ဗိုလ်တထောင်ရဲစခန်းမှ တာဝန်ရှိသူများသိစေရန်

VampiresMay 16, 20121min14815

ဗိုလ်တထောင်ရဲစခန်းတွင် ရှမ်းပြည်ဖက်မှ ပြောင်းလာသော ရဲမှူး တစ်ယောက်၏သားဖြစ်သူ မောင်ထွန်းထွန်းမျိုးအောင် သည် ဖခင် အရှိန်အဝါနှင့် ရပ်ကွက်တွင်းရှိလူများအား မောက်မောက်မားမား ဆက်ဆံနေသည် ကိုတွေ့ရှိရသည်။ ဖြတ်သွားတဲ့ကောင်မလေးတိုင်းအား စလိုက်နောက်လိုက် ပြောင်လိုက် လုပ်နေပြီး၊ ရဲစခန်းသို့သွားတိုင်မည်ဟုပြောပါက သွားတိုင်လေ၊ ငါ့အဖေက ရဲစခန်းက လူပဲ။ အေးဆေးပဲ။ ဆိုပြီး တော်တော်များများ မတို်င်ဖြစ်တော့တာများတယ်။ ညနေဗိုလ်တထောင်ဘုရား ကမ်းနားတွင်ထိုင်ပြီး ဟိုအတွဲကိုနောက်လိုက် ဒီအတွဲကိုနောက်လိုက်၊ သူ့အဖေက ရဲစခန်းပိုင်သလိုပြုမှုဆောင်ရွက်နေတာတွေကိုတွေ့ရတယ်။
စကားပြောသည့်အချိန်တွင်လည်း ပါးစပ်မှ အဆဲများအလွတ်ကျက်ထားသလားအောက်မေ့ရ၏။ ရန်ပွဲတွေဖြစ်ပါကလည်း ငွေကြေးအနည်းငယ်ဖြင့် ကြေအေးပေးရ၏။ ယခုလောလောဆယ်တွင်လည်း သူ့သူငယ်ချင်း တစ်ယောက်မှာ မုဒိမ်းမှုဖြင့် ဗိုလ်တထောင်ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားထားကြောင်းသိရတယ်။ ထိုမုဒိမ်းမှုမှာလည်း သူနဲ့သူ့သူငယ်ချင်းတွေစုလုပ်တာဖြစ်ပြီး၊ နောက်ဆုံး သူငယ်ချင်းတစ်ယောက်တည်း အပြစ်များယူ လိုက်သည်ဟုလည်း သိရတယ်။ ထိုအမှုကိုလည်း ဗိုလ်တထောင်ရဲစခန်းမှ ဖွက်ထားကြောင်းလည်းသိရတယ်။ သမ္မတမှသာ အားလုံးပြောင်းနေပါပြီ။ လာဘ်စားမှုတွေမရှိတော့ပါဘူးပြောလည်း ဒီလိုရဲမှုးသားက ပြည်သူတွေ ကပေးတဲ့ ပိုက်ဆံတွေကို စားပြီး ပြည်သူတွေကိုစော်ကားနေတာကို မခံနိုင်လို့ ယခုလို နေပြည်တော်မှ ရဲမှူးများ၊ ဝန်ကြီးများသိသာစေရန်ယခုလိုတိုင်ကြားရခြင်းဖြစ်ပါသည်။

15 comments

  • ဗိုက်ကလေး

    May 16, 2012 at 3:51 pm

    ဒီပုဂ္ဂိုလ်..ဒိလိုကြပ်ကြပ်လုပ် မကြာခင် သူ ့ဒယ်ဒီလဲ ပြုတ်ဖို ့များပါတယ်..
    တရားရေးမှာ သားသမီးဆွေမျိုးဘက် လိုက်သဖြင့် ပြုတ်နိုင်ဖို ့များတယ်လို ့ပြောတာပါဗျား..
    အခုလိုမီဒီယာခေတ်ကြီးထဲ ပိုလို ့တောင် ပြုတ်ဖို ့များပါတယ်..
    မပြုတ်ချင်ရင် အမှန်တိုင်းလုပ်ကြပါ.ဒါဘဲ…

    ပုံ၊
    တိုင်းမူး

    • Khaing Khaing

      May 16, 2012 at 3:53 pm

      အူးလေး ဗိုက် ပုံ/ ထိုင်မူး လား တိုင်းမူး လားဟင်……………

      • ဗိုက်ကလေး

        May 16, 2012 at 4:00 pm

        ညောင်းတဲ့အခါ ထိုင်မူးပါတယ်

        • etone

          May 16, 2012 at 4:30 pm

          တိုင်းမှူးဆိုလို့ ဘာတိုင်းတာလဲ မှတ်တယ် … မြေတိုင်းတာပဲ … ။
          မူးလာလျှင်လေးဘက်ထောက်ပြီး နှာခေါင်းနဲ့ ထွာတယ်လေ .. ဟိဟိ :mrgreen:

  • Khaing Khaing

    May 16, 2012 at 3:52 pm

    အမလေးလေးလေး …….. ဗိုလ်တထောင်ရဲစခန်းတဲ့ နာအိမ်နားမှာပါလား …… အနေအထိုင်အသွားအလာ ဆင်ခြင်မှပဲ အရင်က စခန်းရှေ့စာအုပ်ဆိုင်မှာ စာအုပ်သွားငှားနေကျ အခုဖျက်ထားလို့တော်သေးတယ် ……..

