ဝက်နားရွက် အတုတွေပေါ် နေပြီ ဝက်ခေါင်းသုတ်၊ဝက်နားရွက်သုတ်တွေ သတိထား စားကြ

the bestMay 17, 20121min15325

အစားအသောက်နဲ ့ပတ်သက်ရင်နာမည်ပျက်အမြဲထွက်နေတဲ့ တရုတ်ပြည်မှာ ဝက်နားရွက် အတုတွေ ထုတ်လုပ်ရောင်းချနေတယ် လို ့ရေဒီယို ဩစတေးလျ က သတင်းမှ ဒီနေ ့မနက် ကြားလိုက် ရတယ်။

လူတိုင်းအမြန်သိထားသင့်တာမို ့ရေးတင်လိုက်ပါတယ်။ ဘယ်လိုအန္တရယ် ပေးသလဲတော့မသိဘူး။ သိတဲ့သူတွေ ဝိုင်းတင်ပေးကြပါ။

နို ့မှုန် ့တုန်းက အတော်ကြောက်စရာကောင်းအောင် အန္တရယ်ပေးခဲ့တယ်။ ဝက်ခေါင်းသုတ်၊ဝက်နားရွက်သုတ်တွေ စားကြတဲ့သူတွေ သိအောင် စုံစမ်းပြီး ဝိုင်းသတိပေး ကြပါ။

25 comments

  • ကြောင်ကြီး

    May 17, 2012 at 8:22 am

    ကြေးမုံဂျီးကုမ္မဏီလိမိတက်က ထုတ်လုပ်တယ်လို့ သဒင်းယဘာဒယ်..။

  • kyeemite

    May 17, 2012 at 8:38 am

    သတင်းပြည့်စုံအောင် ရေးပါလားဗျာ…အကြံပြုတာပါ..

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 17, 2012 at 8:52 am

    အခုထိတော့ ကြားသေးဘူး … ဝက်ဆိုရင် အသားပဲစားတယ် … နာရွက်ဆိုတော့ လွတ်ပါတယ် … ဟီးဟီး 😛

  • ahnyartamar

    May 17, 2012 at 8:59 am

    ဟာ…..ကြောက်စရာပါ့လား?

  • the best

    May 17, 2012 at 9:10 am

    သတင်းကျေညာသွားတာကလည်း တိုတိုလေးပဲ။ အကြောင်းအရာ ပိုစုံအောင် သိချင် တာကြောင့် အမြန်တင် လိုက်တာပါ။

  • ဆူး

    May 17, 2012 at 9:23 am

    ဘယ်လို ဘယ်လို ထုတ်လာတဲဟင်.. သိပ်မရှင်းလို့..

  • etone

    May 17, 2012 at 9:29 am

    တရုတ်က နားရွက်အတုတော့မသိသေးဘူး … လသာမှာဆို … ဝက်အူမ အတု ၊ ကြက်တောင်ပံအတု ၊ ဘဲဥအတု ၊ ငါးအတု ၊ ဆိတ်သားအတု၊ ငါးဖယ်အတု … အို .. တော်တော်များများ အတုရတယ် … ။ ဒါပေမယ့် သူ့အတုက ပဲပြားနဲ့ ဂျုံကို လုပ်ထားတာပါပဲ … အရသာကလည်း စားလို့ကောင်းပြီး ၊ ဈေးကတော့သာမန် အသားငါးဈေးထက်ကြီးတယ် … ။

    ဒီက အတုဆိုတာ … စားလို့ ရတာကို .. အတုလုပ်ပြီး သဏ္ဍန်တူအောင်လုပ်ထားတာ …။ ဟိုနိုင်ငံက အတုကတော့ .. စားလို့ မရတာကို .. ပေါချောင်ကောင်းလုပ်ပြီး သဏ္ဍန်တူအောင်လုပ်ထားတာများလား ။ 🙄

