သူတို့ ကောက်ပစ်တဲ့ ကြယ်ငါး

ムラカミMay 16, 20126min24123

သိပ်တော့ မကြာသေးပါဘူး။ ဆင့်ကဲ စွန့်ဦးတီထွင်ရေးသမား လည်း ဖြစ် Young Entrepreneur Council

ကိုထူထောင်သူလည်း ဖြစ်တဲ့ Scott Gerber ဟာ Fix Young America Campaign နဲ့ ပါတ်သတ်ပြီး

သူ့မူကို ထုတ်ပြောခဲ့ပါတယ်။ အချုပ်အားဖြင့်ပြောရရင် Gerber ဟာ အမေရိကန် စီးပွားရေးရဲ့ မှားယွင်းနေတဲ့

အရာ အတော်များများကို စွန့်ဦးတီထွင်မှု က ကယ်တင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

 

Scott Gerber

 

ပထမဆုံး Scott Gerber ကို စတင် မိတ်ဆက်ပါ့မယ်။ သူဟာ The Young Entrepreneur Council (YEC)

ဆိုတဲ့ non-profit organization ကို တည်ထောင်သူဖြစ်ပါတယ်။ YEC ဟာ စွန့်ဦးတီထွင်သူတွေအတွက်

ကိရိယာတန်ဆာပလာများ လေ့ကျင့်ပျိုးထောင်မှုများနဲ့ အခြားသော ရင်းမြစ်များကို ပန့်ပိုး အားပေးတဲ့

အဖွဲ့အစည်းလဲဖြစ်ပါတယ်။ စွန့်ဦးတီထွင် ဆိုတဲ့ စကားစုကို YEC ဟာ အလုပ်လက်မဲ့ (unemployment) 

မှ အလုပ်အကိုင် ရှိ (underemployment) အဖြစ် ေရာက်အောင် ဖြည့်ဆည်းပေးတဲ့ solution အဖြစ်လည်း

promote လုပ်ကြပါတယ်။ ဒီအဖွဲ့အစည်းဟာ ၂၀၁ဝမှာ တည်ထောင်ခဲ့တာပါ။

ဒီအဖွဲ့အစည်းရဲ့ membership ကတော့ အဖွဲ့ဝင် တဦးဦးမှ ဖိတ်ခေါ်မှ ဝင်ရောက်နိုင်တာပါ။ ဒီအဖွဲ့မှာ အသင်းဝင်

ရာဂဏန်း ရှိပြီး အသက် ၁ရနှစ်မှ အသက် ၄ဝ အတွင်း အောင်မြင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်အချို့ ပါဝင်ကြပါတယ်။

အသင်းဝင် အချို့ ထူထောင် ဖွဲ့စည်းခဲ့ကြတဲ့ လုပ်ငန်းတွေထဲက အချို့ကို ပြောပါဆိုရင် LivingSocial, Airbnb, Reddit,

College Hunks Hauling Junk, Mint.com, myYearbook, Thrillist, Yodle, Threadless, ModCloth, Grasshopper,

Likeable, HootSuite, and Blip.tv စတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။

 

 

YEC ဟာ The New York Times, the Wall Street Journal, ABC News, CBS Evening News, Fox News, AOL,

Portfolio.com, Bloomberg Businessweek, CNN, Reuters, Mashable, The Huffington Post, NPR စတာတွေ

အပါအဝင် မြောက်များစွာသော မီဒီယာတွေ ပေါ်မှာ တက်ကြွစွာ ပတ်သတ် ဆက်နွယ်မှု ပြုကြပါတယ်။ အဓိကကျတဲ့

မီဒီယာပြတင်းတခါး အခု ၄ဝ ကိုတော့ ပုံမှန်အားဖြင့် ထိတွေ့ ဆက်ဆံလေ့ရှိပါတယ်။

၂၀၁၁ခုနှစ် နိုဝင်ဘာလမှာ YEC အဖွဲ့ဟာ New York မြို့တော်ရဲ့ NASDAQ MarketSite မှာ ဂုဏ်ပြုခြင်း

ခံခဲ့ရပါတယ်။

 

the YEC

 

Gen Y Capital Partners

အဲ့သည့်မတိုင်ခင် ၁လ မှာ YEC ဟာ Gen Y Capital Partners ဆိုတဲ့ အစီအစဉ်ကို ကြေငြာခဲ့ပါတယ်။

ဒါဟာ ကုမ္ပဏီတခု ထူထောင်ဖို့ လှုပ်ရှား ရုန်းကန်နေရတဲ့ စွန့်ဦးတီထွင်သူတွေအတွက် ရင်းနှီးမြှုပ်နှံမှု

အသစ်တွေ ပေးအပ်ရေး အစီအစဉ်တွေဆွဲဖို့ အိမ်ဖြူတော်နဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ ကိစ္စ ဖြစ်ပါတယ်။

Scott Gerber နဲ့အတူ 2tor မှ CMO Jeremy Johnson တို့ ဦးစီးလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဆယ်စုနှစ်အတွင်း ပေါ်ထွန်းလာမယ့် ရာပေါင်းများစွာသော Generation Y စွန့်ဦးတီထွင်သူတွေ

အကျိုးများစေမယ့် အစီအစဉ်ဖြစ်ပါတယ်။ သည် အစီအစဉ်ဟာ စွန့်ဦးတီထွင်မှုရဲ့ အစောပိုင်း အဆင့် ရင်းနှီး

မြှုပ်နှံမှုကို အလေးထား ဖော်ဆောင်သွားမှာဖြစ်ပြီး ရံဖန်ရံခါလည်း လုပ်ငန်းကိုလိုက်ပြီး အစဉ်တစိုက် ရင်းနှီး

မြှုပ်နှံသွားဖို့ ရည်ရွယ်ပါတယ်။ ၂၀၁၁ အောက်တိုဘာ ၂၅မှာ ဒီအစီအစဉ်ကို အတည်ပြုကြောင်း အိမ်ဖြူတော် ဘက်မှ

ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

 

 

Youth Entrepreneurship Act

YEC ဟာ Youth Entrepreneurship Act ရဲ့ ထောက်ပံ့သူ ဖြစ်ပါတယ်။ သည် မူဝါဒဟာ ငယ်ရွယ်တဲ့ လုပ်ငန်းရှင်းတွေ

