ကားသစ်တွေနဲ့ လမ်းဟောင်းတွေ အကြောင်း…

ကားရပ်နားရန်အတွက် ငွေအကြွေပေးရသည့်စက်...

Pay Parking Zone...

 

ကားသစ်တွေပေါလာတော့မည့် မြို့တော်မဟာရန်ကုန်နဲ့ လိုက်ဖက်တဲ့ လမ်းကောင်းတွေ၊လမ်းသစ်တွေ လည်းပေါလာဖို့ လိုအပ်မှာပါ။ဒါမှလည်း ပဏာသင့်မှာပါ၊သို့မှ မဟုတ်ရင်တော့ မျက်နှာသနှပ်ခါးနဲ့ ပေါင်မှာ သေးစီးချောင်းနဲ့ဆိုသလိုဖြစ်နေမှာပေါ့။

နောက်ပြီးတော့ အရေးကြီးဆုံးဖြစ်တဲ့ ကားရပ်နားရန်နေရာ ပြဿနာမဖြစ်စေရန်အတွက် ကြိုတင်စီမံမူများပြုလုပ်သင့်ပါတယ်လို့ယူဆပါတယ်။အမှန်တစ်ကယ်လိုနေတာပါ၊

ရန်ကုန်မြို့ရဲ့ မြို့လည်မှစ၍ မြို့နယ်များစွာမှာ ကန်ထရိုက်အဆောက်အဦးတွေပဲများပါတယ်၊စနစ်တကျ စီမံထားတဲ့ Housing တွေက အင်မတန်နည်းနေပါသေးတယ်။ဥပမာ…

လမ်းတစ်ထဲမှာ အိမ်ခြေအလုံး(၄၀)ရှိတယ်ပဲထား၊ကန်ထရိုက်တိုက်အဆောက်အဦးက အလုံး(၂၀)ရှိတယ်ထား၊ကန်ထရိုက်တိုက်တစ်လုံးမှာ (၈)ထပ်၊အခန်း (၁၆)ခန်း။ဆိုတော့…အခန်းပေါင်း(၃၂၀)…တစ်ခန်းကို မိသားစု တစ်စုအတွက် ကားတစ်စီးစီပိုင်တယ်ထား၊ကားပေါင်း (၃၂၀)စီး၊ကျန်တဲ့ အိမ်တွေမပါသေးဘူးနော်…။အဲဒီလမ်းထဲမှာ ဘယ်လိုများထားကြမလဲပေါ့…။တစ်ကယ့်လက်တွေပါပဲ….ငါ့ အိမ်ရှေ့လာမရပ်နဲ့ တစ်ခြားသွားရပ်…နေ့စဉ် အိမ်ရှေ့ကားလာရပ်လို့ ရန်တွေ့ရန်ဖြစ်နေကြတာကို မြန်မာပြည်ခဏပြန်စဉ် ကြားရမြင်ခဲ့ရပါတယ်…။

အဲဒီတော့…ခိုင်ထူး သီချင်းလေးပဲ ဆိုချင်ပါတော့တယ်…

“ပြဿနာ အခြေအနေမစခင်.. မင်းစဉ်းစားဖို့ကောင်းတယ်…ယခုလို အခြေနေမျိုးမှာ ရုံးထွက်ဖို့ မကြိုးစားနဲ့..”

Free Parking Zone.,မည်သူမဆို အခမဲ့ (၂၄)နာရီနဲ့အထက် ကားထားခွင့်ရှိပါသည်။တစ်နေ့ နေ့တော့ ဖြစ်၍လာလိမ့်မည်…။

တော်သေးပြီ…

16 comments

  • ဦးဦးပါလေရာ

    May 16, 2012 at 5:13 pm

    အော်.. ကိုဇော်မင်းရယ်..
    ဒီကလူကြီးတွေက ဗိုက်တော်တော်နာမှ အိမ်သာရှာရကောင်းမှန်းသိတာ..။

