ဆရာကြီး ဦးသုခ ရဲ့ သူရာ

Rose MinnMay 16, 20121min56169

သူရာ လို့ ဆိုလိုက်တာနဲ့ လူတိုင်း သိကြပါတယ်။ သူရာ ဆိုတာ ပါဠိလို ပြောခြင်းဖြစ်ပါတယ်။ မြန်မာလိုကတော့ သေစာ၊ သေရည်၊ သေရက်၊ လို့သုံးကြပါတယ်။ သူရာ (သုရာ)ဖြစ်ပေါ်လာပုံ ကို ငါးရာ့ ငါးဆယ် ဇာတ်နိပါတ် ထဲမှ ကုမ္ဘ ဇာတ်မှာ ဟောထားတာ လေးရှိပါတယ်၊ အကျဉ်းချုပ်ပြောရလျှင် တော့ ဟိမဝန္တာတောထဲ မှာ မိုးကာလသစ်ပင်ခွကြား ရေဝပ် နေတော့ အသီးမျိုးစုံ၊ အပွင့်မျိုးစုံ ကြွေလွင့်ကျကာ  ကျေးငှက်ချီယူလာ တဲ့ သလေးစပါး လိုအနှံတွေ ချီယူလာစားရင်း ကျနေတယ်။ နွေအခါမှ နေရဲ့ အပူရှိန် နဲ့ အရက်ချက်ထားသလိုဖြစ်နေတယ်။

သုရာ အမည်ရှိတဲ့ မုဆိုးက အမဲလိုက်ရင်း ရောက်လာ ေတော့ ငှက်တွေ မျောက်တွေ ဟာ အဲသည့် သစ်ခေါင်းထဲက အရည်တွေ သောက်လိုက် ပျော်မြူးနေလိုက် ဖြစ်နေတာ တွေ့လို့ မုဆိုးက စမ်းသောက်ကြည့်တယ်၊သူလည်း အရသာ တွေ့သလိုလို ပျော်မြူးလာသလိုသလို ဖြစ်နေတယ်။ အဲသည့်နောက် ဝရုနာ အမည်ရှိတဲ့ ရသေ့တစ်ပါး ကပါ ရောက်လာတော့ မုဆိုး နဲ့ နှစ်ယောက်အတူတူသောက် ကြတယ်၊ သုရ မုဆိုးက စတွေ့ တာမို့ အဲသည့် အရည်ကို “သုရာ” လို့ ခေါ်ရာ က “သူရာ” ဖြစ်လာတယ်။ နောက်ဆုံးမှာ အဲဒီတိုင်းပြည်က မင်းကို ဆက်သတယ်။ ဘုရင် ကလည်း ကြိုက်တော့ မြို့မှာတင် ချက်လုပ်စေပြီး၊ မူးကြီး မတ်ရာတွေ  တတိုင်းတပြည်လုံး သေရည် ကြောင့်  သောက်ကြ   ခိုက်ရန်ဖြစ် ကြ၊ မကောင်းမှုမှန်သမျှ လုပ်ကြတာနဲ့ ပြည်ပါပျက်ရတယ် ပေါ့လေ။

အဲဒီသတင်းကြောင့် တခြားတိုင်းပြည်ကဘုရင် က ဒီလောက်တောင် သောက်ကြရင်ဖြင့် အရသာ ကောင်းလွန်းတာကြောင့်ဖြစ်ရမယ်။ ကောင်းတဲ့ အတွေ့ရှိ လွန်းလို့သာဖြစ်ရမယ်။ ပျက်စီးကြတယ်ဆိုတာ ကကောင်းလွန်းတာ ကို မဆင်မခြင်အလွန့်လွန် သောက်ကြလို့သာ ဖြစ်လိမ့်မယ်။ သူတို့လို မလွန်အောင် သတိထားပြီး သောက်ကြည့်ရင် ကောင်းမှာပဲလို့ အောက်မေ့တယ်။ အဲဒါဟာ အရက်ကို စ,သောက်လေ့ရှိတဲ့ လူ့သဘောတို်င်း ကိုယ့်စိတ် ကိုယ်နိုင်မယ် ထင်ကြတာ ဓမ္မတာပါ၊  အဲဒါနဲ့ တိုင်းပြည် အတွင်းမှာ သူရာ ကို အရှာခိုင်း သတဲ့။ အဲသည့်အခါ သိကြားမင်း က ပုဏ္ဏားယောင်ဆောင်

ဆောင်ကာ အရက်ရောင်းဖို့ လာပါတယ် ဆိုပြီး မင်းကြီးထံ အခစားဝင်ပါတယ်။ မင်းကြီးက ပုဏ္ဏားကြီးကို အရက် ဘယ်လောက်ကောင်းသလဲ လို့မေးတဲ့ အခါ မှာ အရက်ကို သောက်လျှင် ဟောသည့်ဂုဏ်တွေ ရပါလိမ့်မယ် လို့ပြောပါတယ်။

 

ဆရာကြီးဦးသုခ ရဲ့ မင်္ဂသုတ်မှာပါတဲ့  အသူရာနဲ့ ယစ်မူးခြင်း ကြောင့်ဖြစ်ရတဲ့ အကျိုး (24 )ပါး ပဲဖြစ်ပါတယ်။

 

 

1) သောက်မိရင် လမ်းလျှောက်လို့မရအောင် လဲမယ်၊

2) မစားသင်တာ အကုန်စားလိမ့်မယ် (သားကို တောင် ဟင်းစားလုပ်မယ်)

3) နွားများ စားမြုံပြန်သလို ဝါးပြီး သားလည်း ပြန်စားတက်တယ်။

4) ကိုးကွယ်ရာ မရတဲ့လူလို လှည့်လည်တက်တယ်။

5) သီခြင်း က,ခြင်း ကို အရှက်အကြောက်မရှိပြုတက်တယ်။

6) အဝတ် အစားမကပ်ဘဲ ရွာထဲ မြို့ထဲ လျှောက်တက်တယ်။

7) အလွန်အကျူးအိပ်တက်တယ်။

8) ခေါင်းခါ၊ ခြေခါ၊ လက်တုန် ဖြစ်တက်တယ်။

9) အသည်းကို မီးလောင်တက်တယ်။

10) နှောင်ဖွဲ့ခြင်း၊ သတ်ပုတ် ညှဉ်းဆဲခြင်း၊ စည်းစိမ်ယုတ်ခြင်း ဖြစ်တက်တယ်။

11) လူစုလူဝေးထဲမှာ မဆိုအပ်သောစကားကို ဆိုတက်ပြောတက်တယ်။

12) ငါနှင့်တူသူ ဇမ္ဗူမှာ မရှိ လို့ မိုက်ဂုဏ် ပြတက်တယ်။

13) အငြင်းအခုံ သန်တက်တယ်။

14) ခိုးသူဖြစ်တက်တယ်၊ အရက်သမားကြီး ဖြစ်တက်တယ်။

15)အမျိုးစည်းစိမ် ဂုဏ်သရေ ကင်းတက်တယ်။

16) ရှိသမျှ ရတနာ ကုန်တက်တယ်။

17) အမိ အဘ တို့ကို ဆဲရေးမိတက်တယ်၊ ယောက္ခမ ချွေးမ တို့ကို ကျူးလွန်မိတက်တယ်။

18)ရဟန်း၊ ပုဏ္ဏားမှ အစ သူတော်ကောင်းတို့ကို မရိုမသေ ပြစ်မှား တက်တယ်။

19)တစ်သက်လုံး ရိုးသားလာခဲ့သူ ဖြစ်စေ၊ မဟုတ်မမှန်တာ အကုန်လုပ်တက်တယ်။

20)သတိမေ့ပြီး အသေလို ဖြစ်တက်တယ်၊ ထိုရောဂါမျိုးရတက်တယ်။

21)မပေါင်းထိုက်သူ မှန်သမျှနှင့် လွယ်လွယ် ကူကူ ပေါင်းတက်တယ်၊

22)တွေ့ရာ ကြုံရာမှ နွားအိပ်သလို အိပ်တက်တယ်။

23)အရက်သမား အချင်းချင်း တွေ့လျှင် အချင်းချင်း ရန်လုပ်လျှင် လုပ်၊ သူတစ်ပါးကို ရန်လုပ်ဖို့ရင် လည်း ပူးပေါင်းမိတက်တယ်။

24)သေရေသေ ရက်ကို သောက်၍ အသုရာတို့ တာသတိံသာမှ ရွေ့လျှောရတက်တယ်။

 

 

ဒါကြောင့် ရွာသူ ရွာသား အပေါင်းတို့ သူရာရဲ့ အကြောင်းလေး ကို share ပေးလိုက်တာဖြစ်ပါတယ်။ မသိတဲ့ သူလဲ သိအောင် သိတဲ့သူလည်း အမှတ်ပြန် ရအောင် သတိပေး တာပါ။ ဗဟုသုတ အနေနဲ့ ပါနော်။ လိုတာရှိရင်လည်းထပ်ဖြည့်ပေးကြစေလိုပါတယ်။