စီးပွားလုပ်ငန်းတွေ လွယ်ကူစွာ စတင်နိုင်ဖို့ ဥပဒေနဲ့ အညီ ရေးဆွဲထားတဲ့ မူဖြစ်ပါတယ်။ မူဝါဒမှာ

ကျောင်းသားတွေရဲ့ ချေးငွေတွေကို လျှော်ပေးတာမျိုး တွေအပြင် ၊ အသေးစားငွေချေး လုပ်ငန်းများ

ပိုမိုဖြန့်ကျက်နိုင်ဖို့ နဲ့ စွန့်ဦးတီထွင်သူတွေ အတွက်  ပညာရေး ကို ပိုမို ရင်းနှီးမြှုပ်နှံကြဖို့တွေ ပါဝင်ပါတယ်။

 

ပိုပြီး အတိအကျ ပြောရရင်တော့ သည်မူဝါဒဟာ YEC နဲ့ Young Invincibles အဖွဲ့ဝင်တွေ ပူးပေါင်း ပြီး federal အစိုးရရဲ့

မူဝါဒကို အောက်ပါ အချက်တွေနဲ့  မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။

  • secondary နဲ့ post-secondary levels နဲ့ အကျုံးဝင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းစု ပညာရေး စနစ်အတွက် အစိုးရဆီက

မက်လုံးပေးမှုတွေ ကို ပိုမို ထိရောက်စွာ ပိုမို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေး။

 

  • အဖွဲ့ အစည်းတွေက ကျောထောက်နောက်ခံပြုတဲ့ စွန့်ဦးတီထွင် သင်ကြားရေး စနစ်တွေ ပုံစံတွေ ကို ပိုမို အားပေးရေး။
  • ဌာနေနဲ့ ပြည်နယ် ပညာရေးအသိုင်းအဝိုင်းဟာ စွန့်ဦးတီထွင် သင်ကြားရေး လုပ်ငန်းတွေကို ပိုမို အားပေးနိုင်ရန် အတွက်

ပိုမို သိမ်မွေ့ပြီး ပြောင်းလဲပြုပြင်လွယ် တဲ့ Title 5 “Well-Rounded” funds တွေကို Elementary and Secondary

  • Education Act (ESEA)တွေ မှာ လက်တွေ့ အသုံးပြုနိုင်ရေး။
  • SBA MicroLoan Program ကို ပြန်လည် ပုံစံ ချမှတ်ရန် အတွက် မတည်ငွေ ကို ၂ဆ တိုးမြှင့်ရေး။
  • လူငယ်ထု ကိုပိုမို ထိတွေ့ ရေး။
  •  ငွေကြေး ပိုင်ဆိုင်မှု မရှိသည့် အတွက် အဆိုပါ ငွေကြေးတွေကို  ကိုင်တွယ်သုံးစွဲခွင့် မရရှိခြင်း ကဲ့သို့သော
  • အတားအဆီးများကို ကြားနေ အဖွဲ့အစည်းများက ကာရံခြင်း မရှိစေရေး။
  • ပညာရေးကျောထောက်နောက်ခံ နဲ့ အသားအရောင် အသိုင်းအဝိုင်း နှင့် ကန့်သတ် မှု မရှိဘဲ လူငယ်ထုဟာ အဆိုပါ  ချေးငွေ အစီအစဉ်များကို ခံစားခွင့် ရှိစေရေး။
  • အသစ် စတင် လတ္တံသော ငယ်ရွယ်သည့် စွန့်ဦးတီထွင်များ အတွက် အထောက်အပံ့ပေးသည့် ပုဂ္ဂလိကပိုင် အစီအစဉ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရေး။
  • စွန့်ဦး တီထွင် လူငယ်များ အတွက် ပညာသင်နေစဉ် အစိုးရ ထံမှ ချေးယူထားသော ပညာရေး ချေးငွေများကိုဆိုင်းငံ့၊ လျော့ပေါ့၊ လျှော်ပစ် ပေးရေး။
  • ငယ်ရွယ်ပြီး သေးငယ်တဲ့ စီးပွားလုပ်ငန်းစုများကို အစိုးရ မှ ဂရုပြုစောင့်ရှောက်စေနိုင်ရေး။

စတဲ့အချက်တွေ ပဲ ဖြစ်ပါတယ်။

 

ဒီမူတွေကိုတော့ ဒီမိုကရက်တစ် လွှတ်တော်အမတ် Cedric Richmond (D-New Orleans, LA) နဲ့ အတူ

ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အဆိုပါ လွှတ်တော်အမတ်ဟာ ၂၀၁၁ ခုနှစ်အတွင်းက Office of Youth Entrepreneurship

at the Small Business Administration ဆိုတဲ့ ရုံးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

 

အဆိုပါ ရုံးအဖွဲ့ဟာ ငယ်ရွယ် တဲ့ စီးပွားရေး လုပ်ငန်းစုတွေကို ဆက်လက် ရှင်သန်ကြီးပွားစေဖို့ နည်းစနစ်ပိုင်း နဲ့

အတတ်ပညာပိုင်းဆိုင်ရာ အကူအညီတွေ ပေးပါတယ်။

ပညာရေးဌာန နဲ့လည်း ပူးေပေါင်းပြီး စွန့်ဦးတီထွင် များအတွက် ပညာရေး ချေးငွေ လျှော်ပစ်ပေးရန် သုသေသန

ပြုမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။
#FixYoungAmerica

 

#FixYoungAmerica

 

ဒါဟာ ၂၀၁၂ ခုနှစ်အတွင်း YEC အဖွဲ့က စတင်ခဲ့တဲ့ campaign တခုဖြစ်ပြီး ပါတနာ အဖွဲ့အစည်း အခု ၄ဝကျော်

ပူးပေါင်းပါဝင် နေပါတယ်။

(Babson College, Junior Achievement, General Assembly, Codecademy, and the Network for Teaching Entrepreneurship)

ရည်ရွယ်ရင်းကတော့

  • စွန့်ဦးတီထွင် ပညာရေးကို ယခုထက် ပိုမို အားပေးရေး၊
  • အသစ်စတင်တဲ့ လုပ်ငန်းတွေအတွက် ငွေကြေးအရင်းအနှီး ပိုမိုရရှိရေး။
  • Fortune 500 အတွင်းမှာ ရှိတဲ့ စွန့်ဦးတီထွင်များကို ပိုမို အားပေးရေး စတာတွေဖြစ်ပြီး – ဒါတွေအားလုံးဟာ လူငယ် အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခြင်း ပဲ ဖြစ်ပါတယ်။

