ဖြုံပစ်

မောင် ပေMay 16, 20121min34324

အကြောင်းအရာ(၁)
နွေနံနက်ခင်းတစ်ခု ၏ ရေတိုင်ကီမဆူခင်အချိန်လေးတွင်ဖြစ်သည်။
ဝန်ထမ်းအမျိုးသားတစ်ယောက် နှင့် သုံးနေသူ အမျိုးသားသုံးယောက် ၊ အားလုံးပေါင်း ယောက်ျားလေးယောက် ရှိနေသော အင်တာနက်ဆိုင်ထဲ သို ့သူမ သည် သူမကိုယ် သူမ ယုံကြည်မှုရှိသည့်ပုံဖြင့်(တီဗီမှာကြေငြာတဲ့ဟာတွေ နဲ ့များလားတော့ ကျုပ် မသိပါ) တစ်လှမ်းချင်းလျှောက်လှမ်းကာ ဝင်လာသည်။ ဆိုင်၏ အနေအထားကို နဲနဲပြောပြရလျှင် ကွန်ပျူတာ ၁၅လုံးကို ငါးလုံးတစ်တန်းစီ သုံးတန်းနေရာချထားပြီး ၊ ငွေရှင်းကောင်တာ နှင့် ကွန်ပျူတာတန်းမှာ ၃ပေခန် ့ခြားသည်။ သူမ ဆိုင်ထဲရောက်သည်နှင့် သင်းပျံ ့လှလွန်းသော ရေမွှေးရနံ ့ကို ဆိုင်တွင်းရှိသူများ အားလုံး ရှူရှိုက်လိုက်ကြရသည် ။ သူမ သည် တစ်ဆိုင်လုံးထဲတွင် သူမ တစ်ယောက်ထဲ အမျိုးသမီး ရှိသော်လည်း ၊ သုံးနေသူ အမျိုးသားသုံးယောက်ဘေး တစ်စက်ကျော်တွင် ဝင်ထိုင်သုံးလိုက်သည်။ သူမအရင်ထိုင်သုံးနေသူ အမျိုးသားသုံးယောက်လုံး၏ မျက်လုံးများက သူမ ကိုယ်ပေါ်သို ့ကျရောက်လာသော်လည်း ၊ သူမ သည် ခပ်တည်တည်နှင့် ချောင်းတစ်ချက် ဟန် ့ကာ သုံးနေလေသည် ။
၁၅မိနစ်ခန် ့၊ ကွမ်း၂ယာခန် ့ဝါးပြီးချိန်ခန် ့တွင် အင်တာနက်ဆိုင်လေးအတွင်း ၊ အလွန်အင်မတန်မှဆိုးရွားလှသော ဒိန်ညင်းသီးနံ ့ရောစပ်နေသာ အီးနံ ့ကြီး လှိုင်လှိုင်ထွက်လာပါတော့သည် ။(လှိုင်လှိုင်ဆိုသည်မှာ လူဖြစ်သည် ဟု မမှတ်ယူပါရန်)
ဆိုင်ထဲတွင် ထိုင်သုံးနေသူအမျိုးသားသုံးယောက်ထံမှ စကားပြောသံများ ထွက်လာသည်။
“ အားပါး နံဟောင်နေတာဘဲ ၊ ဗိုက်ကလေး မင်းထုလိုက်တာလား ”
“ ဟာ..မဟုတ်ပါဘူး ၊ အနံ ့က ဒိန်ညင်းသီးနံ ့ကြီးကို ၊ ငါ ဒိန်ညင်းသီးမစားတာ မင်းသိရဲ ့သားနဲ ့၊ ဟိုလူ နီဂမိ နေမှာ ”
“ ဟေ့ဟေ့.. ငါ မနက်က အိမ်သာ၂ခါတောင် တက်ခဲ့ပြီးပြီ သိလား ၊ ကောင်တာ က ကောင်ဘဲ နေမှာ ၊ ရုပ်ကိုက ညှင်းသိုးသိုးနဲ ့၊ ကြည့်ပါလား ရေလဲချိုးတဲ့ပုံ မပေါ်ဘူး ”
ကောင်တာမှ ဝန်ထမ်းအမျိုးသားကလဲ ကပြာကယာ နဲ ့ထလာပြီး ဖြေရှင်းချက်ပေးသည်။
“ ကိုနီ ၊ စောနကမှ ကျွန်တော် အိမ်သာသွားတက်ထားတာ ကိုနီ သိတယ်နော် ၊ ကိုနီ ့ကိုတောင် ဆိုင်ခဏကြည့်ပေးဖို ့ကျွန်တော် အကူအညီတောင်းခဲ့သေးတယ်လေ ၊ ကျွန်တော့်လက်ချက် လုံးဝ မဟုတ်ဘူးနော် ”
“ တောက်… ” ငြိမ်သက်နေသော သူမ ထံမှ ထွက်လာသော အသံဖြစ်သည် ။
“ဟေ” “ဟာ” “ဟမ်”
