“ယနေ့ခေတ် ဘာသာရေးမှ ဗိုင်းရပ် (virus) အယူများ (ဒုတိယပိုင်း) (ပရမတ္တသစ္စာ ဗိုင်းရပ်အကြောင်း)

ashinariyaMay 16, 20121min68139

(“ယနေ့ခေတ် ဘာသာရေးမှ ဗိုင်းရပ် (virus) အယူများ (ပထမပိုင်း)” ၏ အဆက်)

“သေပြီးနောက် ဖြစ်/ မဖြစ် အတွေးတွေဟာ လူတွေအတွက် ဗိုင်းရပ်လိုမျိုးပဲဆိုရင် တပည့်တော်တို့ အဲဒါတွေကို မတွေးတော့ပဲ ဝိပဿနာရှုတာကိုပဲလုပ်နေရတော့မှာလား ဘုရား။”

“ကွန်ပျူတာ (computer) တစ်လုံး ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် သူ့မှာ အသုံးတည့်တဲ့ ဆော့ဝဲ (software) တွေ ထည့်ထားဖို့လိုသလို လူတွေ ဘဝမှာ ငြိမ်းငြိမ်းအေးအေး နေနိုင်ဖို့အတွက် အမှန်ငြိမ်းအေးစေတဲ့ အသိတွေ သိထားဖို့တော့လိုတာပေါ့ ဒကာ။ ဝိပဿနာအသိဉာဏ်ဆိုတာ လူသားတွေငြိမ်းအေးစေတဲ့ အသိဉာဏ်ပါ။ ဒါပေမယ့် အဲဒီအသိဉာဏ်ကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လောက်က ဦးဇင်းတို့ ဗုဒ္ဓလမ်းညွှန်ခဲ့တဲ့ အရိယာသစ္စာအသိဉာဏ်တော့ ဖြစ်ဖို့လိုတာပေါ့။”

“ဒီနေ့ခေတ်မှာ ပြနေကြတဲ့ ဝိပဿနာနည်းတွေကကော ဘုရား။”

“ဝိပဿနာတော့ ဝိပဿနာပါပဲ၊ ဒါပေမယ့် ပရမတ္တသစ္စာအသိနဲ့ ဟောပြောပြသနေကြတဲ့ ဝိပဿနာနည်းတွေဖြစ်နေကြတယ်လေ။”

“ပရမတ္တသစ္စာက တပည့်တော်တို့ဘုရားဟောခဲ့တဲ့ သစ္စာမဟုတ်ဘူးလား၊ တချို့ ပရမတ္တသစ္စာနဲ့ အရိယသစ္စာအတူတူပဲလို့ ပြောနေကြလို့ပါဘုရား။”

“အဲဒါကတော့ လူရွှင်တော် ကျင်ဝှက်ကို နာမည်မှာ “ကျင်” ပါတာနဲ့ပဲ ဒါတရုတ်ကြီးပဲလို့ ထင်သလိုဖြစ်နေမှာပေါ့။ တကယ်ကသူက တရုတ်လူမျိုးမှ မဟုတ်တာပဲ။ “

“တင်ပါ့ ဘုရား”

“အဲဒီလိုပဲ သစ္စာဆိုတဲ့ စကားပါတာနဲ့ပဲ ဒါဗုဒ္ဓဟောတာပဲလို့ ယူနေရင်တော့ ကျင်ဝှက်ကို တရုတ်လို့ထင်သလိုဖြစ်နေမှာပေါ့။ သစ္စာဆိုတဲ့ အမှန်တွေကအမျိုးမျိုးရှိနေကြတာပဲ။ အဓိကကတော့ သမုတိသစ္စာ၊ ပရမတ္တသစ္စာ၊ အရိယသစ္စာ . . . . .။ အဲဒီသုံးမျိုးထဲမှာ သမုတိသစ္စာအသိဟာ လူတွေ တိရ စ္ဆာန်တွေ ရေမြေတောတောင် အရာဝတ္ထုတွေရဲ့ အဖြစ်အပျက်တွေကို သိတဲ့အသိပါ။ ဗုဒ္ဓမပွင့်ခင်ကတည်းကသိနေကြတာပဲ။ လောကအတွက် အသုံးဝင်ပေမယ့် လူသားတွေအတွက် အမှန်တကယ် ငြိမ်းအေးစေမှုအထိတော့ မပေးနိုင်ဘူးပေါ့။ ”

“တင်ပါ့ ဘုရား”

“နောက်ထပ် ပရမတ္တသစ္စာအသိကတော့ လူတွေ တိရ စ္ဆာန်တွေ ရေမြေတောတောင် အရာဝတ္ထုတွေရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ရုပ်တွေ၊ နာမ်တွေရဲ့ အဖြစ်အပျက်အကြောင်းကို သိအောင်လုပ်ရတာပါ။ ဒီအသိဟာ ဦးဇင်းတို့ ဗုဒ္ဓမပွင့်ခင်ကတည်း အိန္ဒိယမှာ ဟိန္ဒူတွေ၊ ဂျိန်းတွေ၊ ဗြဟ္မဏတွေ သိအောင်လုပ်နေကြ တဲ့ အသိတွေပါ။ ဦးဇင်တို့ ဗုဒ္ဓတောင်မှ ငြိမ်းချမ်းရေးတရားအသိကို စရှာတော့ ဒီနေ့ခေတ်လိုပဲ အဲဒီခေတ်မှာ ခေတ်စားနေတဲ့ ပရမတ္တသစ္စာတရားတွေပြတဲ့အဖွဲ့ (ရိပ်သာ)တွေထဲက အာဠကတို့၊ ဥဒကတို့ အဲဒီရသေ့ကြီးတွေရဲ့တရားစခန်းတွေမှာ ပရမတ္တသစ္စာဝိပဿနာတွေ လုပ်ခဲ့သေးတာပဲလေ။ ”

“အဲဒီတုန်းကတည်း တရားစခန်းတွေ ရှိခဲ့တာပေါ့နော်”

“ တရားစခန်းတွေဆိုတာ အဲဒီခေတ်မှာကတည်းက အာဠကတရားစခန်းတို့၊ ဥဒကတရားခန်းတို့ ဂျိန်းတရားစခန်းတို့ ဆိုပြီး ဒီခေတ်တရား စခန်းတွေလို ရှိနေတာပဲ။ အဲဒီထဲကမှ အာဠကဆရာကြီးရဲ့တရားစခန်းမှာ အတွေးမဲ့ကျင့်စဉ် (ရုပ်ကမ္မဋ္ဌာန်း)ကို ဗုဒ္ဓ(ယောဂီသိဒတ္ထ)က အဆုံးထိ သိအောင်နည်းယူခဲ့တာပဲ။ နောက်ထပ်ပြီးတော့ ဥဒကဆရာကြီးရဲ့ တရားစခန်းမှာ ဘာမှမရှိတာကိုပဲသိတော့တဲ့ အသိမဲ့ကျင့်စဉ် (ရုပ်/ နာမ် ဖြစ်ပျက်ကမ္မဋ္ဌာန်း) နဲ့ ပရမတ်တွေကို နည်းကုန်သိအောင်လုပ်ခဲ့ပြီးတော့ တောထဲမှာ ယောဂီပဉ္စဝဂ္ဂီငါးဦးနဲ့ အဲဒီ ပရမတ်အသိတွေအတိုင်း ကျင့်တော့တာပဲလေ။ ဒီနေ့ခေတ်မှာ တချို့ယောဂီတွေ ရိပ်သာစုံ၊ တရားစခန်းအစုံ လှည့်ဝင်နည်းယူပြီးတော့မှ တောထဲမှာ သွားကျင့်ကြသလိုပေါ့။ အဲဒီပရမတ္တအသိတွေကို သူ့ခန္ဓာကိုယ်ကြီးမှာ လက်တွေ့သိရအောင်လို့ အစာစားတာတွေကိုပါ လျှော့ပစ်၊ အအိပ်အနေတွေကိုပါ လျှော့ပစ်ပြီးတော့ကို သိအောင်လုပ်တော့တာပဲ။ ဒီခေတ်သိပ္ပံဆရာကြီးတွေ ထမင်းမေ့ ဟင်းမေ့ သုသေသနတွေလုပ်သလိုပဲ နေမှာပေါ့။

အဲဒီအချိန်မှာ ဦးဇင်းတို့ဗုဒ္ဓဟာ အဲဒီလို အသေအလဲ ငြိမ်းအေးရေးတရားကို သိအောင်လုပ်ပေမယ့်လည်း လူကသာ ပင်ပန်း ဆင်းရဲလာပြီး လူ့ရဲ့ နဂိုအရည်အသွေးတွေပါ ပျောက်ပျက်ကုန်လာတာကို ရိပ်မိလာတယ်။ လူကလည်း မငြိမ်းချမ်းတဲ့အပြင် ဆေးသမား ဆေးစွဲသလို ဒါမှမလုပ်ရရင် မနေနိုင်တော့ဘူး။ လူတွေနဲ့လည်း မဆက်ဆံချင်တော့ဘူး။ ဒီအတွေးမဲ့၊ အသိမဲ့ပြီးတော့ပဲ နေချင်တော့တဲ့သဘောဖြစ်သွားတယ်။ ဒါဟာ တဖြေးဖြေးနဲ့ လူကို အရည်အချင်းတုံးစေတဲ့တရား (အတ္တကိလမထနုယောဂ) အကျင့်ပဲလို့ ဆုံးဖြတ်ပြီး ဒီပရမတ်အသိနဲ့ ကျင့်နေတာတွေကို ရပ်ပစ်လိုက်တော့တာပဲ။ အဲဒီအကျင့်ကို မကျင့်တော့လို့ အဲဒီအချိန်မှာ ဗုဒ္ဓနဲ့ အတူ တရားကျင့်နေကြတဲ့ ပဉ္စဝဂ္ဂီလို့ လူသိများတဲ့ ယောဂီငါးယောက်က ဗုဒ္ဓကို တရားအကျင့်ကနေ သွေဖယ်သွားပြီဆိုပြီးတော့ မပေါင်း ကြတော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းကလည်း ဒီနေ့ခေတ်လိုပဲ ရုပ်၊ ပရမတ်တွေ၊ နာမ်ပရမတ်တွေကို ရှုမှ တရားလို့ ထင်နေတာကိုး။

ဒါ့ကြောင့် ဒီပရမတ္တသစ္စာအသိဟာ ဗုဒ္ဓမပွင့်ကာလကတည်းခဲ့ရှိခဲ့တာကို ဗုဒ္ဓကလည်း ဒါတွေပဲ ပြန်ဟောတယ်ဆိုရင် ဆရာအကူမပါပဲနဲ့ သူကိုယ်တိုင်သိတဲ့တရားလို့ ပြောလို့ရနိုင်ပါ့မလား ဒကာ။”

“ဒီပရမတ်အသိဟာ လူကို တဖြေးဖြေးနဲ့ ဘယ်လို အရည်အချင်းတုံးစေတာလဲ ဘုရား။ တပည့်တော်ကို ထပ်ရှင်းပြပါဦး။”

“ဒီ ပရမတ်အသိနဲ့ ကျင့်နေကြတာတွေကို အချိုမှုန့် ဥပမာပြပြီး ဦးဇင်း “အချိုမှုန့်ပမာ ယနေ့ခေတ် ဝိပဿနာမှာ” တင်ပြထားသေးတယ်။ လူ့ရဲ့အတွေးတွေကို ရပ်ပစ်နိုင်ဖို့ ဘာမှ မတွေးမိအောင်၊ ဘာမှ မသိမိအောင် ကျင့်မိပြီဆိုရင် ဒီလူ့မှာ ဦးနှောက်လုပ် ဆောင်ချက်တွေ တဖြေးဖြေးနဲ့ နှေးသွားတယ်။ ဦးနှောက်လုပ်ဆောင်ချက်နှေးလာတော့ ဦးနှောက်ကို သွေးထောက်ပံဖို့အတွက် ခုန်ပေးနေရတဲ့ နှလုံးခုန်နှုံးလည်း နှေးလာတယ်။ အဲဒါက်ို တချို့တရားစခန်းတွေမှာ စက်ကရိယာတွေနဲ့ကိုပဲ တိုင်းတာပြကြတယ်။ အဲဒီ အခြေအနေရောက်ရင် လူဟာနေလို့ကောင်းလာတယ်တဲ့။ အဲဒီလို နေလို့ကောင်း နေတာလေးကိုပဲ တရားရနေတာလို့ပဲ ထင်တတ်ကြသေးတယ်လေ။ အဲဒီအနေမျိုး ကတော့ စိတ်ငြိမ်ဆေးလို ဆေးဝါးတွေသောက်ရင်လည်း ရတာပဲလို့ ဆေးပညာရှင် တွေက ထောက်ပြတော့ ဒီအကျင့်ကျင့်တဲ့သူတွေက စိတ်ငြိမ်ဆေးသောက်ရင်တော့ ဆေးစွဲမှာပေါ့တဲ့။ ဒါပေမယ့် သူတို့ကို်ယ်တိုင် ဒီအတွေးမဲ့၊ အသိမဲ့အနေရဲ့ အနေကောင်း လေးကို စွဲပြီး ဒါမှ မလုပ်ရရင် မနေနိုင်ဖြစ်နေတာကို မသိကြတော့ဘူးလေ။ ဒါဆေးစွဲ သလိုဖြစ်နေတာပဲ။

