ဆရာကြီး ဦးသုခ ရဲ့ သူရာ

Rose MinnMay 16, 20121min56869

သူရာ လို့ ဆိုလိုက်တာနဲ့ လူတိုင်း သိကြပါတယ်။ သူရာ ဆိုတာ ပါဠိလို ပြောခြင်းဖြစ်ပါတယ်။ မြန်မာလိုကတော့ သေစာ၊ သေရည်၊ သေရက်၊ လို့သုံးကြပါတယ်။ သူရာ (သုရာ)ဖြစ်ပေါ်လာပုံ ကို ငါးရာ့ ငါးဆယ် ဇာတ်နိပါတ် ထဲမှ ကုမ္ဘ ဇာတ်မှာ ဟောထားတာ လေးရှိပါတယ်၊ အကျဉ်းချုပ်ပြောရလျှင် တော့ ဟိမဝန္တာတောထဲ မှာ မိုးကာလသစ်ပင်ခွကြား ရေဝပ် နေတော့ အသီးမျိုးစုံ၊ အပွင့်မျိုးစုံ ကြွေလွင့်ကျကာ  ကျေးငှက်ချီယူလာ တဲ့ သလေးစပါး လိုအနှံတွေ ချီယူလာစားရင်း ကျနေတယ်။ နွေအခါမှ နေရဲ့ အပူရှိန် နဲ့ အရက်ချက်ထားသလိုဖြစ်နေတယ်။

သုရာ အမည်ရှိတဲ့ မုဆိုးက အမဲလိုက်ရင်း ရောက်လာ ေတော့ ငှက်တွေ မျောက်တွေ ဟာ အဲသည့် သစ်ခေါင်းထဲက အရည်တွေ သောက်လိုက် ပျော်မြူးနေလိုက် ဖြစ်နေတာ တွေ့လို့ မုဆိုးက စမ်းသောက်ကြည့်တယ်၊သူလည်း အရသာ တွေ့သလိုလို ပျော်မြူးလာသလိုသလို ဖြစ်နေတယ်။ အဲသည့်နောက် ဝရုနာ အမည်ရှိတဲ့ ရသေ့တစ်ပါး ကပါ ရောက်လာတော့ မုဆိုး နဲ့ နှစ်ယောက်အတူတူသောက် ကြတယ်၊ သုရ မုဆိုးက စတွေ့ တာမို့ အဲသည့် အရည်ကို “သုရာ” လို့ ခေါ်ရာ က “သူရာ” ဖြစ်လာတယ်။ နောက်ဆုံးမှာ အဲဒီတိုင်းပြည်က မင်းကို ဆက်သတယ်။ ဘုရင် ကလည်း ကြိုက်တော့ မြို့မှာတင် ချက်လုပ်စေပြီး၊ မူးကြီး မတ်ရာတွေ  တတိုင်းတပြည်လုံး သေရည် ကြောင့်  သောက်ကြ   ခိုက်ရန်ဖြစ် ကြ၊ မကောင်းမှုမှန်သမျှ လုပ်ကြတာနဲ့ ပြည်ပါပျက်ရတယ် ပေါ့လေ။

အဲဒီသတင်းကြောင့် တခြားတိုင်းပြည်ကဘုရင် က ဒီလောက်တောင် သောက်ကြရင်ဖြင့် အရသာ ကောင်းလွန်းတာကြောင့်ဖြစ်ရမယ်။ ကောင်းတဲ့ အတွေ့ရှိ လွန်းလို့သာဖြစ်ရမယ်။ ပျက်စီးကြတယ်ဆိုတာ ကကောင်းလွန်းတာ ကို မဆင်မခြင်အလွန့်လွန် သောက်ကြလို့သာ ဖြစ်လိမ့်မယ်။ သူတို့လို မလွန်အောင် သတိထားပြီး သောက်ကြည့်ရင် ကောင်းမှာပဲလို့ အောက်မေ့တယ်။ အဲဒါဟာ အရက်ကို စ,သောက်လေ့ရှိတဲ့ လူ့သဘောတို်င်း ကိုယ့်စိတ် ကိုယ်နိုင်မယ် ထင်ကြတာ ဓမ္မတာပါ၊  အဲဒါနဲ့ တိုင်းပြည် အတွင်းမှာ သူရာ ကို အရှာခိုင်း သတဲ့။ အဲသည့်အခါ သိကြားမင်း က ပုဏ္ဏားယောင်ဆောင်

ဆောင်ကာ အရက်ရောင်းဖို့ လာပါတယ် ဆိုပြီး မင်းကြီးထံ အခစားဝင်ပါတယ်။ မင်းကြီးက ပုဏ္ဏားကြီးကို အရက် ဘယ်လောက်ကောင်းသလဲ လို့မေးတဲ့ အခါ မှာ အရက်ကို သောက်လျှင် ဟောသည့်ဂုဏ်တွေ ရပါလိမ့်မယ် လို့ပြောပါတယ်။

 