  • Shwe Tike Soe

    May 17, 2012 at 9:34 am

    ဘယ်လိုများလုပ်လဲမသိဘူး… သတင်းအပြည့်အစုံလေး တင်ပေးပါလား ကျေးဇူးတင်ပါတယ်….
    အတုတအားထုတ်ချင်နေတာ…. နောက်ဆို ယောင်္ကျားအတု မိန်းမ အတုတွေပါ ထုတ်မလားမသိဘူးနော်… ဟိဟိဟိ
    တရုတ်မ အတုလေး တစ်ယောက်လောက်တော့ လိုချင်သားးးးးးး ခိခိခိ

    • windtalker

      May 17, 2012 at 8:49 pm

      ကိုရွှေ ့အတွက် ၊ ကုလားမလေးတစ်ယောက် ကို တစ်ကိုယ်လုံး ပေါင်ဒါလိမ်းပြီး ပို ့ပေးမယ်လေ ။
      မယားမှတ်ပေါင်းယူမယ် ဆိုရင်ပေါ့ ။ ဟီဟိ

  • the best

    May 17, 2012 at 9:38 am

    တရုတ်ပြည်က ဝက်နားရွက် ရောင်းတဲ့သူက ရေနဲ ့ဆေး ခြစ် ရာက ဝက်နားရွက် က ကျွဲကော်တွေလိုဖြစ်နေတာ လို ့ပြောတာပဲ။
    သတင်းအရ ရွာထဲမှာ စားနေကြသူတွေ ရင် သတိရှိအောင် အန္တရယ်ကင်းအောင် အမြန်တင်တာပါ။
    အသေးစိတ်ကို ကျွန်တော်လည်း သိချင်နေပါတယ်။

  • the best

    May 17, 2012 at 9:42 am

    နို ့မှုန် ့ကိစ္စ လိုစုံစမ်းနေတယ်ဆိုပဲ။

  • snow white

    May 17, 2012 at 10:17 am

    တော်သေးတယ် ခြေလေးချောင်းသားမစားပါ နားရွက်မကလို့ ဝက်ခြေထောက်ဘဲအတုတုထွက်ထွက်ပါ တို့ကလွတ်တယ် ခြေလေးချောင်းသားမစားလို့ဘဲ

  • ဗိုက်ကလေး

    May 17, 2012 at 10:21 am

    တလုပ်ပြည်က ဝက်ဝယ်စားရလောက်အောင်တော့ တားတားတို ့ဆီမှာ သားငါး မရှားပါးသေးပါဘူးဗျား
    စိတ်မပူနဲ ့ ..အဝေးကြီးပါ

    • jujuma

      May 17, 2012 at 11:37 am

      ဥူးဗိုက်ရယ် တလုပ်ဝက်တော့ဘယ်ဝယ်စားပါ့မလဲဗျ..
      တလုပ်နည်းပညာတော့ ခိုးနိုင်တာပေါ့…

      ဂယ်ဆိုရင်တော့ ကြွေပီကွယ်…
      မီးက ဝက်ဆို နာရွက်ပဲကြိုက်တာ ဆိုတော့ … 😀

  • Khaing Khaing

    May 17, 2012 at 11:33 am

    တရုတ်ပြည်က ထွက်တဲ့အစားအသောက်တွေ ဆေးဝါးပစ္စည်းတွေကိုသုံးရမှာ လန့်လာပြီ ……. ဟိုတစ်လောကလည်း ကလေးအသားနဲ့အားဆေးလုပ်ပြီး ကိုရီးယားကိုပိုတယ်ဆိုလား အဲသတင်းကြားမိသေးတယ် …… ဖလား ဖလား

  • နီလေး

    May 17, 2012 at 12:06 pm

    ဒီသတင်းက တရုတ်အင်တာနက်စာမျက်နှာတွေမှာလဲ တော်တော်ဟော့ ဖြစ်နေတယ်

  • Ch@vez

    May 17, 2012 at 12:13 pm

    တီလုပ်မလေးဒွေရော
    အတုထွက်တယ် မကြားမိဂျဝူးလား ဟင်င်င်င်
    သများ ဥကြောင်ကြီး နဲ့ လုရတာ …စိတ်လေလာလို့ဘာ ….