#FixYoungAmerica အစီအစဉ်ကိုတော့ LegalZoom ဆိုတဲ့ အဖွဲ့အစည်းမှ အဓိကကျောထောက်နောက်ခံပြု ငွေကြေးစိုက်ထုတ်လျက်ရှိပါတယ်။

ဒီ ကမ်ပိန်းရဲ့ အဓိကကျတဲ့ အကြောင်းအရာတွေကို #FixYoungAmerica ဆိုတဲ့ စာအုပ်မှာ ရေးသားထားပါတယ်။

စာရေးသူ ၃၃ဦးပါဝင်ပြီး စာအုပ်ပါ အကြောင်းအရာတွေကတော့ စွန့်ဦးတီထွင်နဲ့ ပါတ်သတ်တဲ့ အကြောင်းအရာတွေဖြစ်ကာ

  • စွန့်ဦးတီထွင် လူငယ်များ အတွက် ပညာရေး ချေးငွေ လျှော်ပစ်ရေး
  • အလုံးအရင်းနှင့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရေး
  • လူငယ်များ ဖရန်ချိုက်စ် လုပ်ငန်း ပိုင်ဆိုင်မှု ရှိစေရေး။
  • အမေရိကန် ပြည်ထောင်စု တနံတလျား “Silicon Valleys” အသစ်များ ပေါ်ထွန်းလာစေရေး။
  • တက္ကသိုလ်များမှ စွန့်ဦးတီထွင် လူငယ်များ ပိုမို ထွက်ပေါ်လာစေရေး
  • Self-Employment Assistance (SEA) ပိုမို ပြန့်ပွားရေး
  • ငယ်ရွယ်သော လုပ်ငန်းရှင်များ ရင်းနှီး မြှုပ်နှံငွေ ပိုမိုရရှိစေရေး
  • ဝင်ငွေနည်းသော လူငယ်ထု အပါအဝင် အားလုံးသော အမေရိကန်ပြည်သူများအား စွန့်ဦးတီထွင် ပညာရပ်များသင်ကြားပေးနိုင်ရေး။
  • စွန့်ဦးတီထွင်ခြင်းသည် တက္ကသိုလ် အစားထိုး ရွေးချယ်စရာတခု ဖြစ်ကြောင်း နားလည်စေရေး။

(Why entrepreneurship is a viable alternative to college အင်း ..နည်းနည်းတော့ ကီးမြင့်သွားပြီ)

  • နည်းပညာနှင့် software engineering ကို နိုင်ငံတော်အဆင့် သင်ကြားပေးစေရေး
  • အသစ်စတင်သော လုပ်ငန်းစုများအတွင်း ရင်းနှီးမြှုပ်နှံခြင်း နှင့် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ရေး
  • ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများ မှ တဆင့် ဆန်းသစ်တီထွင်မှု ကို ဖော်ဆောင်စေနိုင်ရေး
  • တက္ကသိုလ် ကျောင်းသားထု အတွင်း စွန့်ဦးတီထွင် အသင်းအဖွဲ့များ ပေါ်ပေါက်လာစေရေး

စတာတွေ ပါဝင်နေပါတယ်။

(ကွမ်းစား ဆေးသောက် ကျပျောက်သလောက်ပဲရှိရဲ့ …ဝယ်ဖတ်ပြီး ပြန်ရှဲပေးပါလား သဂျီး ရယ်…)

 

 

ဒီ ကမ်ပိန်းရဲ့ ပန်းတိုင်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

a) ဒီ စာအုပ်ကို နိုင်ငံရေးလှုပ်ရှားသူတိုင်း နဲ့ တက္ကသိုလ် ပါမောက္ခတိုင်း အခြားသော ဦးဆောင်သူတိုင်းရဲ့

လက်ဝယ် ရောက်ရှိစေရေး။ 

b) လက်ရှိ လူငယ် စွန့်ဦးတီထွင်သူတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို လွှတ်တော်က သိရှိပြီး ကူညီ ဖြေရှင်းစေပေးရေး။

c) အစိုးရ တာဝန်ရှိသူများနဲ့ ဆွေးနွေးမှုများ ပြုလုပ်နိင်ရေး။

d) ပုဂ္ဂလိက အဖွဲ့အစည်းကြီးများ၊ ထင်ရှားကျော်ကြားသူများနဲ့ အထင်ကရ စွန့်ဦးတီထွင်သူများထံမှ

အကူအညီပေးမှုများ စုရုံး ရရှိစေရေး။

e) မီဒီယာ အာရုံစူးစိုက်မှု ရရှိပြီး ပိုမို အသိအမှတ်ပြု awareness ရရှိစေရေး။

f) နိုင်ငံနဲ့ တဝှမ်းမှာ ရှိတဲ့ ဦးဆောင်သူများ အဆုံးအဖြတ်ချနိုင်သူများ ထံ ရောက်ရှိစေရေးအတွက်

လုံလောက်တဲ့ funds ငွေကြေး ရရှိစေရေး။

 

MyStartupLab

ယခုနှစ် အစောပိုင်းမှာပဲ ဖြစ်ပါတယ်။ YEC ဟာ MyStartupLab ဆိုတဲ့ အွန်လိုင်းပေါ်က ပညာရေး ပလက်ဖောင်း

တခုကို လွှင့်တင်ခဲ့ပါတယ်။ Partner အဖွဲ့အစည်းတွေကတော့ Kairos Society, Collegiate Entrepreneurs’ Organization,

MassChallenge, and George Washington University စတာတွေ ဖြစ်ပါတယ်။

YEC website ရဲ့ အဆိုအရတော့ MyStartupLab ဟာ စွန့်ဦးတီထွင် ကို ထောက်ခံအားပေးတဲ့ ဘယ်အဖွဲ့အစည်းနှင့်မဆို

အလုပ် တွဲလုပ်ပါမယ်။ ဒေသတွင်း အစ ပြည်နယ်အဆင့် နိုင်ငံအဆင့် အလယ် ကမာ္ဘအဆင့် အဆုံး incubators,

accelerators, coworking facilities, နဲ့ business plan ပြိုင်ပွဲကျင်းပ ခြင်းတွေ ဆောင်ရွက်မယ် လို့ ဆိုထားပါတယ်။