သူမ သည် ဇတ်ကနဲ မတ်တပ်ကောက်ရပ်လိုက်ပြီး ၊ သူတို ့လေးယောက်ဘက် ကို မျက်စောင်းအကြီးစားကြီး ပစ်ကာ ၊ သူမ ဆလင်းဘတ်အိတ်ထဲမှ ၅၀ဝကျပ်တန် တစ်ရွက်ထုတ်လိုက်သည်။ ထို ့နောက် ပိုက်ဆံ ကို ကွန်ပျူတာရှေ ့တွင် ပစ်ချလိုက်ကာ ၊ ပိုက်ဆံအအမ်းပင် မယူတော့ဘဲ ဆိုင်ထဲမှ ဆတ်ကော့ဆတ်ကော့ ဖြင့် ဆိုင်တံခါးကို အမြန်ဖွင့်ဆွဲကာ ထွက်သွားတော့လေသည် ။ ဆိုင်တံခါးလဲ ပြန်အပိတ်…. အမျိုးသားလေးယောက်သည် အစက ရေးပြခဲ့သော အနံ ့ဆိုးကြီး ကို ထပ်မံ ရှူကြရလေသည် ဟူသတတ်။
အကြောင်းအရာ(၂)
ဟိုးရှေးရှေးတုန်းကမဟုတ်တဲ့ ၊ ယနေ ့လက်ရှိအချိန် မြန်မာနိုင်ငံက မြို ့တစ်မြို ့မှာ ၊ ကျုပ် ဆိုတဲ့ မောင်ပေတစ်ယောက်ဟာဖြင့် ဥစ္စာစောင့်တွေ နဲ ့နေ ့တိုင်း တွေ ့နေရတယ်ဆိုရင် မိတ်ဆွေအံ့ဩသွားမလား။ မအံ့ဩဘူးဆိုလဲ ပြောပြဦးမယ်ဗျာ။ ကျုပ်မှာ အဒေါ်အပျိုကြီးတွေ ရှိတယ်ဗျ။ သူရို ့က ပိုက်ဆံရှိတယ်။ ရှိတယ်ဆိုတာက အဘိုးအဘွားတွေဆုံးတော့ အဘိုးအဘွားပိုင်ဆိုင်သမျှ ကို သူရို ့က ရတာပေါ့ဗျာ။ ဒီတော့ သူရို ့မှာ ပိုက်ဆံတွေချမ်းသာကြွယ်ဝပေါများသွားတာပေါ့နော်။ ဒါနဲ ့သူရို ့က အဲဒီအမွေတွေ ကို ပိုင်ဆိုင်သွားတော့ ဘာအလုပ်မှမလုပ်ဘူးဗျ။ အဘိုးအဘွားတွေ ကျန်ခဲ့တဲ့အမွေတွေထဲမှာ ဘဏ်ထဲမှာ ထည့်ထားတဲ့ ငွေတွေကလဲတော်တော်များတယ်။ မြေကွက်တွေ ၊ ရွှေတွေ လက်ဝတ်ရတနာတွေကလဲ အများကြီးဘဲ။ သူရို ့က ဘဏ်တိုးနဲ ့ဘဲ ထိုင်စားပြီး ၊ အဲဒီအမွေဥစ္စာတွေကို ဆက်စောင့်ထိန်းတာပေါ့ဗျာ။ ကျုပ်မှာ.. စီးပွားရေးလေးဘာလေးလုပ်ဖို ့၊ အရင်းအနှီးက လိုတာကလား ။ ဒီတော့ အဲဒီ ဥစ္စာစောင့် အဒေါ်အပျိုကြီးတွေဆီမှာ နေ ့တိုင်းသွားပြီး ချစ်ခင်စဖွယ်ဖြစ်အောင် ၊ ကိုယ့်အတွက် အရင်းအနှီးလေး ထုတ်ပေးချင်လာအောင် ၊ နေရတာပေါ့ဗျာ။ နဲနဲတော့ထုတ်ပေးခဲ့သဗျ ။ ဒါပေမယ့် သူရို ့ထုတ်ပေးခဲ့တဲ့ဟာလေးက မဖြစ်စလောက်ဆိုတော့ ၊ မြန်မာနိုင်ငံ စီးပွားရေးက မတည်ငြိမ်နဲ ့အချိန်နဲ ့ကြုံရင် ကျုပ်မှာ အရင်းပြုတ်ရတာပေါ့ ။ ဒါနဲ ့ဘဲ.. နောက်ထပ် ထပ်တောင်းဖို ့၊ ကျုပ်မှာ ကျုပ်အဒေါ်ဥစ္စာစောင့်တွေဆီမှာ သွားသွားပြီး ခစားရတယ်ဗျို ့။ ကျုပ်အကြောင်းကိုအားလုံးသိတဲ့ ကျုပ်သယ်ချင်းတွေကတော့ ကျုပ်ကို သိုက်မှာဘူနေတဲ့အကောင်တဲ့။ ဟုတ်ပါတယ်..ကျုပ်မှာ အာကေလေးရဖို ့ အရေး ဘူရတာပါဘဲ ။ အဲဒါကတော့ ကျုပ်နဲ ့ဥစ္စာစောင့်များအကြောင်းပေါ့ဗျာ ။ ဖတ်လို ့မကောင်းရင် ဆောရီးပါဘဲဗျာ ။ ကျုပ်လဲကြုံခဲ့ဖူးတဲ့အကြောင်းပါ။
ခင်ဗျားတို ့အားပေးတယ်ဆိုရင် ၊ အခုလို ဖြစ်ပုံလေးတွေကို ဆက်ပြီးရေးတင်ပါဦးမယ်ဗျာ။
…………………
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

