ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ရ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ဝင်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း

သားငယ္May 16, 20121min17114

မေလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အနီးတွင် တပ်စွဲထားသော အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ရ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ဝင်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ ထိုသို့ရိုက်နှက်မှုကြောင့် ယင်းလက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ် ၁ဝ ဦးခန့်ဖူးယောင်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရခဲ့ကြောင်း ရိုက်နှက်ခံရသူလူငယ်တစ်ဦးဖြစ်သည့် ရဲထူးဇော်ကပြောသည်။ ” သားတို့က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း အနောက်ကနေဝင်ရိုက်တာ။ လူတွေကိုတော့ မမှတ်မိလိုက်ဘူး။ သူတို့နဲ့သားတို့နဲ့ ဘာပြသနာမှဖြစ်တာလည်းမဟုတ်ဘူး ” ဟု ၎င်းကပြောသည်။ ယနေ့နေ့လည်က အရက်ဆိုင်တွင် အရပ်သားနှင့်ရဲတပ်ရင်း တပ်သားတို့ စကားများရန်ဖြစ်ခဲ့သည့် အငြိုးဖြင့် လာရောက်ရိုက်နှက်ခြင်း ဖြစ်နိုင်သော်လည်း ညပိုင်းအရိုက်ခံရသူများမှာ နေ့ခင်းက ရန်ဖြစ်ခဲ့သည့် အရပ်သားတို့နှင့် မည်သို့မှ ပတ်သက်ခြင်းမရှိဟု ရပ်ကွက်ခံ တို့ကပြောသည်။ ထိုသို့ဝင်ရောက်ရိုက်နှက်သည့်အပြင် ရပ်ကွက်တွင်းမှ ရဲတပ်ရင်းသို့ ပြန်ရာ လမ်းတစ်လျှောက်တွင်လည်း အော်ဟစ်ဆဲဆို ကြိမ်းမောင်းမှုများပြုသည့်အပြင် လမ်းတစ်လျှောက်ရှိ ဈေးဆိုင်အချို့အား တုတ်၊ ခဲ စသည်တို့ဖြင့်ပစ်ခတ်ခြင်း၊ ရေအိုးများ ရိုက်ခွဲခြင်း၊ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့မှာ အင်အား ငါးဆယ်ခန့်ရှိကြောင်း မျက်မြင်သက်သေများကပြောသည်။ လုံခြုံရေးရဲများ၏ တုတ်ဖြင့်ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိသွားသည့် မအေးအေးနိုင်က ” သူတို့က လမ်းမှာ တွေ့တဲ့သူရိုက်ကွာလို့ပြောပြီး ဆိုင်ရှေ့ထွက်နေတဲ့ ကျွန်မကို ဝါးရင်းတုတ်နဲ့ပစ်သွားတယ်။ အခုလိုခံလိုက်ရတာကို မကျေနပ်ဘူး။ အရမ်းဒေါသထွက်တယ် ” ဟု YPI ပြောသည်။ ယခုကဲ့သို့ ဝင်ရောက် ရမ်းကားခြင်းအား လုံခြုံရေးရဲများမှ ကြိုတင်ပြင်ဆင်လူစုထားခြင်းဖြစ်ကြောင်း၊ ယခုဝင်ရောက်ရိုက်နှက်ရာတွင် ၎င်းတို့အနေဖြင့် ချိန်းကြိုး၊ တုတ်၊ ခဲ၊ လေးခွ စသည်တို့ကို ကြိုတင်ယူဆောင်လာကြကြောင်း မျက်မြင်သက်သေများကပြောသည်။ ဒဏ်ရာရရှိသူတစ်ဦးဖြစ်သည့် မောင်စိုးဝေလင်း၏ ဖခင် ဦးနွေဦးက ” ပြည်သူတွေကို ကာကွယ်ရမယ့် ပြည်သူ့ဝန်ထမ်းလူတန်းစားက ပြည်သူတွေကို ဒုက္ခပေးမယ်လို့ကြိမ်းသွားတယ်။ သူတို့ပါးစပ်ကိုက ရပ်ကွက်ကို မီးနဲ့ ရှို့မယ်လို့ပါ ကြိမ်းမောင်းသွားတယ်။ ကျွန်တော်တို့ မခံစားနိုင်ဘူးဗျာ ” ဟုပြောသည်။ ပတ္တမြားမြို့သစ်နေ ဒေါ်စောတင်တင်ကလည်း အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယခင်ကလည်း ပတ္တမြားမြို့သစ်အတွင်းသို့ သုံးကြိမ်ခန့် ဝင်ရောက်ရမ်းကားခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ ရမ်းကားခြင်းခံရသဖြင့် မိမိစိတ်တွင် မလုံခြုံဟု ခံစားရကြောင်းပြောသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး ရိုက်နှက်ခြင်းခံရသည့် လူငယ်အချို့မှ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ရဲစခန်းသို့ သွားရောက်ပြီး အမှုဖွင့်တိုင်ကြားလျက်ရှိသည်။ ။