 

MyStartupLab platform မှာ ပါဝင်တာတွေကတော့

Live video Q&A: ပုံမှန် အချိန်ဇယား တခု တည်ဆောက်ထားတဲ့ စွန့်ဦးတီထွင်များမှ စွန့်ဦးတီထွင်များ ဆီသို့ .တိုက်ရိုက်

ရုပ်သံ အမေးအဖြေ ကဏ္ဍ ဖြစ်ပါတယ်။

Business library: YEC အဖွဲ့ဝင်တွေ ရေးတဲ့ သတင်း နဲ့ နည်းပညာ အချက်အလက်ပိုင်း ဆိုင်ရာ စာမူတွေ ဖြစ်ပြီး

download ချယူနိုင်ပါတယ်။

YEC Open Mic: YEC စွန့်ဦးတီထွင်သူတွေရဲ့ ဖိုရမ် ပုံစံ ဆွေးနွေး ဖလှယ်မှု စာစုတွေ ပါ။

ဒါ့အပြင် အခြား သော ဒေသတွင်း၊ ပြည်နယ် အဆင့် နဲ့ အမေရိကန်ပြည်ထောင်စုအဆင့်

အထောက်အကူပြု အချက်အလက်များလည်း ရနိုင်ပါတယ်။

 

 

White House summit

၂၀၁၁ နိုဝင်ဘာ လက ဖြစ်ပါတယ်။ နိုဝင်ဘာ-အမျိုးသား စွန့်ဦးတီထွင် လ အဖြစ် သတ်မှတ်ခဲ့ပြီး YEC အဖွဲ့ဟာ အိမ်ဖြူတော်မှာ

young entrepreneur summit ကို ကျင်းပခဲ့ပါတယ်။

အဲ့သည့်နောက်တော့ ဆွေးနွေးပွဲပုံစံမျိုးနဲ့ MTV News မှာ YEC စွန့်ဦးတီထွင်သူတွေက စကားပြောခဲ့ကြပါတယ်။

သည်ထဲမှာ YEC ရဲ့ တည်ထောင်သူ Scott Gerber ဟာလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး လူငယ် စွန့်ဦးတီထွင်

လုပ်ငန်းများဟာ လက်ရှိ  အချိန်အတွက်သာမဟုတ်ဘဲ နောင်လာနောက်သားများ အတွက်ပါ အလွန်အရေးပါကြောင်း

“creating opportunities for other Americans”  ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ ထင်ငြင်ယူဆချက်တွေကို

ပြောခဲ့ပါတယ်။ နောက်ဆုံး အဆုံးသတ် အနေနဲ့ နားထောင်သူ ကျောင်းသူကျောင်းသားတွေကို ပြောခဲ့တာပါ. ..

“သင်တို့ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ် အပေါ် ကို ယုံကြည်မှု ထားကြပါ။

သင်ဟာ ကမာ္ဘပေါ်က သင့်နေရာမှန်ကို တနေ့ တွေ့မှာပါ”

 

 

MTV correspondent Calloway ကတော့ စွန့်ဦးတီထွင်ခြင်း နဲ့ ပါတ်သတ်တဲ့ သူ့ ဖြတ်သန်းမှု ကို ပြောပြခဲ့ပါတယ်။

သည်အလုပ်မတိုင်ခင်သူဟာ အောင်မြင်တဲ့ အဖွဲ့အစည်းများကို ဦးစီးဦးရွက်ပြုခဲ့ပြီး indie record label နဲ့

hip hop tour Rock the Bells တို့ အပါအဝင်ဖြစ်ခဲ့ကြောင်းပါ။

ယနေ့ခေတ် စီးပွားရေးမိုးလေဝသ အရ လူငယ် စွန့်ဦးတီထွင်မှု ဟာ အလွန် အရေးပါကြောင်း ဆက်ပြောခဲ့ပါတယ်။

ကျနော်တို့ဟာ စီးပွားရေးအရ စိန်ခေါ်မှု တွေကို ခံစားနေကြရပါတယ်။ ကျောင်းပြီးကာစ လူငယ် တယောက် အတွက်

သင့်လျှော်တဲ့ အလုပ်  ရှာမတွေ့တတ်တာမျိုး အစရှိသဖြင့်ပေါ့ ..။ ဒါကြောင့် ငယ်ရွယ်သူတွေဟာ ၎င်းတို့ဘာသာ

အလုပ်အကိုင် သစ်တွေ ကို ဖန်တီးရယူပြီး  unemployment ကနေ underemployment ဖြစ်အောင်

ေြပာင်းလဲယူကြပါလို့ တိုက်တွန်းလိုပါတယ်။

 

 

Global programs

၂၀၁၁ခုနှစ် ဇူလိုင်လ မှာ YEC ဟာ ကမာ္ဘလုံးဆိုင်ရာ သင်ကြားနည်းပြရေး အစီအစဉ် တခုအနေနဲ့

အီဂျစ်ပြည်ကို သွားခဲ့ကြပါတယ်။ U.S. State Departmen မှ ကမာ္ဘ့ စွန့်ဦးတီထွင် အစီအစဉ်သစ် အနေနဲ့

ပံ့ပိုးပေးခဲ့တာဖြစ်ပြီး USAID လို့ ခေါ်တွင်ပါတယ်။ ဒိန်းမတ် နဲ့ အီဂျစ်နိုင်ငံတို့ရဲ့ အစိုးရတွေအပြင် အခြားသော စွန့်ဦးတီထွင်

လုပ်ငန်းတွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။ အမေရိကန် နဲ့ ဒိန်းမတ် စွန့်ဦးတီထွင်တွေ ပူးပေါင်းပြီး

ကိုင်ရိုမြို့မှာ ငယ်ရွယ်တဲ့ အီဂျစ် စွန့်ဦးတီထွင်သူတွေကို အောင်မြင်တဲ့ လုပ်ငန်း တွေ ဘယ်လို

တည်ဆောက်ကြမလဲဆိုတဲ့ အတွေးအခေါ် စိတ်ကူးစိတ်သန်းတွေ မျှဝေခဲ့ကြတာပါ။

ဒီခရီးစဉ်ဟာ အိုဘားမား အစိုးရဲ့ အပြညအပြည်ဆိုင်ရာ မဟာဗျူဟာရဲ့ တစိတ်တပိုင်း လည်းဖြစ်ပြီး ။