69 comments

  • ဗိုက်ကလေး

    May 16, 2012 at 5:33 pm

    မိန်းမနဲ ့ ရန်ဖြစ်တတ်တယ်
    ပါလာသမျှ ပြောင်တတ်တယ်
    အကြွေးထားခဲ့ရတတ်တယ်
    အိမ်ပြန် ကြားကားနဲ ့ တိုးတတ်တယ်
    လေဖြတ်တတ်တယ်
    ဦးနှောက်သွေးကြောပြတ်တတ်တယ်
    အိမ်ပြန်နောက်ကျလို ့ မိန်းမက တံခါးမဖွင့်ပေးရင် ခွေးကထစ်မှာ အိပ်ရတတ်တယ်
    သိုင်းကွက်နင်းတတ်တယ်
    သဂျီးကလွဲပြီး တစ်ရွာလုံးကို မကြောက်ဘူးလို ့ပြောတတ်တယ်
    😀

    • ဗိုက်ကလေး

      May 16, 2012 at 5:36 pm

      Your comment is awaiting moderation.
      ဖစ်နေဒယ်ဂျ
      အပရုဖ် လုပ်ပေးဘာဦး

    • မဟာရာဇာ အံစာတုံး

      May 16, 2012 at 8:45 pm

      တိုတိုဗိုက် ..
      တိုဗိုက်ရဲ့ အတွေ့အကြုံအရ
      နံပါတ် (၂) မှာ ပါတဲ့ မစားသင့်တာ အကုန်စားလိမ့်မယ် ဆိုတာကော ..
      ဖြစ်ဖူးလားဟင် .. 🙄

      • မှော်ဆရာ

        May 19, 2012 at 7:53 am

        အစာမကြေတာတွေ ဘာတွေတော့ ရှောင်စားနော်
        ယင်နားစာလဲ သတိထား …

    • pooch

      May 16, 2012 at 9:13 pm

      ကြားကားစီးလို့ ခါးပိုက်နှိုက်ခံရလို့ ရှိတာတွေ ခဏခဏပြောင်တဲ့အကြောင်းလေးလည်း ရေးပါအုန်း ဗိုက်ဗိုက် 😛

  • FattyCat

    May 16, 2012 at 5:55 pm

    ကဲ….
    ဒီကိစ္စကို ကော်မန့်ပေးဖို့ရာ တိုင်ပင်ကြရဦးမှဖြစ်လိမ့်မယ်ကွယ်…
    လောလောဆယ်တော့ ခဏဆိုင်းငံ့ထားပါဦး…
    ဒီစာရေးတဲ့လူက အပေအတေအရက်သမားများကိုသာ မြင်ဖူးသူဖြစ်လိမ့်မယ်ကွယ့်…ဟီဟိ

    ရွာသားငရှုပ်-
    ကြောင်ဝတုတ်

    • Rose Minn

      May 17, 2012 at 9:21 am

      ကိုယ့်မောင်တွေ အစ်ကိုတွေ ဦးလေး တွေကို အပေအတေလို့ မပြောဘူးနော် ကိုဖက်။ ဖြစ်တက်တဲ့ သဘောကိုပဲပြောတာ ပါ။

    • သူရဇော်

      May 17, 2012 at 10:23 am

      ဒါလေးက ဒီလိုပါ
      ရွှေတိုက်ဆိုတဲ့ မျောက်မျိုးနွယ်အုပ်စုဟာ အမည်မပေးရသေးတဲ့ အရည်တွေကိုသောက်ပီး မြူးထူးပျော်ပါးတယ်…..အဲဒါကို သူရဆိုတဲ့ မုဆိုးကတွေ့တော့ စမ်းသောက်တယ်……နောက်ပီး သူရဆိုတဲ့ မုဆိုးမြည်းစမ်းနေချိန်မှာ ဖက်တီးကပ်ဆိုတဲ့ ဝဝရသေ့ကြီးတစ်ပါးရောက်လာပီး ဝိုင်းဖွဲ့သောက်တယ်……. ဒီအချိန်မှာ မင်းနေပြည်တော်က အမတ်မင်းဆိုသူဟာ တောထဲမရောင်မလယ်ရောက်လာပီး ထိုဝိုင်းကိုတွေ့မြင်ထိုင်သောက်တယ်…… ပီးတော့ အဆင့်ဆင့် ဘုရင့်ပီအေ ဦးကြီးမိုက်ဆိုသူကတဆင့် ဘုရင်ဖြစ်တဲ့ ဦးဘလက်ချောကိုတင်ပြတဲ့အခါ အူးဘလက်ချောက မင်းနေပြည်တော်မှာချက်စေတယ်……..မူးတယ်…..ပျော်တယ်…..ပါးတယ်……ဖက်တီးကပ်မုဆိုးဟာ သင်္ဃန်းမနိုင်ပဲ ကိုယ်တုံးလုံးလျှောက်သွားတယ်…… ရွှေတိုက်ဆိုတဲ့ မျောက်မျိုးတွေဟာလဲ ကခုန်ကြတယ်…… ဒါကြောင့် သူရဆိုတဲ့ မုဆိုးစတွေ့တဲ့အရည်မို့လို့ သူရာလို့အမည်ပေးလိုက်တယ်

      • Rose Minn

        May 17, 2012 at 10:31 am

        အော် ပုံပြင်လေး က ဒီလို ဒီလို ။ ဒီလိုစခဲ့တာကိုး။ မှတ်ထားကြနော်။ တူရပြောနေတယ်။

      • FattyCat

        May 18, 2012 at 3:39 pm

        အဲဒီလိုနဲ့ နှစ်ပေါင်းများစွာကြာလာတော့ ဘရင်ကြီးဦးဘလက်ချောရဲ့ ဆွေတော်မျိုးတော်တွေက ဆင်းသက်လာသူ ဂျော်နီဝါးကားဆိုတဲ့လူကြီးက…
        တစ်ချိန်တုန်းက ဘုရင်ကြီးဦးဘလက်ချောကို ဂုဏ်ပြုတဲ့အနေနဲ့ ဘလက်လေဘယ်ဆိုတဲ့ အရက်ကိုထုတ်လုပ်ရောင်းချကြောင်း သိရှိရပါတော့တယ်…

  • kyeemite

    May 16, 2012 at 6:43 pm

    ကိုပေါက်ပြောတာ ကြီးမိုက်နဲ့ဆုံပေးဘို့ထင်တယ်..
    ရို့စ်မင်းရေ..တစ်ရက်လောက် ပိုက်ပိုက် ထည့်လာပြီး
    ချိန်းလိုက်လေ…

  • Khin Latt

    May 16, 2012 at 8:40 pm

    ပါးကွက်ကြားလေး
    ပစ်လိုက်တဲ့ ခဲလုံး က ဒါရိုက်ဟစ် ဘဲ။
    ကောင်းပါလေ့တော်။
    ဒါ့ထက် အလှူမှာ သီချင်းတွေ အော်ဆို နေကြတာ၊ ဘုန်းကြီးကျောင်းစင်ပေါ် မှာ က နေကြတာ ဘူသူ တွေလဲဟင်။
    နံပါတ် ငါး နဲ့ ညှိ နေပြီ။ အဟိ။ 😉
    နောက်တာ။
    နာ့ တူ လေးတွေ က ဒီလို အဟုတ်ဘူး ဆိုတာသိပါ့တော်။
    ဒါလဲ နောက်တာ။ 😆

    • Rose Minn

      May 17, 2012 at 9:38 am

      အလှူနေ့ က သူတို့ မူးလို့ သီချင်းဆိုတာမဟုတ်ဘူး အရီးရေ။ပျော်လွန်းလို့ သီချင်းဆိုကြတာ။ အဆိုတော်တွေ ကလည်း အဆိုကောင်း။ နားထောင်တဲ့သူတွေ ကလည်း လိုက်မဆိုပဲနဲ့ ကို မနေနိုင်ကြတာ။ မူးတော့မူးတယ် ဒါပေမယ့် ကားမူးတာပါ 😛 😀

  • မဟာရာဇာ အံစာတုံး

    May 16, 2012 at 8:53 pm

    နံပါတ် (၂၀) နဲ့ (၂၂) ထဲက အချက်တွေကတော့
    ဘုရားရှင် လက်ထက်မှာ ရဟန်းတစ်ပါး ဖြစ်ခဲ့ဖူးတယ်လို့ မှတ်သားဖူးပါတယ် ခင်ဗျာ ..
    ခုလို မူးယစ်ခြင်းကြောင့် ဖြစ်တတ်တဲ့ အကျိုးအပြစ် တွေကို အချက်အလက်တွေနဲ့တကွ ပြောပြပေးတဲ့အတွက် ရှဲရှဲပါလို့ …

