ဘယ်ကပိုက်ဆံနဲ ့ပွင့်လင်းတာလဲ ကိုမင်းကိုနိုင်

phone_kyawMay 17, 20121min994

ပွင့်လင်းလူ ့အဖွဲ ့အစည်းကန်ပိန်းလုပ်နေတဲ့ ကိုမင်းကိုနိုင်တို ့အနေနဲ ့ အန်ဂျီအိုကနေ ငွေဘယ်လောက်ရတယ်၊ ဘယ်နေရာမှာ ဘယ်လောက်သုံးလဲဆိုတာကို ပြည်သူလူထုကို တင်ပြပေးဖို ့လိုမယ်။ ဒါမှ ကိုယ်ကိုယ်တိုင် ပွင့်လင်းပြတာဖြစ်ပါတယ်။ သူများကို ပွင့်လင်းလာအောင်မလုပ်ခင် ကိုယ်က အရင်ပွင့်ပွင့်လင်းလင်း ဖြစ်စေအောင်လို ့ပါ။ အန်ဂျီအိုက ရတာအပြင် ပြည်သူလူထုဆီက အလှူငွေတွေကိုလည်း တင်ပြပေးဖို ့လိုတယ်လို့ပြောချင်ပါတယ်။

4 comments

  • etone

    May 17, 2012 at 11:21 am

    ကိုဘုန်းကျော်ရေ … ပိုက်ဆံဘယ်ကရသလဲတော့ ကျွန်မအတိကျမသိပေမယ့် …သူ့တို့အဖွဲ့ကို စေတနာရှိလို့ လှူဒါန်းတဲ့လူတွေ ဒီရန်ကုန်မှာတင် ဒုနဲ့ဒေးရှိတယ်ဆိုတာတော့ မျက်မြင်တွေ့ခဲ့ဖူးပါတယ် … ။ သင်္ကြန်တုန်းက … ညဘက် သံချပ်လိုက်ဆိုတော့ … လသာ NLD ရှေ့မှာပဲ … လှူလိုက်ကြတဲ့ လူတွေ .. ။ ဒါတောင် သူတို့က အလှူခံတာမဟုတ်ဘူးနော် … လှူတဲ့လူကလည်း .. လှူပါမယ် ရည်ရွယ်ပြီး အထုတ်နဲ့ အထည်နဲ့ လှူတာမဟုတ်ဘူး ။ မြင်တုန်းတွေ့တုန်း … လာလှူကြတာ .. ဟိုလူက ငါးထောင် ၊ ဟိုလူကတစ်သောင်း ၊ ပိုက်ဆံပါသူက ငါးသောင်း စသဖြင့် … လာလှူတာ … ဘယ်နှစ်ယောက်လည်း ရေပြီး စပ်စုတဲ့ လူတောင် မမှတ်မိဘူး ။ လသာဘက်က လမ်းဘေးဈေးသည်တွေကအစ … လှူကြတယ် ။

    လှူတယ်ဆိုတာ … စွန့်လွှတ်မှုတစ်ခုပါ ။ မိမိပိုင်ဆိုင်တာကို သူတပါးကိုပေးကမ်းခြင်းမျိုးဆိုပေမယ့် … ဒီအလှူကတော့ ရက်ရက်ရောရော ကျေကျေနပ်နပ် ပေးကမ်းခြင်းမျိုးပါပဲ ။ ကိုမင်းကိုနိုင် ထောင်က ပြန်တော့ .. လမ်းမှာ ..မလိုင်လုံးထုတ်လေး လိုက်ပေးတဲ့အဖွားအိုကြီးပုံကိုတောင် မျက်စိထဲပြန်မြင်ယောင်မိတယ် ။ ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ ခံယူချက်အရ ၊ နှစ်ရှည် အကျဉ်းကျခံပြီး … လောကဓံကို အံတုခဲ့သူတစ်ယောက်ရဲ့ စိတ်ဓါတ်ကို အတုယူ ၊ ချီးကျူး ၊ လေးစားမိလို့ .. လှူကြတယ် ထင်ပါတယ် ။ 🙄

  • ahnyartamar

    May 17, 2012 at 1:50 pm

    ဘယ်ကပိုက်ဆံရတာကအရေးမကြီးပါဘူး၊ လုပ်နေတဲ့အလုပ်က ပွင့်လင်းမြင်သာမယ်၊ တကယ်လိုအပ်နေတဲ့နေရာတွေမှာအသုံးပြုမယ်၊ ကိုယ်ကျိုးအတွက်မသုံးဘူး၊ ဆိုရင် စာရင်းစစ်စရာမလိုပါဘူး၊ လှူတယ်ဆိုတာကိုက ပေးကမ်း၊ စွန့်ကြဲ ခြင်းပါ။

  • လူ ဟား

    May 17, 2012 at 3:54 pm

    Bloody ဘုန်းကျော်ရေ… သူတို့ ကိုယ်ကျိုးအတွက် သုံးမှာ၊ ချန်ထားမှာ စိုးရိမ်လို့လား။
    အတင်းကြီးကို ပွင့်လင်းခိုင်းနေတာ။ ဒီလူသာ အဲဒီလို စိတ်ဓါတ်ရှိနေရင် မင်းကို်နိုင် ဆိုတာ ရှိမလာဘူး။
    စိတ်ချပြီးတော့သာ နေစမ်းဘာ… တစ်ချိန်မှာ သူတို့ ထုတ်ပြန်ပါလိမ့်မယ်။ မထုတ်ပြန်ဘူးဆိုလည်း ဘာဖြစ်သေးလည်းကွာ… ကောင်းတာလုပ်နေသရွေ့ .. သာဓုခေါ်နေမယ်ဟေ့….။

Leave a Reply