ဒီ ပရမတ္တသစ္စာရဲ့ အတွေးမဲ့၊ အသိမဲ့အနေကို စွဲမိပြီဆိုရင် အဲဒီလူဟာ တွေးသင့်တွေထိုက်၊ သိသင့်သိထိုက်တဲ့ လူကိစ္စရပ်တွေကိုပါ မတွေးချင်၊ မသိချင်တော့ဘူး။ တချို့ဆိုရင် စီးပွားရေးတွေပါ ပစ်လိုက်ပြီး ဘာမှကို လူ့အလုပ် မလုပ်တော့လို့ အဲဒီလူတွေရဲ့အနေအထိုင်တွေဟာ မလှုပ်ချင်၊ မကိုင်ချင်၊ စကား မပြောချင်၊ မတွေးချင်၊ မခေါ်ချင်ပုံစံမျိုးတွေဖြစ်လာတော့တာပဲ။ ဒါကိုပဲ တရားကြောင့် တည်ငြိမ်လာတယ် ထင်ပြန်ရော။ ဒါဟာ တကယ်တည်ငြိမ်လာတာ မဟုတ်ပါဘူး။ ဦးနှောက်လုပ်ဆောင်ချက်တွေ နှေးကွေးလာလို့ လူက ထုံထိုင်းထိုင်းသဘောမျိုး ဖြစ်နေတာပါ။ ကျန်းမာရေးမကောင်းလို့ ဖောနေတဲ့သူကို ဝလာတယ်လို့ ထင်နေသလိုပေါ့။”

“တင်ပါ့ဘုရား”

“ကွန်ပျူတာမှာ တချို့ဗိုင်းရပ်တွေဟာ ကွန်ပျူတာရဲ့ စနစ် (System) ကို နှေးကွေးလေးလံလာအောင်လို့ ပြုလုပ်သလို ဒီပရမတ္တသစ္စာအသိကြောင့် ဖြစ်နေရတဲ့ အသိမဲ့၊ အတွေးမဲ့အနေဟာလည်း လူ့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို နှေးကွေးလေးလံသွားအောင်လုပ်ပစ်လိုက်တာမို့ ဦးဇင်းက အဲဒီအသိကို ဗိုင်းရပ် (virus) လို့ ဥပမာပြပြောရတာပဲ။”

“အော် ဒါ့ကြောင့်ကိုး၊ အခုတရားစခန်းတွေက ပြန်လာတဲ့သူတွေကိုကြည့်လိုက်ရင် ပြန်လာခါစမှာ မလှုပ်ချင်သလိုလို၊ မကိုင်ချင်သလိုလို၊ မပြောချင်သလိုလိုနဲ့ ထုံတုံတုံပုံစံတွေပေါက်လာကြတာကိုး၊ ”

“ဒါက သူတို့ကို အဲဒီပုံစံပေါက်အောင် ကျင့်ခိုင်းလိုက်တာလေ။”

“တင်ပါ့ ဘုရား”

“အဲဒါကြောင့် လူ့ရဲ့တွေးခေါ်မှုစွမ်းရည်၊ သိမြင်မှုစွမ်းရည်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်မှုအရည်အသွေးတွေကို နှေးကွေးလေးလံ ကျဆင်းလာအောင် ဖြစ်စေလို့ အဲဒီအသိ၊ အဲဒီအကျင့်ကို ဦးဇင်းတို့ ဗုဒ္ဓက အတ္တကိလမထနုယောဂ အကျင့်လို့ ဟောခဲ့လို့ ဦးဇင်းက ကွန်ပျူတာဗိုင်းရပ်နဲ့ တင်စားပြီးတော့ ပြောရတာပဲ ဒကာ။”

“ဒီဗိုင်းရပ်တွေကို ဘယ်လိုကာကွယ်ရမလဲ ဘုရား၊ ပြီးတော့ ဘယ်လို ဆော့ဝဲမျိုးတွေထည့်ပြီး အလုပ်လုပ်ရမလဲ ဘုရား။”

“ဒီလူ့အရည်အသွေးတွေကိုကျဆင်းစေတဲ့ အတွေးမဲ့၊ အသိမဲ့အသိတွေနဲ့ ကျင့်မိတဲ့ အဖြစ်တွေရဲ့ ဆိုးဝါးပျက်စီး အချီးအနှီးဖြစ်နေရပုံ တန်ဘိုးအမှန်ကို သိတဲ့အသိဉာဏ် (Antivirus Software)နဲ့ သတိထား အကဲခတ်မှပဲရမယ် ဒကာ။”

“တင်ပါ့ ဘုရား”

“နောက်ပြီး အရည်အသွေးမြင့်မားတဲ့ လူတစ်ယောက်အနေနဲ့ ငြိမ်းအေးအောင် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ကတော့ လူ့ရဲ့ အမှု (ကမ္မ)တွေအပေါ်မှာ တရားတဲ့အမှုလား ? မတရားတဲ့ အမှုလားဆိုတဲ့ တန်ဘိုးအမှန်ကို ပိုင်းခြားပေးတဲ့ ကွန်ပျူတာမှာ လုပ်ငန်းတွေကို တည်းဖြတ်ပေးတဲ့ဆော့ဝဲ (Editing Software)နဲ့တူတဲ့ လူ့အမှုစိစစ်ဉာဏ် အရိယသစ္စာအသိရှိဖို့တော့လိုတာပေါ့ ဒကာ။”

ဒါဆိုရင် ဒီအရိယသစ္စာအသိဟာ လူ့အရည်အသွေးတွေမြင့်လာအောင် လူ့အမှုတွေကို စိစစ်ပြုပြင်ပေးတဲ့ ဆော့ဝဲနဲ့လည်း တူတာပေါ့နော်”

“ဟုတ်တယ် ဒကာ။ ဒီအရိယသစ္စာအသိဟာ အင်တီဗိုင်းရပ်ဆော့ဝဲ (Antivirus Software) လို အသုံးဝင်သလို လူ့အမှုတွေကို (သမ္မာ) တရားတဲ့ ငြိမ်းအေးစေတဲ့ အမှုတွေ ဖြစ်အောင် ပြုပြင်ပေးတာမို့ အက်ဒီတင်း ဆော့ဝဲ (Editing Software) နဲ့လည်း တူတယ်လို့ပြောရတာပဲ

ကဲ ဒီအရိယသစ္စာဆိုတဲ့ လူ့ငြိမ်းအေးစေတဲ့အသိ (Khamma Editing Software) အကြောင်းကိုတော့ နောက်မှ ဆက်ကြတာပေါ့နော်၊”

“သာဓု . . . သာဓု . . . သာဓုပါ ဘုရား။”

“အရိယသစ္စာ” လူ့ငြိမ်းအေးမှုအသိဉာဏ် (Khamma Editing Software) ကို www.ariyathitsa.org တွင် အခမဲ့ download စွဲယူ၍ရနိုင်ပါသည်။

39 comments

  • ဦးဦးပါလေရာ

    May 16, 2012 at 5:02 pm

    မိုးပြာတရားရဲ့ ဟောဒီအပိုင်းမှာ
    ထေရဝါဒဗုဒ္ဓဘာသာရဲ့ အယူအဆကို မှားယွင်းစွာဖေါ်ပြထားခြင်း
    ထေရဝါဒ တရားစခန်းများကို တိုက်ခိုက်စော်ကားထားခြင်းကြောင့်
    ဗုဒ္ဓဘာသာဝင် မြန်မာပြည်သားများကို အရှက်မဲ့သော တိုက်ရိုက်စော်ကားမှု့အဖြစ်
    ပြင်းထန်စွာရှုတ်ချပါသည်။

    • မျိုးကို

      May 20, 2012 at 1:02 pm

      အနောက်နိုင်ငံမှ ဆေးပညာရှင်များမှ ပရမတ်ဝိပဿနာပြဆရာကြီး ဦးဂိုအင်ဂါအား “လူကြီးမင်းတို့ တရားစခန်းမှာ ၃-နာရီကြာ (meditiation) တရားထိုင်ရင် ရမယ့် အခြေအနေကို ကျနော်တို့ ကုမ္မဏီက ဆေးဝါးတွေက တစ်ပုံစံတည်းဖြစ်အောင် တာဝန်ယူပေးပါ့မည်”ဟု ပြောခဲ့ဖူးပါသည်။ သူတို့ဆေးဝါတွေသာ တွင်ကျယ်လာရင် လူူတွေအခိ်ျန်ကုန်ခံပြီး ရိပ်သာတွေ သွားစရာမလိုတော့မလိုဖြစ်နေပါသည်။.စဉ်းစားစရာတွေပါပဲ။

    • ashinariya

      May 21, 2012 at 3:23 pm

      ထေရဝါဒဗုဒ္ဓဘာသာကို ပြောဆိုခြင်း မဟုတ်ပါ။ တရားအားထုတ်မှု နည်းစနစ်များကိုသာ ဝေဖန်ခြင်းဖြစ်သည်ဟု နားလည်းပေးပါ။

    • Thwin Myint

      March 15, 2014 at 2:22 pm

      ထေရဝါဒဗုဒ္ဓဘာသာရဲ့ အယူအဆကို မှားယွင်းစွာဖေါ်ပြထားခြင်း
      ထေရဝါဒ တရားစခန်းများကို တိုက်ခိုက်စော်ကားထားခြင်းကြောင့် လို့ဆိုရအောင် ဘာတွေမှားပြီးဖေါ်ပြထားသလဲ ဘာတွေစော်ကားထားလဲ ရှင်းရှင်းလင်းလင်းပြောပါ ခင်ဗျားကဒီလိုလုံးပြီး မှားသလေး စော်ကားသလေးလျှောက်ပြောနေလို့မရဘူး ။ဦးဦးပါလေရာ ခင်ဗျား ဟာ ဘာသာရေး၊ကိုးကွယ်ယုံကြည်မှု့ နယ်ပယ်မှာ အသိပညာဗဟုသုတ ပြည့်ဝတယ်လို့ ကိုယ့်ကို ကိုယုံကြည်ရင် ခင်ဗျားပြောသမျှစကားတိုင်းဟာ အချက်အလက်ပြည့်စုံရမယ် အကျိုးအကြောင်းခိုင်မာရမယ် စကားရှေ့နောက်ညီရမှာဖြစ်ပါတယ်။သူတပါးကိုဝေဖန်မယ်၊တိုက်ခိုက်မယ်ဆိုရင်လည်း အချက်အလက်အကျိုးကြောင်း ပြည့်စုံခိုင်မာပါစေ။အချက်အလက်ခိုင်ခိုင်မာမာနဲ့ဝေဖန်ပါ ပြန်ပြီးချေပ ပါ။ ဒီလိုမှ မလုပ်နိုင်ရင် ဘာသာရေး မဆွေးနွေး ပါနဲ့ ဘာသာရေးစကားမပြောပါနဲ့။

  • KyawThein

    May 16, 2012 at 9:06 pm

    အဆိပ်အတောက်ဖြစ်စေသောရေးသားမှုဟုယူဆ၍
    ပြင်းထန်စွာရှုတ်ချပါသည်။
    ကိုယ်.ဘာသာ ကိုယ် ဘာသာတစ်ခုထူထောင်ပါ။ဗုဓ္ဒ ကိုအသုံးမချပါနဲ.
    ရွာသူရွာသားများအနေနဲ.လဲ ဝင်ဖတ်သင်.သောစာမျိုးမဟုတ်ပါ
    ဝင်မဖတ်ဘဲ နေခြင်းဖြင်. ရှုတ်ချကြစေလိုပါသည်။

    • shwe kyi

      May 17, 2012 at 2:38 pm

      နောက်လုံးဝမဖတ်တော့ပါ။

  • pazflor

    May 17, 2012 at 1:30 am

    Parasite ဆိုတာ ဒါမျိုးထင်ပ၊ တွယ်ကပ်ပီးမှ ဖျက်ဆီးတာလေ။ အော် မိုးပြာမိုးပြာ….