  • ဗိုက်ကလေး

    May 16, 2012 at 5:13 pm

    တစ်နေ ့နေ ့တော့ ဖြစ်လာမည်..
    အဲဒီနေ ့ကို ကျုပ်မီပါ့မလား ဇဝေဇဝါပါပဲ..
    လောလောဆယ် ညက ဘီအီး အရှိန်လေးမပြေသေးလို ့ ညောင်ပင်အောင် ဆိုက်ကားထိုးပြီး တစ်ရေးတမောအိပ်လို ့ပါစင်ဂျာ စောင့်မျှော်နေပါ၏ခင်ဗျား

  • ငပွကြီး

    May 17, 2012 at 3:32 pm

    သူတို့ဆီမှာက “ကားရပ်နားရန်အတွက် ငွေအကြွေပေးရသည့်စက်…”ရှိသလို ရန်ကုန်မှာလဲ ကားရပ်နားရန်အတွက် ငွေ ၂၀ဝိ ပေးရတဲ့စက် အဲ…ဟုတ်ပေါင် လူ ရှိပါတယ်ဗျ…ကားပါကင်အတွက် ရှေ့တိုးနောက်ဆုတ်တောင် ပြပေးသေး ..:D
    ရပ်စရာနေရာမရှိလဲ ရပ်ထားတဲ့ကားတွေ ရှေ့တည့်တည့် လမ်းပေါ်မှာသာရပ်ထားခဲ့ ဂီယာလေးသာ ဖရီးလုပ်ထားခဲ့ အေးဆေး….သူ့ဟာသူ ရှေ့တိုးနောက်ဆုတ် တွန်းနေလိမ့်မယ်….ဘယ်လောက်အဆင့်မြင့်လဲ…:D

  • zaw min

    May 17, 2012 at 4:36 pm

    ဦးဦးပါရေ…အိမ်သာရှာရလွယ်အောင် ကုလားပြည်ထိသွားပီးလေ့လာထားပါတယ်ခင်ဗျ…
    ဗိုက်ကလေးရေ…မှီနိုင်ပါသေးတယ်ကွယ်…ဒါပေမယ့် လျှော့တော့ သောက်ရမယ်နော်…
    ကိုပွကြီး…အဲဒါ လူသားရင်းမြစ်တွေ ပေါများနေတဲ့တိုင်းပြည်ဆိုတာဖေါ်ပြပေးထားတာပါပဲ…။

  • ster

    May 17, 2012 at 4:53 pm

    လမ်းတွေလုပ်နေတာတော. တွေ.နေရပါတယ်။ ပြည်လမ်းမလို နေရာမျိုးထက် လိုအပ်တဲ.နေရာတွေ အများကြီးပါ။ car parking တွေတော. အစီအစဉ် မရှိသေးဘူး ထင်တယ်။ ဒီအတိုင်းပဲ။

  • snow white

    May 17, 2012 at 6:13 pm

    ကားလေးတွေသူနေရာနဲ့သူ နေရာချထားပေးတာ တကယ့်ကိုစည်းကမ်းရှိတယ်နော်

  • ကိုတတ်ပ

    May 17, 2012 at 6:37 pm

    ဟုတ်ပဗျားး.. ညီနေတာပဲ .. ကျွန်တော် တို့ဆီနဲ့များ ကွာပ..
    တနေ့တော့ဖြစ်လာလိမ့်မည်.. သို့သော် ဘယ်နေ့မှန်းမသိ.. ပေါ့နော်….

  • may flowers

    May 21, 2012 at 9:06 am

    တစ်နေ့နေ့တော့ဖြစ်လာလိမ့်မည်….အင်း…တစ်နေ့နေ့တော့ဖြစ်လာမှာပါလေ။တို့ရဲ့မရှိသေးတဲ့မြေးတွေတော့