    အာဟိ ဒက်ဂလောက်

  • kai

    May 17, 2012 at 12:34 pm

    http://health.yahoo.net/news/s/afp/fake-pig-ears-latest-china-food-scandal-report

    Fake pig ears latest China food scandal: report
    AFP
    May. 16, 2012 12:43AM PDT

    Police in China are investigating after the discovery of a batch of “fake” pigs’ ears reportedly made from gelatin, according to state media.

    In the latest food safety scare to hit the country, the bogus ears were discovered in a market in Ganzhou city in the eastern province of Jiangxi in late March after a customer complained of a strange smell when cooking them, the state-run China Daily newspaper reported.

    Food safety officials tested the “ears” and found they had been made from gelatin and the chemical sodium oleate, commonly used in the production of soap.

    China’s government has repeatedly vowed to improve food safety as people grow increasingly alarmed about the quality of what they eat, but scandals still occur due to weak enforcement and unscrupulous business practices.

    Photos circulating online showed local officials examining a box of the fake ears, which appeared light-brown in colour and to have a plastic-like texture.

    The China Daily quoted an expert as offering a sure-fire method for telling real ears — a popular delicacy — from fake ones, saying the genuine article should have hair and small blood vessels.

    The Jiangxi provincial health department could not be reached for comment on the latest case.

    The investigation into the fake ears comes as authorities launched a probe into vegetable sellers in the eastern province of Shandong for spraying cabbages with the harmful chemical formaldehyde to keep them fresh.

    Last year authorities arrested more than 30 people over the sale of cooking oil made from leftovers scooped out of gutters.

    And in 2008, milk was at the centre of one of China’s biggest food safety scandals when the industrial chemical melamine was found to have been illegally added to dairy products to give the appearance of higher protein content.

  • zarlay

    May 17, 2012 at 1:19 pm

    တော်သေးတယ် နားရွက်ဆို ဘာနားရွက်မှမစားဘူး

  • Crystalline

    May 17, 2012 at 1:50 pm

    အင်းနားရွက်တော့ကြိုက်ဖူး…..လျှာကိုကြိုက်တယ်။ ဝက်လျှာတုထွက်တယ်လို့သတင်းရရင်လည်း ဝေမျှပါအုန်းနော်

  • sugar sugar

    May 17, 2012 at 3:00 pm

    သတ်သတ်လွတ်ပဲစားပါတော့မယ်ဗျာ

  • နေဝန်းနီ

    May 17, 2012 at 7:08 pm

    အဲဒါကတော့ ရွာထဲက ကိုပေတို့ ဗိုက်ကလေးတို့ သတိထားကြပေရော့…. ကိုပေက ဗီယာနဲ့ နားရွက်သုတ်ဆိုလွှတ်ကြိုက်တာ…။ ဗိုက်ကလေးက ဘီအီးနဲ့ ဝက်နားရွက်သုတ်ချည့်မြည်းတာ………

  • the best

    May 17, 2012 at 8:19 pm

    ကျေးဇူးပဲ သူကြီး ရေ။
    အခုလို ပြည့်စုံအောင် ဖြည့်ပေးတာ ဟာ
    ရွာသားတွေကို ဂရုစိုက်တဲ့ စေတနာကို သက်သေပြတာပဲ။

  • မဟာရာဇာ အံစာတုံး

    May 17, 2012 at 9:50 pm

    တို့ကတော့ ဝက်သားလည်း မစားဘူး ..
    ဝက်နားရွက်လည်း မစားဘူး …
    ဗိုက်ပြည့်နေတဲ့ အချိန် ပြောပါဒယ် …. 😀
    ခုလို သတိပေးတာ ကျေးကျေးပါ ..

Leave a Reply