  • pazflor

    May 17, 2012 at 1:24 am

    မြန်မာပြည်ကြီးဆင်းရဲနေတာ အရက်ကြောင့်။ မယုံရင် သဂျီးကိုမေးကြည့် 😀

    • မှော်ဆရာ

      May 19, 2012 at 7:55 am

      အရက်ကြောင့် လုံးဝမဟုတ်ပါ …
      ပိုက်ပိုက်မရှိလို့ ဆင်းရဲတာပါ … 🙂

      • sugar sugar

        May 19, 2012 at 4:01 pm

        အရက်ကြောင့် တိုက်ဆောက်နေတဲ့သူတွေ့ဘူးတယ်
        (ရောင်းတဲ့သူကိုပြောတာနော်)

  • အိမ်လွမ်းသူ

    May 17, 2012 at 9:21 am

    အရက်သောက်တာ မကောင်းဘူးဆိုရင် တော့…. ဒီကိစ္စ သဂျီး နဲရှင်း။ ဟိ.. ဟိ.. ကြပ်ပေးလိုက်အုံးမှ

  • ဗိုက်ကလေး

    May 17, 2012 at 10:30 am

    တန်ဆေး
    လွန်ဘေး
    များ ဗဲဒီးဂွတ်

    အရက်သမား အူးပေပြောပြတာဘာ.

  • Ch@vez

    May 17, 2012 at 10:34 am

    အောင်မယ်ငီး မူးထှာ ..
    အရက်သမားတွေ စုတဲ့ ပိုစ့်မို့လား မသိ….
    နှာခေါင်းထဲ တောင် အနံ့ရလာ သလိုဘဲ …
    လူလည်း ကတုံကယင် ဖြစ်တယ်…

    ၅၀ဝမီလီလောက် သွားထည့် လိုက်ဦးမှ …
    ပုံ
    လီယိုနာဒို အင်ဇာဂီ

  • Shwe Tike Soe

    May 17, 2012 at 11:41 am

    မမအုံ အဲဒီအချက်တွေ နဲ.မကိုက်ညီအောင် သောက်တတ်တဲ့ သားတို. ရွာသား သမ္မဂ တွေရှိပ မယုံရင် တစ်ဝိုင်းလောက် စပွန်ဆာပေးကြည့်လေ…. ဟိဟိဟိ..
    သများတို. အရက်သောက်တာ သိင်္ခါ ရှိရှိသောက်တာပါအေ…
    မိန်းကလေးတွေနဲ. ခက်တာပဲ (အဆိုးဆုံးက ယောင်္ကျားမရှိတဲ့ အပျိုကြီးတွေ) အရက်သောက်ပြီဆိုရင် အကုန်လုံး ပုဆိုးဂွင်းသိုင်း လမ်းတလျှောက်အော်ဆဲ့နေတဲ့ အလေအပေ အရက်သမား သွေးဆိုတဲ့ သူတွေ နဲ. နှိုင်းနှိုင်းမြင်နေကြတယ်.. တယ်လဲခက်ပါလားကွယ်ရို….
    ပြောပြရအုံးမယ် အရက်သောက်နည်….
    ၁။ အရက်ကောင်းကိုသောက်ရတယ်။
    ၂။ အမြည်းများများစားရတယ်။
    ၃။ ဘက်ညီတဲ့ သောက်ဖော်သောက်ဖက်ရှိရတယ်။ ( သောက်ဖော်ဆိုသည်မှာ အရက်သူငယ်ချင်းဖြစ်သည် ကိုပေါက်ဖော်အား စော်ကားချင်းမဟုတ်ပါ)
    ၄။ တက်ညီလက်ညီ စကားဝိုင်းဖွဲပြောရင်း ညီညာတဲ့စကားဝိုင်းဖြစ်ရမယ်။
    ၅။ ဝိုင်းထိန်းနိုင်တဲ့ လူကြီးသူမ တစ်ယောက်လောက်အနည်းဆုံးပါရမယ်။ (ဦးမိုက်တို.၊ဦးဘလက်တို.၊ကိုမတ်တို.လို)
    ၆။ အရက်ကို သောက်ကောင်းတိုင်းမသောက်ပဲ ဝိုင်းထဲက လူတွေနဲ. ညှိသောက်ရမယ်။
    ၇။ ကိုယ့်လစ်မစ်နဲ.ကို သိပြီးထိန်းသောက်ရမယ်။
    ၈။ အသိစိတ် မကင်းမဲအောင် သောက်ဖော်သောက်ဖက်တွေနဲ. ညှိရမယ်။
    ၉။ ကိုယ်မူးရင်သွေးဆိုးမှန်သိရင် မသောက်ခင် အားလုံးကို နားလည်အောင် ညှိထားရမယ်။
    ၁၀။ နေရာထိုင်ခင်း ကောင်းကောင် အဆင့်မြင့်မြင့်နေရာမှာသောက်ရမယ်။
    ၁၁။ မကောင်းတဲ့ သောက်ဖော်သောက်ဖက်ကို စွန်.ပယ်ရမယ်။
    ၁၂။ အချိန်အကန်.အသတ်နဲ. သောက်ရမယ်။
    ၁၃။ သောက်ပြီး ရင် လွတ်လွတ်လပ်လပ် နေလို.ရမဲ. PUBLIC AREA လိုနေရာမျိုးမှာ အမူးပြေတဲ့အထိ နေပြီး အပန်းဖြေရမယ်။
    ၁၄။ မူးရင် အမြဲတမ်းပြုံးထားနိုင်ရမယ်။
    ၁၅။ အရက်သောက်သွားတိုင်း ဂျင်းဘောင်ဘီ ရှည်၊တို အင်္ကျီ သန်.သန်.ကို ဝတ်ပြီးမှသောက်ရမယ်။

    ဟူးမောတာ…. ကဲ အဲလိုအချက်တွေနဲ. သောက်တဲ့ လူတွေရှိတယ်ဆိုတာ မယုံရင် မယုံတဲ့သူ တစ်ဝိုင်းသာ စီစဉ်လိုက်
    😀 😀

    • Ch@vez

      May 17, 2012 at 11:45 am

      မယုံကြပါစေနဲ့ …
      မယုံကြပါစေနဲ့ ….
      မယုံကြပါစေနဲ့ တော်…..

      😀

    • ဗိုက်ကလေး

      May 17, 2012 at 11:46 am

      တစ်ဝိုင်းနဲ ့ ရရိုးလား..ဗျာ….
      အမာခံ တိုက်စစ်မူးတွေက များပါဘိသနဲ ့

    • amatmin

      May 17, 2012 at 11:56 am

      အင်း..အရက်ပို့စ်တင်တိုင်း..အသံကြောင့် ဖားသေမလိုဖြစ်ပြီး..
      မျက်ခုံးလှုပ်နေရတာ..
      ဂလိုမျိုးလေးလဲ ရှင်းပြမဲ့လူရှိအုန်းမှပဲ .. 🙂

      ကိုယ့်အတိုင်းအထွာနဲ့ ကိုယ်လုပ်/သောက်တတ်ရင်..
      ကိုယ့်ပတ်ဝန်းကျင်အပါအဝင် တပါးသူအပေါ်.မထိခိုက်ခဲ့ရင်..
      အရက်သောက်သည်မှ အစ.. လူတိုင်း.ကိုယ်ကြိုက်လို့ ကိုယ်လုပ်တဲ့ အလုပ်မှန်သမျှကို အားပေးပါ၏..