    အဲဒီအချိန်ကို မှီနိုင်ကောင်းပါရဲ့။

  • Wai Phyoe

    May 27, 2012 at 12:49 pm

    ကျွန်တော်အမြင်ကိုပွင့်ပွင့်လင်းလင်းပဲပြောတော့မယ်နော် ဆဲချင်တဲ့လူလဲ လွတ်လွတ်လပ်လပ်ဆဲနိင်ပါတယ်
    ခုမြင်နေတွေ့နေရတာက ကိစ္စတစ်ခုမဖြစ်လိုက်နဲ့ အစိုးရအစိုးရ နဲ့လက်ညိုးဝိုင်းထိုးနေကြတယ်ဗျ ဂေဇက်က
    လူတွေအစပေါ့ တစ်ကယ်တော့ဒီနိင်ငံကြီး စုတ်နေတာ အစိုးရတစ်ခုတည်းကြောင့်လိုမထင်ရေးချာမထင်
    ပြည်သူလူထုကကော စည်းကမ်းရှိလို့လာ အစိုးရကကွန်ကရစ်လမ်းတွေအိနေအောင်ခင်းသွားတယ်
    နောက်တစ်နေ့မနက်သွားကြည့်လိုက် လမ်းပေါ်မှာကွမ်းသွေးရာတွေချည်းပဲ အမှိုက်တွေချည်းပဲ အဲ့ဒါကကောအစိုးရကလုုပ်တာလား လူတွေလုပ်နေတာလား ၊အဲ့ အမှိုက်တွေ့တော့ မသိမ်းတဲ့ YCDC ကိုအ
    ပြစ်တင်ကြတယ် စည်းမဲ့ကမ်းမဲ့ပစ်တဲ့ကိုယ်လူထုဘက်ကိုဘယ်နှစ်ခါလက်ညိုးပြန်ထိုးဘူးလား အဲ့လိုလုပ်နေကြတဲ့လူထုကကောဘယ်လောက်ဆောက်ပြစ်ကင်းကြလို့လဲ………..ပြောလိုက်ရင်နိုင်ငံခြားနိင်ငံခြားနဲ့ ခင်ဗျားတို့သိထားဖို့ကသူတို့နိင်ငံတွေသန့်ရှင်းနေတာ အစိုးရကတော်လို့ထက်လူထုကိုယ်တိုင်ကကော မညစ်ပတ်လို့ မြန်မာတွေထက်အဆင့်ရှိလို့ဗျ…..လိုက်ကိုရှင်းစရာမလိုလောက်အောင်ကိုဖြစ်နေပြီးသား သူများကိုလက်
    ညိုးထိုးမယ်ဆိုရင်တော့ဗျ………………နည်းနည်းပြန်စဉ်းစားကြပေါ့

  • Wai Phyoe

    May 27, 2012 at 1:39 pm

    ထက်ပြီးတော့မေးချင်တာရှိပါသေးတယ် ခုမှဒီမိုကရေစီရတာ တစ်နှစ်သားတောင်မပြည့်သေးပါဘူး
    ခုဆို ဦးသိန်းစိန်တစ်ယောက်တည်းကိုပဲမေးခွန်းတွေထုတ်မနေသင့်ဘူး
    လွတ်လာပြီဖြစ်တဲ့ ဆုများပိုင်ရှင်ဒေါ်အောင်ဆန်းစုကြည်မှာလည်းတာဝန်ရှိနေပါပြီ မေးခွန်းတွေထုတ်မယ်ဆို
    လဲ နစ်ယောက်လုံးကိုထုတ်သင့်ပါတယ် ဝေဖန်စရာရှိလဲနှစ်ယောက်လုံးကိုလဲဝေဖန်သင့်ပါတယ် ထင်ပါကြောင်း………………..မိမိယုံကြည်ရာကို တင်ပြခြင်းသာဖြစ်ပါသည် လွတ်လပ်စွာသဘောထားကွဲလွဲနိင်ပါသည်။