14 comments

  • MaMa

    May 17, 2012 at 7:46 am

    ဒီနေရာမှာ မန်းဂေဇက် စီဂျေကိုထူးဆန်းကို အားကိုးရမယ်။ 😛

  • Shwe Tike Soe

    May 17, 2012 at 9:28 am

    ဒီသတင်းမှန်တယ်ဆိုရင်တော့ ထိထိရောက်ရောက် အရေးယူသင့်ပါတယ်ဗျာ… ပြီးတော့ ပြည်သူတွေလဲ အန္တရာယ် များ မလုံခြုံတောဘူးပေါ့… ကြောက်စရာကောင်းလိုက်ထာ…

    • zarlay

      May 17, 2012 at 1:45 pm

      ဟုတ်တယ် လုံခြုံရေးတာဝန်ကိုယူထားတဲ့သူတွေက သူတို့ကိုယ်တိုင် ဒီလိုလုပ်နေတယ်ဆိုတော့ ရင်လေးစရာပဲ အဖြစ်မှန်ဆိုရင်တော့ ထိထိရောက်ရောက်ကို အရေးယူသင့်တယ်

  • htet way

    May 17, 2012 at 10:00 am

    အင်းး…. ရဲက တစ်မျိုး
    စုံထောက် ဖက်တီးကက် ဘာလုပ်နေလည်း
    မြန်မြန် ဆောင်ရွက်ပါတော့ လား

  • ဗိုက်ကလေး

    May 17, 2012 at 10:01 am

    အဲဒီတပ်ရင်း တစ်ခုလုံးကို ပေါ်တာထဲ ထည့်ပစ်ကွာ
    ကူညီပါရစေဆိုပြီး တစ်ကယ်မကူညီပဲ အနှောင့်အယှက်ပေး ဆက်ကြေးကောက်ဖို ့ပဲ သိတဲ့ကောင်တွေ
    ဆောင်ပုဒ်ပါ ပြောင်းပေး..
    ရိုက်မယ်ကောက်မယ်ညှင်းပါ့မယ် ဆိုပြီးဒေါ့
    ဒါပဲပြောမယ်
    ဒါဘဲ

  • ညလေး

    May 17, 2012 at 10:45 am

    တပ်ရင်းတအုပ်စုလုံးကိုဖွတ်တိုင်းပြည်ပို.ရမှာ………….
    ဦးဦးပါရဲ.ခရီးသွားစက်ကလေးပေးလိုက်………ငဖွတ်တွေကို….

  • သားငယ်

    May 17, 2012 at 1:42 pm

    အဲ့ဒီ ရဲ ဆိုတဲ ့အမျိုးကို ဘာလို ့ထားနေသေးလဲ မသိဘူး ပြည်သူကို ကာကွယ်စောင့်ေ ရှာက်လိုက်တယ် ဆိုတဲ ့အသံ တော့
    ကြားရခဲပါတယ်..ဘယ်နေရာမှာ ဘယ်လို.လုပ်လိုက်တာ..ဆိုတဲ ့ လူမိုက်ဆန် ဆန် ကြေးစားဆန်ဆန် သတင်းတွေလောက်ဘဲ
    ကြားကြားနေရတယ်..ရဲထဲဝင်ပြီဆိုတာနဲ ့.ဆက်ကြေးတောင်းမယ်..မရှိနွမ်းပါတဲ ့ အမှု ့သည်မျိုးဆို..ဟိန်းဟောက်မယ်..
    စခန်းထဲမှာတောင် မှုးနေကြတာတော့ တွေ ဖူးပါတယ်..သေသေချာချာပြန်ဖွဲစည်းသင့်ပါတယ်..အများက မကြိုက်ပေမယ့်လည်း
    သူတို ့ရဲ ့စောက်ကျင့်တွေကြောင့် လက်ရှောင် နေကြတာ..