    • Shan Gyi

      May 17, 2012 at 12:15 pm

      ၁။ အရက်ကောင်းဆိုသည်မှာ ဈေးကြီးသော နိုင်ငံခြားအရက်ကို ဆိုလိုခြင်းမဟုတ်ပါ
      သောက်ကောင်းတဲ့ ဆန်အရက်၊ ကောက်ညှင်းအရက်၊ ပြောင်းအရက်၊ ချဉ်စော်ခါးသီးအရက် …. စသည်ဖြင့်
      ရိုးရာ အရက်ကောင်းများ ရှိပါတယ် ….. 😛
      ၂။ အသားကြိုက်သူ အသားစား၊ အသီးကြိုက်သူ အသီးစားပါ ….. 😛
      ၃။ ဘက်ညီသူများကို ရွာထဲသန်းခေါင်စာရင်းကောက်ပြီး
      ပါမိုးနဲ(တောင်ကြီး ဘုရားဖြူအနီး)ကိုဖိတ်ခေါ်ချင်ပါသည် ….. 😛
      ၄။ မည်သည့်အကြောင်းအရာမဆို အစရလျှင် မဆုံးနိုင် ထပ်တလဲလဲ ပြောကြသည်။ ….. 😛
      ၅။ လူကြီးပါရင် လူကြီးကို လူငယ်တွေက လိုက်ထိန်းရတတ်သည် ….. 😛
      ၆။ အရက်ကိုသောက်ကောင်းရဲ ့နဲ့ ဆက်မသောက်ပဲထိန်းနိုင်သူ ဝိုင်းထဲ စိတ်ညစ်ရမည်။ ….. 😛
      ၇။ ရာသီဥတု အပူအအေးနှင့် ကိုယ်ခံစွမ်းအားပေါ်မူတည်ပြီး လစ်မစ် အတိအကျမရှိနိုင်။ ….. 😛
      ၈။ သောက်ဖော်သောက်ဖက်များလည်း လွှတ်ကျသည်။ ….. 😛
      ၉။ မူးရင် အားလုံးညီတတ်သည် ဆိုးလျှင် အားလုံးဆိုး ကောင်းလျှင်အားလုံးကောင်းတတ်သည်။ ….. 😛
      ဝိုင်းစကတည်းက ရယ်စရာအကြောင်းအရာစကားနဲ့ စသင့်သည်
      ၁၀။ ပါမိုးနဲကိုလာဖူးလျှင် အဆင့်မြင့်မြင့်ဈေးနေရာ သွားချင်တော့မည်မဟုတ် ….. 😛
      ၁၁။ မကောင်းတဲ့ သောက်ဖော်ဆိုတာ မရှိ၊ မကောင်းလျှင် သောက်ဖော် မဖြစ်ပါ ….. 😛
      ၁၂။ ဒါလည်း ပါမိုးနဲရောက်ရင် အချိန်မေ့ ….. 😛
      ၁၃။ ဒါလည်း ပါမိုးနဲနဲ့ ကိုက်တယ် ….. 😛
      ၁၄။ မူးလျှင် မပြုံးနိုင်၊ ပြုံလျှင်မမူးသေး၊ အချို ့ဆို မူးလျှင် ငိုတောင် ငိုတယ်ဗျ ….. 😛
      ၁၅။ ဒီတစ်ချက်တော့ ပါမိုးနဲနဲ့ မကိုက်၊ ခြေတိုင်ရှည်အိမ်ပေါ်ရှိ ကွပ်ပျစ်ပေါ်မှာ သောက်ရမှာဆိုတော့
      ဂျင်းဘောင်းဘီနဲ့ဆို သိပ်မကို်က် ….. 😛

      ကိုကြီးရွေတိုက်စိုး ပြောတာတွေ လိုက်ကန့်လိုက်တိုက်တာ မဟုတ်ရပါဘူးဗျာ
      အရက်သောက်ချင်း သည် အနုပညာမဟုတ်၊ မကြမ်းပညာမဟုတ်
      ပုံသေနည်းမရှိ၊ အဓိပ္ပါယ် ဖွင့်ဆိုချက်မလို၊ အကြောင်းပြချက်မလို ….. 😛
      ဪ အနီတွေ ထိတော့မယ်ထင်ပါ့
      P.S ပါမိုးနဲကို ကြော်ငြာချင်းမဟုတ်ပါ

  • etone

    May 17, 2012 at 11:45 am

    မရို့စ်ရေ ဒီပို့စ်လေး ပရင့်ထုတ်ပြီး … နယ်စည်းမခြား အရက်သမားများ အတွင်းရေးမှူးဆီတင်ရမယ် … ။ ပူးတွဲမိတ္တူကို … အတွင်းရေးမှူးကတော် … ဒေါ်တပင်တဲ ရင်ထဲကနွယ်ဆီ တင်ရမယ် … ။ အသင်းရပ်တည်ရေးအတွက် သူက အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါနေတာကိုး ..ဟိဟိ 😉
    အကျင့်ပုတ်တာတော့မဟုတ်ပါဘူးဟယ် … အရက်ဝိုင်းက သူငယ်ချင်းတွေကို … စေဒနာထားတာပါ .. 😛

  • mocho

    May 17, 2012 at 12:11 pm

    တိုက်ဆိုင်လိုက်တာ ညီမရေ
    ဒီမနက်ပဲ ရန်ကုန် က ဖုံးဝင်လာတယ်။ အမ မောင် အငယ်ကောင် ( အိမ်မှာလူလိမ်လာတုံးက ဂျာနယ် ဖတ်နေတဲ့ ကောင်) ကို ရွာသာကြီး ဆေးရုံ မှာ အရက်ဖြတ်ဖို့ ပို့လိုက် တယ်တဲ့။ ဒါနဲ့ ဆို ၄ ကြိမ် ရှိပြီ။ ဖြတ်ပြီး ၃ လလောက် နေ ပြန်သောက် တာ ပဲ။ အရမ်းမုန်းစရာကောင်းတယ်။

    • etone

      May 17, 2012 at 1:13 pm

      အစ်မ မိုချိုရေ .. အခုလိုဆေးရုံတက်ပြီး …. မှန်ကန်တဲ့ နည်းလမ်းနဲ့ အ ရက်ဖြတ်တာကို ကောင်းပါတယ် … ။ အရက်ဆိုတာ အလွန်ဖြတ်ရခက်ပါတယ် … ။ ဆေးဝါးပံ့ပိုးမှုတွေအပြင် … ဖြတ်တဲ့လူရဲ့ စိတ်ကြံ့ခိုင်မှုပေါ်မူတည်တယ် .. အတော်များများက … ဖြတ်ပြီး ပြန်သောက်ကြတယ် … ။ အပေါင်းသင်းရဲ့ လှုံဆော်မှုကြောင့်လည်းပါတယ် … ။ ပတ်ဝန်းကျင် အထိတွေ့ကြောင့်လည်း ပါတယ် ။

      အရက်ဖြတ်တာကို .. တစ်ချို့က ဆေးဆိုင်ကဆေးဝယ် ၊ ကွမ်းယာဆိုင်ကဆေးဝယ်ပြီး ဖြတ်တယ် .. အဲ့ဒါတွေက အရမ်းအန္တရာယ်များပါတယ် .. အခန့်မသင့်လျှင် .. သေစေနိုင်လောက်တယ် … ။ သောက်ထားပြီးလို့ အရက်ထပ်သောက်လျှင် သွေးအန်တဲ့ ဆေးမျိုးပေါ့ … အရက်ကိုကြောက်အောင်ကို လုပ်ထားတာပါ … ။ အဲ့ဆေးတွေ မသုံးသင့်ပါဘူး … ။ အရက်စွဲတဲ့လူအတော်များများက … ဖြတ်ထားတာ သိလျှက်နဲ့ ပြန်သောက်တယ် .. အဲ့ဒီအခါမှာ ဒီဆေးကြောင့် သွေးအန်တာမျိုး ၊ အစာအိမ်သွေးကြောပေါက်တာမျိုးတွေလည်းဖြစ်နိုင်သလို အသက်လည်း ဆုံးနိုင်တယ် … ။ ဒီလိုဆေးကို အခြေခံ လူတန်းစား အတော်များများ အသုံးများပြီး … ဒုက္ခရောက်တော့မှ ယူပါကယ်ပါဆိုတာမျိုး .. ကြုံရတတ်တယ် ။ တစ်ချို့ဆို လင်မသိအောင် မိန်းမက ဆေးတိုက်လိုက်ရော … လင်ဖြစ်သူက အရက်လည်းသောက်ရော ..သွေးပွက်ပွက်အန်ပါရောလေ … ။

      ရွာသာကြီးဆေးရုံမှာ အရက်ဖြတ်တာတော့ .. နည်းလမ်းမှန်ကန်ပြီး လူကိုလည်း မထိခိုက်စေပါဘူး .. အရက်စွဲသူတွေဟာ အစာနည်းလာပြီး စားမရဖြစ်လာတတ်ကြတယ် .. ဆေးရုံမှာဆိုတော့… ဒရစ်ပ်သွင်းပေးပြီး ..ကုစားထားလို့လည်း ရတယ် … ။ အရေးကြီးတာက .. အရက်ဖြတ်တဲ့ အဆင့်ကို အောင်မြင်မှတော့ … ပြန်မသောက်အောင် ထိန်းထားနိုင်ဖို့ပါပဲ .. ။

      အရက်သောက်တာ ရောဂါတစ်ခုမဟုတ်ပေမယ့် .. အရက်စွဲလျှင်တော့.. ရောဂါတစ်ခုအသွင်ပြောင်းသွားပြီး ..လူကိုလည်း ထခိုက်စေပါပြီ … ။ ဒီတော့ .. သူ့နေရာနဲ့သူ … ပွဲတွေလန်းတွေလောက်သာ … ထိန်းသောက်သင့်ပါကြောင်း သိသမျှ ဝင်လေရှည်သွားပါတယ်နော် … ။ 🙄