    • aye.kk

      June 11, 2012 at 6:41 am

      မရောင်ရာဆီမလူးပါနှင့်…။

  • မောင်သုည

    May 27, 2012 at 9:00 pm

    ငါ့ညီ…wai phyoe ရေ..ဒို့မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရတာဘယ်လောက်ကြာပြီလဲသိပါသလား၊ဒီပုံမှာပါတဲ့နိုင်ငံက မြန်မာပြည်ထက်(၁၀)နှစ်နောက်ကျပြီးမှလွတ်လပ်ရေးရခဲ့တာကိုရောသိပါသလား၊။
    မြို့တော်သန့်ရှင်းသာယာစေဖို့တွက်ပြည်သူတွေမှာလည်းတာဝန်ရှိသလို အစိုးရအဆက်ဆက်မှာလည်းတာဝန်ရှိပါတယ်။ရန်ကုန်၊မန္တလေးဆိုတဲ့ မြို့ကြီးတွေကိုအရင်ပြုပြင်ဖို့လိုအပ်မှာပါ၊
    နေပြည်တော်လို့ မြို့သစ်ကြီးတစ်ခုတည်ဆောက်ရာမှာ ပြည်သူတွေထံမှ ဆန္ဒကောက်ခံမူတွေ၊ကုန်ကျစရိတ်တွေကိုရော ပြည်သူတွေသိခွင့်ရခဲ့ပါသလား…။ငါ့ညီ စာများများဖတ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
    ခင်မင်စွာဖြင့်…
    မောင်သုည

  • Wai Phyoe

    June 8, 2012 at 10:07 am

    ကျွန်တော်စာဘယ်လောက်ဖတ်လဲဆိုတာတော့မပြောတော့ပါဘူး ဘာလို့လဲဆိုတော့ သူများကိုစာများများဖတ်ပါလို့ပြောတဲ့ကောင်မျိုးတွေက ကိုယ်ကိုယ်တိုင်ဘာမှဖြေရှင်းချက်မထုတ်တတ်လို့
    စာဘက်ပေဘက်ကိုလွဲချတတ်တဲ့ခပ်ညံ့ညံ့ အစားထဲကမို့ပါ။
    ပြီးတော့ ဘာမှမရှိတဲ့သုညရေ ဓါတ်ပုံထဲကပုံကဘယ်တုန်းကလွပ်လပ်ရေးရတာတွေဘာတွေတော့သိဘူးဗျ
    ဘာလို့လဲဆိုတော့ ခင်ဗျားပို့စ်မှာနာမည်တွေမှမဖော်ပြပဲ ဘာအချက်လက်မှာမပါပဲ တွေ့က၇ရိုက်တင်ထားတဲ့
    အချက်လက်မပြည့်စုံတဲ့ပို့စ်ဆိုတော့ ဘာနိုင်ငံဆိုတာ ဘယ်သူမှမသိဘူးဗျာ သိစေချင်ရင် အချက်လက်စုံစုံနဲ့
    Professional ဆန်ဆန်တင်ပေါ့ဗျာ ပာုတ်ဘူးလား…..စာများများဖတ်လို့ပြောတာတော့တစ်ကယ်ကျေးဇူးတင်တယ်ဗျာ ကျွန်တော်ကတစ်နေ့ကို စာအုပ်သုံးအုပ်လောက်ပဲဖတ်ဖြစ်တော့ လေ့လာဖို့လိုသေးတာပေါ့နော် ခင်ဗျားလဲနောက်ဆို အချက်လက်ကျကျနဲ့ စာရေးနည်းကို ကျင့်လိုက်အုံးဗျာ
    အားပေးလျှက်ပါ

  • မောင်သုည

    June 11, 2012 at 12:39 am

    Dear Wai Phyoe, ငါ့ညီရေ မင်းကျောင်းနေစဉ်အရွယ်မှာ သချင်္ာဘာသာသင်ယူဘူးတယ်ဆိုရင်တော့…
    သုညဆိုတာဘာလဲ မင်းသိမှာပါ၊ငါ့ညီ ဒီရွာမှာ(ဂေဇက်မန်ဘာ) ဖြစ်တာမကြာသေးတဲ့အတွက် ဘယ်သူက ဘယ်မှာနေတယ်၊ဘာလုပ်တယ်၊ဘယ်နိုင်ငံတွေမှာရှိတယ် ဆိုတာအရင်လေ့လာဖို့လိုသေးတယ်။
    ငါ့ညီအနေနဲ့တစ်နေ့ကို စာအုပ်သုံးအုပ်လောက်ဖတ်တယ်ဆိုတာ အလွန်ကောင်းပါတယ်၊ရွှေသွေးပဲဖတ်ဖတ်၊တေဇပဲဖတ်ဖတ် ဖတ်သလောက်အကျိုးရှိမှာပါ။

