖန်နေပြန်ပြီ…။ လုပ်ထားဦးပေါ့ ဟင်းးး ဒီကိုပေါက်ကြီးတော့ မန်လေးရောက်မှ သိမယ်…။ ဟင်းးဟင်းး 😛

  • မဟာရာဇာ အံစာတုံး

    May 17, 2012 at 10:08 pm

    အော်ရယ် ..
    တမာပင်လေးတွေက စိမ်းစိုနေလိုက်တာကွယ် ..
    ကိုကြီးမိုက်နဲ့ ကိုစွယ်တော်ရွက်တို့ ငယ်ငယ်ကဆို
    အဲဒီ တမာပင်တွေအောက် ဟိုဟာလေး တန်းလန်းနဲ့
    ဆော့ခဲ့ကြမယ် ထင်တယ်ဂျ .. 😀
    နောက်တာပါ ..

    ဖေဂျီးရေ ..
    နံပါတ် ၅ ပုံလေးကို အကြိုက်ဆုံးပဲဗျာ ..
    ဘဝဆန်ဆန် ပုံလေးလို့ ပြောရင် ရမလားပဲ …

  • ဒီလမ်းကလေးက မန်းလေးနေဘူးသူတော်တော်များများဖြတ်သန်းခဲ့ဘူးတဲ့ကဗျာဆန်လှတဲ့လမ်းကလေးဖြစ်ပါတယ်။
    ရွက်သစ်ပြောင်းချိန်ဆိုရင် စိမ်းစိုနုဖတ်ပြီး တကယ်လှပါတယ်။
    ဒီအတိုင်းအလွတ်တင်ပေးတာထက် ရွာသားကြီးနှစ်ယောက်အတွက် အမှတ်တရတင်ဖြစ်လို့လဲ ဝမ်းသာပါတယ်။

  • padonmar

    May 18, 2012 at 2:32 am

    ကိုပေါက် မန်းတက္ကသိုလ်နားမှာ အရင်က တက္ကသိုလ်လေံကျင့်ရေးတပ်ရှိတယ်။
    အဲဒီထဲမှာ ရေကန်နဲ့ တမာတန်းလေးရှိတယ်။
    နွေညတွေမှာ တမာနံ့မွှေးမွှေးလေးရှူရှိုက်ရင်း ကစားခဲ့ဖူးပါတယ်။
    အခုတော့ ရှိတော့မယ်မထင်။
    ရွှေရောင်လေးတွေ လှလိုက်တာ။
    လုလင်ပြောမှ ၁ရ ကိုပြန်ကြည့်တော့ တကယ့် ပြက္ခဒိန်ထုတ်လောက်တဲ့ အလှပဲ။

    • Khin Latt

      May 18, 2012 at 2:44 am

      အစ်မပဒုမ္မာ – မတွေ့ရတာကြာပြီလားလို့။
      သတိတရအမြဲရှိတယ်။ သံယောဇဉ်များခက်သားနော်။

  • Khin Latt

    May 18, 2012 at 2:46 am

    ကိုပေါက်
    အားလုံးတော့ လှတာပါဘဲ။
    ၈၊ ၁၄ နဲ့ ၁ရ ကိုကြိုက်တယ်။
    အဲဒီနေရာလေးတွေမှာ ထိုင်နေချင်တယ်။ 😀

Leave a Reply