  • kai

    May 17, 2012 at 12:22 pm

    Alcoholic Drink Industry: Market Research Reports, Statistics and …
    http://www.reportlinker.com/ci02014/Alcoholic-Drink.html
    The global alcoholic drinks industry is expected to exceed $1 trillion in 2014, according to MarketLine. Market volume is predicted to reach almost 210 billion …

    အရက်ကို.. မျှမျှတတ လိုက်လျှောညီထွေသောက်ရင်.. အရက်မှာကောင်းကျိုးတွေအများကြီး…
    (ဆိုးကျိုးမရှိသလောက်ပါပဲ..)
    အရက်ကနေ..အလုပ်အကိုင်အခွင့်အလန်း.. သိန်းသန်းချီဖေါ်နိုင်ပါတယ်..။
    အလွန်အကျွံက.. အရက်မှမဟုတ်..
    ဘာမှမသောက်ကောင်း.. မလုပ်ကောင်း..
    ရေတောင်..အလွန်အကျွံမသောက်ကောင်း… :mrgreen:

    မြန်မာပြည်ရဲ့ရှေးစွန်းစွဲတွေရဲ့.. “တိုင်းပြည်ဆွဲချ”ထဲ.. လူတွေအရက်လုံးဝမသောက်ရလို့..ပြင်းပြင်းထန်ထန်တားမြစ်တာပါတယ်ထင်မိတယ်..
    အရက်နဲ့ပါတ်သက်ရင်ပဲ.. လူဆိုးကြီးများလိုလို.. အကုသိုလ်တုံးများလိုလို.. ပုံဖေါ်ထားတာ.. မှားတယ်ထင်မိတယ်..။

    ဆိုတော့..
    တိုတိုပဲ…
    တိုးတက်ချင်လျှင်…
    မြန်မာအမျိုးသမီးများ.. ဝိုင်သောက်ကြပါ..။ 🙂
    =
    http://www.amazon.com/Longevity-Factor-Resveratrol-Activate-Healthier/dp/1416551077

    • Shan Gyi

      May 17, 2012 at 12:34 pm

      သူကြီးမင်းက ရွာထဲမှာ တရားဝင်မြောက်ပေးနေပြီနော်
      တန်းစီကြ လူစာရင်းကောက်မယ်

    • amatmin

      May 17, 2012 at 12:47 pm

      သဂျီးမင်းကွန်မန့်မှာ အဲ့ဒီစကားပါတာကြောင့်နဲ့တင်..တတ်နိုင်ရင် best comment လုပ်ပေးချင်သေး..
      ခုတော့ လက်ခုပ်လက်ဝါးတီး အစိမ်းပေးရင်း အားပေးပါ၏.. 🙂 🙂

      အရက်နဲ့ပါတ်သက်ရင်ပဲ.. လူဆိုးကြီးများလိုလို.. အကုသိုလ်တုံးများလိုလို.. ပုံဖေါ်ထားတာ.. မှားတယ်ထင်မိတယ်.

    • Shwe Tike Soe

      May 17, 2012 at 12:55 pm

      သူကြီး ကြိုက်တယ်ဗျို. ဗယာကြော်ဗျာ…
      အရက်က သောက်တတ်ရင်ဆေးဖြစ်တယ်လေ…. ဒါပဲပေါ့..
      မိန်းကလေးတွေ သူတို.မသောက်ရတိုင်း မသောက်ရဝခမမ်း ပြောနေကြတာ.. ချဉ်ထာအေ 😀

  • Ch@vez

    May 17, 2012 at 12:37 pm

    ကျန်းမာဂျင်းသည် လာဘ်၁ပါး
    လူတိုင်း အရက်သမား

    😛

  • manawphyulay

    May 17, 2012 at 1:05 pm

    ဘယ်လိုပြောပြော ယမကာလုလင်တွေကတော့ တားလို့ရမယ်မထင်ပေါင်…

    • Shan Gyi

      May 17, 2012 at 1:09 pm

      စာရေးစရာ မင်းလူရဲ ့စာအရဆိုရင်တော့
      ယမကာလုလင်ကို ချစ်ဆိပ်ရည် (ဝါ) ရစ်ရွှေရည် မှီဝဲသူတဲ့ဗျ
      မွှမ်းချက်လန်ထွက်နေတာပဲနော် 😛

  • kai

    May 18, 2012 at 7:18 am

    အရက်သောက်တာကို အားပေးပါတယ်..။
    ဒါပေမဲ့..
    အလွန်အကျွံသောက်စားမူးယစ်ရင်တော့.. ထိုက်သင့်တဲ့.. ဒဏ်ကြေး..ပစ်ဒဏ်ခံရအောင် ဥပဒေလုပ်ထုံးတွေပြဌာန်းသင့်တယ်ထင်မိတယ်..။
    အသက်၂ဝမပြည့်ပဲ အရက်လုံးဝပေးမသောက်သင့်ပါဘူး..
    သောက်တဲ့သူမိရင်.. မိဘကိုပါ.. အရေးယူသင့်တယ်..။

    ပြီးတော့.. လူကိုအန္တရာယ်ဖြစ်စေတဲ့.. ဖြစ်ကတတ်ဆန်းအရက်တွေထုတ်လုပ်တာကိုလည်း.. ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်..
    စနစ်တကျ.. ကျမ်းမာရေးအာမခံချက်ရှိတဲ့..အရက်မျိုးထုတ်သင့်တာပေါ့..

    မြန်မာတိုင်းရင်းသားတွေရဲ့.. ခေါင်ရည်လိုမျိုး..ထန်းရည်လိုမျိုးကနေ.. နိုင်ငံခြားသားတွေဆီက.. ငွေတွေသဲ့ယူသင့်တယ်..
    လူတွေသိန်းချီအလုပ်အကိုင်အခွင့်အလန်းဖေါ်သင့်တယ်..

    ဆိုတော့..
    ယူအက်စ်..အယ်လ်အေမှာတော့.. အရက်သောက်ပြီး.. မူးပြီး.. ကားမောင်းရင်ကတော့.. သေမတတ်..ဘဝတသက်တာ.. မှတ်လောက်အောင်..ပစ်ဒဏ်ချပါတယ်..
    ထောင်ပါ၁နှစ်ချပစ်တာတွေရှိတယ်..
    လမ်းဘေးမှာ အရက်ပုလင်း..ဘီယာပုလင်းကိုင်ထားလို့မရပါဘူး..
    ကလေးတွေမမြင်အောင်.. စက္ကူအုပ်ကိုင်ရပါတယ်..

    အဲဒါလေး.. :mrgreen:

    http://dui.drivinglaws.org/california.php

    • Ch@vez

      May 18, 2012 at 7:33 am

      ကောင်းလေစွ….
      သဂျီး ဒီတခါ အရက်အကြောင်းပြောတာ ဝိုင်ကိစ္စ မပါလို့ ….
      သဂျီးကို LAwineCo., Ltd က ကိုယ်စားလှယ် လို့ ပြောတော့မလို့ …
      😀

      ဇဂါးအတင်းစပ် …
      Mendocino ဆိုတဲ့
      မြို့လေး အကြောင်း သိချင်သားဗျာ..
      အတော်လှတယ် ဆိုလို့ပါ

  • MaMa

    May 18, 2012 at 9:12 am

    အင်းးးးးး အရက်သောက်တာ ကောင်းပါတယ်။
    အရက်ကောင်း သောက်ဖို့လိုတယ်။
    အချင့်အချိန်လေးတော့ လိုတယ် ဆိုတဲ့ စကားကို စဉ်းစားလိုက်တာ……..
    ကိုယ့်အနီးနား ပတ်ဝန်းကျင်မှာတော့ လူငယ်တွေ အရက်သောက်၊ လူကြီးတွေ အရက်သောက်။
    မူးရူးပြီး မိသားစုဘဝပျက်တာတွေချည်းပဲ အများဆုံး မြင်နေရတယ်။
    လူထု အစိုးရ ဘယ်နေရာမှာမှ စည်းစနစ်တကျ မထိန်းသိမ်းနိုင်တဲ့ အခြေအနေမှာ………..
    အရက်ကို မသောက်ဖြစ်အောင် အစမလုပ်ရင်၊ အစမလုပ်အောင် တားနိုင်ရင် ပိုမကောင်းဘူးလား။
    ကျမအလုပ်မှာတော့ လူတွေကို အရက်သောက်ရင် အပြစ်တင်တယ်။
    မသောက်အောင် တတ်နိုင်သလောက် ပြောတယ်။
    (မိသားစု စားဖို့တောင် အနိုင်နိုင်၊ အရက်သောက်တာနဲ့ပဲ ဝင်ငွေအတော်များများကို သုံးဖြုန်းပစ်မိတော့ သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစစ အရာရာတွေမှာ လစ်ဟင်းကုန်တယ်။)
    အလုပ်ကို ထိခိုက်ရင် ထုတ်ပစ်တယ်။
    (အဲဒါကြောင့်လည်း ကွန်ဆာဗေးတစ်လို့ ပြောတာ။ ပြောတဲ့လူက မလွန်ပါဘူး။) 🙁

    • amatmin

      May 18, 2012 at 9:56 am

      အင်းး…ဘယ်သူကများ အန်တီမမကို ကွန်ဆာဗေးတစ်လို့ သမုတ်သွားပါလိမ့်.. 🙁
      အဲ့ လိုပြောတဲ့ သူက မျက်စိအားနည်းလို့ သေချာမမြင်တတ်လို့ နေမှာပါ နော့.
      စိတ်လျော့လိုက်ပါခင်ဗျ..သူလဲ ပြောပြီး မှားမှန်းသိနေလောက်ပါပီ .. 🙂 🙂

    • kai

      May 18, 2012 at 11:05 am

      အဲဒါ. .ဖွင့်ဆိုတာမမှန်တဲ့.. ငါးပါးသီလရဲ့ အကျိုးတွေပေါ့..
      လောကမှာ.. သစ္စာတရားရှိတယ်..
      အပြန်အလှန်ထိန်းညှိခြင်းပဲ..