  • lynnsatyar

    May 17, 2012 at 10:09 am

    ဖြစ်ရလေတယ်….။ ဘုရားကပဲ အာဠကတို့ ဥဒကတို့ဆီမှာ… ပရမတ်တရား သင်ခဲ့ရတယ်လို့…။ အဲ့ဒီမှာ..ကျင့်တာ… သမထလေ.. ရူပဈာန် အရူပဈာန်တွေကို ကျင့်တာလေ.. ဝိပဿနာမှ မဟုတ်တာ ဘိုးတော်မိုးပြာ တို့ရဲ့…။သမထဆိုတာ စိတ်က တစ်နေရာတည်းမှာ စူးစိုက်နစ်ဝင်နေတာ.။ အဲ့တော့ ပတ်ဝန်းကျင်ကို ၊ ပတ်ဝန်းကျင်ကအဖြစ်အပျက်တွေကို..မသိတာမျိုး ဖြစ်တယ်….။ ဝိပဿနာဆိုတာ အသိတွေမဲ့သွားအောင်ကျင့်နေတာ မဟုတ်ဘူး..။ စိတ်မှာ ရုပ်မှာ ဖြစ်ဖြစ်လာသမျှတွေကို သိအောင်လုပ်နေတာ..။ Analysis လုပ်နေတာဗျ…။ ပြီးတော့ဗျာ သမထပဲ ကျင့်ကျင့် ၊ ဝိပဿနာပဲကျင့်ကျင့် ဒီတရားတွေကျင့်လို့ပဲ လူတွေက လူညွန့်တုံးသွားမယ်ဆိုတာ ခင်ဗျားတို့ ဘိုးတော် ပြောတာ လက်တွေ့ကျရဲ့လား ပြန်စဉ်းစားကြဦး…။ စိတ်တွေ တည်ငြိမ်သွားတာ..။ စိတ်စူးစိုက်မှုအားကောင်းသွားတာ… အဲ့ဒီလူ လူညွန့်တုံးသွားတယ် ဆိုတာကို ခင်ဗျားတို့ ကမာ္ဘလှည့်ပြီး ဖင်ပိတ်ငြင်းကြည့်လိုက်ကြပါဦး…။
    လူတွေဟာ ကိလေသာအပူတွေ တစ်ခုမဟုတ် တစ်ခု က တိုက်ခိုက်တာကို အချိန်နဲ့အမျှ ခံနေရလို့.. နှလုံးခုန်နှုန်းတွေ ။ အသက်ရှူနှုန်းတွေဟာ အမြဲကို ပြောင်းလဲနေတာ…။ သမထ ၊ ဝိပဿနာ ကျင့်တဲ့ အချိန်မှာကျမှ အဲ့ နှုန်းတွေ အေးအေးသက်သာနဲ့ အခြေအနေတစ်ခုမှာ တည်ငြိမ်သွားတာ…။ အဲ့လို အခြေအနေကို မကောင်းပါဘူးလို့ ဘယ် သုတေသနကမှ မဆိုခဲ့ဘူး..။ လူ့ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ် လို့ပဲ ပြောခဲ့ကြတယ်….။ ခင်ဗျားတို့ အလှည့်ကျမှပဲ… ဒါ လူညွန့်တုံးတယ် ဖြစ်ရတော့တယ်….။ ဘုရားရဲ့ တရားကို လူညွန့်တုံးတဲ့ တရား…။ လူကို သစ်တုံးလိုကျင့်စေတဲ့တရားလို့ ခင်ဗျားတို့မှ မဟုတ်ဘူး ။ ဘုရားရှင်လက်ထက်ကတည်းက စွပ်စွဲခဲ့ကြတာပဲ…။ ဘုရားရှင်လည်း ဖြေရှင်းခဲ့ပြီးသားပဲ…။
    ခင်ဗျားတို့ ပြောပြောနေတဲ့ စိတ်အမှုတွေ ကိုယ် အမှုတွေကို မလွန်ကျူးအောင် ထိန်း ဆိုတာ.. သတိပဌာန် တရားပဲ..။ ဒါပေမယ့် မဖြစ်အောင်ထိန်းရုံပဲဆို သီလပဲဖြစ်ဦးမယ်ဗျ…။ ထိန်းပြီးတော့ အဲ့ စိတ်ကလေး ကိုယ်ကလေးတွေ ဘယ်လိုဖြစ်တယ် ဘယ်လိုပျက်တယ်..ဆိုတာကို analysis လုပ်မှ ပညာဝင်တာ…။ ခင်ဗျားတို့တွေလည်း ကိုယ်တိုင်သိအောင် မကြိုးစားပဲ ရှင်ဉာဏ ပါးစပ်မှာပဲ လမ်းဆုံးနေကြပါလား…။ ဘုရားဟောကို ဟိုနေရာပဲဖြတ်ယူ ဒီနေရာလေးပဲဖြတ်ယူလုပ်ပြီးတော့ ၊ တလွဲတွေ အဓိပ္ပါယ်လျှောက်ဖွင့်ပြီးတော့ ထေရဝါဒကို လိုက်တိုက်ခိုက်နေတာပဲ….။ ခင်ဗျားတို့ပြောနေတဲ့ နည်းလမ်းနဲ့ ခင်ဗျားတို့ပဲ ကျင့်ကြည့်ကြပါဦး…။ ကာယကံ ၊ ဝစီကံ ၊ မနောကံတွေက မကောင်းမှုတွေကို ထိန်းရုံတင်ထိန်းနိုင်တာလား..။ အဆင့်လိုက် အပြီးတိုင် ပယ်သတ်နိုင်တာလားလို့…။ အေးပေါ့လေ.. ခင်ဗျားတို့ သတ်မှတ်ထားတဲ့ ပန်းတိုင်က ထိန်းနိုင်ရုံပဲဆိုရင် ခင်ဗျားတို့အနေနဲ့ ခင်ဗျားတို့ အရိယာဖြစ်နေပြီပေါ့…။ ဒါပေမယ့် အဲ့ဒါ ခင်ဗျားတို့ အယူ ဗုဒ္ဓအယူ မဟုတ်ဘူး…။ ခင်ဗျားတို့ လာလာ ရောချမနေကြနဲ့…။
    ပြီးတော့ ကနေ့ခေတ် ဗုဒ္ဓဘာသာဝင်တွေ ဘုရားဟောတဲ့အတိုင်း နေထိုင်ပြုမူ မကျင့်ကြံနိုင်တာ လူတွေရဲ့ချို့ယွင်းချက် ၊ တရားရဲ့အားနည်းချက်မဟုတ်ဘူးဗျ…။ လူတွေကို ဒီလိုကျင့်ကြအောင် မဆွဲဆောင်နိုင်တာလည်း ဟောပြောသူရဲ့ အားနည်းချက် တရားရဲ့ အားနည်းချက်မဟုတ်ဘူး…။ ဒါပေမယ့် တစ်ခုသေချာတာက တရားကို ဟောပြောတဲ့ သံဃာတော်တွေက ဘုရားရဲ့ တရားတော်ကို တစ်လုံးမှ ပြုပြင်ထားခြင်း မရှိတဲ့တရားကို ဟောပြောနေတာပဲ…။ အဲ့လိုတစ်လုံးမှ မပြုပြင်ထားပါဘူးလို့လဲ… သီလ ၊ သမာဓိ ၊ ပညာ ကြီးတော်မူကြတဲ့ သံဃာတော် အဆက်ဆက်က အာမခံ ခဲ့တာပဲ…။ ထေရဝါဒက ဟောပြောနေတာတွေ အမှားတွေပါဆိုရင် ထေရဝါဒသံဃာတော်တွေ လက်ကိုင်ထားနေတဲ့ ၊ တစ်လုံး တစ်ပါဒမှမပြုပြင်ထားပါဘူးလို့ အာမခံထားတဲ့ ပိဋကတ်သုံးပုံကို ငြင်းပယ်ရာရောက်တယ်…။ ဒါဆို ခင်ဗျားတို့ ဘယ်က ပိဋကတ်ကို ဆွဲယူ ပြကြမလဲ…။ သိချင်သေးတယ်….။ အဲ့လိုမှ မဟုတ်ပဲ ထေရဝါဒ သံဃာတော်တွေက ပိဋကတ်တွေကို ဘာသာပြန်လွဲပြီး ဟောပြောနေတာလို့ယူဆရင်.. ခင်ဗျားတို့ ပါဠိစာသင်ပြီး… ၊ အစွဲကင်းကင်းနဲ့ ၊ စိတ်ရှင်းရှင်းနဲ့ ၊ Open minded နဲ့ ပိဋကတ်ကိုလေ့လာကြ..။ အနောက်တိုင်းကလူတွေ ပိဋကတ်ကို ဘာသာပြန်ထားတဲ့ စာအုပ်တွေဖတ်ပြီးလည်း လျှောက်ပြောမနေကြနဲ့…။ သူတို့က ရေခံမြေခံ၊ ယဉ်ကျေးမှုချင်းပါ ကွာခြားလေတော့ ခံစားမှု ။ နားလည် သဘောပေါက်မှုလည်း လွဲနိုင်တာပဲ…။

  • ariyathitsa

    May 19, 2012 at 1:23 pm

    lynnsatyar ရဲ့စကားမှာ သမထဟာ ရူပရော…. အရူပရော ဖြစ်တယ်လို့ဆိုထားပါတယ်… အဲ့ဒီလို မဟုတ်ပါဘူး။ သမထဟာ lynnsatyar ပြောခဲ့သလိုပဲ စိတ်က တစ်နေရာတည်းမှာ စူးစိုက်နစ်ဝင်နေပြီးတဲ့ အဲ့ဒီစူးစိုက်နစ်ဝင်နေတဲ့ စိတ်ဟာ ဘယ်အပေါ်မှာ ချည်တိုင်လုပ်ထားလဲဆိုတော့ ရုပ်အာရုံတစ်ခုခုမှာ ချည်တိုင်အဖြစ်လုပ်ထားပြီး ဘယ်ကိုမှ ပျံ့လွင့်မသွားအောင် ပြုကျင့်တာမျိုးပါ။ သမထဟာ ရူပဈာန်ကိုသာလျင် ပေးစွမ်းနို်င်ပါတယ်။ ဝိပသနာဟာ အရူပဈာန်ဆိုက်ရောက်စေတဲ့အကျင့်ဖြစ်ပါတယ်။ lynnsatyar ရဲ့စကားအတိုင်းပြန်ကောက်ရရင် စိတ်မှာ ရုပ်မှာ ဖြစ်ဖြစ်လာသမျှတွေကို သိအောင်လုပ်နေတာ ဆိုရင် အဲ့ဒီသိလာတာသည်ပင်လျင် နောက်ဆုံးမှာ အပျက်သဘောဖြစ်နေပြီး ရုပ်၊ နာမ် ဖြစ်ပျက်ဆုံးနေတာကို မြင်ပါတယ်…. အဲ့ဒီသဘောသည်ပင်လျင် အရူပဖြစ်ပါတယ်။ Analysis လုပ်ရမှာကို အဲ့ဒီလို ရုပ်၊ နာမ်တွေကို မဟုတ်ပဲ ကံအမှု သင်္ခါရတွေသာဖြစ်ပါတယ်။ ပြီူးတော့ lynnsatyar ဆိုခဲ့သလို ((ထိန်းပြီးတော့ အဲ့ စိတ်ကလေး ကိုယ်ကလေးတွေ ဘယ်လိုဖြစ်တယ် ဘယ်လိုပျက်တယ်..ဆိုတာကို analysis လုပ်မှ ပညာဝင်တာ…။ )) အဲ့ဒီလို Analysis လုပ်တာနဲ့ သမထ ဝိပသနာ ရှုတာဟာ တခြားဆီဖြစ်ပါတယ်။ သမထ ဝိပသနာဟာ ကံတွေမဖြစ်ပွားအောင် ဖြစ်စေ၊ ပြုခဲ့တဲ့ ကံတွေအပေါ်မှာ ဖြစ်စေ၊ တခြား စိတ်ဆိုး စိတ်ဆာတွေ ဘယ်လိုဖြစ်ပွားလဲ ဆင်ခြင်တာနဲ့ လားလားမှ မဆိုင်တဲ့ ကျင့်စဉ်တွေဖြစ်ပါတယ်။ သမထ ဝိပသနာဟာ အထက်ပါပြောခဲ့တာတွေကို ဆင်ခြင်တာမျိုး မဟုတ်ပဲ တအား ဇွတ်ကြိတ် မျက်စိမှိတ်ပြီး စိတ်ကို ချုပ်တည်းနေတဲ့ အကျင့်မျိုးသာဖြစ်ပါတယ်။ lynnsatyar က သမထ ဝိပသနာကျင့်နေစဉ် စိတ်ကို ချုပ်တည်းထားလို့ဘာကံမှ မဖြစ်တာကိုပဲ သီလလို့ထင်နေပုံပါပဲ။ အဲ့ဒါတွေကျင့်နေဆဲမှာ စိတ်ကိုချုပ်တည်းထားလို့ ငြိမ်သက်နေတာကိုလည်း ငြိမ်းချမ်းမှုလို့ထင်နေပုံပဲ…. အဲ့ဒါဟာ ပရမတ္ထသစ္စာက ပေးနေတဲ့ ငြိမ်းချမ်းမှုတာဖြစ်ပါတယ်။ ကျင့်နေဆဲကာလမှာပဲ ငြိမ်းချမ်းနေတယ်။ မမြဲပါဘူး။ ကို lynnsatyar လည်းကိုသိတာလောက်မှာပဲ လမ်းဆုံးမနေပဲ တကယ်လေ့လာကြည့်သင့်ပါတယ်။ http://ariyathitsa.org/ မှာ လေ့လာလို့ရနိုင်ပါတယ်။ ကို lynnsatyar ထရဝါဒ သံဃာတော်တွေက ပိဋကတ်တွေ လိုအပ်ရင်တော့ အတုလုပ်ပြီး အင်ထုလေ့ရှိပါတယ်။ အကြောင်းစုံသိချင်ရင်တော့ ဓမ္မဝိဟာရိ နိဒါန်းမှာ ပါပါတယ်။ ကျောက်သင်္ဘော ဝိနစ္ဆယလုပ်တုန်းကပါ။ အောက်ပါလင့်မှ ဒေါင်းနိုင်ပါတယ် http://www.4shared.com/office/Kf-hE2ny/Dhammaviharri_Niddan.htm