24 comments

  • pooch

    May 16, 2012 at 9:41 pm

    အဲ့ဒီအဒေါ်အပျိုကြီးတွေ အခုဆို နင်လာရင် ပုန်းနေတော့တာပဲဆို ပိုက်ဆံပေးရမှာကြောက်လို့တဲ့ ဗိုက်ကလေးပြောတာပဲ ဟုတ်လား ကပေ 😀

    • windtalker

      May 16, 2012 at 11:29 pm

      အပျိုကြီးချင်း ကိုယ်ချင်းစာတယ်ပေါ့နော်

  • မဟာရာဇာ အံစာတုံး

    May 16, 2012 at 9:47 pm

    ကပေရဲ့ ဖြစ်ပုံ ..
    အလုံးစုံ
    အကုန် ဖတ်သွားသည် ..

    အကြောင်းအရာ-၁ တွင်
    အီးအီးထုသူမှာ ကျွန်ုပ်အမြင် ဗိုက်ကလေးပင် ထင်မြင်မိပါဂျောင်း .. 😀
    အကြောင်းအရာ-၂ တွင်မူ ဥစ္စာစောင့် များနှင့် ကပေ၏ အဖြစ်ကို ဟာသနှော၍ ဖတ်ရှုသွားပါဂျောင်း ..