      ဟိုဖက်အစွန်းနင်းကြရင်.. ဒီဖက်အစွန်းပြန်နင်းကြတယ်..
      အဲဒီသဘောတရားဖြစ်ပါကြောင်း….။ 😕

      • kai

        May 19, 2012 at 3:51 am

        သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

        ကို ခေတ်နဲ့ညှိပြီး အမှန်ဖွင့်ထားတာလို့.. ကျုပ် ယူဆတာကို ပြန်တင်ပေးလိုက်တယ်..
        အရက်ကြိုက်သူတွေ ကိုင်ထားပေါ့…။

        http://myanmargazette.net/78589

        • အရင့်ရောင်

          May 19, 2012 at 4:06 pm

          အဝေရာ……ဟောန ္တု။
          အဝေရာ=အဝါရေ ဆိုတဲ့ ရမ် အရက်သည်
          ဟောန ္တု = ကောင်းခြင်းမည်၏ တဲ့
          ဟဲဟဲ…….

  • windtalker

    May 18, 2012 at 9:38 am

    ပိုစ့် ပါအကြောင်းများကလဲ မှန်
    ကွန်မင့်တွေကလဲ လန်
    မောင်ကြီး ဘာဆက်လုပ်ရမလဲ မသိတော့ပါဘု နှင်းဆီအမရယ်

  • Rose Minn

    May 18, 2012 at 2:11 pm

    အရက်သောက်တယ်ဆိုတာ ကောင်းတာတွေ ရှိပေမယ့်။ ဘာသာတရားအရ၊ ယဉ်ကျေးမှုအရရော၊ ကျန်းမာရေး ရှုထောင့် ကပါ ဆိုရင် သိပ်မကောင်းဘူးလို့ပဲပြောပါရစေ။ အရက်သောက်တာ လူရာဝင်တယ်။ စီးပွားရေးလုပ်ရင် ဒါလေးပါမှ အဆင်ပြေတာလို့ ပြောရင် စိတ်နာနာ နဲ့ပဲပြောပါရစေ။ ကိုယ်တွေ့မို့ ရင်နာမိပါတယ်။ ဦးလေး အကြောင်းစဉ်းစားမိရင် ဝမ်းနည်းမိပါတယ်။ Rose တို့လို တူမတွေ တောင် ဝမ်းနည်းတယ်ဆိုရင် သားသမီးအရင်း ဖြစ်တဲ့ ညီမ၊ ဇနီးသည် ဖြစ်တဲ့ အဒေါ်ဆိုရင် ပိုလို့တောင် စိုးပါလိမ့်မယ်။ အားကိုးအားထားကြီးပြိုလဲသွားခဲ့တာကိုး။ အဖြစ်က ဒီလိုပါ။ ဦးလေး က အရက်မသောက်ပဲနေလာတာ တော်တော်ကြာပါပြီ။ ဘယ်လို အခါမျိုးပဲဖြစ်ဖြစ်ရှောင် ပါတယ်။ ရောဂါကြောင့်ပါ။ ဆီးချို၊ သွေးတိုးလဲရှိပါတယ်၊ နှလုံးရောဂါလည်းရှိပါတယ်။ ဒါပေမယ့် လူကြီးက လည်းဖြစ်တယ်။ အရာရှိကြီး လည်းဖြစ်တော့ စီးပွားရေးကိစ္စကြောင့် မိတ်ဖြစ်ဆွေဖြစ် နဲနဲ နဲနဲ နဲ့ သောက်ရပါတယ်။ ရှောင်လို့ မရ တဲ့ အခါမျိုးမှာသာသောက်ပါတယ်။ နေ့တိုင်း နီးပါး လောက်နီးနီးဖြစ်လာ တဲ့ အခါ အဒေါ်က သတိပေးပါတယ်။ စပြန်သောက်တဲ့ ရက်ကနေ ဒါတောင် 3 လပဲခံပါတယ်။ နောက်ဆုံး မသေခင် အချိန်ပိုင်းလေးမှာ ဝေဒနာတွေ အများကြီးခံစားရပါတယ်၊ ဘယ်ဆေးရုံက မှ လက်မခံတော့ ပဲ heart attack နဲ့ ငွေကုန်ကြေးကျခံပြီး အသက်လုတာတောင် မရတော့ပါဘူး။ Rose တို့ အားကိုးအားထားပြုရတဲ့ ဦးလေး အရမ်းချစ်တဲ့ ဦးလေး ကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ သူလည်း အကောင်းစား အရက်ပဲ နေတိုင်းသောက်ခဲ့တဲ့ သူပါပဲ။ ကိုယ်ရောဂါကို ကိုယ်သိလို့ ဆင်ဆင်ခြင်ခြင် သောက်တာပါပဲ။ ဒါတောင် မကယ်နိုင်ခဲ့တာ။ ကိုယ့်ရောဂါ ဘာဖြစ်နေ မှန်းမသိလို့ မဆင်ခြင် နိုင်ခဲ့ ရင် ဘယ်လိုလုပ်မလဲ…….? ဒီစကားလေး ကိုပြန်မေးချင်ပါတယ်။

    ဒါကြောင့် မမိုးချိုဆိုရင်လည်း မောင် အရက်သောက်လို့ ဘယ်လောက်စိတ် ထိခို်က်ရမလဲ စဉ်းစားကြည့်ပေးပေါ့လေ။

    မီဒီယာတွေကနေ လည်း အရက်သောက်ခြင်း အရက်စွဲခြင်းကြောင့်ဖြစ်တဲ့ အကျိုးတွေလည်း ပြသနေကြတာပါပဲ။

    ဘာမှ မဖြစ် ရင်တော့ အကောင်းဆုံးပေါ့လေ။

    Rose ပြောချင်တာကတော့ ဗိုက်ကလေး ရဲ့ စကားနဲ့ “တန်ဆေးလွန်ဘေး ” လို့ပြောချင်ပါတယ်။ မလွန်မိ ဖို့ သတိချပ် ကြစေချင်ပါကြောင်း။ လွန်တာကို လွန်မှန်း သတိပြုမိစေချင်ပါကြောင်း နောက်ဆုံးပြောချင်ပါတယ်။