မူစလင် အများစုနေထိုင်တဲ့ အီဂျစ်လို တိုင်းပြည်မျိုးက စွန့်ဦးတီထွင်တွေကို အကူအညီပေးခဲ့တာလို့ ဆိုနိုင်ပါတယ်။

သည်အဖွဲ့မှာ အမေရိကန်ပြည်ထောင်စုမှ ရယောက် (Gerber နဲ့ အခြား YEC အသင်းဝင် ၃ဦး) ၊

ဒိန်းမတ်မှ ၄ဦး နဲ့ အခြားသော စီးပွားရေးလုပ်ငန်းများက ဦးဆောင်သူတွေ ပါဝင်ခဲ့ကာ ရက်သတ္တပါတ်

၁ပါတ် ကြာမြင့်ခဲ့ပါတယ်။ ကမာ္ဘတလွှား live chats နဲ့ mentorship အစီအစဉ်များကို အခြားသော တိုင်းပြည်များဖြစ်တဲ့

တူနီးရှာ၊ အယ်လ်ဂျီးရီးယား နဲ့ မော်ရိုကို တို့မှာ တင်ဆက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် အခြားသော အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ Startup Weekend and Global Entrepreneurship Week

ဆိုပြီး ကမာ္ဘ့ နိုင်ငံပေါင်း ၁၀ဝ ကျော်ထံ  virtual mentorship programs တွေ တင်ဆက်ခဲ့ပါတယ်။

 

 

ပုံပြင်လေးကတော့ ဒါပါပဲဗျာ …

ကျုပ်ကတော့ ကြယ်ငါး ကောက်မပစ်တတ်လို့ သူများ ကြယ်ငါးပုံပြင်လေး ဘာသာ ပြန်လိုက်ပါတယ်…။

မအိတုံ နဲ့ ဒေါ်ပု တို့ ရဲ့ သည်တပါတ် အတွင်း ပြောင်မြောက်တဲ့  ပိုစ့်လေးတွေကို ဒါနဲ့ အားဖြည့် လိုက်ပါတယ်ဗျ …။

မအိတုံရေ

BG ပရဟိတ္တအဖွဲ့ အောင်မြင်ပါစေ အဲ့သည့် လို အဖွဲ့တွေလည်း များများ ပေါ်လာပါစေ

ဆုတောင်းလိုက်ပါတယ် …။ ကျုပ်တို့လို ကြယ်ငါး အပုတ်အသိုးလေးဒွေလည်း

ကောက်ပစ် ခံရပါစေ .. တိန်… (တဲ့တဲ့ကျသွားတယ် ..ကျောက်ဆောင် ပေါ်ကို …)

 

 

 

မမပု ကိုတော့ တခုလေး ပြောခဲ့ချင်ရဲ့ဗျာ ..

ဦးနိုပြောသလို အင်ဖရာ ကိစ္စက အော်သာ အော်ဗျို့ … အားမလျှာ့နဲ့ ….

အဲ.. အင်ဖရာဟာ မာ့စ်လော မော်ဒယ် ဆွဲပြောရရင် ဆေ့ဖ်တီး နိဒ် ပဲဖြစ်သေးလို့

အင်ဖရာကြီး ဘွားကနဲ ပီပြင်လာတဲ့ အချိန်မှာ အပေါ်မှာ ဘာတည်ဆောက်မယ် ဆိုတာလေး

ပလဲင်န် စေချင်တာပါပဲ .. မကြာခင်မှာ ကတ်ပီတယ်လ်တွေ ခေါ်နိုင် ကြီးနိုင် ပွားနိုင်ပါစေဗျာ..

http://blog.guykawasaki.com/2012/01/raising-money-what-not-to-say-and-what-not-to-believe-officeandguyk.html#axzz1uvUBTBDG

အင်ထရာ ပရန်ညာ တွေနဲ့လည်း တွေ့ပါစေ… အိန်ဂျယ် အင်ဗက်စတာတွေနဲ့လည်း တွေ့ပါစေ

အင်နိုဗေးရှင်း နဲ့ မားကတ္တင်းလည်း ဘဲလန့်စ်ကိုက်ပြီး အာရ်အိုအိုင် နဲ့ လစ်ကွစ်ဒတီ

စား-ပါ-သောက်-ပေါက် မျှ ပါစေဗျ… (အလဲ့ ..၂၀၁၂ ခုနှစ် ဘဇ္ဇနက် ဆုမွန်ကောင်း..)

တိုးတက်ပြောင်းလဲလာတဲ့ အင်ဖရာနဲ့ အညီ ဆင့်ကဲ အောင်မြင်မှု ရယူသွားတဲ့

အလီဘာဘာ ရဲ့ ဂျက်မ ကို လည်း မမေ့စေချင်ပါဘူး ..။

https://myanmargazette.net/121786/business-economy

အဲ့ …ဘစ်ဇနက် အောင်မြင်ရင်လည်း စီဗီကိုင်ပြီး တုန်တုန်ရီရီ အလုပ်လာလျောက်မယ့်

သများ ကိုလည်း မမေ့စေချင်ပါဘူး….။  😛

ကဲ… မောဘီ..ဗိုက်ဆာဘီ ..
တော်သေးဘီ …

Ref:
http://en.wikipedia.org/wiki/Young_Entrepreneur_Council
http://en.wikipedia.org/wiki/Crowd_funding
http://theyec.org/company/about/
http://en.wikipedia.org/wiki/Business_incubator
http://www.entrepreneur.com/author/130

23 comments

  • Ch@vez

    May 16, 2012 at 11:26 am

    ဒီပိုစ့်ကို ကြယ်ငါး ကောက်ပစ်သူ မအိတုံနဲ့
    ပရုပ်လုံး ပုမမ တို့ ကို ဂုဏ်ပြုရင်း ရေးပါသည်။
    😀

    • nozomi

      May 16, 2012 at 11:30 am

      ကိုဂီ မတရားဘူး
      ကျုပ်တို့ မင်းသား ကိုပေါက်ဖော်က ဘာလို့ ကျန်ခဲ့ရတာတုန်း

      • Ch@vez

        May 16, 2012 at 11:36 am

        ဟုတ်တယ်ဗျို့ ..
        ကိုဗိုက် ကျန်သွားတယ်…
        စာကိုယ်က နေမကောင်းတုန်းက ရေးထားပြီး အခု လက်တလော တွေ့တဲ့၂ယောက် နာမည်ကပ် ဖြည့်စွက်လိုက်တာ ဗျာ ..
        ဟုတ် ..
        ကိုဗိုက် ကိုလည်း ဗယာကြော် ပါ လို့ ….