    ယခုကဲ့သို့သော အကြောင်း အရာများကိုလည်း ဆက်လက် ရေးသားပါရန်
    ကျွန်ုပ်၏ ရောင်းရင်းကြီး အဖန်တရာရီ အေအေပူးအား တိုက်တွန်းအပ်ပါဂျောင်း …

    မေတ္တာများဖြင့် ..
    ရောင်းရင်း ဂန်ထရီ ဥူးဦးထုပ်

  • TTNU

    May 16, 2012 at 9:52 pm

    မောင်ပေရေ…
    ဲဖြုံပစ်ဆိုတဲ့ ဖြစ်ပုံ တယ်ဆန်းပါလား လူကလေးရေ။
    ချမ်းသာတဲ့ အဒေါ်အပျိုကြီးတွေရှိတာ ကုသိုလ်ကောင်းတယ်ဗျ။
    ဒါပေမဲ့ ဇီဇာမကြောင်မှနော။

  • aye.kk

    May 16, 2012 at 10:55 pm

    ကိုဝင်းတော့ကာ…
    ဒညင်းသီးနဲ ့ဆူးပုတ်စားရင်..
    အိမ်သာမတက်ရ…
    ဆိုတဲ့စာသားကိုဘကြီးတို ့
    အိမ်သာမှာရေးထားတာလေးပြေးမြင်ယောင်မိတယ်။

    • windtalker

      May 16, 2012 at 11:33 pm

      အန်တီရေ လူ့အခွင့်အရေး တားဆီးပိတ်ပင်တာ ရယ်လို့ မဟုတ်ပေမယ့် ကိုယ့်အနံ့ဆိုးနေခဲ့ဒင် ဆင်ခြင် ရအောင်ပေါ့ဗျာ

  • ဦးဦးပါလေရာ

    May 16, 2012 at 11:53 pm

    ဆိုင်ကယ်စီးမန္တလေးသားတွေ ကြုံရတဲ့ ကွန်ပျူတာဆိုင်ထဲက ဒုက္ခဆိုတာ
    ရန်ကုန်သားတွေကြုံရတဲ့ ဘတ်စ်ကားပေါ်ကဒုက္ခလောက် မဆိုးသေးဘူးဟဲ့…။

    ဥစ္စာစောင့်အပျိုကြီးတွေကို သီလရှင်ဝတ်ဖို့ တဖြေးဖြေးနားချပေး…
    အဲဒါဆို နင် သိုက်သဌေးကြီးဖြစ်ကရောပေါ့…. 😀 😀

    • windtalker

      May 17, 2012 at 7:51 pm

      မှန်လိုက်လေခြင်း ဦးပါရာ…
      အဲ့လို အဲ့လို မျှော်လင့်မိပါတယ်ဗျာ ။ ဟီဟိ

  • ကြောင်ကြီး

    May 17, 2012 at 8:28 am

    တူလေးကပေ တယ်ဆိုးသွမ်းနေပါဂလား..။ သူ့အဒေါ်အပျိုဂျီး မပျော်တဂိုထီးဆိုလို့ ကျနော်ခိုစီးလိုက်တာ အော်ငိုညည်းနေရဒယ်ဗျို့…။

    • windtalker

      May 17, 2012 at 8:41 pm

      ဦးကကြီး
      တူလေး ကို ကန်ဒေါ်ရာ ၁သောင်းလောက် မုန် ့ဖိုးပေးဘာ
      ဒီကွန်မင့်ကို ဖတ်ပြီးပြီးချင်း ပေးနော် ။