    • ---မိုးကျရွှေကိုယ်-----dennis rockstar

      July 2, 2012 at 9:17 am

      သမထတွေ ဝိပသနာတွေ လျှောက်ပြောမနေပါနဲ့

      မင်းတို ့နဲ ့မတန်လို ့ မြေမျိုု နေမှာစိုးလို ့———စေတနာနဲ ့

      မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့
      ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။ ဒီလူမလွတ်လပ်တော့ဘူး။

      ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။

      ဘယ်တရားမှ မရချင်နေ။ ရှေ့ဘဝ၊ နောက်ဘဝကိုတော့ မတွေးရဘူး။ ရှေးဘဝ၊ နောက်ဘဝ တွေးတဲ့သူဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအရာမှာ ရှိတယ်။

      ဆဋ္ဌသံဂါယနာတင်ပွဲဟာ ဦးနုနဲ့ ဖဆပလအဖွဲ့တို့၊ ဦးဝိစိတ္တတို့၊ မဟာစည်တို့၊ ညောင်ရမ်းတို့ ဂုဏ်သိက္ခာတွေရတာကလွဲလို့ တခြားအကျိုးကတော့ မပြောလောက်ပဲ ဖြစ်တယ်။

      အရဟံဆိုပါတော့။ အေး သည်စာတွေက သိပ်မြင့်တယ်။ တို့လူတွေနဲ့ မတန်ဘူး။ မတန်မရာတွေကို တို့လူတွေက ရွတ်ဆိုနေမိကြတာပဲ။ သည်စာတွေဟာ စိတ္တဇအပြစ်ဖြစ်တယ်။ ဘုရားကို အထင်ရောက်သွားတော့ စိတ္တဇအပြစ်ဖြစ်စေတယ်။ အပြစ်ကကြီးတယ်။ ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလို့ ဖြစ်တယ်။

      တရားဓမ္မဆွေးနွေးတဲ့အခါ ပရမတ်တွေအကြောင်း မပြောစေချင်ပါဘူး။ ပရမတ်တွေဟာ တရားမဟုတ်လို့ပါပဲ။

      သည်လိုဆိုရင် သည်စာသင်တိုက်ကြီးတွေက တလွဲဖြစ်ထွန်းနေတာမို့ ဗုဒ္ဓဘာသာတရားဓမ္မအရ လိုလားစရာမဟုတ်ဘူး။

      လူသားလျှောက်ရမည့်လမ်းဟူသည် ဘုရားသခင်၏ အစေအပါးအဖြစ် ကိုယ့်ကိုယ်ကို ယဇ်ပူဇော်ခြင်းမဟုတ်။ မိမိကိုယ်ကို မိမိကပင် ဘုရားသခင်အဖြစ် ခန့်အပ်လိုက်ခြင်းပင်ဖြစ်သည်။

      လေးသချေင်္၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ပေါ်ထွန်းလာသော ဗုဒ္ဓသည် မှားယွင်းသောကြောင့် မိစ္ဆာသမ္မာသမ္ဗုဒ္ဓဖြစ်သည်။ လက်ရှိ ပစ္စုပ္ပန်ဘဝတစ်ခုတည်း၌ ဉာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော ဗုဒ္ဓသာလျှင် သမ္မာသမ္ဗုဒ္ဓဖြစ်သည်။ ဘဝသံသရာဟူသည်မရှိ။ ပစ္စုပ္ပန်ဘဝတစ်ခုသာ ရှိသည်။

      ဂေါတမဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း၊ ရေဘုဉ်းပေးခြင်းကြောင့် ကိလေသာမကုန်သေး။ လောဘ။ တဏှာ၊ ကိလေသာရှိသေးသည်။

      ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တဝါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။

      ပုဂ္ဂလိကတစ်ဦးတည်းပိုင် ပစ္စည်းကို ခိုးယူလုယက်ခြင်းသည် အပြစ်ရှိသည်။ အများပိုင်ပစ္စည်းကို ခိုးယူလျှင် ပိုင်ရှင်ဖြစ်သူများမှာ ထိခိုက်နစ်နာမှုမရှိသောကြောင့် အပြစ်မရှိ။

      ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။

      မိမိတစ်ဦးတစ်ယောက် အကျိုးအတွက် လိမ်လည်ပြောလျှင် အကုသိုလ်ဖြစ်သည်။ အများကောင်းကျိုးအတွက် လိမ်လည်လျှင် အပြစ်မရှိ။

      ဒါလေးတွေကို အရင်ဖြန် ့ပါလားကွ

      မင်းတို ့က မင်းတို ့နဲ ့မတန်တဲ ့ ဟိုး အမြင့်ကြီးက ဟာတွေ လာပြီး ပြောနေရအောင်
      ——–

      ငါအခုထောက်ပြထားတဲ ့ ကိစ္စလေးတွေကို အရင်ရှင်း

      ြ့ပီးမှ လူ ့အခွင့်အရေးတို ့ဘာတို ့ကို လာပြော—————– ကြားလား——-
      (ငါထောက်ပြထားတာတွေ တစ်ခုမှ မင်းတို ဘက်ကမဟောပြောပါဘူး ဆိုရင်

      ကြိုက်သလို ရှင်းလို ့ရတယ်)

      • ထာဝရ

        July 2, 2012 at 2:25 pm

        မိုးကျရွှေကိုယ် ခင်ဗျာ။
        ကျနော့အနေနဲ့ မိုးပြာတရားနာမည်ကြီးနေတာနဲ့ စိတ်ဝင်စားလို့ သေသေချာချာလေ့လာမိပါတယ်။
        မိုးကျရွှေကိုယ်တို့ရဲ့ စွပ်စွဲချက်တွေဟာ မိုးပြာဘာပြောပြော ဆန့်ကျင်တယ်ဆိုတဲ့ သူတွေရဲ့ ဝါဒဖြန့်ချက်တွေလို့ သိရပါပြီ။

        မိုးပြာတရားအပေါ် ကျနော်နားလည်သလို ရှင်းပြပါရစေ။

        မိုးပြာတရားကို လေ့လာမယ်ဆိုရင် . . .
        ဂျိန်းဘာသာနဲ့ မြန်မာထေရဝါဒဗုဒ္ဓဘာသာတို့က ယူထားတဲ့ လူသေပြီးရင် နောက်ဘဝဖြစ်တယ်၊ မဖြစ်ဘူးလို့ဆိုတဲ့ အယူတွေနဲ့ နားလည်ရင်တော့ နားလည်မှုတွေလွဲနေမှာဖြစ်ပါတယ်။

        မိုးပြာတရားတွေက သူတို့အဆို အရိယသစ္စာလို့ ဆိုတဲ့ လူ့အမှုကံတွေရဲ့ ကောင်း၊ ဆိုးကိုပဲ အဓိက ဝေဖန်စိစစ်တာလို့ နားလည်မိပါတယ်။

        လူက ကြံဆပြီးမှ သိရမယ့် သေပြီးနောက်ဖြစ်၊ မဖြစ် ဇာတ်လမ်းတွေကို မပါပါဘူး။
        ဲဗြဟ္မဏဘာသာနဲ့ မြန်မာထေရဝါဒဗုဒ္ဓဘာသာတို့က ပစ္စုပ္ပန် ရုပ်နာမ်တွေကို အဓိကထားပြီး ရှုခိုင်းတယ်။
        မိုးပြာက ပစ္စုပ္ပန် ကံကို အဓိက ထားရှုခိုင်းတယ်။
        အဲဒီသော့ချက်လေးနဲ့ မိုးပြာတရားကို လေ့လာမှရမှာပါ။

        ကဲ ဒါဆိုရင် အပေါ်က စွပ်စွဲချက်တွေရဲ့ တန်ဘိုးကို လူသေပြီး ဖြစ်တာ၊ မဖြစ်တာတွေရယ်၊ ရုပ်၊ နာမ် ရှုတာတွေကို ဖယ်ထားပြီး ဆန်းစစ်ကြည့်တာပေါ့နော်။

        (ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။ ဒီလူမလွတ်လပ်တော့ဘူး။)
        ဒါကတော့ ကုသိုလ်ကံ၊ အကုသိုလ်ကံ သံသရာလည်နေပုံကို ပြောတာလို့ နားလည်မိပါတယ်။

        သံသရာကို ဂျိန်းဘာသာနဲ့ မြန်မာထေရဝါဒဗုဒ္ဓဘာသာတို့က သေပြီးနောက် ထပ်ခါထပ်ခါဖြစ်မှာတွေနဲ့ပြောတယ်။
        မိုးပြာက သေပြီးနောက်ထပ်ခါထပ်ခါဖြစ်နေတာတွေကို သံသရာလို့ မဖွင့်ပဲ
        ဗုဒ္ဓရဲ့ အဗျာကထနတရားတော်တွေဖြစ်တဲ့
        “သေပြီးနောက် အကြောင်း ဗုဒ္ဓဘုရား မဟောကြားခဲ့ပုံ” သုတ္တံတရားများ
        http://myanmargazette.net/95668/uncategorized-other/copypaste အရ ယခုပစ္စုပ္ပန်ကံတွေထပ်ခါထပ်ခါ လွန်ကျူးမိနေတဲ့ ဘဝဖြစ်စဉ်တွေကိုပဲ သံသရာလို့ ဖွင့်ဆိုတာလို့ နားလည်မိပါတယ်။

        (ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ )
        ဆိုတဲ့ မိုးပြာဆရာတော် ဦးဉာဏရဲ့ ဆိုလိုရင်းကို အကျယ်တရားနာမှ လိပ်ပတ်လည်မှာပါ။ စကားအကျ တစ်ကွက်လောက်နဲ့ နားလည်ကြည့်လို့ မရနိုင်ပါဘူး။
        ဒါ့ကြောင့် မိုးပြာဆရာတော်ရဲ့တရားများကို လိပ်ပတ်လည်အောင် နာဖို့ တိုက်တွန်းပါတယ်။
        ဥပမာအနေနဲ့ . . .
        ဗုဒ္ဓက ရဟန်းတွကို ဝိနည်းသတ်မှတ်တဲ့အခါမှာ
        လူဇာတ်ရှိတာကို သတ်ရင် ပါရာဇိကအာပတ် (ရဟန်း အဖြစ်ဆုံးရှုံး)လို့ သတ်မှတ်ပြီး။
        လူဇာတ်မဟုတ်တာကို သတ်မိရင် ပါစိတ်လို့ဆိုတဲ့ အာပတ်အငယ်ပဲ သတ်မှတ်ခဲ့တာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။
        အကောင်အားလုံးကို တန်းတူထားပြီး သေပြီးနောက်ငရဲတွေနဲ့ ခြိမ်းခြောက်ခဲ့တာ ဂျိန်းတွေပါ။

        (အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။) ဆိုတာမှာလည်း မိုးပြာဆရာတော်ရဲ့တရားများကို လိပ်ပတ်လည်အောင် နာဖို့ ထပ်မံတိုက်တွန်းပါတယ်။
        ဒီနေရာမှာ အစိုးရပစ္စည်းဆိုတာထက် ပြည်သူပိုင်ပစ္စည်းလို့ နာလည်းကြည့်ပေးပါ။
        ဥပမာအနေနဲ့
        ပုဂ္ဂလိကပိုင် မဟုတ်တဲ့ တောထဲက ထင်းတွေ၊ ဝါးတွေကို ဘယ်သူပိုင်လဲလို့ ဆိုရင်တော့ အစိုးရပိုင်၊ တနည်း ပြည်သူပိုင်တာပဲလို့ ပြောရမှာဖြစ်ပါတယ်။ ဒါတွေကို ခုတ်ယူနေကြတဲ့ သစ်ခုတ်သမားတွေ၊ ဝါးခုတ်သမားတွေ ခိုးတဲ့ကံမြောက်နေကြမယ်ဆိုရင် တစ်နို်င်ငံလုံးနီးပါး သူခိုးတွေဖြစ်နေရပါလိမ့်မယ်။
        ရပ်ကွက်တွေထဲက ရေကန်တွေဟာလည်း ပြည်သူပိုင်ကန်တွေပါ။ အဲဒီရေတွေကို ခပ်ယူနေတဲ့သူတွေက ပြည်သူပိုင်ပစ္စည်း ယူမှုနဲ့ သူခိုးတွေလို့ ပြောလို့ ရပါ့မလား။

        ဒါ့ကြောင့် ပြည်သူပိုင်ပစ္စည်း ယူငင်တာကို ခိုးမှုလို့ ပြောသင့်၊ မပြောသင့် ။
        သက်ဆိုင်ရာအုပ်ချုပ်သူ အစိုးရမင်းများကန့်သတ်သတ်မှတ်ထားတဲ့ ကျွန်းသစ်လိုမျိုး ရှားပါအဖိုးတန်ပစ္စည်းမျိုးကို ယူမိရင်တော့ အစိုးရဥပဒေနဲ့ ငြိပြီး ထောင်ကျနိုင်ပါတယ်။
        အဲဒီလို ပြည်သူပိုင်ပစ္စည်းဂဏ္ဍအပေါ်မှာ ကွဲကွဲပြားပြား နားလည်ကြည့်ဖို့ လိုပါတယ်။
        အဲဒီလို မကွဲပြားလို့ မြန်မာထေရဝါဒဗုဒ္ဓဘာသာဝင်တွေဟာ ဂျိန်းဘာသာဝင်တွေလိုပဲ သီလအပေါ်မှာ ဘာသာရေးအယူသီးတာတွေဖြစ်နေတာ တွေ့နေရပါတယ်။

