ဘယ်သူ လိမ် နေလဲ

BayoteJune 17, 20101min1306

ကမ္ဘာ.ဖလားဘော်လုံးပွဲကို MRTV ကကော မြဝတီကပါ လွှင့်မယ်လို့ ကြေငြာခဲ့ပါတယ်။ တာဝန်ယူမှာက မိုးဆန်းပန်း ကလို့ ကြေငြာထားပါတယ်။ မနေ.က ဘော်လုံးပွဲ ကြည့်မည်လုပ်တော့ Fifa မှ Signal မရလို့တဲ့ဗျာ။ စာတန်းကြီးနဲ့။

ပြည်သူလူထုကို ဘယ်သူတွေ “လ လုံး ကြီး တင် မ သတ်” လိမ် နေကြပါသလဲ။ MRTV, MWD ကလိုတာလား။ မိုးဆန်းပန်းကလဲ အလကား ရတဲ့လိုင်းကို ဂွင်ရိုက်တာလား။ Yangon Entertainment ကလဲ လူတွင်ကျယ် လုပ်တာလား မသိတော့ပါ။

ပိုက်ဆံ မရှင်းလို့ကော မဖြစ်နိုင်ဘူးလား။ ဒီလောက်တိုးတက်နေတဲ့ခေတ်မှ Signal မရတာ ရှက်ဖို့ကောင်းပါတယ်။

ကျနော်ကတော့ တစ်ခုခုတော့ မှားနေပြီထင်ပါတယ်။ Mandalay Gazette သားတွေကကော ဘယ်လိုထင်လဲ။ သိယင် Comments တွေမှာ ရေးပေးကြပါလို့။

6 comments

  • Shwemannmay

    June 17, 2010 at 2:40 am

    တစ်ခုခုမှားနေတာတော့သေချာတယ်လေ။ သူတို ့ရှင်းချက်ထုတ်ရင်ထုတ်မှာပေ့ါ။ စောင့်ကြည့်လိုက်ပါဦး

  • Ba Gyi Taw

    June 17, 2010 at 3:58 am

    ဟာဒယရွှင်ဆေးဘဲ

  • yannaingech

    June 17, 2010 at 4:12 am

    ဒီလိုပဲ တစ်နိုင်ငံလုံးကို ရိုက်စားလုပ်နေကြဆိုတော့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်လိုက်တာဖြစ်မှာပေါ့။ FIFA က Free to air လိုင်းတွေကို မူပိုင်ခွင့်နဲ့ ပိတ်လိုက်တယ်ထင်ပါတယ်။

  • လင်းဝေကျော်

    June 17, 2010 at 4:17 am

    ွှThai 3 က စပြီးလိမ်တာလား
    Yangon Entertainment ကလိမ်သလား
    မိုးဆမ်းပန်း ကလိမ်သလား
    အဓိက ကတော့ ပိုက်ဆံ ပေးဖို့ ပျက်ကွက်လို့ ဖြစ်ရတာနေမှာ

  • intro

    June 17, 2010 at 1:31 pm

    စောင့်ကြည့်ရဦးမှာပေါ့ဗျာ…

  • etone

    June 18, 2010 at 4:29 am

    ရယ်ရတယ် အရှက်ကိုမရှိဘူး ။ signal မရလို့ဆိုတဲ့စာတန်းထိုးရဲသေးတယ် ။

Leave a Reply