  • kyeemite

    May 17, 2012 at 9:37 am

    ကိုပေရေ…ရသမြေက်ပါတယ် ဆက်ရေးပါဗျို့…

  • mocho

    May 17, 2012 at 9:53 am

    သူ့ခမျာလည်း အန္တရာယ် မလွယ် နိုင်ရှာလို့ကိုး၊ အပေါင်ကုပ် ရောင်ဆုပ် ဆိုတဲ့စကားလည်း ရှိတာပဲ။ လေမထွက်ရင် အနေခက်တာ ခံစားဖူးမှသိမှာ။
    စကားမစပ် ကပေ က နိုင်မယ့် ဘော အတင်း တင် ခွဲတတ်တာမဟုတ်ဘူး အနံ့ လည်းခွဲတတ်သားပဲ။
    အလကား ချတာ ချိတ်ချိုးနဲ့ နော်။

  • ဗိုက်ကလေး

    May 17, 2012 at 9:57 am

    ဟေ့လူ..ဟေ့လူ.
    ဖြစ်ပုံ-၁ မှာ အင်တာနက်ဆိုင်အကြောင်း ထည့်ရေးလို ့တဲ့..သူ ့ဂွင်ကိုကျော်တယ်ဆိုပြီး ကိုထက်ဝေး တင်းနေဘီ..အဲဒါ လာဘ်သွားထိုးဦး..
    ပြီးဒေါ့
    တွေ ့ပုံ ဆိုပြီး တစ်ပုဒ်ရေးတယ်..
    အခု ဖြစ်ပုံဆိုပြီး ထပ်ရေးတယ်
    နောက်ထပ် အာပုံ ဆိုပြီးတော့ ထပ်ရေးဦးမှာလား..ကျုပ်ကို ကြိုပြောထားဦး..
    အီး ခိုးပေါက်သူချင်း အတူတူ ကျုပ်ကိုတော့ အရင် အသိပေးသင့်တယ်..
    အီးသခိုးချင်း အတူတူ တစ်လုံး ပိုမခိုးချင်နဲ ့
    ဒါပဲပြောမယ်
    ဒါဘဲ

    • windtalker

      May 17, 2012 at 2:52 pm

      နွေပူပူမှာ အာပုံအကြောင်း သိချင်စမ်းပါနဲ့အေရယ်။

  • Khaing Khaing

    May 17, 2012 at 10:33 am

    ဦးဦးပေ ဦးဦးပေ …….. အင်တာနက်လာသုံးတဲ့အမျိုးသမီးက ဘယ်အရွယ်လောက်ရှိလဲဟင် ………
    သူသုံး တဲ့ရေမွှေးကရော ဘယ်နိုင်ငံထုတ်လဲ ……..
    အဲဒီအနံကို စတင်ရှုလိုက်ရစဉ်မှာ ဘယ်လိုခံစားမှုမျိုးဖြစ်သွားသလဲဟင် …….
    နောက်ပြီးမနက်မှာ အစာပြေဘာများစားပြီးပြီလဲ ……..
    အဲလိုအနံမျိုးက တစ်ခါရပြီး တသက်စွဲကျန်နေရောသိလား ……..
    ရေမွှေးနံနဲ့ တညင်းသီနံဘယ်ဟာက ပိုမွှေးလဲဟင်င်င်င်င် ဦးဦးပေထောင်ပြိတ် ………… ညီမမဖြစ်တာတော့အသေအချာပါ ……… ဘာလို့လဲဆို ညီမကအိမ်သာနက်ကို ဆိုင်မှာမသုံးသလို ရုံးမှာအရဂါးရတာကို ခွသုံးတတ်ကြောင်း …… ဒိန်ငြင်းသီး ဆူးပုပ်ရွက် အတို့အမြုပ်ကို လုံးဝမစားတတ်ကြောင်း အသိပေးထားပါကြောင်း …………. အဆိုပြုလွှာတင်သွင်းပါသည်ချင့် ………..