        မိုးကျရွှေကိုယ်ရေ ဆက်ရေးမယ်ဆိုရင် ကွန်မန့် မဟုတ်တော့ပဲ ပိုစ့်တစ်ခုလို ဖြစ်သွားပါလိမ့်မယ်။
        နောက်မှပဲ သီးသန့် ပိုစ်တစ်ခုအနေနဲ့ မိုးပြာတရားအပေါ် ကျနော့သုံးသပ်ချက်တွေ ရေးပေးပါ့မယ်။
        အခုတော့ အကြံပေးချင်တာက မိုးပြာတရားကို လေ့လာတဲ့အခါမှာ အပေါ်ယံ စွပ်စွဲချက်တွေလောက်လေ့လာတာမဟုတ်ပဲ သူ့ဆိုလိုရင်းသဘောမိအောင်
        လေ့လာမိဖို့ လိုပါတယ်လို့ အကြံပေးလိုပါတယ်။

        အဲဒီမိုးပြာတရားတွေကို ဆိုလိုရင်းရောက်အောင်လေ့လာလိုရင် အင်တာနက် ဝက်ဆိုက်တစ်ခုဖြစ်တဲ့ “အရိယသစ္စာ တရားဓမ္မ” http://www.ariyathitsa.org မှာလေ့လာလို့ ရပါတယ်။

      • mggwa

        July 2, 2012 at 9:39 pm

        (ဆဋ္ဌသံဂါယနာတင်ပွဲဟာ ဦးနုနဲ့ ဖဆပလအဖွဲ့တို့၊ ဦးဝိစိတ္တတို့၊ မဟာစည်တို့၊ ညောင်ရမ်းတို့ ဂုဏ်သိက္ခာတွေရတာကလွဲလို့ တခြားအကျိုးကတော့ မပြောလောက်ပဲ ဖြစ်တယ်။) လို့ ပြောတာ လွန်လားဗျာ . ။
        သိချင်ရင် . . .

        realman ရဲ့

        (ပဉ္စမသင်္ဂါယနာနှင့် အလားတူစွာ ဦးနု (ဖဆပလ) အစိုးရ လက်ထက်တွင်လည်း ဘာသာခြားအင်္ဂလိပ်များအုပ်ချုပ်ခဲ့မှုကြောင့် ဘာသာငြိုးနွမ်းနေခြင်း၊ ပါဠိ၊ အဋ္ဌကထာမူကွဲများဖြစ်နေခြင်းစသည့် အကြောင်းပြကာ ဝန်ကြီးချုပ်ဦးနု၏ စီမံမှုဖြင့် မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်တို့မှ ကြီးမှုးကာ သင်္ဂါယနာတင်ကြလေ၏။
        ထိုသင်္ဂါယနာမတင်မီ ဝန်ကြီးချုပ်ဦးနုက မြန်မာပြည်အရပ်ရပ်ရှိ ဆရာတော်တွေထံ သွားရောက်လျှောက်ထာခဲ့ရာတွင်
        အမရပူရမြို့ရှိ မိုးကုတ်ဆရာတော်ကြီးအား လျှောက်ထားရာ မိုးကုတ်ဆရာတော်ကြီးမှ “သင်္ဂါယနာတင်တယ်ဆိုတာ ကိုယ်တိုင် သာသနာတည်အောင် (ဘုရားဟောကို သိအောင်) အရင်လုပ်ရတယ်”ဟု ပြောကြာလိုက်သည့် အတွက် ဦးနုမှ အလိုမကျကာ သင်္ဂါယနာတင်ပွဲတွင် မိုးကုတ်ဆရာတော်ကြီးလိုပုဂ္ဂိုလ်မျိုးတွေကို ဖိတ်ကြားခြင်း မပြုဟု သိရှိရ၏။

        တောင်တွင်းကြီး ဆရာတော်ရှင်ဥက္ကဋ္ဌသို့ ဦးနုမှ လျှောက်ထားရာတွင်လည်း ဦးဥက္ကဋ္ဌမှ ဆဋ္ဌသင်္ဂါယနာကို ဘယ်ပုံ၊ ဘယ်နည်း တင်မှာလဲဟု မေးမြန်းရာ ဦးနုမှ မင်းတုန်းမင်းရေးထိုးခဲ့တဲ့ ကျောက်စာများကို ပြန်လည်ရွက်ဖတ်မှာဖြစ်ကြောင်း ပြောကြားသည့်အတွက် ဦးဥက္ကဋ္ဌက “ဒါဆိုရင် ငါတို့က ဘာလာလုပ်ရမှာလဲ၊ ဘာလို့ သင်္ဂါယနာထပ်တင်နေမှာလဲ” ဟု ပြောကြားခဲ့ကြောင်းလည်း သိရ၏။

        တကယ်တော့ ဆရာတော်ဦးဥက္ကဋ္ဌသည် သမိုင်းနှံ့စပ် သိမြင်သည်မို့ မင်းတုန်းမင်းတင်ခဲ့သော ပဉ္စမသင်္ဂါယနာသည် သမာသမတ် မကျသည့်အတွက် ပဉ္စမသင်္ဂါယနာတင်ကျောက်စာများအပေါ် မထေရ်အများရဲ့ ဆန္ဒပြန်ယူကာ ထေရဝါဒနည်းလမ်းမှန် ပြန်လည်စိစစ်ရွေးချယ် အတည်ပြုစေလိုပုံရပေသည်။
        သို့ရာတွင် ဝန်ကြီးချုပ်ဦးနုသည် ဗုဒ္ဓတရားအစစ်အမှန်ပေါ်ထွန်းရေးထက် သူ့ နိုင်ငံရေးဩဇာကြီးထွားစေရန် သင်္ဂါယနာတင်ပုဂ္ဂိုလ်ဖြစ်လိုနေသည်ဟု အဲဒီခေတ် သတင်းဆောင်းပါးများက ဝေဖန်နေကြတဲ့ကြားက အတင်းအကောင်အထည်ဖော်၏။
        ထိုအချိန်အခါက မြန်မာပြည်သည် ထူထောင်နေဆဲကာလဖြစ်နေသည့်အတွက် တိုင်းပြည်စီးပွားရေးက ပို၍အရေးကြီးနေတာမို့ ငွေကုန်ကြေးကျများသော ဒီသင်္ဂါယနာအစီအစဉ်ကို မလုပ်သင့်သေးကြောင်း အမျှော်အမြင်ကြီးစွာ ပြောဆိုမိသော ဦးသန့်အား ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် နိုင်ငံခြားသို့ ပထုတ်လိုက်လေ၏။
        မှန်ပေ၏။ ထိုဆဋ္ဌသင်္ဂါယနာ၏ ရလဒ်ကား သုံးနှစ်ကြာအောင်တင်ခဲ့ရသည်မို့ တိုင်းပြည်က ကုန်ကျမှုမှာ တန်ကြေး ရွှေကျပ်သားတစ်သိန်း (ပိဿာချိန် တစ်ထောင်)ခန့် ကုန်ခဲ့သည်ဟု သိရပေသည်။ မင်းတုန်းကျောက်စာတွေကို စာရွက်ပေါ်ပြန်ပုံနှိပ်နိုင်တာလေးအတွက် ကုန်ကျမှုမှာ မတန်တဆဖြစ်နေသည်ဟု ဆိုရပေမည်။ ဦးနု၏ နိုင်ငံရေးဩဇာကြီးထွားဖို့ အတွက် လုပ်ရပ်ကား တိုင်းပြည်နစ်နာခဲ့ကြောင်းကို သင်ခန်းစာ ယူသင့်ပေသည်။)

        အကျယ်ကတော့ ကိုယ့်လူ မိုးကျရွှေကိုရေ ..
        http://myanmargazette.net/67522/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen အဲဒီမှာဖတ်။ ဒါပဲ . . . .. ။

  • မျိုးကို

    May 20, 2012 at 1:03 pm

    အနောက်နိုင်ငံမှ ဆေးပညာရှင်များမှ ပရမတ်ဝိပဿနာပြဆရာကြီး ဦးဂိုအင်ဂါအား “လူကြီးမင်းတို့ တရားစခန်းမှာ ၃-နာရီကြာ (meditiation) တရားထိုင်ရင် ရမယ့် အခြေအနေကို ကျနော်တို့ ကုမ္မဏီက ဆေးဝါးတွေက တစ်ပုံစံတည်းဖြစ်အောင် တာဝန်ယူပေးပါ့မည်”ဟု ပြောခဲ့ဖူးပါသည်။ သူတို့ဆေးဝါတွေသာ တွင်ကျယ်လာရင် လူူတွေအခိ်ျန်ကုန်ခံပြီး ရိပ်သာတွေ သွားစရာမလိုတော့မလိုဖြစ်နေပါသည်။.စဉ်းစားစရာတွေပါပဲ။

  • lynnsatyar

    May 22, 2012 at 5:41 pm

    ကျွန်တော်ပြောတဲ့ အထဲမှာ စိတ်ကိုထိန်းချုပ်ထားလို့ ငြိမ်နေတာကို ငြိမ်းချမ်းမှုလို့ ထင်နေတာမျိုး တစ်ခုမှ မပါဘူးရယ်..။ အဲ့လိုစိတ်ကို ထိန်းချုပ်ထားလို့ ငြိမ်သက်နေတာကို ငြိမ်းချမ်းမှုအစစ်လို့ ဘုရားအလောင်းတော်ကိုယ်၌လည်း မယုံကြည်ခဲ့လို့ ဥဒကတို့ ဆီက ထွက်ပြီး ကိုယ်တော်တိုင် နည်းလမ်းသစ်ရှာ ကျင့်ကြံတော်မူခဲ့တာပါ..။ ရုပ်နာမ် ဖြစ်ပျက်တွေကိုမြင်တာ အရူပပါလို့ ဘယ်သူကပြောတုန်းဗျ..။ သမထ ကျင့်စဉ်မှာ ရုပ်တွေ နာမ်တွေကို ကြည့်တာ တစ်ခုမှ မပါဘူး ။ ကသိုဏ်းအာရုံတစ်ခုထဲမှာ စိုက်ပြီး… ကျင့်ရတာ… အဲ့ဒီမှာ… ရုပ်ကို အပြစ်မြင်ပြီး ကျင့်တဲ့လူက.. သူ့ရဲ့ ထက်မြက်လွန်းတဲ့စိတ်အစွမ်းကြောင့်… သေလွန်ရင် ရုပ်မရှိတဲ့ အရူပဘုံမှာဖြစ်တယ်…။ နာမ်ကို အပြစ်မြင်ကျင့်တဲ့သူက နာမ်မရှိတဲ့ ရူပဘုံမှာဖြစ်တယ်…။ ဈာန် ဟာ ကိလေသာတွေကို အမြစ်ပြတ် မသတ်နိုင်လို့… ဈာန်လျောပြီး ဒုက္ခရောက်ရတဲ့ အကြောင်း မုဒုလက္ခဏာဇာတ် စတာတွေမှာ.. ဟောထားတာပဲ….။ သမထ ဝိပဿနာ ၊ သမထ ဝိပဿနာဆိုပြီး စကားလုံးတွေကို လုံးလုံး မချပါနဲ့ဗျ.. ။ သမထနဲ့ ဝိပဿနာက တစ်ခြားစီပဲ…။ သမာဓိထူထောင်စရာ ကမ္မဌာန်း လေးဆယ်ကို မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပြီး.. တပည့်သာဝကတွေကို သူ့စရိုက်နဲ့ သင့်လျော်ရာ… ကမ္မဌာန်းပေးပြီး သမာဓိ အတန်အသင့်တည်ကြည်ပြီဆိုတော့မှ သစ္စာလေးပါးတရားတွေကို ဟောကြားတော်မူပါတယ်..။ တစ်ခါတစ်ထိုင်တည်းနဲ့ မဂ်ဖိုလ်ရသွားတဲ့ လူတွေကိုတော့ ဘယ်မှာ ကသိုဏ်းလေးဆယ်ထိုင်လို့လဲလို့တော့ စကားမကတ်နဲ့…။ သမာဓိဆိုတာ စိတ်က တစ်နေရာတည်း စူးစိုက်နေတာ..။ ဘုရားရှင်ဟောကြားတာကိုပဲ သူ့အာရုံ စူးစိုက်နစ်ဝင်နေတာလဲ သမာဓိပဲ…။

    ထေရဝါဒ သံဃာတော်တွေက ပိဋကတ်တော်တွေကို ဘုရားဟောအတိုင်း တစ်လုံးမှ မပြင်ထားပါဘူးလို့ ခေတ်အဆက်ဆက် အာမခံခဲ့တာပါ..။ အခုတော့ လိုအပ်ရင် အင်ထုတယ်ဆိုပြီး ပြောတာ ဘယ်လောက်ခိုင်မာတဲ့အထောက်အထားနဲ့တုန်းဗျ….။ဟုတ်ပြီ ခင်ဗျားတို့က ထေရဝါဒ သံဃာတွေက ပိဋကတ်ကို အတုလုပ်ထားတယ်ဆို… ဘယ်ကျမ်း ဘယ်ဟာကို အတုလုပ်ထားတာလဲ…။ ဘယ်လို အတုလုပ်ထားလဲ…။ ခင်ဗျားတို့ကကျတော့ ဘယ်ပိဋကတ်ကို ဘယ်ကျမ်းကို ကိုးကားနေကြတာလဲ..။ ခင်ဗျားတို့က အမှန်လို့ ယူတဲ့ ကျမ်းတွေကို list လုပ်ပြဗျာ…။ ခင်ဗျားတို့က တစ်ခုခုပြောလိုက်တိုင်း… တခြားကျမ်းဂန်ခိုင်ခိုင်ကို မညွှန်းတတ်ဘူး…။ ခင်ဗျားတို့ ရှင်ဉာဏ ပြောထားတာကိုပဲ ပြန်ပြန်ညွှန်းနေကြတယ်…။ အဲ့ပုဂ္ဂိုလ်ကို မယုံဘူးဗျာ.. ။ တစ်ခြားခိုင်လုံတဲ့ အထောက်အထားပြ…။ အတ္တကိလမထနုယောဂဆိုတဲ့ အကျင့်ကိုလည်း ပေါက်ကရ အဓိပ္ပါယ်ဖွင့်ထားသေးတယ်…။

    • realman

      June 1, 2012 at 4:12 pm

      (ထေရဝါဒ သံဃာတော်တွေက ပိဋကတ်တော်တွေကို ဘုရားဟောအတိုင်း တစ်လုံးမှ မပြင်ထားပါဘူးလို့ ခေတ်အဆက်ဆက် အာမခံခဲ့တာပါ..။)ဆိုတော့ . . .

