စိတ်မကောင်းစရာ သတင်းတွေကို နွေရာသီမှာ ကြားရလေ့ရှိတယ်။ ဒါကတော့ ရေခမ်းခြောက်မှုပဲ ဖြစ်တယ်။ ရန်ကုန်တစ်ဖက်ကမ်း ဒလ မှာဆိုရင် ရေချိူက ရှားတယ်။ လွန်ခဲ့တဲ့ ၁၈-နှစ်လောက်က ဒလကိုရောက်ဘူးတယ်။ သူငယ်ချင်းဆီကို သွားလည်တာပါ။ မိုးရာသီမှာ မိုးရေကိုသိုလှောင်ပြီ သုံးရတယ်။ နွေရာသီဆိုရင် ကန်ရေ ကိုသုံးတယ်။ ရေအရည်အသွေးအတော်ညံ့တယ်။ တစ်နေ ့တော့ ရေချိူပြတ်သွားတာနဲ ့ကြုံရပါတယ်။ သူငယ်ချင်းတို ့တစ်အိမ်လုံး ရေချိူးဖို ့ရေမရှိဖြစ်ခဲ့ရတယ်။

အခုလည်း မီဒီယာမှာ ခဏခဏ ဒီလိုပြသနာတွေကို ကြားနေတွေ ့နေရတာကို စိတ်မကောင်းဖြစ်မိတယ်။

နာရေးကူညီမှုအသင်းက ရေပေးဝေရေးမှာလည်း သူတို ့အငြိမ်မနေရဘူး။ သူတို ့က အစိုးရ လုပ်ရမဲ့အလုပ်တွေကို လုပ်နေရပြန်ပြီ။ အစိုးရက ဒီ ပြသနာကို ပေါ့သေးသေးထင်နေလို ့ယနေ ့အထိ ရေပေါတဲ့နိုင်ငံမှာ ရေရှားတဲ့ပြသနာကိုတောင် မရှင်းနိုင်ဘူး။ တကယ်တမ်းဖြေရှင်းချင်ရင်လွယ်လွယ်ပေးပါ။

မြန်မာနိုင်ငံဟာ ရေအရင်းအမြစ်ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ မြေအောက်ရေကစလို မြေပေါ်မှာရှိတဲ့ ရေအရင်းအမြစ်တွေရဲ  ့တန်ဘိုးကိုသိပြီး စီမံခန် ့ခွဲနိုင်ဖို ့အတွက် ရေပေးဝေဆိုင်ရာဝန်ကြီးဌာနတော့ လိုတယ်လို ့ထင်တယ်။ ဒါမှ ပြည်သူတွေရေကောင်းရေသန် ့ရရှိပြီး တန်ဖိုးကြီးတဲ့ ရေအရင်းအမြစ်ကို ထိန်းသိန်းစောင့်ရှောက်နိုင်မှာပါ။ ဒီအတိုင်းသာ မလုပ်ပဲထားရင်တော့ လွန်ခဲ့ နှစ်ပေါင်း ၁ဝဝ-လောက်ကတည်းက ဖြစ်ခဲ့တဲ့ ရေရှိပြီး ရေငတ်နေတဲ့ ပြသနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ရေချိူတွေလည်း ပစ်စလက်ခတ်လုပ်တာကြောင့် ကုန်ဆုံးရတော့မယ်။