  • water-melon

    May 17, 2012 at 10:44 am

    အတိုကြီးအတိုကြီး အီးပေါက်တဲ့ကောင်မလေးက လန်းလားဟင်
    အတိုကြီးရော ရှူလိုက်သေးလား
    အဟိ

  • Ma Ei

    May 17, 2012 at 11:33 am

    ကိုပေရေ…
    ဥစ္စာစောင့် အဒေါ်တွေက အပျိုကြီးတွေဖြစ်နေတာဘဲ ကျေးဇူးတင်…
    လိမ္မာ ဘို့ဘဲလိုတာများ…

  • etone

    May 17, 2012 at 3:28 pm

    ကိုပေ တင်စားသွားတဲ့ ဥစ္စာစောင့်ဆိုတာ .. အရမ်းသဘောကျမိပါရဲ ့…. ။
    အဒေါ် အပျိုကြီးတွေနဲ့ များတွေ့လို့ … အဲ့လိုပြောပြလိုက်လျှင် … မုန် ့ဖိုးရာသက်ပန်ပိတ်သွားမယ့်အပြင် ..နောက်တစ်ခါ နင်အိမ်မလာနဲ့လို့ ပြောခံရမှာ ကျိန်းသေပဲ ..ဟိဟိ … ။ 😛

    ဒါနဲ့ .. ချီးရှုရတဲ့ .. လေးယောက်မှာ ၊ ဗိုက်ကလေး ၊ နဂမိနဲ့ .. ဦးနီအပြင် ကျန်တစ်ယောက်က ..ဘူလဲဟေ့ … 😛

  • ကိုရင်စည်သူ

    May 17, 2012 at 8:17 pm

    ကိုရင်ပေ အခုတလော စာအရေးကျဲသွားသလားလို့…
    ငွေလိုရင် ဥစ္စာစောင့်ဆီမသွားနဲ့… ကိုရင့်ဆီက
    ယတြာတောင်း၊ ငွေအလုံးလိုက်ကို ဝင်စေရမယ့်…
    အဲ့ပို့စ်တင်ပေးမယ်… ဖတ်မလား.. လုပ်ကြည့်မလားဟင်…
    ယုံကြည်ရင် ပုံပြီသာမှတ်တော့ အိုင်ပီကပေ့ရေ… ငွဲငွဲ… 😎

    • windtalker

      May 17, 2012 at 8:24 pm

      ဟောဗျာ ၊ သူကဖြင့် ဘာမှလဲ မပြောမဆို မဆက်သွယ်ဘဲနဲ ့။
      လူကို ပစ်ထားတယ်
      လူဆိုး

  • windtalker

    May 17, 2012 at 8:23 pm

    မဟာရာဇာ ၊ ဆရာမကြီး ၊ ကိုမိုက် ၊ မိုချို ၊ ခိုင်ခိုင် ၊ ဖရဲသီး ၊ မအိ ၊ အိတုန် နှင့်တကွ စာဖတ်သူ အားလုံး ကို လေးစားကျေးဇူး တင်ရှိပါတယ် ခင်ဗျား ။

    • မဟာရာဇာ အံစာတုံး

      May 17, 2012 at 9:14 pm

      အော် …
      သူက ကျေးဇူးတင်သတဲ့လား …
      ဒီအတိုင်းတော့ တင်လို့ရမလား …
      အနည်းဆုံး တစ်ဝိုင်းလောက်နဲ့ ကျေးဇူးတင်ရင်တော်ဒေးးးးးး 😀
      နောက်ထှာပါ ဥဥပေ … ဒါမျိုးလေးတွေ ဆက်ရေးပါဦးလို့ …

  • surmi

    May 18, 2012 at 12:57 am

    လုပ်ပါဗျ ဒီလိုလေးတွေ ..
    ချန်ပီယံလိဂ် လဲမမေ.နဲ.ဦးနော် …။

  • maung khinmin

    June 21, 2012 at 1:04 pm

    ဖြစ်ပုံကတော့…စိတ်ကုန်ချင်စရာပ….ဆြာပေ

Leave a Reply