သူကြီးနှင့်တကွ ရွာသူရွာသားများအားလုံးမင်္ဂလာအပေါင်းခညောင်းပါစေရှင်။ မီးကတော့ ရွာသူအသစ်လေး Crystalline ဖြစ်ပါတယ်။ Mandalay Gazette ကိုအားပေးနေတာ ကြာပြီ ဖြစ်ပေမယ့်အခုမှပဲ register လုပ်ဖြစ်ခဲ့တာပါ။ ကံကဆိုချင်တော့ ရွာထဲကို မှတ်ပုံတင်ပြီး ၀င်တဲ့အချိန်မှာပဲ အလွန်ဆိုးရွားတဲ့ connection နဲ့တိုးပါတယ်။ ပို့စ်တခုဖတ်ဖို့ဖွင့်တာတင် ၁၅မိနစ် နောက်ပို့စ်တခုပြောင်းဖို့ ၁၅မိနစ် ဟင်း..ဟင်း.
MG Village က ရွာမျက်နှာဖုံးများရဲ့ ရုပ်ပုံများကို အရှင်လတ်လတ်မြင်တွေ့ပြီးတဲ့နောက်မှာ တော့ ဒီရွာကြီးအကြောင်းကိုအခုထက်ပိုသိအောင် တော့ရွာထဲကိုမှတ်ပုံတင်နဲ့တကွ ၀င်ကြည့်သင့်ပြီးလို့ထင်ပြီး မှတ်ပုံတင်နဲ့တကွဝင်လာတာပါ။

ရွာထဲကိုလွန်ခဲ့တဲ့တစ်နစ်လောက်က ပထမဆုံး အလည်ရောက်စဉ်က စတွေ့တာကတော့မမဝေရဲ့ဟင်းချက်နည်း လေးနဲ့ပါ။ ကော်ပီကူးပြီး cooking recipes ဆိုပြီး သီးသန့် Folder လေးနဲ့ကိုယ်မချက်တတ်တဲ့ ဟင်းချက်နည်းလေးတွေဆိုရင် သိမ်းထားဖြစ်တယ်။ မဝေတို့၊ မနိုဗွီတို့၊ မအိတို့၊ မနွယ်ပင်တို့လို
စာဖိုမှူးကြီးတွေကြားမှာ စုန်းပြူးစားဖိုမှူးတယောက်ရဲ့ ထမင်းချက်နည်း ရေနွေးကြမ်းပြုလုပ် နည်းလေးတွေကိုလည်းစိတ်ပါဝင်စားစရာဖတ်လိုက်ရသေးတယ်။ ပျော်စရာပါပဲ။
ရွာထဲကိုဝင်ဝင်ကြည့်ပြီး post တွေ comment တွေဖတ်ပြီး ရွာသူရွာသားတွေရဲ့ နာမည်တွေကိုလည်းကိုယ့်သူငယ်ချင်း၊ မိတ်ဆွေအရင်းအခြာတွေလိုရင်းနှီးနေခဲ့တယ်။
TTNU ရေးတဲ့ idiom drills တွေကို လည်းမပျက်မကွက် ကော်ပီကူးပြီးသီးသန့် Folder လေးနဲ့သိမ်းထားဖြစ်တယ်။ ကျေးဇူးပါတီချယ်ကြီး။
ဦးပေါက်ဆိုရင်လည်း ရွာထဲက ရွာမိရွာဖကြီးတယောက်လို့စိတ်ထဲမှာစွဲနေတယ်။ လူငယ်တွေနဲ့လည်းပေါင်းလို့ရတဲ့ခေါတ်မှီတဲ့အန်ကယ်ကြီးပေါ့နော်။ သင်္ကြန်က မန်းလေးမှာ ရိုက်ထားတဲ့ snapshots တွေကိုတွေ့တော့ အော်။ စိန်ကဲကျောက်ကဲခတ်ဖို့ကပိုလွယ်တယ် လို့ထင်လိုက်မိတယ်။ စတာနော်။ စိတ်မဆိုးရဘူး လေးပေါက်။
ဆူးတို့မမတို့ မမနိုဗွီတို့ကတော့ ရွာရဲ့ အမျိုးသမီးစွမ်းဆောင်ရှင်များအဖွဲ့ဝင်တွေပေါ့
မြန်မာဆန်ပြီးအေးချမ်းတဲ့အသွင်ရှိတဲ့ မနွယ်ပင်ကတော့ ဘယ်လိုဖြစ်ပြီး အာဂလူသားနဲ့ ပတ်သက်မိပါလိမ့်ပေါ့။
အဲလိုပဲနဲနဲစွာပုံရတဲ့ မမတုံကလည်းဘယ်လိုဖြစ်ပြီး ရုပ်တည်ကြီးနဲ့ဆရာကြီးဂိုက်ဖမ်းတဲ့သူနဲ့ တွေ့လဲပေါ့
ကိုဂီ @ Castle @ Chives legal ကတော့ဗဟုသုတအရာမှာ တော်တော်လေးကိုနှံ့စပ်ပုံရ တယ်။ ဓါတ်ပုံနဲ့ပတ်သက်ပြီးဖြစ်စေ။ သူနှစ်သက်တဲ့အားကျတဲ့အနုပညာရှင်အကြောင်းပဲဖြစ် ဖြစ် အသေးစိတ်လေ့လာဝေငှတတ်တဲ့သူပေါ့နော်။
ဘရိတ်ကီထိုင်ငိုလောက်တဲ့ ဦးဖက်ကတ်၊ တခါတရံပေါက်ကွဲတတ်တဲ့ဦးသူရ၊ သားချောလေးရှိတဲ့ ဦးဦးရွာစားကျော်၊ သမီးချောလေးရှိတဲ့မမနိုဗွီ၊ ဓါတ်ပုံဆရာ လင်းခေး လုလင်၊ ပီတာခရော့ခ်ျအစ်ကို ရွှေတိုက်ခရော့ခ်ျနဲ့မဒမ်စိုး၊ နေပူပူမှာ ဆိုင်ပို့ပစ်သင့်တဲ့ ဖရဲ၊ ကွန်ပြူတာကျွမ်းကျင်ဆရာထက်ဝေးကလည်း ကျမအစ်ကိုနဲ့ ကွန်ပြူတာကျွမ်းကျင်ပုံချင်း တူလွန်းလို့ပါ။ ရွာသူရွာသားတွေချစ်ခင်လေးစားစံထားရတဲ့ ကိုဘုန်းကျော်၊ ကဗျာဆရာ ကြောင်ကြီးနဲ့ကြောင်မျိုးနွယ်ဝင်များ၊ မမမိုချို၊ မမသဲနုအေး၊ မနောဖြူလေး၊ မခိုင်ခိုင်၊ မရိုစ်မင်း တို့လည်းမင်္ဂလာပါနော်။ Windtalker နဲ့ ဦးဦးနေးချားလည်းမင်္ဂလာပါ။ ကိုအရင့်ရောင်ရဲ့၁ မှ ၁၁ နည်းလေးကိုလည်း စမ်းသပ်ပြီးပါပြီ။.ကျမအတွက်ကတော့တက်တက်စင်လွဲ ပေမယ့် အစ်မနှစ်ယောက်ကတော့သဘောတွေကျပြီးနည်းကိုကူးသွားလေရဲ့၊ ကိုတွတ်ပီရဲ့တပည့်ကျော်လည်းမင်္ဂလာပါနော်။

ရွာသူရွာသားအပေါင်းကိုလေးစားတဲ့
Crystalline

About Crystalline

Miss Crystalline has written 5 post in this Website..