      မဟာယာနဗုဒ္ဓဘာသာတွေကလည်း သူတို့က ခေတ်အဆက်ဆက်ပြင်ခဲ့ပါတယ်လို့ ပြောသလားဆိုတာကို စစ်ဆေးဖို့လိုပါသည်။

      မဟာယာနတွေက သူတို့ဆီကမှ ဗုဒ္ဓတရားအစစ်တွေ မပြင်ရသေးဘူးတဲ့။
      မြန်မာထေရဝါဒတွေက သင်္ဂါယနာတင်တယ်ဆိုပြီး ၆-ခါတောင် ပြင်ပြီး အတည်ပြုထားတဲ့။

      ယိုးဒယားထေရဝါဒတွေက ၉-ခါတောင် သင်္ဂါယနာတင်တယ်ဆိုပြီး ပြင်ပြီး အတည်ပြုထားတယ်ဆိုပြီးပြောကြတော့ . . .

      ကဲ ဘယ်လို လုပ်ကြမလဲ/

      မြန်မာထေရဝါဒီတွေ ဘုရားဟောကို ပြင်/မပြင် စဉ်းစားဝေဖန်နိုင်ဖို့ ကတော့ . . .

      “ထေရဝါဒအတွင်းမှ အစွန်းရောက်ထေရဝါဒီများသို့”
      http://myanmargazette.net/60505/uncategorized-other/copypaste ပိုစ်နဲ့

      “အမည်ခံထေရဝါဒမှ တကယ့်ထေရဝါဒဗုဒ္ဓဘာသာသို့”
      http://myanmargazette.net/67522/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen တွေမှာ နှိုင်းယှဉ်လေ့လာပေးပါလို့ အကြံပြုလိုက်ပါတယ်။။

  • mggwa

    May 30, 2012 at 3:53 pm

    ဗုဒ္ဓဟောတဲ့ ကမ္မဋ္ဌာန်းက ကမ္မဆိုတဲ့ အလုပ်ပါဗျ။ အလုပ်ဆိုတာ ကာယအလုပ်၊ ဝစီအလုပ်၊ မနောအလုပ်လေ။
    ဒါဆို လုပ်ကိုင်ပြောဆို ကြံစည်နေတဲ့ အချိန်တွေမှာ ကမ္မဋ္ဌာန်းလုပ်မလား?
    ဘာမှ မလုပ်၊ မပြော၊ ရုပ်နာမ်ဖြစ်ပျက်ကို တွေးတာမှလွဲ၍ ဘာမှ မတွေးနေတဲ့ အချိန်မှာ ကမ္မဋ္ဌာန်းလုပ်မလား? ဆိုတာ စဉ်းစားကြပေါ့ဗျာ။
    ကျုပ်တို့ကတော့ အလုပ်သမားဗျို့၊ အတွေးသမား အထိုင်သမားတော့ မဟုတ်ဘူး။

    အလုပ်မလုပ်ပဲ ထိုင်းပြီး အချိန်းဖြုန်း ဦးနှောက်စွမ်းရည်တွေ ကျစေတဲ့ အမှုတွေမှ ကင်းလွတ်ကြပါစေ။
    ဒူဝေဝေ. . ဒူဝေဝေ. . . ဒူဝေဝေ။

  • မိုးတိမ်

    May 30, 2012 at 8:34 pm

    အလွန်ကြောက်စရာကောင်းအောင် ထေရဝါဒဗုဒ္ဓဘာသာ အားဖျက်ဆီးထားကြောင်းတွေ့ရပါသည်။
    လုံးဝ ရှုံ ့ချကန့်ကွက်ပါ၏။ မလုပ်သင့်မလုပ်ထိုက်သည်များကိုရှောင်ကျဉ်စေလိုပါသည်။
    ကုလားများက တစ်မျိုး၊ ဗုဒ္ဓဘာသာ အယောင်ဆောင်များက တစ်သွယ်ဖြစ်နေရျ်
    အမျိုး၊ဘာသာ၊သာသနာအား ဝိုင်းဝန်းထိန်းသိမ်းစောင့်လျှောက်ကြရန် ရွာသူ၊ရွာသား အပေါင်းတို့အား
    ကြေညာမောင်းခတ်အပ်ပါသည်ခင်ဗျား။

    • ashinariya

      June 21, 2012 at 5:28 pm

      ဗုဒ္ဓဘာသာမှာ အယောင်ဆောင်နေသော တရားတုများကို တာဝန်သိစွာ စိစစ်ဖော်ထုတ်တင်ပြပေးနေတာပါဟု နှလုံးသွင်းနားလည်ပေးပါ။

      ကုလားများက အခုမှ တစ်မျိုးလုပ်နေတာပါ။
      စစ်မှန်တဲ့ ဗုဒ္ဓရဲ့အရိယသစ္စာတရားတော်တွေထဲကို ဒီပရမတ်ဝါဒီ ဗြဟ္မဏတွေ၊ ဂျိန်းတွေက အမျိုးမျိုးလုပ်ခဲ့ကြတာကို သိရင် ပိုကြောက်စရာ ၊ ရင်နာစရာကောင်းပါတယ်။

      တကယ့်စစ်မှန်သော ဗုဒ္ဓရဲ့ အရိယသစ္စာပြန်လည်ထွန်းကားဖို့အတွက် တာဝန်သိသူတွေမှာ တာဝန်ရှိကြပါတယ်။

  • mggwa

    May 31, 2012 at 1:34 pm

    မိုးတိမ် ရဲ့ အသိအမြင် ဝါဒစွဲတိမ်လွှာတွေ ဖုံးနေတာကို စစ်ဆေးသင့်ပါတယ်လို့ အကြံပေးတယ်ဗျာ။
    အစွဲဖြုတ်ပေးတဲ့ ဗုဒ္ဓတရားတွေကို ကျဉ်းမြောင်းတဲ့ နိုင်ငံစွဲ၊ ဝါဒစွဲတွေနဲ့ အရောင်မဆိုချင်ပါနဲ့ မိုးတိမ်။
    အခုခေတ်က ကမ္ဘာရွာကြီးဖြစ်နေပြီဆိုတာကို မမေ့ပါနဲ့။
    ကမ္ဘာ့ငြိမ်းချမ်းရေးဖျက်ဝါဒတွေက . . . .
    လူမျိုးရေးမုန်းတီးတဲ့ . . . နာဇီဝါဒနဲ့….
    ကိုယ်လူမျိုး၊ ကိုယ့်ဝါဒမှ အစစ်အမှန်ပဲဆိုတဲ့ စိတ်ကြီးဝင် အစွဲကြီးတဲ့ . . . . ဇီယွန်ဝါဒဆိုတာတွေပဲ။

    ယနေ့မြန်မာပြည်မှာ ဇီယွန်ဝါဒီတွေ ခြယ်လှယ်နေကြလို့ ဘာသာရေးမှာ မငြိမ်းချမ်းနိုင်ကြတာပဲ။
    ဇီယွန်ဝါဒီများ ပပျောက်ဖို့အရေး . . . . ဒို့အရေး။
    အယူဝါဒများကို မျှတစွာမြင်နိုင်ရေး . . . . ဒို့အရေး။
    ဘာသာရေးအနိုင်ကျင့်မှုများ ပပျောက်ရေး . . . . ဒို့အရေး။

  • mgmaung

    May 31, 2012 at 4:47 pm

    ဟိန္ဒူ၊ ဂျိန်းတို့ရဲ့ ပရမတ္တသစ္စာတရားများက ဗုဒ္ဓတရားယောင် အယောင်ဆောင်ထားခြင်းမှုဖြစ်လေသည်။

    ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာတရားတော်များ လူအများ ပြန်လည်သိရှိနိုင်ရန်အတွက် အရိယသစ္စာတန်ဘိုးသိသူတိုင်းတွင် တာဝန်ရှိပေသည်။

  • ထာဝရ

    June 2, 2012 at 11:04 pm

    မြတ်စွာဘုရာရှင်ထက်ထက်မှာ တရားသိမြင် သဘောပေါက်ကြတာတွေကို လေ့လာကြည့်ပါက ယခုတရားစခန်းများလို ဘယ်နှစ်ရက် တရားခန်း၊ တရားဘယ်နှစ်ကြိမ်ထိုင်ရတယ် ဆိုတဲ့ ပုံစံမျိုးများဖြင့် တရားပေါက်တယ်လို့ မတွေ့မိပါ။

    လူတွေငြိမ်းအေးအောင်လိုက်နာကျင့်သုံးသင့်တဲ့ တရားအမှန်ကိုသိမြင်သွားပြီး လုပ်ကိုင်၊ ပြောဆို၊ နေထိုင်ကြသည့်အခါမှာ မှန်ကန်စွာပြုမူ နေထိုင်တတ်သွားကြတာကိုပဲ တရားနဲ့ နေသွားတယ်၊ တရားပေါက်သွားတယ်လို့ပဲ တွေ့မိပါတယ်။

    အင်္ဂုလိမာလ . . . လူသတ်ခြင်းရဲ့ မငြိမ်းအေးမှုကို သိမြင်သွားလို့ သတ်သည့်အမှုကို မလွန်ကျူးတော့ခြင်း၊
    ခုဇ္ဇုတ္တရာကျွန်မ. . . ခိုးသည့်အမှုရဲ့မငြိမ်းအေးမှုကို သိမြင်သွားလို့ ခိုးသည့် လွန်ကျူးမှုတွေကို မပြုတော့ခြင်း စတဲ့ အသိအမြင်များအတွက် တရားစခန်းတွေ ဝင်ခဲ့ပြီး တရားထိုင်ခဲ့ကြတယ်လို့ မတွေ့ရပါ။

    သူတို့ရဲ့ လွန်ကျူးမိနေတဲ့ ကံတွေနဲ့ အဲဒီကံတွေရဲ့ အပြစ်တွေကို သိမြင်သွားခြင်းသာလျှင် တရားရခြင်းအကြောင်းပါပဲလို့ နားလည်မိပါတယ်။

    တကယ်ကတော့ ဗုဒ္ဓမြတ်စွာသည် လူတွေရဲ့ ကံတွေကို ငြိမ်းအေးအောင်ပြုပြင် လမ်းညွှန်ပေးခဲ့တဲ့ ပညာရှင်တစ်ဦးပါပဲ။

  • မိုးတိမ်

    June 2, 2012 at 11:58 pm

    မောင်ဂွရေ……
    မင်းပြောတဲ့စကားနော်ပြန်ဖတ်

    (mggwa says:
    ဗုဒ္ဓဟောတဲ့ ကမ္မဋ္ဌာန်းက ကမ္မဆိုတဲ့ အလုပ်ပါဗျ။ အလုပ်ဆိုတာ ကာယအလုပ်၊ ဝစီအလုပ်၊ မနောအလုပ်လေ။
    ဒါဆို လုပ်ကိုင်ပြောဆို ကြံစည်နေတဲ့ အချိန်တွေမှာ ကမ္မဋ္ဌာန်းလုပ်မလား?
    ဘာမှ မလုပ်၊ မပြော၊ ရုပ်နာမ်ဖြစ်ပျက်ကို တွေးတာမှလွဲ၍ ဘာမှ မတွေးနေတဲ့ အချိန်မှာ ကမ္မဋ္ဌာန်းလုပ်မလား? ဆိုတာ စဉ်းစားကြပေါ့ဗျာ။
    ကျုပ်တို့ကတော့ အလုပ်သမားဗျို့၊ အတွေးသမား အထိုင်သမားတော့ မဟုတ်ဘူး။
    အလုပ်မလုပ်ပဲ ထိုင်းပြီး အချိန်းဖြုန်း ဦးနှောက်စွမ်းရည်တွေ ကျစေတဲ့ အမှုတွေမှ ကင်းလွတ်ကြပါစေ။
    ဒူဝေဝေ. . ဒူဝေဝေ. . . ဒူဝေဝေ။)