        😀

      • ဗိုက်ကလေး

        May 16, 2012 at 11:37 am

        တယ်ဆိုးတဲ့ အူးဂီပါဗျာ..
        ပရုပ်လုံးပုမမနဲ ့ မားအိတုံတဲ့.
        အူးဗိုက်ကလေးကိုတော့ စာရင်းထဲ မသွင်းဘူး
        ဟင့်..ဟင့်

        • Khaing Khaing

          May 16, 2012 at 11:53 am

          ကိုဂီရေ အူးဗိုက်ကလေးကိုစာရင်းထဲ ထည့်လိုက်မယ်နော် အရူးထောင်စာရင်းထဲ အရက်သောက် ပါများလို့ ဗိုက်ကတောင်လေးနေတယ်လေ ……. ဒါကြောင့် ဗိုက်ကလေးလို့ပြောင်းထားတဲ့ ….. သူကတော့ အရူးထောင်မှာ အရက်ဖြတ်ဖို့စာရင်းအတင်းသွင်းခိုင်းနေတယ် ……. အဟီး စတာနော် အူးဗိုက်ကလေး ………

        • ဗိုက်ကလေး

          May 16, 2012 at 12:10 pm

          တား..တား.ကိုဘဲ ဝိုင်း..ဝိုင်း ဖဲ့နေတော့ဒါဘဲ
          ဟာဗျဲ.ဟာဗျဲ..
          အဲ..အဲဒါ..
          အူး….အူးပေ ဘီအီးတွေ လာ.လာတိုက်လို ့..ဗိုက်က လေးတွားတာဂျ

          အူးဂီတို ့ အူးခိုင်တို ့ ဦးဆောင်ပြီး ဂေဇတ် ကြယ်ငါးကောက်သူများအဖွဲ ့ ထူထောင်ဖြစ်ရင်
          အူးဗိုက်ကလေးကို ရှေ ့ဆုံးနေရာမှာထူးပြီး ဝိုင်းကောက်ပေးကြဘို ့ မမေ့ပါနဲ ့
          ဒါဗျဲ

        • Ch@vez

          May 16, 2012 at 12:15 pm

          အေးဗျာ သများ လည်း ဖိုတို စတူဒီယိုလေး လုပ်ချင်လို့ …
          သဂျီးဆီက အစိမ်း ၃သောင်းလောက် ၁ဝနှစ် အတိုးမဲ့ချေး ရတော့မှာပဲ …
          သများကိုလည်း ကောက်ပစ် ပေးဂျဘာ …

          😀

    • zarlay

      May 16, 2012 at 3:12 pm

      နောက်ဆိုရင်ဒီထက် ပိုတိုးတက်တော့မှာပါ

  • Ch@vez

    May 16, 2012 at 9:35 pm

    အော်….
    သဂျီးမင်း တယောက်ကြီးများတောင်
    အားပေးသကိုး …. အဟတ်……….

    နောက်ကို မဟုတ်တမ်းတရားတွေ
    ရုတ်တိမရှိတာတွေ မရေးတော့ဘူး
    ကတိပေးပါတယ်သဂျီး …………

    တော်သေးဘီ
    ခင်တဲ့
    GHI

    • kai

      May 16, 2012 at 11:16 pm

      ဂီဂီရေ.. အဲဒီဓါတ်ပုံအလကားတင်လိုက်တာတော့ မဟုတ်.. ယူအက်စ်ရဲ့ပရိုသမားတယောက်က.. ပို့လာလို့တင်လိုက်တာ..။
      အဲဒီဓါတ်ပုံပါ ပို့စ်ခေါင်းစဉ်က..
      “NLD – BG ပညာဒါနကျောင်း ကွန်ပြူတာသင်တန်းနဲ့ စက်ချုပ်သင်တန်း ဖွင့်ပွဲ “တဲ့..
      ဆိုတော့.. ကလေးတွေ.. ပညာမသင်ရသေးဘူး..
      ဖွင့်ပွဲမှာပဲရှိသေးတယ်..။

      အင်း..
      ကြယ်ငါးတွေများ ကုန်းပေါ်ပစ်တင်နေကြသလား… 😕
      ရေစပ်မရောက်တရောက်နေရာရွေ့နေကြသလား.. ?

      • ဦးဦးပါလေရာ

        May 17, 2012 at 12:36 am

        ဒီလူကြီးက မသိယောင်ဆောင်လို့မရဘူး…
        ဇွတ်…..
        နောက်တခေါက်လောက်ဆိုရင်တော့ သိယောင်ပဲဆောင်မှ …… 😀 😀

  • pooch

    May 16, 2012 at 10:34 pm

    ငယ်ရွယ်သူတွေ
    အလုပ်အကိုင် သစ်တွေ ကို ဖန်တီးရယူပြီး unemployment ကနေ underemployment ဖြစ်အောင်

    ပြောင်းလဲယူကြပါလို့ တိုက်တွန်းလိုပါတယ်။”

    အဲ့ဒါလေး တော်တော်တာသွားပါတယ်။ ဒီနေ့ရဲ့ အဓိက ကျနေတဲ့ ပြသာနာတခုလည်း ဖြစ်တယ်။ ရှင်းမရနိုင်သေးတာလည်း ဟုတ်တယ်။ ကိုယ်တိုင်လည်း ကြုံဖူးတယ် ။ ကြုံနေတယ်။

    ဒီလို အဖွဲ့အစည်းတွေ များများ ရှိလာမှ ဒါအပေါ်မှာ အကျိုးသက်ရောက်မှု ရှိမှာ။ လောလောဆယ်တော့ … အင်း….