  • ရဲစည်

    May 18, 2012 at 7:42 pm

    ကျနော်ကတော့ အရက်ကြိုက်သူပါ….အရက်နဲ့ ပတ်သတ်လို့ ပို့စ်ပိုင်ရှင်ရဲ့ စေတနာကိုရော၊ ဝိုင်းပီး အထောက်ကူပြု ကွန့်မန့်ပေးကြတဲ့ ရွာသူ၊ရွာသားတွေရဲ့ ဘက်ပေါင်းစုံက အတွေးအမြင်တွေကိုလဲ အမှန်တကယ် လေးစားအပ်ပါတယ်။ဟိုတနေ့ကဘဲ “နယ်စည်းမခြားအရက်သမားများသမ္မဂ”မှာ နာယကကြီးဖြစ်တဲ့ စာရေးဆရာ၊သတင်းစာဆရာ ရုပ်ရှင်ဒါရိုက်တာကြီး အကယ်ဒမီကြိုက်မီးကလဲ ဩဝါဒပေးပြီးပါပီ ရဲစည်လျော့သောက်ကွာတဲ့…(အဲနေ့က ၃လုံးကုန်တယ် ဖွတာ..ဟီး 🙂 ဒီနေရာမှာ အရက်သောက်ခြင်းနဲ့ ပတ်သတ်လို့ ကျနော့် အယူအဆလေး အတိုချုံးပြီး ဝင်ပွားပါရစေ။ကျနော် အရက်သောက်ရင် အောက်က အချက်ကလေးတွေ များများပါနိူင် သရွေ့ပါအောင် ကြိုးစားပါတယ်
    (၁) အရက်မှာ ဝါနု၊ဝါရင့် သက်တမ်းတို၊ရှည် မရှိပါဘူး
    (၂) လူဟာ သေတတ်တဲ့ အမျိုးဖြစ်တာကြောင့် ၁ခွက်သောက်သောက်၊၁ဝနှစ်သောက်သောက် သေမှာပါ
    (၃) အရက်ကြောင့် မှား/မှန် ဆိုး/ကောင်း စတာတွေဟာ ပုံသေမရှိဘူး
    (၄) ကိုယ့်ဘာသာ သတိရှိဆင်ခြင်
    (၅) အရက်သောက်ရင် အရက်နံ့ကို မရှူနဲ့(ရှူရင် ပိုမူးတတ်လို့)
    (၆) အရက်ဝိုင်းထဲမှာ ဟာသလဲအရမ်းမပြောနဲ့ ဒေါသထွက်စေတာလဲ အရမ်းမပြောနဲ့
    (၇) ကိုယ်နဲ့အတူသောက်တဲ့ သူတွေရဲ့ မျက်နှာကို မကြာခဏ ကြည့်ပေးပါ(ဒေါသထွက်နေပုံဟာ ခန့်မှန်းရလွယ်ပါတယ်)
    (၈) အားလုံးကို ထိန်းနိူင်မယ်ထင်တဲ့ သက်ကြီးဝါကြီး၊ဗလကြီး၊ဩဇာကြီးသူအနား နီးကပ်စွာနေပါ
    (၉) တတ်နိူင်သမျှ ပြုံးရွှင်စွာနေပါ(မှတ်ချက် မဲ့လျှင်ပြုံးနေသည့်ပုံ ပေါက်နေသူများမပါ)
    (၁၀)အရက်သောက်ချိန်မှာ ရှူးပေါက်သွားတုန်း မှန်ရှိရင် ကိုယ့်မျက်နှာကိုကြည့် သေချာမေး၊မရှိကလဲ…
    (၁၁)ကျန်းမာရေးအတွက် ကြက်သွန်ဖြူကို အခွာပါ နေ့စဉ်စားပေးပါ
    (၁၂)အရက်သောက်စဉ် စကားကို ကျယ်လောင်စွာ မပြောပါနှင့် ပိုမူးပါတယ်
    (၁၃)အရက်သောက်ပြီး ပြန်လာပါက အလွန်မူးနေပါစေ ဘုရားစာလေး ရအောင်ရွတ်ပါ(ကုသိုလ်မရတောင် အကုသိုလ်မဖြစ်နိူင်လို့ မတော်သေသွားရင်တောင် အဆင်ပြေမယ် ထင်မိလို့ပါ)။ကျန်တာလေးတွေ ရှိပါသေးတယ် တခါမှ ကွန်းမင့် ရှည်ရှည်မရေးဘူးလို့ ဒါလောက်ပါဘဲဗျ။
    (စကားချပ် အရက်သောက်တဲ့သူချင်းတူတောင် အတွေ့အကြုံက သင်ပေးသွားတာလေးတွေကိုတော့ မမေ့အပ်ပါဘူး)………..

    ဆင်ခြင်နိူင်ကြပါစေ..
    သူရာအသေသောက်သူရရဲစည် လူမူးထူးချွန်(ပထမဆင့်)

  • အရက်သောက်တာကို အပြစ်တင်ရင်လဲမှားတယ်။
    လုံးဝကောင်းပါတယ်လို့ ပြောရင်လဲ မမှန်ဘူး။
    ကျနော်တို့လို ပူပြင်းတဲ့ ဒေသကလူ အများကြီးမသောက်သင့်ဘူး။
    အရက်က ကောင်းပါ၏
    ကောင်းသည့်အတွက်နှစ်ပေါင်းများစွာလက်ဆင့်ကမ်းသယ်ဆောင်လာကြတာပေါ့။
    မကောင်းတာကတော့ အရက်ကြောင့်ဖြစ်လာတဲ့မူးယစ်မူ့က အဆင်ခြင်မဲ့တဲ့ဦးနှောက်ပိုင်ရှင်နဲ့
    တွေ့တဲ့အခါ ပေါ့။
    အကောင်းဆုံးကတော့ တန်ဆေး လွန်ဘေး။
    သွေးဆိုးရင်မသောက်နဲ့။
    ခွက်ထဲပုလင်းထဲ တစ်စက်မှ မကျန်မှ ထတယ်ဆိုလောက်အောင်လဲမသောက်နဲ့။
    တစ်ဆိုင်ပြီးတစ်ဆိုင်လဲသွားပြီး မပြီးနိုင်မစီးနိုင်မသောက်နဲ့။
    ညနေစောင်းတာနဲ့ အရက်ဆုူို်င်မသွားရရင် မနေနိုင်အောင်လောက်လဲမသောက်နဲ့။
    တစ်ခါတစ်လေ အဖော်အပေါင်းနဲ့သောက်ရီစရာတွေပြော စိတ်တွေတော့ ပေါ့ပါးသွားတာအမှန်။
    တန်ဆေးလွန်ဘေးပါဘဲ။
    အော်အရေးကြီးတာ က ဘယ်လောက်သောက်သောက် ကိုယ်ပိုက်ပိုက်နဲ့ကိုယ်သောက်တာ စိတ်အချမ်းသာဆုံးဘဲနော်.
    ရှော့ မရှိဘူးပေါ့။
    သောက်သောက် မလွန်အောင်သောက်
    မှောက်အောင်မသောက်နဲ့…………………….

  • ကျနော်က နည်းနည်းသောက်လဲ မကောင်းဘူး၊များများသောက်လဲ သောက်ကျင့်ကမကောင်းချင်ဘူး။
    မူးပီဆိုရင် အရင်ဆုံးပြဿနာရှာတာ ရဲနဲ ့စစ်သားကိုပါ။မူးပြီး ရန်ဖြစ်တိုင်းလဲ စစ်သားနဲ ့ရဲ နဲ ့ပါဘဲ။နောက်
    ဆုံး ကိုယ့်ဘဝကိုယ်တိုင် ဆုံးရှုံးရပါတယ်။
    အချက်(၂၄)ချက်ကို မှတ်သားသွားပါကြောင်း။

     
     
    1) သောက်မိရင် လမ်းလျှောက်လို့မရအောင် လဲမယ်၊
    2) မစားသင်တာ အကုန်စားလိမ့်မယ် (သားကို တောင် ဟင်းစားလုပ်မယ်)
    3) နွားများ စားမြုံပြန်သလို ဝါးပြီး သားလည်း ပြန်စားတက်တယ်။
    4) ကိုးကွယ်ရာ မရတဲ့လူလို လှည့်လည်တက်တယ်။
    5) သီခြင်း က,ခြင်း ကို အရှက်အကြောက်မရှိပြုတက်တယ်။
    6) အဝတ် အစားမကပ်ဘဲ ရွာထဲ မြို့ထဲ လျှောက်တက်တယ်။
    7) အလွန်အကျူးအိပ်တက်တယ်။
    ခေါင်းခါ၊ ခြေခါ၊ လက်တုန် ဖြစ်တက်တယ်။
    9) အသည်းကို မီးလောင်တက်တယ်။

    10) နှောင်ဖွဲ့ခြင်း၊ သတ်ပုတ် ညှဉ်းဆဲခြင်း၊ စည်းစိမ်ယုတ်ခြင်း ဖြစ်တက်တယ်။
    11) လူစုလူဝေးထဲမှာ မဆိုအပ်သောစကားကို ဆိုတက်ပြောတက်တယ်။
    12) ငါနှင့်တူသူ ဇမ္ဗူမှာ မရှိ လို့ မိုက်ဂုဏ် ပြတက်တယ်။
    13) အငြင်းအခုံ သန်တက်တယ်။
    14) ခိုးသူဖြစ်တက်တယ်၊ အရက်သမားကြီး ဖြစ်တက်တယ်။
    15)အမျိုးစည်းစိမ် ဂုဏ်သရေ ကင်းတက်တယ်။
    16) ရှိသမျှ ရတနာ ကုန်တက်တယ်။
    17) အမိ အဘ တို့ကို ဆဲရေးမိတက်တယ်၊ ယောက္ခမ ချွေးမ တို့ကို ကျူးလွန်မိတက်တယ်။
    18)ရဟန်း၊ ပုဏ္ဏားမှ အစ သူတော်ကောင်းတို့ကို မရိုမသေ ပြစ်မှား တက်တယ်။
    19)တစ်သက်လုံး ရိုးသားလာခဲ့သူ ဖြစ်စေ၊ မဟုတ်မမှန်တာ အကုန်လုပ်တက်တယ်။
    20)သတိမေ့ပြီး အသေလို ဖြစ်တက်တယ်၊ ထိုရောဂါမျိုးရတက်တယ်။
    21)မပေါင်းထိုက်သူ မှန်သမျှနှင့် လွယ်လွယ် ကူကူ ပေါင်းတက်တယ်၊
    22)တွေ့ရာ ကြုံရာမှ နွားအိပ်သလို အိပ်တက်တယ်။
    23)အရက်သမား အချင်းချင်း တွေ့လျှင် အချင်းချင်း ရန်လုပ်လျှင် လုပ်၊ သူတစ်ပါးကို ရန်လုပ်ဖို့ရင် လည်း ပူးပေါင်းမိတက်တယ်။
    24)သေရေသေ ရက်ကို သောက်၍ အသုရာတို့ တာသတိံသာမှ ရွေ့လျှောရတက်တယ်။
     