ဆရာကြီးဦးသုခ ရဲ့ မင်္ဂသုတ်မှာပါတဲ့  အသူရာနဲ့ ယစ်မူးခြင်း ကြောင့်ဖြစ်ရတဲ့ အကျိုး (24 )ပါး ပဲဖြစ်ပါတယ်။

 

 

1) သောက်မိရင် လမ်းလျှောက်လို့မရအောင် လဲမယ်၊

2) မစားသင်တာ အကုန်စားလိမ့်မယ် (သားကို တောင် ဟင်းစားလုပ်မယ်)

3) နွားများ စားမြုံပြန်သလို ဝါးပြီး သားလည်း ပြန်စားတက်တယ်။

4) ကိုးကွယ်ရာ မရတဲ့လူလို လှည့်လည်တက်တယ်။

5) သီခြင်း က,ခြင်း ကို အရှက်အကြောက်မရှိပြုတက်တယ်။

6) အဝတ် အစားမကပ်ဘဲ ရွာထဲ မြို့ထဲ လျှောက်တက်တယ်။

7) အလွန်အကျူးအိပ်တက်တယ်။

8) ခေါင်းခါ၊ ခြေခါ၊ လက်တုန် ဖြစ်တက်တယ်။

9) အသည်းကို မီးလောင်တက်တယ်။

10) နှောင်ဖွဲ့ခြင်း၊ သတ်ပုတ် ညှဉ်းဆဲခြင်း၊ စည်းစိမ်ယုတ်ခြင်း ဖြစ်တက်တယ်။

11) လူစုလူဝေးထဲမှာ မဆိုအပ်သောစကားကို ဆိုတက်ပြောတက်တယ်။

12) ငါနှင့်တူသူ ဇမ္ဗူမှာ မရှိ လို့ မိုက်ဂုဏ် ပြတက်တယ်။

13) အငြင်းအခုံ သန်တက်တယ်။

14) ခိုးသူဖြစ်တက်တယ်၊ အရက်သမားကြီး ဖြစ်တက်တယ်။

15)အမျိုးစည်းစိမ် ဂုဏ်သရေ ကင်းတက်တယ်။

16) ရှိသမျှ ရတနာ ကုန်တက်တယ်။

17) အမိ အဘ တို့ကို ဆဲရေးမိတက်တယ်၊ ယောက္ခမ ချွေးမ တို့ကို ကျူးလွန်မိတက်တယ်။

18)ရဟန်း၊ ပုဏ္ဏားမှ အစ သူတော်ကောင်းတို့ကို မရိုမသေ ပြစ်မှား တက်တယ်။

19)တစ်သက်လုံး ရိုးသားလာခဲ့သူ ဖြစ်စေ၊ မဟုတ်မမှန်တာ အကုန်လုပ်တက်တယ်။

20)သတိမေ့ပြီး အသေလို ဖြစ်တက်တယ်၊ ထိုရောဂါမျိုးရတက်တယ်။

21)မပေါင်းထိုက်သူ မှန်သမျှနှင့် လွယ်လွယ် ကူကူ ပေါင်းတက်တယ်၊

22)တွေ့ရာ ကြုံရာမှ နွားအိပ်သလို အိပ်တက်တယ်။

23)အရက်သမား အချင်းချင်း တွေ့လျှင် အချင်းချင်း ရန်လုပ်လျှင် လုပ်၊ သူတစ်ပါးကို ရန်လုပ်ဖို့ရင် လည်း ပူးပေါင်းမိတက်တယ်။

24)သေရေသေ ရက်ကို သောက်၍ အသုရာတို့ တာသတိံသာမှ ရွေ့လျှောရတက်တယ်။

 

 

ဒါကြောင့် ရွာသူ ရွာသား အပေါင်းတို့ သူရာရဲ့ အကြောင်းလေး ကို share ပေးလိုက်တာဖြစ်ပါတယ်။ မသိတဲ့ သူလဲ သိအောင် သိတဲ့သူလည်း အမှတ်ပြန် ရအောင် သတိပေး တာပါ။ ဗဟုသုတ အနေနဲ့ ပါနော်။ လိုတာရှိရင်လည်းထပ်ဖြည့်ပေးကြစေလိုပါတယ်။

69 comments

  • နှလုံးသားအိမ်မှာ ပူတယ် ဆောင်းနှင်းဖြူဝေ့လည်
    အကောင်းဆုံးအရက်ကို မိတ်ဆွေလုပ်မယ်
    ကိုယ်ပါကွယ်
    ဒါဟာမင်းထက်သိပ်ချိုတယ်……………..
    (ပလေးဘွိုင်သန်းနိုင် အရက်ချို အချစ်ခါး)

  • ဘရန်ဒီတစ်ခွက်ဘီယာမော့ပြီးဖြေမယ်လေ………………..
    ဒီလူသားဘဝမှာ မငြိမ်းချမ်း ဆူးခင်းသောလမ်း
    (စိုးပိုင်)

Leave a Reply