    အလီဘာဘာရဲ့ ဂျက်မကလည်း တော်လိုက်တာ။ လူတော် နေရာမှန်များ ရောက်သွားလို့လားလို့။ ဒါထက် နင်ရေးတဲ့စာတွေ အမေဒစ်ကန်မှာ မာစတာ လုပ်နေတဲ့ သူငယ်ချင်းကို ရှယ်ဖူးတယ်။ Big 4 ထဲက ကုမ္ပဏီတခုမှာလုပ်နေတဲ့သူပေါ့။

    သူက မှတ်ချက်ပေးသွားတယ်။ ဟိုဘက်က ဖလိုးအတိုင်းပဲတဲ့ ။ သူတို့ဆီမှာ တက်နေတာလားလို့မေးတယ်။

    တီချယ်ကလည်း ပြောဖူးတယ် ။ သူ့စာတွေဖတ်ရင် ချက်ချင်းကွန်းမန့်ပေးလို့ မရဘူးတဲ့ ။ သေချာနားလည်အောင် ဖတ်ရတယ်။ ဟိုဘက်က ဖလိုး အတိုင်းပဲတဲ့။ မယုံရင် တီချယ်လာရင်မေးကြည့်လိုက်။

    ဆိုတော့ ဝင်ဖတ်ပြီး အတွေးတွေနဲ့ ပြန်ထွက်သွားကြတာပါ။ လူကြိုက်နည်းတာ မဟုတ်သလို အားမပေးကြတာလည်း မဟုတ်ပါဘူး။

    အရင်က ကိုသစ်လည်း ဆီမီနာတွေ လူနည်းလို့ ပြောဖူးတယ်။ ဖတ်ပြီး တွေးနေကြတာ တွေးစရာ ရသွားတာ။ ဒါကြောင့်ပါ။

    ကိုယ်နဲ့ ဝေးတဲ့အကြောင်းတွေ ဖတ်ရတာနဲ့တင် ဗဟုသုတရနေပါပြီ။ ဘစ်ဇနက်ဆုတောင်းအတွက် ကျေးဇူးတင်ပါကြောင်း။ ကြိုးစားနေသော Pok ဘွဲ့များလည်း များမကြာမှီမှ ဆွတ်ခူးနိုင်ပါစေလို့။ စေတနာမှန်သော ကံတရားဆိုတာလေးလည်း မမေ့စေချင်ပါကြောင်း။

    • Ch@vez

      May 17, 2012 at 10:10 am

      ဘာဘွဲ့မှ မယူပါဘူးဗျာ ..
      အမေဒစ်ကဲင်န် ဖလိုး လည်း မသိပါဘူး…
      😀

      သဂျီးဆီ ဒဘဲ့ခံပီး ဖိုတိုရှော့ ဝဇ္ဇာတ် ဖြစ်အောင် လုပ်မလားလို့..
      တွေးနေပါတယ်…. သူကတော့ ဆြာ့ဆြာဂျီး ဆိုတော့ ဒါ့ပုံတောင်
      ပြန်တို့တဲ့လူ သပ်သပ်ထားတာဒဲ့ ခည…

      ပီး …
      မိတ်ကပ်ပညာ လည်း သင်ချင်သေးဒယ်ဗျာ ….
      ပြန်တို့တဲ့အခါ အသုံးဝင်လွန်းလို့…

      အင်း …ပြောသာပြောရတယ်..
      ခုတောင် မျက်စိ က သရီးဒီ မျက်မှန် မလိုတော့ဘူး ..
      (စာလုံးတွေ ကြွကြွတက်လာ လို့..) ကန်းတော့မယ်ထင်ပါ့….
      တော်သေးဘီ

  • Khin Latt

    May 17, 2012 at 5:50 am

    ချစားနိုင်ငံ တွေက ကြယ်ငါးတွေ နဲ့
    အဲဒီ နိုင်ငံကြီးတွေက ကြယ်ငါးတွေ
    မတူနိုင်တာရယ်။
    ပစ်ပုံ တွေ ကွာတာရယ်။
    တွေးကြည့်ရရင်တော့ ညအိပ်ရတော့မှာမဟုတ်ဘူး။

    မင်းကိုတော့ ဆလံသပါရဲ့ မောင်ဂီရယ်။
    တော်ချက်ကတော့။ ဘယ်လိုများ ဒီလောက် သွက်သွက် ရေးနေနိုင်တယ် ဆိုတာ။
    တကယ်ဘဲ ချီးကျူးပါတယ်။ ၄လဲစားပါတယ်။ 😀
    ဒီလိုလူနဲ့ အပြင်မှာ တကယ်ကြီး တွေ့လိုက်တာကိုလဲ ဝမ်းသာနေမိပါတယ်။

  • Ch@vez

    May 17, 2012 at 6:48 am

    အရီးလတ်ရေ …
    အဲ့သည့် ကြယ်ငါးတွေပစ်နည်း က ပရော်ဖက်ရှင်နယ်လ် ဆန်လွန်းတာ ကိုပဲ ပြောရတော့မယ်ဗျာ..
    ပညာ လျှိုတာတွေ ကြယ်ငါး အချင်းချင်း သတ်တာ ဖြတ်တာတွေ ခေတ်မရှိတော့တာကို ပြောချင်ပါရဲ့..

    ရေးတာကိုတော့ ..မချီးကျူးပါနဲ့ဗျာ ဂလိုပဲ အွန်လိုင်း အဘိဓါန်လေးတွေသုံးပြီး
    ကြည့်-ဖြီး၊ မှန်း-တီး ၊ ဘလိုင်း-ရွှီးတော့ တာပါပဲ ..

    တိုက်ပင်စပိ ကတော့ ဟီး… ရှက်လည်း ရှက်ပါတယ် လေ.. ရှက်လည်း ရှက်တော့ဘာဘူး

    သဂျီးရေ …
    ဘာပြောချင်လဲ တွေ့လိုက်သလိုပါပဲဗျာ …
    မပြောတော့ပါဘူး ..စိတ်ထိခိယက်ကုန်ပါမယ်လေ..
    ဇဂါးအတင်းစပ်..
    သူများဆီမတော့ ဆယ်လီကွန်ဗယ်လီကို နိုင်ငံအဝှမ်း ရွှေ့မတဲ့ …
    ကျုပ်ဆို့ဆီများ ရွှေ့လာရင် ဆင်တွေမြင်းတွေရံပြီးတော့များ ဖွင့်ပွဲ အဲ အဲ ..ရွှေ့ပွဲ အခမ်းအနားနဲ့ ကြိုမလားဘဲ…
    အာဟိ..