လူမှာ အရေးကြီးဆုံးက ရေ…ပဲ။ ရေအသက်တမနက်ပါ။ ဒါ့ကြောင့် ရေနဲ ့ပက်သက်တဲ့ ဝန်ကြီးဌာနကို ဖွဲ  ့ကြပါ။ မလိုအပ်တဲ့ဌာနတွေကို ဖျက်ပါ။ ဥပမာ သာသနာရေးဝန်ကြီးဌာန ဟာလည်း မလိုအပ်ပါဘူး။ ဒီဌာနအစား ရေပေးဝေးဆိုင်ရာ ဝန်ကြီးဌာက ဖွဲ ့တာကမှ ပိုလို ့လူတွေအတွက် အကျိူးရှိစေနိုင်တယ်။ ဘုန်းကြီးတွေအလုပ်ကို ဘုန်းကြီးတွေလုပ်တာ ကောင်းပါတယ်။ လူကသွားပြီး သူတို ့စီမံခန် ့ခွဲတာ ဆရာလုပ်တာက အင်မတန်ငရဲကြီးပါတယ်။ သာသနာရေးဝန်ကြီးဌာနရှိပြီး ငွေကုန်တာပဲ အဖတ်တင်တယ်။ ဘာဝင်ငွေမှ မတိုးတာကိုကြည့်ရင် ဘယ်လောက်နစ်နာလဲဆိုတာကို သိနိုင်တယ်။ ကျနော်ပြောတဲ့ ရေဝန်ကြီးဌာနသာရှိရင် ဒိ့ထက်ပိုကောင်းတဲ့ စီမံခန် ့ခွဲမှုနဲ ့ထိန်းသိန်းစောင့်ရှောက်မှု ့ကို ရရှိလိမ့်မယ်။ ရေမရတဲ့နေရာတွေရေရနိုင်တယ်။

သူများတွေ ရေ ရရှိရေးကူညီနေတာကို တွေ ့လည်း ကျနော်လည်းကူညီဖို ့အတွက် တွေးနေမိတယ်။ ကျနော့်အတွေးက မြစ်ချောင်းတွေ အင်းအိုင်တွေကို ပိုက်နဲ့သွယ်တန်းပြီး ရေးပေးတာလည်းမဟုတ်ပါဘူး။ အဝိစိတွင်းကို ခေတ်မှီစက်နဲ ့တူးပေးချင်တဲ့အတွေးပါ။ မြန်မာပြည်မှာ လက်နဲ ့တူးတဲ့ အဝိစိတွင်းအစား အဝိစိတွင်းတူဖို ့စက်တွေကို နိုင်ငံခြားကနေ တင်သွင်းချင်တဲ့အတွေးပါ။ ဒါဆိုရင် နေရာဒေသမရွေး အလွယ်တကူသွားလာနိုင်ပြီး မြန်မြန်လည်းတူးပေးနိုင်မယ်လို ့ထင်တယ်။

တရုတ်ပြည်က စစ်ကားတွေနဲ ့စစ်လက်နက်တွေကို နဲနဲလောက်လျှော့ဝယ်ပြီး အဝိစိတွင်းတူးတဲ့စက်လေးများဝယ်လိုက်ရင် ဘယ်လောက်ကောင်းမလဲလို ့ညတုန်းက တွေးမိပါတယ်။ ဒီလိုဆိုရင် ဒလက လူတွေ ရေကို ဝဝလင်လင် သုံးနိုင်မယ်။

မြန်မာနိုင်ငံထဲက လူမှုရေးအဖွဲ ့အစည်းတွေ ကူညီချင်သူတွေအားလုံးလည်း ကျနော်ပြောတဲ့ စက်လေးများ(Water Well Drilling Machine
 ) ဝယ်ကြပါလားလို ့ပြောချင်ပါတယ်ဗျာ။ လက်နဲ ့တူးတဲ့ အဝိစိတွင်းပုံစံကို ခေတ်မှီနည်းပညာနဲ ့ပေါင်းစပ်ကြတာပေါ့။ ကျနော်လည်း လှူချင်လို ့ပါဗျာ။ရေအကျိူးဆယ်ပါး မတောင်းပဲနဲ ့ပြည့်တယ်လို ့တော့ ကြားဘူးတယ်။ ဒီလိုလှူလို ့  ့ဆယ်ပါးကိုလည်း မတောင်းပဲနဲ ့မလိုချင်ပါဘူး။ ရေငတ်နေတာကို မကြည့်ချင်လို ့ပါ။

About phone_kyaw

Phone Kyaw has written 157 post in this Website..