  • water-melon

    May 16, 2012 at 4:30 pm

    ဘက်ဂရောင်း အားကိုးနဲ့မိုက်နေတယ်ပေါ့
    ကဲ ပြုတ်စေ

    • မဟာရာဇာ အံစာတုံး

      May 16, 2012 at 9:04 pm

      ပြုတ်စေဆို ပြုတ်လိုက်နော် ..
      တွေ့ဒယ် မဟုတ်လား ..
      ဟိုမှာ သေနတ်ကြီးနဲ့ .. 😀

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 16, 2012 at 5:07 pm

    အဲဒီ အကျင့်ဆိုးတွေ မပြင်သရွေ့တော့ … အင်း … ရင်လေးတယ် …

  • sealion

    May 16, 2012 at 7:27 pm

    သိကြတဲ ့အတိုင်းပါပဲ ပြောင်းတာကတော ့ ကြိုးကြီးချိတ်နဲ ့သမ်မတ ဦးသိန်းစိန် တယောက်ထဲပါ…ဘယ်သူမှာ မပြောင်းပါဘူး အရင်အတိုင်း ခိုးဆိုးနှိပ်စပ်လုရက်..ဟိုဂျပုကိုတောင်မနိုင်ပါဘူး အော်မေ့လို ့

  • may thu

    May 16, 2012 at 9:36 pm

    ဟုတ်တယ်အကိုရေ့ မြောက်ဒဂုံကဥပဒေအကြံပေးဆိုရင် တော်တော်ကိုလာဘ်စားတယ်မိန်းမခိုးတဲ့အမှူမှာခိုးတဲ့အဓိကတရားခံကလွတ်ပြီးကူညီပေးတဲ့သူကကအဖမ်းခံရလောက်အောင်စားတာအကြောင်းစုံပြောရရင်ပြီးမှာတောင်မဟုတ်ဘူးအဲလောက်ရှည်တာ

  • က်ိုကိုအိုဗာ

    May 16, 2012 at 9:42 pm

    ကိုင်…ဘယ်နယ်ရှိစ..
    သမ်မတကီး……ဘယ်ဝူမှ့
    ပြုပြင်ပြောင်လဲဖို့ရာ…
    ခင်ဗျား…တပဲ့ တွေက …စောက်ဂရုတောင်မစိုက်..
    ဘယ်နဲ့ရှိစ….
    ဟီးဟီး..

  • ကြောင်ကြီး

    May 17, 2012 at 8:44 am

    သဒင်းမှန်ရင်ဒေါ့ အယင်ဂထက် တယားအုပဒေ စိုးမိုးမှု ပိုပျက်ဆီးလာဘီ ပြောရမယ်။ ဗိုလ်တထောင်ဆိုဒါ မြို့ထဲငါးမြိုနယ်ထဲပါလို့ အဲလောက်အထိ ရုပ်ပျက်ဆင်းပျက် မဖြစ်သင့်ဘူးထင်ဒယ်.. လူဂျီးမင်းများ ကျိမနေဂျပါဏဲ့..။ အောက်ခြေထိဆင်း ဘီယာဖိုးတောင်းဂျဘာ..။

  • ahnyartamar

    May 17, 2012 at 9:39 am

    ရဲမှူးတယောက်ရဲ့သားတောင် ဒီလောက်သောင်းကျန်းနေရင် တရားဥပဒေ စိုးမိုးရေးဆိုတာ ဖြစ်လာနိုင်ပါ့မလား။

  • etone

    May 17, 2012 at 10:30 am

    တရားဥပဒေဆိုတာကို ချိုးဖောက်သူအများစုက တရားဥပဒေရဲ့ဘက်တော်သား ကိုယ်တိုင် လည်းဖြစ်နိုင်သလို ၊ သူ့ပတ်ဝန်းကျင် ၊ မိသားစု ၊ ဆွေမျိုးထဲကလူတွေလည်း ဖြစ်နိုင်တယ် … ။ သာမန်လူက တရားဥပဒေဆိုတာကို စောင့်ထိန်းစရာ ၊ လိုက်နာစရာ ၊ ကြောက်စရာလို့ မှတ်ပြီး တော်ရုံဆို ဒုစရိုက်မှုကျူးလွန်ဖို့ လက်မရဲပေမယ့် … တရားဥပဒေဆိုတာကို သေချာသိထားသူများကတော့ …တရားဥပဒေဆိုတာ ..သတို့အတွက် ထင်ရာစိုင်းဖို့ ကာကွယ်ပေးတဲ့ တံတိုင်းကြီးလို့ မှတ်ယူထားသလိုပါပဲ … ။ တရားဥပဒေကို ကာကွယ်စောင့်ရှောက်သူများအနေနဲ့ ….ဥပဒေဆိုတာ နိုင်ငံသားတိုင်းအပေါ် သက်ရောက်မှုခြင်း ညီတူမျှတူဖြစ်ဖို့ရယ် ၊ ကိုုယ်စောင့်ရှောက်ရတဲ့ တာဝန်၊ ဥပဒေဆိုတာအပေါ်ကို လေးစားဖို့ရယ် အလွန်အရေးကြီးပါတယ် … ။ 🙄

  • Onyx

    May 17, 2012 at 4:54 pm

    ဒီလို အဖြစ်တွေက ကြားရမြင်လိုက်ရရင် အရမ်းကို ဒေါသထွက်မိတယ် ။ ဒင်းတို့လဲ တစ်နေ့တော့
    ခွေးသေ ဝက်သေ သေကြအုန်းမှာပါပဲ ။မတရားတာဆို အရမ်းမုန်းတာ ရွံဖို့လဲကောင်းတယ်

Leave a Reply