    ဘယ်လောက်တောင်မင်း မသိတတ်လဲ ဖျက်ဆီးနေလဲဆိုတာပြောချင်လို့ ပြန်ဝင်ရှင်းနေတာပါ။

    ၁။ဟင်းချက်ရင်းနဲ့ (ကဇွန်းရွက်ကြော်ရင်း)ဖြစ်ပျက်မြင်တဲ့ ကောင်မလေးကို သိရင်ပြောပါ။
    ၂။အိမ်သာတက်ရင်း လောက်တွေတွေ့လို့ ဗြဟ္မာဖြစ်ပြီး ဘုရားရှင်လက်ထက်မှာ ဝက်မလေးဖြစ်ရတာ
    သိပါသလား။
    ၃။ဟုတ်ပါပြီ မင်းကအတွေးသမားမဟုတ်ဘူး၊အလုပ်သမားဆိုတော့ကာ အလုပ်တစ်ခုကို ဘယ်ကစရလဲ
    အတွေးကစရလား၊အလုပ်ကစရလား။ဘယ်အလုပ်မဆို မင်းက မတွေးပဲလုပ်သပေါ့လေ။
    ၄။ ထိုင်ပြီး အချိန်းဖြုန်း ဦးနှောက်စွမ်းရည်တွေ ကျစေတဲ့အလုပ်လို့ မင်းပြောတယ်နော်
    ဟုတ်ပါပြီ မင်းကွန်းဆရာတော်ဘုရားကြီးကိုကော အဲလိုပြောရဲပါသလား။
    ၅။မောင်ဂွရေ နင့်ဟာတွေက တစ်ခုမှမမှန်ဘူး။
    ရမ်းပြီးထင်ရာမပြောနဲ့ ချီးစိမ်းပန်းလိမ့်မယ်။

  • ကိုငြိမ်းအေး

    June 7, 2012 at 6:25 pm

    (ဒီအရိယသစ္စာအသိဟာ လူ့အရည်အသွေးတွေမြင့်လာအောင် လူ့အမှုတွေကို စိစစ်ပြုပြင်ပေးတဲ့ ဆော့ဝဲနဲ့လည်း တူတာပေါ့နော်”) ဆိုထားတော့
    လူအရည်အသွေးတွေကို ဘယ်လို မြင့်လာအောင်
    လူ့အမှုတွေကို ဘယ်လို စ်ိစစ် ပြုပြင်ပေးတယ်ဆိုတာကို စိတ်ဝင်စားပါတယ်။

    • ashinariya

      August 6, 2012 at 8:48 am

      မှန်ကန်တဲ့ လူ့အမှုတွေနဲ့ ပြောဆို၊ လုပ်ကိုင်၊ နေထိုင်တတ်သွားတဲ့ အသိတရားလမ်းညွှန်မှုနဲ့ နေသွားခြင်းပါလို့ အကြမ်းဖျဉ်းပြောဆိုလိုပါတယ်။
      နောက်မှ Post တစ်ခုအနေနဲ့ ရေးဖို့ ရည်ရွယ်ထားပါတယ်။

  • maungpeace

    June 12, 2012 at 3:23 pm

    တရားကျင့်ကြံကြမှုတွေသည် လူရဲ့စိတ်ငြိမ်သွားဖို့အတွက်လား ?
    လူ့ရဲ့မတရားမှုတွေ ငြိမ်းသွားဖို့လား ?

    စိတ်ငြိမ်ဖို့အတွက်ကတော့ စိတ်ငြိမ်ဆေးပဲသောက်သောက်၊
    ဒါမှမဟုတ် စိတ်ငြိမ်စေတဲ့ ကမ္မဋ္ဌာန်းပဲထိုင်ထိုင် တစ်ခုခုလုပ်ရင် ရနိုင်ပါတယ်။
    ဒီခေတ်မှာ ဆေးဝါးတွေနဲ့ ကမ္မဋ္ဌာန်းရိပ်သာတွေ ပေါများပါတယ်။

    ဒါ့ပေမယ့်
    လူ့ရဲ့မတရားမှုတွေ ငြိမ်းသွားဖို့ကတော့ . . .
    ဆေးသောက်လို့လည်း မရနိုင်သလို
    ကမ္မဋ္ဌာန်းရိပ်သာတွေမှာ သွားထိုင်နေရုံနဲ့လည်း ရနိုင်ပါ့မလားလို့ စဉ်းစားမိပါတယ်။

    တရားသော၊ မတရားသော အမှုတွေရဲ့ တန်ဘိုးအမှန်တွေကို သိတဲ့ အသိဉာဏ်မှသာ
    မတရားမှုတွေ ငြိမ်းချမ်းသွားစေဖို့အတွက် လမ်းစဉ်အမှန်ပဲလို့ ယုံမိပါသည်။

    • kai

      June 12, 2012 at 4:36 pm

      သူတို့ကတော့.. လူရဲ့စိတ်တွေ ငြိမ်သက်အေးချမ်းစေပြီး.. နိဗ္ဗာန်သွားဖို့တဲ့..

      နိဗ္ဗာန်ရောက်ဖို့.. အဲဒီလမ်းကိုညွှန်တဲ့သူကို.. ရှေ့ကညွှန်ထားတာနဲ့မတူဘူးထင်ရင်..
      … ဆဲတယ်..။
      ..ဖမ်းတယ်.
      ….ထောင်ချတယ်..
      အဲ..အဲ..
      အဲဒါလေး…
      မယုံရင်..အပေါ်ကကွန်မန့်တွေသာ ဖတ်ကြည့်ပေတော့… :mrgreen:

      • ကိုငြိမ်းအေး

        June 13, 2012 at 10:42 am

        ရှေ့ကညွှန်ထားတာနဲ့မတူဘူးထင်ရင်..
        … ဆဲတယ်..။
        ..ဖမ်းတယ်.
        ….ထောင်ချတယ်..စတဲ့ လုပ်ဆောင်မှုတွေဟာ ရှေးရိုးစွဲ တရားသေဝါဒီတို့ရဲ့လုပ်ဆောင်ချက်များသာဖြစ်ကြပါတယ်။

        နိဗ္ဗာန်ဆိုတဲ့ လူ့ငြိမ်းအေးမှုကို ဦးတည်တဲ့အခါမှာ ရှေးရိုးစွဲဖြင့် အယူဝါဒများကို တရားသေဆုတ်ကိုင်ထားတဲ့ ဒိဋ္ဌုပါဒါန်ဆိုတဲ့ အယူဝါဒအစွဲများဖြင့် ဖော်ဆောင်လို့ မရနိုင်ပါ။

    • mggwa

      June 12, 2012 at 11:02 pm

      ဒါဆိုရင်တော့ ရိပ်သာတွေမှာ စိတ်ငြိမ်ဆေးတွေ သွားလှူဦးမှပဲ၊
      ဒါမှ လူတွေ အချိန်သီးသန့်ဖြုန်းနေတာတွေ ရပ်သွားမှာ။
      ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးသစ်ဆီကို ထိုင်ပြီးတော့ သွားလို့ မရပါ။
      အလုပ်တွေ လုပ်မှ ရောက်မှာ။

  • မောင်ကောင်း ကို

    June 12, 2012 at 6:42 pm

    ဒီနေ့ကစပြီးဘုရားရှစ်ခိုးဖို့စိတ်ကူးယဉ်လိုက်ဦးမယ်ဗျာ။

  • Ko out of...

    July 4, 2012 at 5:56 pm

    Antivirus တောင်မှ အမျိုးမျိုးပေါ်နေတယ်…

    တချို့ Antivirus များက တနေရာမှာ ကောင်းပေမဲ့ တချို့နေရာမှာ စက်ကိုပိုလေး စေတာတွေရှိတယ်…..ကျွန်တော်ကတော့ ဒီထက်မက ပိုကောင်းတဲ့ Antivirus များရှိခဲ့
    ရင်ပေါ့..ကျွန်တော်ယူဦးမယ်ဗျာ…

    – ဒါပေမဲ့ ဒီထက်ကောင်းတဲ့ Antivirus ကို ကျွန်တော် အခုထိ မတွေ့ရသေးဘူးဗျာ…
    ဒါကြောင့် ကျွန်တော် ဒီ Antivirus ကို အသုံးပြုနေပါကြောင်း….ပြောကြားလိုပါတယ်..

  • yan shin

    October 20, 2012 at 11:26 am

    ashinariya က ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်သူဖြစ်ပါသလဲ ဘာသာမဲ့လား ရှင်းလင်းစွာသိလိုပါသည်။

    • San Hla Gyi

      October 20, 2012 at 5:07 pm

      အင်း ပြောရရင်တော့ ဒီပို့စ်ကို တော်တော်ကြီးကို ကြာခဲ့ပြီပဲ။ အခု အပြင်က ပြန်လာလို့ ကွန်မန့်တတ်နေတာ တွေ့တာနဲ့ ဝင်ပြီးဖတ်ကြည့်လိုက်တယ်။ ဒီ ashinariya ဆိုတဲ့ စာရေးသူက ကိုယ့်ကိုကိုယ် မိုးပြာဝါဒီလို့ ရဲရဲ ဝန်ခံရဲတဲ့ စာရေးသူပဲ။ အဲဒီလို သတ္တိမျိုးမှ သဘောကျတာ။ အခုတလောလဲ မိုးပြာဆရာတွေ နည်းနည်းပျောက်နေလို့ ပျင်းတောင်နေတယ်။ အဲဒီတော့ ဒီ ashinariya ဆိုတဲ့ စာရေးသူ ပြန်လာဖြေရင်တော့ မိုးပြာတရားတွေ နည်းနည်းမေးကြည့်ရအုံးမယ်။
      Yan Shin ဆိုတဲ့ မိတ်ဆွေရေ။ ခင်ဗျားက အသစ်ဖြစ်ပြီး အခုမှ အလွန်ကို ကြာနေတဲ့ပို့စ်ကို ဘယ်လိုတွေ့မှန်းမသိ ကွန်မန့်ပေးပုံရတယ်။ ခင်ဗျား ကွန်မန့်ပေးတာလဲ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီစာရေးသူ လာဖြေရင် သူတို့ မိုးပြာဝါဒအကြောင်း နည်းနည်းမေးကြည့်လို့ ရတာပေါ့။ ခင်ဗျားကွန်မန့် ပေးလိုက်တော့ ပို့စ်အဟောင်းက ပြန်တတ်လာတာကိုး။
      သူတို့ကိုယ်စား ဖြေပေးလိုက်ပါ့မယ်။ သူတို့က မိုးပြာဝါဒီတွေ ဖြစ်ပြီး ဗုဒ္ဓဘုရားရှင်ကို အလွန်ကို ကြည်ညိုသူတွေပါတဲ့။ သူတို့ကိုယ်တိုင် ပြောတာပဲ။ ကျုပ်ကလဲ မိုးပြာဆရာတွေရဲ့ ပါဠိစာတွေ ရွတ်ပြီး ပြောတာကို နားထောင်ချင်နေတာ။ သူတို့နဲ့ အမေးအဖြေ လုပ်ရတာပေါ့။
      အော် သူကြီးရေ မခြိမ်းခြောက်ပါဘူးနော်။ ဆွေးနွေးတာပါ။ တော်ကြာ ပြုပြင်လိုသူတွေကို ခြိမ်းခြောက်နေတယ် အဟင့် ဆိုပြီး အသံကြားနေရအုံးမယ်။

  • yan shin

    October 20, 2012 at 8:15 pm

    ashinariya က မိုပြာဝါဒီ ဆိုတာဟုတ်ပါသလား ခင်ဗျာ။ ကိုယ်တိုင်ဖြေပေးပါ

  • aungnng87

    October 21, 2012 at 7:53 am

    လူတွေ လူတွေ သူများကြတော့ ဒီမိုကရေစီ ..ဒီမိုကရေစီနဲ့ ကိုယ့်ဆာဗာလေးအဟက်ခံရမှာတော့
    ကြောက်ပြီး တချို့ပို့စ်တွေဆို ပိတ်တာပိတ်..၊ ရာထူးနဲ့ကန့်သတ်လိုကန့်သတ်…သူတပါးရဲ့လွတ်လပ်စွာဖတ်ပိုင်ခွင့်တို့၊ လွတ်လပ်စွာကောမန့်ပေးပိုင်ခွင့်တို့ကြတော့ ချုပ်ချယ်ထားပြီးတော့…သူတို့ထက်ကြီးတာကြီးတွေက သူတို့နည်းမျိုးသုံးတာကြတော့….