  • ssa

    May 17, 2012 at 3:46 pm

    သတင်းမှန် မမှန် ကို စောင့်ကြည့်သင့်တယ်.
    အကြောင်းတစ်ခုခု မရှိဘဲ ဘယ်သူ မဘလိုင်းကြီးှမလုပ်ဘူး
    အကြောင်းမရှိဘဲ လာလုပ်ရင် စောက်ခွက်ဖြတ်ရိုက်ပလိုက်ပေါ့

  • R Ga

    May 17, 2012 at 4:02 pm

    ကြားရတာကတော့ စိတ်မကောင်းစရာပဲ ဒါပေမဲ့ … ဓာတ်ပုံလေး တစ်ပုံလောက်ဖြစ်ဖြစ် မှတ်တမ်းတင်ထားတဲ့ လူများရှိရင် ပိုကောင်းမယ်ထင်တယ်။

  • အရင့်ရောင်

    May 17, 2012 at 4:09 pm

    တွေ့လိုက်ချင်သကွာ
    လာခဲ့ပါ ရဲ မကလို့
    နီနီမြန်းမြန်း ဖြစ်နေပါစေ
    ပြေးပီဟေ့…………….
    ဝှီးးးးးးးးးးးးးးးးး

  • char too lan

    May 17, 2012 at 4:49 pm

    ဘယ်သွားတိုင်ရမလဲ ??? ဒါပဲပြော 🙄
    ===============
    ဘယ်ကိစ္စနဲ့ဘဲဖြစ်ဖြစ်
    ရဲစခန်းကိုသွားခဲ့ပါက (သို့မဟုတ်)ကိစ္စတစ်ခုကြောင့် ဖုန်းဆက်ပါက … အဲဒီရဲစခန်းမှာရှိတဲ့ တာဝန်မှူးအမည်ကိုမှတ်
    ထားဘို့လိုပါတယ် … ရဲတွေနဲ့ပါတ်သက်ပြီး မကျေနပ်လို့တိုင်ချင်ရင်တော့ …
    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရုံးအမှတ်(၈)နေပြည်တော်ပါ …
    (၁)ရဲချုပ် (ရုံးဖုန်း) ဝ၆၇-၄၁၂၀၆၆ (အိမ်)၀၆၇-၄၀၃၁၄၀
    (၂)ဒုရဲချုပ် (ရုံး) ဝ၆၇-၄၁၂၀၇ရ (အိမ်)၀၆၇-၄၀၃၁၄၁
    (၃)ညွှန်ကြားရေးမှူး -၀၆၇-၄၁၂၀၀၈
    (၄)ရဲမှူးချုပ် (ရုံး) ဝ၆၇-၄၁၂၀၃၈ (အိမ်)၀၆၇-၄၀၃၁၄၂
    (၅)တာဝန်မှူး – ဝ၆၇-၄၁၂၀၀၅ ….
    ============
    တစ်ခါတုံးက ရွာထဲမှာ မျိုးထက်ဆိုတဲ့လူ တင်တုံးက ကူးထားတာလေးပြန် မျှလိုက်တာ …
    http://myanmargazette.net/author/myohtat

    • Khin Latt

      May 19, 2012 at 2:12 am

      တော်လိုက်တဲ့ ချာတူးလေး။ အသေအချာကို မှတ်ထားတယ်။
      ကိုယ့်ဘက်ကမှန်ရင် တိုင်လိုက်ကြပါ။

  • အဲဒီ ကိစ္စ ထိရောက်အောင် အရေးယူဖို ့ဆုတောင်းပေးပါတယ်။
    အဲဒီ မအေ-ိုး ခွေးမျိုးတွေ စောက်မြင်ကို ကတ်ပါရဲ ့။ပြည်သူ ကျွေး
    တာစားပြီး ပြည်သူလက်ပြန်ကိုက်တယ်။ခွေးကတောင် သစ္စာရှိပါသေး
    တယ်။

Leave a Reply