  • ရွာစားကျော်

    May 19, 2012 at 7:28 am

    ဖြစ်တတ်တဲ့ .. သဘောလေးတွေ ဆိုတော့..
    သောက်စမို့ .. မင်းနားလည် ထား ပေါ့…
    ပုလင်းလဲသွား တို့ကမလဲပါလား..
    မိုးလင်းက.. မိုးချုပ်သောက်မယ်.. အရက်သမား…

    အရက်သမားဆိုတာ
    မော့သောခွက်ကို မချမီ
    ချထားသောခွက်ကို မမော့မီ
    သေသွားနိုင်ပါတယ်..

    ဆင်ဆင်ခြင်ခြင်လေးတော့ လုပ်ကြပေါ့..

  • စိတ်ပျော်တတ်လို့သောက်တဲ့သူ
    အရက်ကိုကြိုက်လို့သောက်တဲ့သူ…………….
    ဒူတန့်တန့် ဒူတန့်တန့်

  • စိတ်ညစ်လဲသောက် စိတ်ပျော်လဲသောက်
    မှောက်လိုမှောက်လှန်လိုလှန် ဝီ………….ဝီ………..ဝီ
    (မြတ်လေးရဲ့ မစ္စဝီစကီ)

  • ငါအရက်သောက်တာ မင်းမကြိုက်ဘူး။
    မကြိုက်မှန်းလဲပြောတတ်နဲ့နင်………………..
    ဒါပေမယ်လေ ဘာကြောင့်မို့ ငါအရက်သောက်ချင်နေတာလဲလို့
    နင်စဉ်းစားမိရဲ့လား………………………….
    (စိုင်းထီးဆိုင် ……………ငါအရက်သောက်တာမင်းမကြိုက်ဘူးသီချင်းမှ)

  • စိတ်ညစ်လို့အရက်ကိုသောက်တယ်။
    အရက်သောက်တော့သိပ်စိတ်ညစ်တယ် အကြောင်းရှာတော့ ခေါင်းမှာချာချာလည်
    (ဆရာဦးသုခရဲ့ နာမယ်ကျော် ဂုဏ်သီချင်း)

    • အရင့်ရောင်

      May 19, 2012 at 3:56 pm

      အရက်တစ်လုံး ပြား ၆၀
      ဈေးက ဝယ်လာတယ်
      အိမ်ရောက်ရင်လေကွယ်
      ယောက္ခမနဲ့ အတူတူ
      သောက်ပါမယ်……………
      ဒန့်တန်ဒန့်…….

  • ဒီအချိန်ရောက်လာရင်လေ…………..ကျနော့်စိတ်တွေဖောက်ဖောက်လာတယ်
    ဘယ်လိုပင်ကျိတ်မြို စိတ်ကိုက အုူလည်လည်
    (ဝင်းဦးရဲ့နာမည်ကျော် ရှေ့တော်ပြေးမလေးလို့ အမည်ရတဲ့ အရက်သီချင်း။)

  • ငါမမူး သေးဘူး ငါမမူးသေးဘူး
    မန်းလေးကျုံးရေမခမ်းသမျှတော့………………………
    (စိုင်းထီးဆိုင်)

    • အရင့်ရောင်

      May 19, 2012 at 3:53 pm

      ငါမမူးသေးဘူး
      မင်း ပဲသောက်နေတာ
      ငါ့ကိုပေးဦးလေကွာ….
      ဇရပ် က အရက်ဝိုင်း……

  • အကြီးတစ်လုံးအသေးတစ်လုံး
    ကမ္ဘာကြီးစောင်းအောင်သောက်လိုက်မယ်……………………….
    (ဇော်မင်းလေး)

  • ဘရန်ဒီရှင့် ဝီစကီရှင့်
    သူညာညာကာရော…………..
    သောက်မိတော့ မူးတာပေါ့
    ခွေနုူန်းအံတော့သည်…………………….
    (အရက်ညာတိုက်တယ်………..မူရင်း ပုလဲ ပြန်ဆို ထွန်းအိန္ဒြာဗိုလ်)

  • ဂစ်တာတစ်လက် အရက်က တစ်စည် မိန်းမလှလေးက တစ်ယောက်
    မောင့်မောင့်ကိုအချစ်ဆုံးတဲ့ကွယ်…..
    ဖွဲ့နွဲကာသူလေပြောခဲ့တယ်
    သလေဝထုးိတဲ့တေလေဆိုးမို့ စွန့်ပယ်တာလားကွယ်……………………..
    (စတီရီယိုခေတ်ဦးက စိန်သစ်ရဲ့ သီချင်း ။ဒီသီချင်းက သူကြီးတို့ငယ်ငယ်ဆိုတဲ့သီချင်းပေါ့)

  • စတော်ဘယ်ရီ ရှယ်ရီရောရင် တော်တန်ရုံလူပင်
    ဘုံကမ္ဘာခုနှစ်ဆင့်အမြင့်ကို မြင်ယောင်လာသလိုပင်
    …………………………………………
    …………………………………………………………
    အို့ဟိုး……………. မူးလာတယ်……………………………..
    ( စတော်ဘယ်ရီချစ်သဲရှင် မူရင်း စိန်လွင်-ပုလဲ ပြန်ဆို ဇော်ဝင်းထွဋ်ဟေမာနေဝင်း)

  • အရင့်ရောင်

    May 19, 2012 at 4:01 pm

    ကိုကြီးကျော် လာပီဟေ့……………
    ရက်သမားမှန်ရင်နော်ဗျာ ယှဉ်ပြိုင်ကာ သောက်လိုက်ချင်တယ်…….
    မှတ်ချက် (ယှဉ်သောက်မှာပေါ့ ကိုကြီးကျော်က အရက်ဖိုးမှ မကုန်တာလေ)
    ဟီးးးးး

  • စိတ်ညစ်လဲသောက် စိတ်ပျော်လဲသောက်
    သောက်လိုသမျှသောက်ပါ ရမ်…………. ရမ် ……………ရမ်…………….
    အလှဘုရားမလေးဆိုလာပြန် ကပြားမလေး ဂိုယာရမ်
    (မြတ်လေးရဲ့ ကပြားမလေး ဂိုယာရမ်)
    ကိုမြတ်လေးက အရက်သီချင်း2ပုဒ်ဆိုသွားပါတယ်။
    တစ်ပုဒ်က မစ္စဝီစကီ
    နောက်တစ်ပုဒ်က ကပြားမလေးဂိုယာရမ်………………..

  • ပထမအပုဒ်ရေးတာ စာသားမှားသွားလို့ပြန်ပြင်တာပါ။
    အကုန်လုံးတော့ မရတော့ ဘူး။
    မြတ်လေးသီချင်း မစ္စဝီစကီက အစောက ရေးတာမှားနေလို့။

    ဒိမှာအချစ် မစ္စဝီစကီ………………ဆိုတာဘဲမှတ်မိတော့တယ်။

  • kotun winlatt

    May 19, 2012 at 6:43 pm

    ဘယ်လိုသောက်သောက်..
    ဘယ်လောက်သောက်သောက်…
    အာဟိ….
    အရက်တော့ မသောက်ပါဘူးးကွယ်…
    ဘီယာလေးးတင်ပါနော်…..
    အစုံကိုသိလိုက်ရတာပဲ…
    လေးပေါက်ကသီချင်းးးတော်တော်အဆိုကောင်းသကိုးးဗျ
    မှတ်လည်း မှတ်မိပါ့…

  • ဒီပိုစ်လေးကို တစ်ခါဖတ်လိုက် သီချင်းတစ်ပုဒ်ပြန်သတိရလိုက်ဘဲဗျာ.

    သူငယ်ချင်း ………..သူငယ်ချင်းရေ မင်းငါ့ကို တစ်ကယ်ခင်ရင်
    အရက်တစ်ခွက်တော့ တိုက်စမ်းကွာ ဒီည ငါမူးမှဖြစ်တော့မှာ……………
    အိုး။။။။။။။။။။။အို…အို မူးမှပြေမှာ
    (စိုင်းထီးဆိုင် မူးမှပြေမှာ)

Leave a Reply