    • kai

      October 21, 2012 at 8:47 am

      မှန်ပါတယ်..
      နကိုကများ.. မန်းဂဇက်ဟာ အလွန်လွတ်လပ်စွာရေးနိုင်…ဆွေးနွေးနိုင်တာပါ..။ ယူအက်စ်က.. အခြေခံဥပဒေအတိုင်း.. ချပြီးကို လေ့ကျင့်နေကြည့်ခဲ့မိတာ…
      ဆိုတော့..
      ကိုယ့်အခွင့်အရေးကျော်ပြီး.. ဆဲတာနဲ့.. ချိမ်းခြောက်တာနဲ့..။ လူအုပ်စုဖွဲ့အနိုင်ကျင့်တာနဲ့..။ အပြန်အလှန် လေးစားမှုမရှိတာနဲ့..။ အများစုအကျိုးစီးပွားကို.. (ကိုယ့်အကျိုးစီးပွား..အတ္တလေးပဲကြည့်ပြီး).. (ကယ်တင်ရှင်ကြီးပမာ..ကိုယ့်ဟာကိုယ်ယူဆ.).. ဖျက်ဆီးတာနဲ့..

      အခုတော့..
      နှစ်၁၀၀ဝ ကျိန်စာကို..ဆက်မယ်..။
      ဘယ်သူမဆို.. ကိုယ်တန်ရာ တန်ရာပဲ ရမယ်.. :kwi:

      In a Democracy, the people get the government they deserve – Alexis de Tocqueville

      • မိုးတိမ်

        October 21, 2012 at 1:23 pm

        ကဲ အဟောင်းကို ဆက်ချင်သပဆိုလဲ ဆက်ကြတာပေါ့ သဂျီးရေ။
        ဘာမှဝင်မပြောချင်လို့နေနေတာပါ။မအားတာရောပေါ့။ဆဲတာကတော့မကြေနပ်ရင်ဖြစ်မှာပါ။
        ကိုဘုန်းကျော်ကြီးတောင် ဒီလောက်ဆဲခံခဲ့ရတာမှမမှု့ပဲ၊သူဘာပြောခဲ့တုန်းဗျ။(လူပဲ ဆဲပစေပေါ့ မကြေနပ်ရင်)။လူအုပ်စုဖွဲ့ အနိုင်ကျင့်တယ်ပြောရအောင် ဘယ်တုန်းက ရှိခဲ့တုန်း ရှိရင်ပြောပြပါ။
        သိချင်လို့ပါခင်ည။အပြန်အလှန်လေးစားမှု့ဆိုတာလဲ ကိုယ့်ကို စလေးစားမှ ပြန်လေးစားမှာပေါ့
        စကတည်းက မဟုတ်တာရေး၊မဟုတ်တာတင်ရင် ဘယ်သူကလေးစားမှာလဲ။

        အများစုအကျိုးစီးပွားကို.. (ကိုယ့်အကျိုးစီးပွား..အတ္တလေးပဲကြည့်ပြီး).. (ကယ်တင်ရှင်ကြီးပမာ..ကိုယ့်ဟာကိုယ်ယူဆ.).. ဖျက်ဆီးတာနဲ့..

        အဲဒါကတော့ကျုပ်ကို ဒဲ့ပြောတာလို့ယူဆတယ်။ကျုပ်တစ်ခုမေးပါရစေ..
        အကျိုးစီးပွားဆိုတာ ဘာခေါ်တာတုန်း။အခုကျုပ် ခင်ဗျားဆိုဒ်မှာရေးတာဟာ ကျုပ်အကျိုးစီးပွားလားဗျ။ကျုပ်ရေးတာအတွက် ခင်ဗျားက တစ်ကယ်ကော ပိုက်ဆံပေးမှာလား
        ၁၀၀၀၀ဝ ပြည့်မှ ဟုတ်ပြီလေ။ခင်ဗျားစဉ်းစားကြည့်ပါ ခင်ဗျားပေးမယ့် ၁၀၀၀၀ဝ ဟာ အင်တာနက် ဖိုးတောင်မရှိပါဘူး။အဲဒါကို ကိုယ်ကျိုုးလို့ဆိုချင်တာလား။
        ဒီမှာရေးနေတင်နေတဲ့သူတွေ ဖတ်နေတဲ့သူတွေဟာ အမှန်တရားကို ဆွေးနွေးချင်လို့ပါ။
        ဖျက်ဆီးတယ်စွတ်စွဲရအောင်လဲ ခင်ဗျားကို ခင်ဗျားအမျိုးတွေကပဲ လုပ်နေတာပါ။ကျုပ်တို့ ဗမာတွေ ခင်ဗျားဆိုဒ်ကို ပျက်ပါစေတော့ဆိုပြီးတိုက်ခိုက်နေလို့လား။
        ကိုယ်တိုင်ရေးတွေချည်းတင်နေတာပါ။ သိပ်အမြင်ကပ်ရင် အပိုင်း(၄)အသင့်ရှိတယ်။
        ကျန်တဲ့မန်ဘာတွေ မဆိုင်တဲ့သူတွေထိခိုက်မှာစိုးရိမ်လို့ အေးဆေးနေတာပါ။
        နှစ် ၁၀၀ဝ ကျိန်စာတင်မကဘူး နှစ် ၁၀၀၀၀၀၀၀၀၀၀၀ဝ ကျိန်စာပါဆက်လို့ရပါကြောင်းးးးးးး

    • San Hla Gyi

      October 21, 2012 at 3:28 pm

      ကို aungnng87 ရေ
      မတွေ့တာတောင် ကြာလှပါပကော။ မှတ်မှတ်ရရ ကျနော်ရေးတဲ့ စဉ်းစားကြစေလိုပါတယ် (၁၈) တိုင်းရင်းသားအရေးသို့ ပြန်ကြားချက် ပြီးကတည်းက ထင်တယ်။ ခင်ဗျားပြောတာ ကျုပ်လဲ သဘောကျတယ်။ နောက်တပတ် weekend မှာကျနော်လဲ တပုဒ်လောက် ရေးအုံးမယ်။ ရာထူးနဲ့ ကန့်သတ်တာတော့ မပြောနဲ့ဗျ။ အဲဒါကကို အာဏာရှင် ဆန်နေတဲ့ လုပ်ရပ်ပဲ။ အဲဒါပေါ်မှာ မူတည်ပြီး လွတ်လပ်စွာ ဖတ်ပိုင်ခွင့်တို့ ရေးပိုင်ခွင့်တို့ကို ထိန်းချုပ်လိုက်တာပဲ။ မဖတ်နဲ့ဆိုလဲ အားလုံး မဖတ်စေနဲ့ပေါ့။ အခုဟာက သူတော့ဖတ်စေ သူတော့ မဖတ်စေနဲ့ ရွာသားကြီး ရွာသူကြီး ဆိုသူများ ကွန်မန့်ပေးစေ ကျန်လူများက ငေးမောကြည့်ရှုစေပေါ့။ ဒီကြားထဲ တချို့က သိပ်မကြာသေးပဲ အမယ် ရွာသားကြီးအဆင့် ရောက်နေသူတွေတောင် ရှိသလား မသိဘူး။ ပြောရရင် စစ်အာဏာရှင်တွေရဲ့ အကိုကြီး ညီလေးဝါဒပဲ။
      ရာထူးတတ်ချင်ရင်တော့ ကျနော် အကြံပေးပါ့မယ်။ ဒီလိုဗျ အစဉ်အလာ တခုခုကို ရှေးရိုးစွဲဝါဒလို့ အော်ပြီး ဆန့်ကျင်လိုက်။ ဥပမာဗျာ ကိုယ့်ဘာသာ ကိုယ့်ရည်းစားကို ခိုးပြေးတာကို လစ်ဘရယ်ဝါဒီက ရှေးရိုးစွဲဝါဒ အပေါ်အနိုင်ယူခြင်း အပိုင်း ၁ ၂ ၃ ဆိုပြီး ရေးလိုက်။ တခြားဟာတွေလဲ ရှိမယ်ဗျာ။ ဒါက ဥပမာပေးတာ။ အဲဒါဆိုရင် ခင်ဗျားဆောင်းပါးက တခါတည်း sticky ရမယ့်အပြင် ကံကောင်းရင် “ပုံနှိပ်သတင်းစာမှာ ပုံနှိပ်ဖော်ပြပါမယ်နော် ကောင်းလွန်းလို့ပါ ကွိ ကွိ” ဆိုပြီး ဖြစ်သွားရင် တခါတည်း ပွိုင့် ၈၀၀ဝ လဲတန်းရပြီး ဆောင်းပါးတိုင်းကို ခန့်ခန့်ကြီးနဲ့ စန့်စန့်ကြီး ဖတ်ရှုနိုင်ပြီပေါ့ဗျာ။ ကျုပ်ပြောတာ မယုံရင် ခင်ဗျားတို့ ပြန်စဉ်းစားကြည့်ပေါ့။
      ဒါမှမဟုတ်လည်း အယ်ဒီတာကို တယောက်ယောက်က ဆဲတာတို့ ခပ်ကြမ်းကြမ်း ဝေဖန်တာတို့ လုပ်ရင် “တယောက်စကား အယ်ဒီတာကြီးနားမှာ မခါးရအောင် သတိဆောင်၍ မောင်တို့ဆိုလေ ထန်းလျက်ခဲသို့ ချိုလှစေတို့ ကြံသကာသို့ ချိုလှစေတို့” ရေးဗျ။ အဲဒါလည်း သေချာတဲ့နည်းပဲ။ အခုတလောတော့ ကိုမိုးတိမ် တော်တော် ဝေဖန်နေတယ်ဗျ။ ဆောင်းပါးရေးဖို့ အခွင့်ကောင်းပဲ။
      ဒါမှမဟုတ်ရင် အယ်ဒီတာသူကြီးက တယောက်ယောက်ကို ဝေဖန်ရင်တော့ “နာနာကျင်ကျင် အပြစ်မြင်တိုင်း ဝမ်းတွင်မသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က ဆုံးမတတ်သူ သူကြီးဟူသည်” ဆိုတဲ့ ဆောင်းပါးမျိုးကို မြန်မြန်ရေးဗျ။ အဲဒါ ရွာသားကြီး ဖြစ်ရာဖြစ်ကြောင်း နည်းလမ်းကောင်းတွေပဲ။
      အမှန်တော့ ကျနော်က မိုးပြာဆရာတွေကို မရှင်းတာတွေ မေးချင်နေတာ။ ခင်ဗျားကွန်မန့်လေးကို ကြိုက်လို့ ဝင်ပြီးတော့ကို ဆွေးနွေးတာပဲ။

      • မိုးတိမ်

        October 21, 2012 at 5:19 pm

        အဲလူဂျီး လစ်ဘရယ်အော်ပြီး လစ်ဘရယ်မကျပုံက ပိုပို သိသာထင်ရှားလာပေါ့။
        ကျုပ်ကတော့ သူကြိုက်တဲ့ပုံစံမဟုတ်ဘူးဗျ။ခင်ဗျားလဲပါတာပါပဲ။
        ကျုပ်တို့ကတော့ ရွာသားကြီးဖြစ်မှာမဟုတ်ပါဘူး။အထုတ်တောင်ခံရဖို့ များနေပါပြီ။
        တော်ကြာအုပ်စုဖွဲ့အနိုင်ကျင့်တယ်ပြောနေဦးမယ်။ကျုပ်ဒဲ့ပဲ ဒီနေရာကပြောချင်ပါတယ်။
        ကိုစံလှကြီးကို လုံးဝ(လုံးဝ)မသိသလို အခြားမန်ဘာများကိုလဲ မွတ်(စ်)ဂေဇက်အတွင်းမှာသာ
        သိပါတယ်။အပြင်မှာမည်သူတစ်ဦးတစ်ယောက်နဲ့မှ မသိပါခင်ဗျား။သိတဲ့သူရှိရင် ကျုပ်ကို ပြောကြပါ။အတွေးအမြင်တူရင် မိတ်ဆွေလို့ယူဆပါတယ်။မတူရင် ပြန်ငြင်းရပါမယ်။
        သဂျီးပြောတဲ့ ဒီမိုကရေစီမှာ အဲဒါတောင်မှမရှိရင် အယုံအကြည်မရှိအဆိုတင်သွင်းပါတယ်။
        အခုလို အဆင့်အတန်းခွဲခြားတာ လစ်ဘရယ်၊ဒီမိုဆိုရင်လဲလုပ်ပေါ့။တန်ရာတန်ရာပဲရမယ်ဆိုတာ
        လဲဘာကိုဆိုလိုတုန်းမသိ။ကိုစံလှကြီးပြောသလို ဖော်လိုလိုက်အကြိုက်ဆောင်တတ်မှဆိုရင်
        ဆောရီးပါပဲ။ကျုပ်ကတော့ မှန်တာပြောပါမယ်၊မှန်တယ်ထင်တာရေးပါမယ်။မဟုတ်ဘူး မတရားဘူးထင်ရင်ပြန် ဗျင်းပါမယ်။အဲဒီအတွက်လဲ နောင်တမရသလို ဝမ်းလည်းမနည်းပါဘူးဗျ။

  • Thwin Myint

    March 15, 2014 at 2:28 pm

    ကောင်းတယ်

Leave a Reply