    ညက အိပ်မက် မက်တာများ ပြောပါတယ် ..Elsa Fornero တယောက် သင်္ချာဝင့်ကြော် အယောင်ဆောင်ပြီး
    မျက်ရည်လေး တစမ်းစမ်းနဲ့ …လာပြောရှာတယ်… မောင်ဂီ့တဲ့ ..
    ထမင်းတွေ ငှဲ့ချက်တဲ့ အကျင့်တွေလည်း ပြင်တဲ့ …ရေခမ်း စားကြပါစို့တဲ့ …
    ပါစီထွာ မှာ ကမာ္ဘ့ ဆီအစားဆုံး တိုင်းပြည်ဖြစ်နေတာကိုလည်း ပြင်ကြရအောင်တဲ့
    (သွားလေသူဗိုလ်ချုပ်လည်း ဆဲသွားခဲ့ပြီးပြီတဲ့)
    နောက်ထပ် ပါစီထွာမှာ ယပက်လက်နဲ့အပြိုင် ရှက်ကီတွေ ထုနေကြတာလည်း လျှော့တဲ့
    အားရင်လည်း စာလေးဘာလေးဖတ် ၁လုံး-၂လုံး-၃လုံးလေးတွေ လျှော့တဲ့ …
    ကိုယ့်ကိုယ်ကို ယောက်ျားပီသကြောင်း မာလ်ဘိုရိုသောက်ပြီးလည်း ပြမနေနဲ့တဲ့ …
    တတ်နိုင်ရင် ကွမ်းစားတာနဲ့ လက်ဖက်ရည်ဆိုင် ဒူးနှန့်တဲ့ ကာလချာကို တိုက်ဖျက်တဲ့ …
    ဒက်စတွတ် ၁လုံး စီအာရ်တီ ၁လုံးနေရာမှာ လက်ပကျွတ် ၁ဝလုံး အယ်လ်စီဒီ ၅လုံးလောက် အစားထိုးသုံးလို့ရတာကို
    လည်း မမေ့ပါနဲ့တဲ့ …
    ထစ်ကနဲရှိ ဟိုတိုင် ၄လုံး လက်ညှိုးမထိုးဘဲ .. လမိုက်ည ရေကန်ထဲ နွားနို့ဖြည့်ခိုင်းတဲ့ ဥပမာ လိုမျိုး
    ကိုယ်လုပ်နိုင်တာလေးတွေလည်း လုပ်ကြပါဦးဆိုပြီး … မျက်ရည်တစမ်းစမ်းနဲ့ဗျာ ….
    (ရင်ထဲမကောင်းတော့….)

    အိုဘယ့် သချင်္ာလေးရယ်….
    (ဝိုင်းရိုက်ကြတော့မယ်ထင့် ….)

    • Moe Z

      May 18, 2012 at 9:47 am

      လက်မထောင်ပြီး အားပေးသွားပါတယ် မစ္စတာချေးဗတ်
      (phonetics ကို ကောင်းကောင်းမကျေညက်ခဲ့လို့ အသံထွက်သည်းခံပါ) :mrgreen:
      ကွန်မန့်ကိုပါ ခရက်ဒစ်ပေးသွားပါတယ်ဗျ ..

      • Ch@vez

        May 18, 2012 at 9:54 am

        ဇီးညလေး
        ရွာထဲ ပြန်ရောက်လာပြန်ပြီကိုး …

        ဇဂါးမစပ်ဗျာ ..
        (အတည် မေးမလို့ပါ)
        အဘိုးအဘွားအိမ်မှာ တောက်လျောက် နေခဲ့ …
        အရွယ်ရောက်ပြီး နောက်ပိုင်း အဝေးလွင့် ထင်ရာလုပ် တယောက်ထဲ နေတဲ့
        ကလေးတယောက်ရဲ့ …အငုံ့စိတ် နဲ့ သူ့ရဲ့ the dark side
        အကြောင်း နည်းနည်း ပြောပြပေးပါလား …
        ရောဂါ အနုအရင့် သိချင်လို့ပါ…။

        ကျေးကျေးပါ…
        အိပ်မက်ထဲမှာ အတိအကျနေထိုင်တဲ့ …
        ကိုအင်ဂျီး

        • pooch

          May 23, 2012 at 12:28 pm

          အချင်း ချင်းသတ်တာ လျှိုတာတွေကို ပြောတဲ့ထမင်းအိုးမဟုတ်ဖူး ဟိုဘက်က သောက်ညင်ကပ် ပုဒ်မ တက်ပြီး မီးလုံးဝမပေးလို့ အိုးစားကွဲသွားမှာကို ပြောတာ။ တကယ်ထဲမှပဲ ထင်တာတွေ လျှောက်လျှောက်ပြောတယ်။ :angry:

          ဒါကြောင့်မို့ ဂန္ဒီ ကပြောသွားတာ” ငါ့အကြောင်းကို သေချာသိချင်ရင် ငါ့ဖိနပ်ကို စီးပြီးလမ်းလျှောက်ကြည့်ပါလို့ “

  • MaMa

    May 17, 2012 at 7:01 am

    အင်အား (လူအား၊ ငွေအား၊ စိတ်ဓာတ်အား၊ ဉာဏ်အား) ရှိသူများကို အားကျမိပါတယ်။
    မောင်ဂီရေ- မင်းရဲ့ ခွန်အားတွေကိုလည်း ချီးကျူးမိပါရဲ့။ 🙂

  • ရဲစည်

    May 18, 2012 at 9:29 pm

    အခုထိလဲ လိုက်မမှီသေးဘူး ဖြည်းဖြည်းပေါ့နော နောက်တော့ မကျသေးဘူးထင်ပါ အားတော့ လျော့တယ်…

  • blackchaw

    May 26, 2012 at 7:13 pm

    ကပေါက်ဖေါ်နာမည် ကျန်သွားတာ
    သွေးရိုးသားရိုးတော့ ဟုတ်ဟန်မတူပါဘူး…။
    တစ်ခုခုတော့ တစ်ခုခုပါပဲ…။
    ကျွန်တော်လည်း ကြယ်ငါးလေးတွေ ကောက်ပစ်လိုက်ချင်တာပါ
    ဒါပေမယ့်
    ကိုယ်တိုင်က ကြယ်ငါးဖြစ်နေလေတော့
    ကောက်ပစ်မယ့်သူကို မျှော်နေရပြန်ရော…။
    အော် ပေါက်ဖေါ်တို့လို လူတွေရဲ့ ကောက်ပစ်ဖို့ စောင့်နေတဲ့
    ဘဘဘလက်…
    :mrgreen:

Leave a Reply