  • Wai Phyoe

    June 11, 2012 at 10:06 am

    ကောင်လေး သုညရေ ……သုညဆိုတာ ဘယ်ပာာနဲ့ပေါင်းစပ်ပေါင်းစပ် တန်ဖိုးတက်တာတော့မိုက်တယ်နော်
    ဒါပေမယ့် တစ်ခုထဲရပ်တည်ခဲ့ရင် ဘာမှတန်ဖိုးမရှိတာရယ် ဘာနဲ့မြှောက်မြှောက်သူများကိုပါ သုညဖြစ်တာတော့သတိထားစေချင်တယ်နော့။ အော်ပြောရအုံးမယ်ဗျ ကောင်လေးေ၇….အခုကျုပ်စာအုပ်တွေဖတ်တော့ဘူးဗျ စာအုပ်ဖတ်လို့ဗပာုသုတကြွယ်တယ်ဆိုတဲ့ ရှေးရိုးထဲကတစ်ခုကို ၅၀% ထောက်ခံပါတယ်။စာအုပ်တွေပဲဖတ်ရင်တော့ စာအုပ်ကြီးပဲဖြစ်သွားမှာပေါ့ ခုတော့ လက်ရှိကိုပဲဖတ်တော့တယ် စာအုပ်တွေကလည်းရေးထားတာတွေကမှန်မှမမှန်တော့တာဗျ ဝါဒတွေ ဂါဒတွေများနေလို့သိပ်စိတ်မဝင်စားတော့ဘူးဗျ့။
    အော်ဒါနဲ့ ဂေဇက်ရဲ့စီနီယာကြီးရေ စီနီယာကြီးရေးထားတဲ့ထဲမှာ”ရေ..ဒို့မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရတာဘယ်လောက်ကြာပြီလဲသိပါသလား၊ဒီပုံမှာပါတဲ့နိုင်ငံက မြန်မာပြည်ထက်(၁၀)နှစ်နောက်ကျပြီးမှလွတ်လပ်ရေးရခဲ့တာကိုရောသိပါသလား၊။” ဆိုပြီး အတည်ပေါက်နဲ့ဖိန့်ထားတာတော့တော်တော်ဆိုးရွားသွားတယ်ဗျ့။အဲ့ဒီနိင်ငံ ကိုလိုနီလက်အောက်မရောက်ခဲ့လို့ လွတ်လပ်ရေးနေမရှိတာ စီနီယာကြီးဖတ်ဖတ်နေတဲ့ တွတ်ပီတို့ ဘိုဘိုတို့မှာမပါဘူးနဲ့တူပါရဲ့နော့…………………………ကျွန်တော်တို့လို ဂျူနီယာလေးတွေ ဝင်တာမကြာတောလေးတွေက ဒီလိုအမှားလေးတွေထောက်ပြတာကတော့ စီနီယာကြီးအတွက်နည်းနည်းတော့………………အော်ပြီးတော့ကျွန်တော်ပြောရအုံးမယ်ဗျာ ဘယ်သူက ဘယ်မှာနေတယ်၊ဘာလုပ်တယ်၊ဘယ်နိုင်ငံတွေမှာရှိတယ် ဆိုတာအရင်လေ့လာဖို့လိုသေးတယ ဆိုတာကြီးတော့မလုပ်နိင်တာခွင့်လွတ်ဗျာ ကျွန်တော်ကသူများ Personal စိတ်မဝင်စားဘူးဗျာ လူကောင်းအလုပ်လဲမပာုတ်ဘူး။ ရောက်တဲ့နိင်ငံရောက်ပြီး တွေ့သမျှ ဓါတ်ပုံကောက်တင်ပြီး အဲ့ဒီမှာနေတာပါလို့ပြောတာတွေက ကျွန်တော် အသက်20တုန်းကလုပ်ခဲ့တာဗျ။
    ကျေးဇူးတင်ပါတယ်ဗျာ စီနီယာကြီးကိုအားပေးလျှက်ပါ ရွှေသွေးဖတ်ဖို့ နှတ်ဆက်သွားပါတယ်

Leave a Reply